← Chapters

နောက်ထပ် ချိုးဖျတ်ခြင်း

Vol. 1 Ch. 11

နောက်ထပ် ချိုးဖျတ်ခြင်း

Vol. 1 Ch. 11

ထိုအချိန်တွင် ကျိုးဝမ်သည် အချိန်မရွေး မှောက်သွားနိုင်သည့် ကြီးမားသော သမုဒ္ဒရာထဲတွင် လှေငယ်တစ်စင်းလို ဖြစ်နေသည်။ ကျိုးတင်းထျန်း ၏ ပြင်းထန်သော အရှိန်အဝါအောက်တွင် သူ လုံးဝမလှုပ်ရှားနိုင်ပေ။

ကျိုးဝမ် ချဉ်းကပ်လာသည်နှင့်အမျှ ကျိုးတင်းထျန်း ၏ မျက်လုံးများတွင် လူသတ်ရန် ရည်ရွယ်ချက်ကို မြင်လိုက်ရသည်။ သူ့ရဲ့ဒုတိယဦးလေးက သူ့ကို တကယ်သတ်ချင်နေတယ်ဆိုတာ သူသိနေသည်။

"အားးး၊ ရွေ့စမ်း"

ကောင်းကင်သို့ အော်ဟစ်ရင်း ကျိုးဝမ် သည် သူ့ခန္ဓာကိုယ်တွင်းရှိ ဒြပ်စင်စွမ်းအင်များကို သူ့ဘဝအတွက် ဂရုမစိုက်ဘဲ စတင်ဖြန့်ကျက်လာသည်။ကျိုးဝမ် ၏ ခန္ဓာကိုယ်အတွင်းမှ ဒြပ်စင်စွမ်းအင်များ တဟုန်ထိုး ထွက်လာသည်။

"ဝေါင်းးး ဝေါင်းးး ဝေါင်းးး"

ကျိုးဝမ်၏ ခန္ဓာကိုယ်မှ နက်နဲပြီး ကြီးစိုးနေသော နဂါးဟိန်းသံ ထွက်ပေါ်လာသည်။ထို့နောက် ကြီးစိုးတဲ့ အရှိန်အဝါ တခုသည် ကျိုးဝမ်ရဲ့ ခေါင်းအထက်မှာ ပေါ်ထွက်လာခဲ့သည်။

အရှိန်အဝါနဲ့ဖွဲ့စည်းထားသော အရွယ်အစားကြီးတဲ့ နဂါးသုံးကောင်းဟာ ကောင်းကင်မှာ ရစ်ဝဲနေရင်း မရပ်မနား ဟိန်းနေခဲ့သည်။ အချိန်ခဏအတွင်း အရွယ်အစား လျှင်မြန်စွာ ကြီးထွားလာခဲ့သည်။ သိုင်းပညာနယ်ပယ်ရှိ တပည့်အချို့ပင်လျှင် ကျိုးဝမ် ၏ ခန္ဓာကိုယ်မှ စွမ်းအားများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသောအခါ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ နောက်ဆုံးတော့ သူတို့ရဲ့ နည်းပြဆရာ ဘာကြောင့် ရှုံးခဲ့ရတာလဲဆိုတာ သိသွားပါပြီ။အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့မှ လူငယ်သည် မူမမှန်လွန်းသောကြောင့် ဖြစ်သည်။

"မင်းမှာ အရည်အချင်း တစ်ခုခုတော့ ရှိတယ်၊ ဒါပေမဲ့ မင်းက နတ်အာရုံ နယ်ပယ်ထဲမှာပဲ ရှိသေးတယ်။ ငါ့ရဲ့ ဩဇာ ဖိနှိပ်မှုကနေ လွတ်မြောက်နိုင်မယ် ထင်လား။"

ကျိုးဝမ် သည် နတ်အာရုံ နယ်ပယ်သို့ ရောက်သွားရုံသာမက ယခုပြသနေသော စွမ်းအားသည် သူ၏ ကျင့်ကြံခြင်းအဆင့်ထက် ကျော်လွန်သွားသည်ဟု သူ မမျှော်လင့်ခဲ့ပေ။ကျိုးဝမ်အကြောင်း ကောလာဟလများသည် အမှားအယွင်းမရှိသည်ကို သူသိသည်။ ဒီကလေးဟာ သူ့အဖေရဲ့ ကြောက်စရာကောင်းတဲ့ အရည်အချင်းတွေကို အမွေဆက်ခံခဲ့တာ ထင်ရှားသည်။

ထို့အပြင် ကျိုးတင်းထျန်း သည် ကျိုးဝမ် ၏ သတ်ဖြတ်ခြင်းကို ခံရသော နည်းပြကိုလည်း တွေ့ခဲ့သည်။နည်းပြဆရာ၏ ကျင့်ကြံခြင်းအဆင့်သည် အတွင်းအင်္ဂါကြံ့ခိုင်ခြင်းနယ်ပယ် တွင်ဖြစ်သည်။ သူသည် အတွင်းအင်္ဂါကြံ့ခိုင်ခြင်းနယ်ပယ် သို့ ဝင်ရောက်လာခဲ့သော်လည်း သူ၏ တိုက်ခိုက်ရေး စွမ်းအားကို လျှော့မတွက်သင့်သေးပေ။သို့သော်လည်း ကျိုးဝမ် ၏ စွမ်းရည်သည် လုံးဝ အံ့သြဖွယ်ကောင်းကြောင်း ပြသသည့်အနေဖြင့် သူ့က ကျိုးဝမ် ကို သတ်ချင်နေဆဲဖြစ်သည်။

'ဒီကလေးကို အသက်ရှင်ခွင့် ပေးလို့မဖြစ်ဘူး။ မဟုတ်ရင် ကျိုးရှောင်ထျန်းလို အနာဂတ်မှာ ငါ့ရဲ့ အနေအထားကို သေချာပေါက် ခြိမ်းခြောက်လိမ့်မယ်။ '

ဤအခိုက်အတန့်တွင် ကျိုးတင်းထျန်း ၏မျက်လုံးများတွင် သတ်ပစ်လိုစိတ်များ ပိုမိုပြင်းထန်လာသည်။ ယွမ်စွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲတွင် ထူးထူးခြားခြား တုန်လှုပ်သွားသည် ။

"ငါ့အတွက် ဖျတ်ဆီးပေးစမ်း"

ကျိုးဝမ်က နောက်ထပ်တစ်ကြိမ် ဟိန်းလိုက်သည်။ သူ့ရဲ့မျက်လုံးတွေဟာ နီရဲနေသည်။ နောက်ထပ် နဂါးဟိန်းသံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် စတုတ္ထမြောက် ကြီးစိုးတဲ့ အရှိန်အဝါ သည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်တွင် ကြီးစိုးတဲ့အရှိန်အဝါ လေးခုသည် တစ်ပြိုင်နက်တည်း ဟိန်းလိုက်သည်။ တခဏချင်းမှာပဲ ကိုယ်ခံပညာနယ်ပယ်တစ်ခုလုံးမှာ ယွမ်စွမ်းအား ရဲ့ လေပွေလှိုင်းတွေနဲ့ ပြည့်နှက်နေခဲ့တယ်...။ ဒီလောက်ပြင်းထန်တဲ့ ဖိအားအောက်မှာ နယ်ပယ်သစ်တစ်ခုဆီကို ကျိုးဝမ် ဖြတ်ကျော်သွားနိုင်မယ်လို့ ဘယ်သူက ထင်မှာလဲ။

"ဖရိုဖရဲနဂါးဟိန်းသံလက်သီး၊ ပြင်းထန်သော ရောင်ဝါလေးခု"

ဧရာမ နဂါးလေးကောင်သည် ဟိန်းပြီး အချင်းချင်း ရောယှက်နေသော ဧရာမနဂါးပုံသဏ္ဍာန် လေပွေလေးမျိုး ဖြစ်ပေါ်လာသည်။ကြီးမားလှသော ယွမ် စွမ်းအား လှိုင်းတံပိုးများသည် ချက်ချင်းပင် ကျင့်ကြံခြင်းအဆင့်အားနည်းသော ကျိုး မိသားစုမှ တပည့်များကို ဆယ်လှမ်းကျော် ဆုတ်ခွာသွားစေသည်။တစ်ချို့က သွေးတွေတောင် အန်ထွက်ကုန်သည်။

ကြီးစိုးသောအရှိန်အဝါ လေးခုဖြင့် ဝန်းရံနေသော ကျိုးဝမ် ကို လူတိုင်းကြည့်လိုက်ကြသည်။ နတ်အာရုံနယ်ပယ်တွင်သာရှိသော ကျိုးဝမ် သည် ပုံရိပ်ယောင်ယင်နယ်ပယ်ရှိ ကျိုးတင်းထျန်း ထံမှ လွတ်မြောက်နိုင်ပြီး လွတ်လပ်စွာ လှုပ်ရှားနိုင်မည်ဟု မထင်ထားမိပေ။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကျိုးဝမ် သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြီးမားသော ဖိအားကို ဒီရေကဲ့သို့ ဆုတ်ယုတ်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် ကျိုးဝမ် ခုန်တက်လာပြီး ဘေးနားတွင် ကွေးနေသော ကျိုးဝူ ကို လှမ်းဆွဲလိုက်သည်။ သူ့မျက်လုံးတွေက သူနဲ့မဝေးတဲ့ ကျိုးတင်းထျန်း ကို စိုက်ကြည့်နေသည်။

"ကျိုးတင်းထျန်း! နောက်တစ်လှမ်းတိုးဝံ့ရင် ခင်များရဲ့သား သင်္ချိုင်းနေရာမရှိဘဲ သေရလိမ့်မယ်!"

ကျိုးဝမ် သည် ကျိုးတင်းထျန်း ကို မုန်းတီးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူသည် ကျိုးဝူ ၏လည်ပင်းကို လက်တစ်ဖက်ဖြင့်ဆွဲကာ ပြင်းထန်စွာပြောလိုက်သည်။

ကျိုးဝူသည်လည်း သေခြင်းအရိပ်ကို ခံစားလိုက်ရသည်။ အသက်မဲ့ မျက်လုံးများ ရုတ်တရက် အသက်ဝင်လာသည်။ သူက ကျိုးတင်းထျန်း ကို အော်ဟစ်ပြီး "အဖေ! ကယ်ပါ ကယ်ပါဦး။

ကျိုးတင်းထျန်း သည် ကျိုးဝမ် ကို အေးစက်စွာကြည့်ကာ ရှေ့ကို ဆက်မတက်တော့ပေ။ သူက အေးစက်စွာပြောသည် "ကျိုးဝမ်! ဝူအာကို လွှတ်လိုက်၊ ဒါမှမဟုတ် မင်းကို သေချင်ရင် ငါလုပ်ပေးမယ်။"

"အဘိုးကြီး။ ခင်များမှာ အစီအစဉ်ကောင်းတစ်ခု ရှိတယ်ထင်တယ်။ ခင်များ ကျွန်တော့်ကို စကားလုံးနည်းနည်းနဲ့ ကျိုးဝူ ကို လွတ်ပေးစေချင်တာလား၊ ကျွန်တော် ခင်များကို ရက်ရက်စက်စက် လုပ်မပြရင် ခင်များလက်လျှော့မှာ မဟုတ်ဘူး"

ကျိုးဝမ် ၏ မျက်နှာပေါ်တွင် ဆိုးရွားသော အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူ၏ဘယ်လက်သည် ကျိုးဝူ ၏ဘယ်ဘက်လက်မောင်းကို ဆတ်ခနဲဆွဲကိုင်လိုက်ပြီး လိမ်လိုက်သည်။ကွဲအက်သံနှင့်အတူ ကျိုးဝူ ၏ဘယ်ဘက်လက်မောင်းသည် ပုံသဏ္ဍာန်ပျက်သွားခဲ့သည်။ ရှင်းရှင်းလေးပဲ မသန်စွမ်းဖြစ်သွားပါပြီ။

ကျိုးဝူ က မျက်ရည်တွေနဲ့ အော်ဟစ်ပြီး သူ့မျက်နှာပေါ်က နှပ်ချေးတွေ စီးကျလာသည်။ သူသည် ကျိုးဝမ်ကို ခွင့်လွှတ်ဖို့ ဆက်လက်တောင်းဆိုခဲ့သည်။

"မင်း... ကျိုးဝမ် မင်း ဘာလိုချင်လဲ ။ ဝူအာ ကို လွှတ်ပေးဖို့ ဘာလုပ်ပေးရမှာလဲ။"

ကျိုးတင်းထျန်း ဒေါသထွက်သွားသည်။ သို့သော်လည်း သူ့သားက ကျိုးဝမ် ၏လက်ထဲတွင် ရှိနေသောကြောင့် ကမောက်ကမ ပြုမူဝံ့ခြင်းမရှိပေ။

"ငါ့အဘိုးကို ဒီကိုခေါ်ပေး။ ငါသူ့ကို ငါ့ခန္ဓာကိုယ်ထဲက ချပ်ဝတ်ဝိညာဥ် ကို ထပ်ပြီးစမ်းသပ်စေချင်တယ်။ ငါ ကျိုးဝမ်က ဘာအသုံးမှမကျတဲ့လူမဟုတ်ဘူးလို့ ငါပြောဖူးတယ်။ ဒီနေ့ မင်းကို ငါသက်သေပြမယ်!" ကျိုးဝမ် က တည်ငြိမ်စွာပြောသည်။

"ကျိုးဝမ်!ဝိညာဥ်နိုးထခြင်းကျောက်တိုင်က ဘယ်တုန်းကမှ မမှားဘူး။ မင်း နောက်ဆုံး အကြိမ် ချပ်ဝတ်ဝိညာဥ်ကို မနှိုးထနိုင်ခဲ့တာကြောင့် မင့်ခန္ဓာကိုယ်တွင် ချပ်ဝတ်ဝိညာဥ်မရှိကြောင်း သက်သေပြတယ်။ မင်း ဘယ်လိုကျင့်ကြံလဲဆိုတာ ငါမသိပေမယ့် ကိုယ့်ကိုကိုယ် အရှက်မခွဲဖို့ အကြံပေးချင်တယ်။ " ကျိုးတင်းထျန်း က ရွဲ့စောင်းသော အပြုံးဖြင့် ပြောသည်။

ကျိုး မိသားစုမှ အခြားတပည့်များသည် ကျိုးဝမ် ကို လှောင်ပြောင်စွာ ကြည့်ကြသည်။ ချပ်ဝတ်ဝိညာဥ် ကို ထပ်မံစမ်းသပ်လိုသောကြောင့် သူ့ကို မထီမဲ့မြင်ပြုခဲ့ကြပုံရသည်။

ဝိညာဥ်နိုးထခြင်းကျောက်တိုင်သည် ကျိုး မိသားစုတွင် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပြီး မည်သည့်အခါမျှ အမှားအယွင်းမရှိခဲ့ပေ။ ချပ်ဝတ်ဝိညာဥ် ကို ပထမအကြိမ် မနှိုးထနိုင်ခဲ့သဖြင့် ဒုတိယနှင့် တတိယအကြိမ်တွင် အလုပ်မဖြစ်ပါ။

ခွက်(အရိုးအက်ကွဲသံ)

အရိုးကွဲအက်နေတဲ့ နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာသည်။ ကျိုးဝူ ၏ ညာလက်မောင်းကို ကျိုးဝမ် က နောက်တစ်ကြိမ် ချိုးခဲ့သည်။ကျိုးဝူသည် ပြင်းထန်သောနာကျင်မှုကို မခံနိုင်ဘဲ မေ့လဲသွားသည်။

အရိုးကွဲအက်သံ ရှင်းရှင်းလင်းလင်း ကြားလိုက်ရတော့ လူတိုင်း ကြောက်လန့်သွားကြသည်။ကျိုးဝမ် သည် ဤမျှ ရက်စက်ကြမ်းကြုတ်သူ ဖြစ်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။ သူက ဘာမှမပြောဘဲ ကျိုးဝူ ရဲ့လက်တွေကို ချိုးလိုက်သည်။ လူတိုင်းသည် ကျိုးဝမ် ၏ ငယ်ရွယ်သော မျက်နှာကို ကြည့်ပြီး သူတို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်ကို ခံစားလိုက်ရသည်။

အန္တရာယ်မရှိဘူးဟုထင်ရသော ဤလူငယ်သည် အမှန်တကယ်ပင် သူအရာရာကိုလုပ်ဆောင်သောအခါ အလွန်ပြတ်ပြတ်သားသားနှင့် ဖြေရှင်းလိမ့်မယ်။တပည့်များစွာတို့သည် ယခင်က ကျိုးဝမ် ကို မစော်ကားခဲ့ကြသည့်အတွက် တိတ်တဆိတ် ဝမ်းသာခဲ့ကြသည်။မဟုတ်ရင် အကျိုးဆက်က ကျိုးဝူ ထက် ပိုကောင်းမှာ မဟုတ်ဘူး။

"ခင်များရဲ့သားကို မသေစေချင်ရင် ကျွန်တော်ပြောသလို လုပ်။ ခင်များသားကို မသေစေချင်ဘူး"

ကျိုးဝမ် သည် မတုန်လှုပ်ခဲ့ဘူး။ သူ့မျက်နှာက တည်ငြိမ်ပြီး ဘာထူးခြားမှုမှမရှိဘူး။

"ကောင်းပြီ။ငါ ကတိပေးတယ်။ငါ အခုသွားရှာလိုက်မယ်။ဒါပေမယ့် မင်း ကျိုးဝူကို နည်းနည်းလေးမှ နာကျင်အောင် မလုပ်နဲ့။ အကယ်၍ ငါ့အသက်ကို အန္တရာယ်ရှိတယ်ဆိုရင်တောင် ငါ မင်းကို သတ်ရလိမ့်မယ်။"

အကြင်နာမဲ့သော ကျိုးဝမ်ကို ကြည့်ရင်း ကျိုးတင်းထျန်းသည် သူ့ရဲ့ဦးခေါင်းက စပ်ဖျဥ်းဖျဥ်း ခံစားခဲ့ရသည်။ သူ့ရှေ့က ဒီလူငယ်လေးဟာ သူ့အဖေထက် ဆက်ဆံရ ပိုခက်တယ်ဆိုတာ သူသိသည်။ကျိုးဝမ်ကို လေးလေးနက်နက် စေ့စေ့ကြည့်ပြီးနောက် ကျိုးတင်းထျန်း က သူ့နောက်ကွယ်ရှိ အနက်ရောင်မိုးအစောင့်များကို ချက်ချင်းပြန်ခေါ်သွားခဲ့သည်။ ထို့နောက် လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ခဏအကြာတွင် ကျိုးဝမ် သည် မိသားစုဝင်းအတွင်းမှ ထွက်လာသော အားကောင်းသည့် ရောင်ဝါအချို့ကို ခံစားလိုက်ရသည်။ ထို့နောက် လေ့ကျင့်ရေးကွင်းသို့ ရုတ်တရက်ရောက်လာခဲ့သည်။

ကျိုးဝမ် အနီးကပ်ကြည့်လိုက်တော့ စုစုပေါင်း လေးယောက်ရှိတယ်ဆိုတာ သိလိုက်ရသည်။ရှေ့ကလူက ဆံပင်ဖြူ ကျိုးရှန်းတင်း ဖြစ်ပြီးကျိုးတင်းထျန်းက အနီးကပ် နောက်ကလိုက်ခဲ့သူဖြစ်သည်။ အခြားလူနှစ်ဦးတွင် တစ်ဦးက အစိမ်းရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။သူ့မျက်နှာမှာ အမြဲတမ်း အပြုံးမပျက်ပါ။

ကျိုးဝမ်က အစိမ်းရောင် ဝတ်ရုံနဲ့ လူလတ်ပိုင်းကို သိသည်။ကျိုးဝမ်ရဲ့ ဦးလေး ကျိုးပေ့ထျန်း ဖြစ်သည်။ သူသည် အမြဲအထီးကျန်နေတဲ့ ကျင့်ကြံခြင်းကို စွဲလမ်းသူတစ်ယောက် ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် နက်နဲသော အဆင့်သို့ ရောက်ရှိသွားသည်ဟု ဆိုပါသည်။

အခြားလူက ကျိုးဝမ် ကို အနည်းငယ် အံ့အားသင့်စေခဲ့ပြီး ဤလူသည် တကယ်တော့ သူ့ထက်ပင်ငယ်သော အမျိုးသမီးငယ်တစ်ဦးဖြစ်သောကြောင့် ဖြစ်သည်။ သူမသည် ဘဲဥပုံမျက်နှာ၊ မျက်လုံးကြီးကြီးနှင့် နှင်းကဲ့သို့ဖြူစင်သော အသားအရေရှိသည်။ ၎င်းသည် ချောမွေ့၊ နူးညံ့ပြီး စိုပြေနေသောကြောင့် တစ်စုံတစ်ယောက် မြင်လိုက်ရသောအခါတွင် သူမ၏ အသားရေကို ဆွဲဆိတ်စေရန် ဆန္ဒဖြစ်ပေါ်စေသည်။

ထို့အချိန်တွင် မိန်းမပျိုလေးရဲ့မျက်လုံးကြီးကြီးတွေသည် ကျိုးဝမ်နဲ့ ကျိုးဝမ်ရဲ့လက်ထဲကမေ့နေသာ ကျိုးဝူဆီကို စပ်စုလိုသောစိတ်နဲ့ ကြည့်လာခဲ့သည်။

"မင်းက ချပ်ဝတ်ဝိညာဥ်ကို မနိုးထနိုင်ခဲ့တဲ့ ကျိုးဝမ်လား။မင်းက ကောလဟာလတွေလို အမှိုက် မဟုတ်ဘူးလား၊၊"မိန်းမပျိုသည် သူစိမ်းများကို မကြောက်ဘဲ မောက်မာစွာပြောပြီး ကျိုးတင်းထျန်း ဆီသို့ လျှောက်သွားလိုက်သည်။

မိန်းမပျိုလေး ပြောတဲ့အချိန်မှာ သူမသည် လေ့ကျင့်ရေးကွင်းမှ ကျိုး မိသားစု တပည့်များအားလုံး၏ အာရုံကို ချက်ချင်း ဆွဲဆောင်ခဲ့သည်။ မိန်းကလေးငယ်ကို တွေ့လိုက်သည့်အခိုက်တွင် ကွင်းပြင်အောက်တွင် ကျယ်လောင်စွာ အော်ဟစ်သံများကို ကြားလိုက်ရသည်။

"တကယ်တော့ ဒါက မစ္စ ကျိုး ရှန်းအာ ပဲ။ သူမက ငါတို့ ကျိုးမိသားစု ရဲ့ မျိုးဆက်သစ် လူငယ်များရဲ့ နံပါတ်တစ် ပါရမီရှင်ပါပဲ။ မစ္စရှန်းအာ လည်း လာဖို့ မမျှော်လင့်ထားပါဘူး။"

"မစ္စရှန်းအာ က ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းလှနေပြီ၊ ကြီးပြင်းလာတဲ့အခါ သူမ ဘယ်လောက်တောင် လှပနေမလဲဆိုတာ တွေးမိတယ်။"

ထိုဆွေးနွေးချက်များကိုကြားတော့ သူ့ရှေ့မှ မိန်းမပျိုသည် ကျိုးမိသားစုတွင် ကျော်ကြားသော ကျိုးရှန်းအာ ဖြစ်ကြောင်း ကျိုးဝမ် သိလိုက်သည်။ ကျိုးရှန်းအာက သူမအသက် ၈နှစ်တုန်းက ချပ်ဝတ်ဝိညာဥ်ကို နိုးထခဲ့တယ်လို့ သူကြားခဲ့သည်။ ထို့ပြင် သူမရဲ့ချပ်ဝတ်ဝိညာဥ်က အဆင့်ခြောက်မှာ ရှိခဲ့သည်။ နောက်နှစ်အနည်းငယ်တွင် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ဝိညာဥ်ရှာဖွေခြင်းနယ်ပယ်သို့ ရောက်ရှိခဲ့သည်။

ကျိုးဝမ်က ကျိုးရှန်းအာဆီသို့ အာရုံမစိုက်ခဲ့ဘူး။ သူက ဒီလို မောက်မာတဲ့ မိန်းခလေးကို စိတ်မဝင်စားဘူး။ ဒါကြောင့် သူက ကျိုးရှန်းအာဘေးကနေ လျှောက်သွားပြီး ကျိုးရှန်းတင်းကို စတင်ပြောလိုက်သည်။ သူက အေးအေးဆေးဆေးနဲ့ "အဘိုး၊ကျေးဇူးပြု၍ နိုးထခြင်းကျောက်တိုင်ကို အသကါသွင်းဖို့ ကူညီပေးပါ။ ကျေးဇူးပြု၍ နိုးထခြင်းကျောက်တိုင်ကို အသက်သွင်းပေးပါ။ ဒီတစ်ခါတော့ မင်းကို စိတ်မပျက်စေရဘူး။ “

"ကျိုးဝမ်၊ မင်း ဘာလို့ အရမ်းရိုင်းရတာလဲ။ငါ မင်းကို စကားပြောနေတယ်လေ။"သူမဟာ ကျိုးဝမ်ကို အေးစက်စက်နဲ့ကြည့်ရင်း ကျိုးရှန်းအာ အနည်းငယ် စိတ်တိုသွားသည်။ သူမဟာ သူ့မရဲ့ခြေထောက်ကို ဆောင့်နင်းပြီး တိုက်ခိုက်ရန် လုပ်တော့သည်။

သို့သော် ကျိုးရှန်းတင်းသည် ကျိုရှန်းအာကို လျင်မြန်စွာ တားလိုက်သည်။ ထို့နောက် သူက အံ့အားသင့်စွာနဲ့ ကျိုးဝမ်ကို ကြည့်လိုက်ပြီး "မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က နတ်အာရုံနယ်ပယ်ကို ရောက်နေပြီလား။မင်းက နည်းပြဆရာနဲ့ ကျိုးလမ့် ကို အနိုင်ယူခဲ့တဲ့သူလား။ “

ကျိုးဝမ်က မသိမသာ ခေါင်းညိတ်ပြကာ ပြောစရာမလိုဘဲ ဝန်ခံခဲ့သည်။

ကျိုးရှန်းတင်းရဲ့စကားတွေကို ကြားတော့မှ ကျိုးရှန်းအာနဲ့ကျိုးပေ့ထျန်းတို့သည် လေ့ကျင့်ရေးကွင်းအတွင်းရှိ ကျိုးလမ့်နဲ့ လဲနေသော နည်းပြဆရာတို့ကို သတိထားမိလိုက်သည်။နည်းပြဆရာနဲ့ကျိုးလမ့်တို့ သတိလစ်နေသည်ကို မြင်လိုက်ရသောအခါ သူတို့ရဲ့မျက်နှာတွင် ထူးဆန်းသောအမူအရာ ပေါ်လာခဲ့သည်။

'ဒီလူက နည်းနည်း အရည်အချင်းရှိတာပဲ။သူက အတွင်းအင်္ဂါကြံခိုင်ခြင်းနယ်ပယ်မှာ ရှိတဲ့ ချပ်ဝတ်စစ်သည်တော်တစ်ယောက်ကို တကယ် အနိုင်ယူခဲ့တယ်။'ကျိုးရှန်းအာက သူမရဲ့မျက်ခုံကို ပင့်လိုက်ပြီး ထူးခြားသော အလင်းရောင်နဲ့ ကျိုးဝမ်ကို ကြည့်လိုက်သည်။

"ကျိုးဝမ်၊ အရမ်းကောင်းတယ်။ မင်းက ကိုယ်ဘာသာကို နတ်အာရုံနယ်ပယ်မှာ တကယ် ရောက်ရှိနေတယ်။"ကျိုးပေ့ထျန်း သည် ကျိုးဝမ် ကို ချီးကျူးရင်း ရှားပါးသော ကြင်နာသော အပြုံးကို ပြသခဲ့သည်။

ကျိုးတင်းထျန်းအတွက်ကတော့ သူ့အမူရာက အရမ်းကောင်းမနေခဲ့ပါဘူး။ သူက အေးစက်စွာနဲ့ "ကျိုးဝမ်! ဝူအာ ကို အခုလွှတ်ပေး!"

"ဒါပေါ့၊ဒါပေမယ့် နိုးထခြင်းကျောက်တိုင်ကို ဖြေရှင်းပြီးမှ ဒီအကြောင်းကို ပြောကြမယ်။"တည်ငြိမ်စွာပြောနေစဉ် ကျိုးဝမ် ၏ မျက်လုံးများ တောက်ပလာသည်။

"မိမစစ်ဖမစစ်"ကျိုးတင်းထျန်း ဟောက်လိုက်ပြီး ကျိုးဝမ်ကို တိုက်ခိုက်လိုက်သည်။ကျိုးဝမ်က သူကို လှည့်စားခဲ့တယ်လို့ ခံစားရသည်။

ဒုတိယ အစ်ကို ၊ရပ် ။ဒီအဘိုးကြီးက ကျိုးဝမ် ၏ ချပ်ဝတ်ဝိညာဥ် ကို ဦးစွာစမ်းသပ်လိုတယ်။ မင်းရဲ့ အငြိုးအတေးနဲ့ ပတ်သက်ပြီးတော့ နောက်မှ ပြောကြမယ်။ “

All Chapters