← Chapters

သုံးမွှာ ချပ်ဝတ်ဝိညာဥ်

Vol. 1 Ch. 12

သုံးမွှာ ချပ်ဝတ်ဝိညာဥ်

Vol. 1 Ch. 12

ကျိုးတင်းထျန်းက ကျိုးဝမ်ကို စိန်းစိန်းဝါးဝါးကြည့်ပြီး လှောင်ရယ်ကာ "မင်းက ကျင့်ကြံနိုင်တာနဲ့ ပါရမီရှင်တစ်ယောက်လို့ မင်းတကယ်ထင်နေတာလား။ ချပ်ဝတ်ဝိညာဥ် မရှိရင် မင်းက အမှိုက်ဖြစ်နေတုန်းပဲ။ ဘယ်နှစ်ခါကြိုးစားနေပါစေ အချည်းနှီးပဲ။ “

"အချည်းအနှီးဖြစ်ဖြစ် မဖြစ်မဖြစ် ဆုံးဖြတ်ဖို့ ခင်များအလုပ် မဟုတ်ဘူး။ဆုံးဖြတ်ဖို့က ဝိညာဥ်နိုးထခြင်းကျောက်တိုင်ပေါ်မှာ မူတည်တယ်။နောက်တော့ ခင်များရဲ့ခွေးမျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ပြီး ငါ ကျိုးဝမ် က အမှိုက်ဟုတ်မဟုတ် ကြည့်လိုက်!" ကျိုးဝမ်၏ အမူအရာမှာ တည်ငြိမ်နေပြီး နိုးထခြင်းဝိညာဥ်ကျောက်တိုင်ရှေ့သို့ ရောက်ရှိလာကာ ဘာမှမထူးခြားဘဲ တုံ့ပြန်ခဲ့သည်။

ကျိုးတင်းထျန်းက နှာခေါင်းရှုံ့သော်လည်း မတုန့်ပြန်ခဲ့ပေ။ နိုးထခြင်းဝိညာဥ်ကျောက်တိုင်၏ရလဒ်များမထွက်ခင် သူပြောသမျှ မှန်သည်ကို သူသိသည်။

ကျိုးဝမ်ရဲ့လှုပ်ရှားမှုနောက်ကို လိုက်ကာ လေ့ကျင့်ရေးကွင်းရှိ ကျိုးမိသားစု၏ တပည့်အားလုံးသည် ဝိညာဥ်နိုးထခြင်းကျောက်တိုင်ရဲ့ရှေ့က တည်ငြိမ်နေသော လူငယ်ဆီသို့ သူတို့ရဲ့အကြည့်ကို ပို့လိုက်ကြ၏။

တပည့်များစွာ၏ မျက်လုံးများတွင် ရှုပ်ထွေးသော အကြည့်များ ရှိနေသည်။ အကြောင်းကတော့ ဒိီလူငယ်သည် လွန်ခဲ့တဲ့ရက်နည်းငယ်ကမှ အလွန်စွမ်းအားကြီးလာသောကြောင့် ဖြစ်သည်။သူ၏ ခွန်အားမှာလည်း အဆပေါင်းများစွာ တိုးလာသည်။အခု ကျိုးမိသားစုက အလွန်စွမ်းအားကြီးသော ကျိုးတင်းထျန်းပင် ထိုလူငယ်လေးရဲ့လက်ထဲမှာ ရှုံးခဲ့သည်။

လူတိုင်းဟာ ဝိညာဥ်နိုးထခြင်းကျောက်တိုင်ရှေ့က လူငယ်လေးသည် အံ့သြဖွယ်ရာဖြစ်ရပ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး ချပ်ဝတ်ဝိညာဥ်ကို အောင်မြင်စွာ နိုးထနိုင်ခဲ့မလားဆိုတာ သိချင်ခဲ့သည်။ ကျိုးဝမ်၏လက်ရှိခွန်အားနဲ့ သူ့ရဲ့ဝိညာဥ်ကို အောင်မြင်စွာ နိုးထနိုင်ခဲ့မယ်ဆိုရင် ကျိုးဝမ်က တောင်ပံတွေပေါက်လာတဲ့ ကျားတစ်ကောင်နဲ့ တူလိမ့်မယ်။မိသားစုထဲမှာ သူ့ရာထူးက တုန်လှုပ်နေတော့မှာ မဟုတ်ဘူး။

"အဖေ၊ ဒီကျိုးဝမ်က ချပ်ဝတ်ဝိညာဥ် အောင်မြင်စွာ နိုးထနိုင်ဖို့ အခွင့်ရေးရှိတယ်လို့ ထင်လား။"ကျိုးရှန်းအာ သည် နိုးထခြင်းကျောက်တိုင်ရှေ့မှ လူငယ်ကို ကြည့်လိုက်ရာ အစမှအဆုံး တည်ငြိမ်သွားသော အမူအရာကြောင့် သူမ၏ နှလုံးသားသည် ရုတ်တရက် အလွန်စိတ်ဝင်စားသွားသည်။

"အသေအချာပဲ။ကျိုးဝမ် ၏ခန္ဓာကိုယ်ပေါ်ရှိ အလွန်သိမ်မွေ့သော ချပ်ဝတ်ဝိညာဥ် အပြောင်းအလဲကို ခံစားရတယ်။ ငါက ဝိညာဥ်တွေနဲ့ပတ်သက်ရင် ဆက်ဆက်ထိမခံဘူးဆိုတာ မင်းသိပါတယ်။"ထိုအချိန်တွင် ကျိုးပေ့ထျန်း၏အမူရာသည် သူ အပြတ်ပြောခဲ့သလို နည်းနည်းလေး လေးနက်ခဲ့သည်။

"ဒါဆို သူ့ရဲ့ချပ်ဝတ်ဝိညာဥ်က သမီးထပ် မြင့်မယ်ထင်လား။ "ကျိုးရှန်းအာက မရပ်မနား မေးလိုက်သည်။

"မိုက်မဲလိုက်တဲ့ကောင်မလေး၊မင်းရဲ့ ချပ်ဝတ်ဝိညာဥ်အရည်အချင်းက ကျိုးမိသားစုရဲ့ သမိုင်းမှာ အမြင့်ဆုံးပဲ။ကြိမ်ချပ်ဝတ်မြို့တော်ထဲမှာတောင်မှ အဆင့်ခြောက်ချပ်ဝတ်ဝိညာဥ်တွေရှိတဲ့သူ အများကြီး မရှိဘူး။မင်းအဘိုးရဲ့ချပ်ဝတ်ဝိညာဥ်တောင်မှ မင်းထက် နိမ့်တယ်။ ကျိုးဝမ်က နည်းနည်း ထူးခြားပေမယ့် သူ့ရဲ့ချပ်ဝတ်ဝညာဥ်က မင်းထက်တော့ သာမယ်မထင်ဘူး။"

ကျိုးပေ့ထျန်းက ကျိုးရှန်းအာရဲ့ဆံပင်ကို အမြတ်တနိုးနဲ့ပွတ်သပ်လိုက်ပြီး သူ့ရဲ့မျက်နှာတွင် ဂုဏ်ယူခြင်းအပြည့် ရှိနေခဲ့သည်။အဖေတစ်ယောက်အနေနဲ့ ကျိုးပေ့ထျန်းဟာ သူ့သမီး အလွန်ထူးချွန်နေတာကို မြင်တွေ့ရသည်မှာ သဘာဝအတိုင်း အလွန်ကျေနပ်နေခဲ့သည်။

'ဟမ့်၊ ဒီကောင်က အဖက်မလုပ်ချင်ဆောင်ပြီး ငါ့ကို လျစ်လျူရှုခဲ့တယ်။သူ့၏ချပ်ဝတ်ဝိညာဥ်ရဲ့အရည်အချင်းက ငါ့ထက် နိမ့်ပြီး ကျင့်ကြံခြင်းအဆင့်ကလည်း ငါ့ထက် နိမ့်တယ်။အဲဒါကို ဘာလို့လုပ် ဟန်ဆောင်နိုင်ရတာလဲ။'

ကျိုးရှန်းအာသည် ကျိုးပေ့ထျန်း၏ ချီးမွမ်းစကားကို သဘောကျသော်လည်း ကျိုးဝမ် က သူမအား လျစ်လျူရှုထားပုံကို တွေးကြည့်သောအခါတွင် သူမသည် ဒေါသတကြီး ဖြစ်လာသည်။

ကျိုးပေ့ထျန်းသည် ကလေးဆန်သောကျိုးရှန်းအာကို ကူကယ်ရာမဲ့ ကြည့်နေပြီးနောက် ဝိညာဥ်နိုးထခြင်းကျောက်တိုင်ရှေ့တွင် ရပ်နေသော ကျိုးဝမ် ကို အာရုံစိုက်လိုက်သည်။

ဝိညာဥ်နိုးထခြင်းကျောက်တိုင် သည် ကိုယ်ခံပညာနယ်ပယ်၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ၎င်းသည် ရှည်လျားပြီး မှင်နက်ရောင် ငါးမျိုးရှိသည်။ ထို့အပြင် ၎င်း၏မျက်နှာပြင်သည် ရှုပ်ထွေးပြီး လျှို့ဝှက်ဆန်းကြယ်သော အက္ခရာများဖြင့် ရေးထွင်းထားသည်။

ရှုပ်ထွေးသောအကြည့်ဖြင့် သူ့ရှေ့ရှိ ဝိညာဥ်နိုးထခြင်းကျောက်တိုင်ကို ကြည့်ရင်း ကျိုးဝမ်သည် သူ့စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးတွင် တဆတ်ဆတ်တုန်ယင်နေပြီး မလိုလားအပ်သော အရိပ်အယောင်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ ဤသည်မှာ မူလကျိုးဝမ် ၏ အသိစိတ်ခံစားမှုဖြစ်မယ်ဆိုတာ ကျိုးဝမ် က သိသည်။

အကြောင်းမှာ မူလ ကျိုးဝမ် သည် ဝိညာဥ်နိုးထခြင်းကျောက်တိုင်မှ နိုးထပြီးနောက် အရာအားလုံးဆုံးရှုံးသွားသောကြောင့်ဖြစ်သည်။ကြိမ်ဖန်များစွာ လှောင်ပြောင်အနိုင်ကျင့်ခံရဖူးသည်။

"အဆင်သင့်ဖြစ်ပြီလား။” ကျိုးရှန်းတင်း ၏ အိုမင်းသောအသံ ထွက်ပေါ်လာသည်။

အသက်ပြင်းပြင်းရှူရင်း ကျိုးဝမ် သည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဝိညာဥ်နိုးထခြင်းကျောက်တိုင်ကို ညာဘက်လက်ဖဝါးဖြင့် ဖြည်းညှင်းစွာ ဖိလိုက်သည်။

ကျိုးရှန်းတင်းက စိတ်ထဲတွင် ခေါင်းညိတ်လိုက်သည်။ထို့နောက်တွင် လူအုပ်ကြီး၏ မျက်လုံးများအောက်တွင် သူ့လက်များက လျှို့ဝှက်ဆန်းကြယ်သော တံဆိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ဝညာဥ်နိုးထခြင်းကျောက်တိုင်၏မျက်နှာပြင်ကို အဆက်မပြတ်ရိုက်ခတ်နေချိန်တွင် သူ၏လက်များသည် မုန်တိုင်းတစ်ခုလိုဖြစ်နေသည်။

ခဏအကြာတွင် ဝိညာဥ်နိုးထခြင်းကျောက်တိုင် တွင် ရေးထွင်းထားသော ထူးဆန်းသော အက္ခရာများသည် ရုတ်တရက် အသက်ဝင်လာပုံရသည်။ သူတို့သည် အမှန်တကယ်ပင် တောက်ပသော အနီရောင်အလင်းကို ထုတ်လွှတ်လိုက်ကြသည်။ထို့နောက် ဤလက္ခဏာများသည် ဝနညာဥ်နိုးထခြင်းကျောက်တိုင်၏မျက်နှာပြင်ပေါ်တွင် အဆက်မပြတ်စီးဆင်းနေသောရေနှင့်တူသည်။

တစ်ချိန်တည်းမှာပင် ကျိုးဝမ်သည် ဝိညာဥ်နိုးထခြင်းကျောက်တိုင် မှ ထွက်ပေါ်လာသော အလွန်ထူးဆန်းတဲ့ စွမ်းအင်ကို ခံစားရသည်။ထိုစွမ်းအင်သည် ထင်ယောင်ထင်မှားစေဖြစ်ပြီး ကျိုးဝမ် ၏ခန္ဓာကိုယ်ကို တိုက်ရိုက်ထိုးဖောက်ဝင်ရောက်ကာ သူ့စိတ်၏နက်နဲရာဆီသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။

ထိုထူးဆန်းသောစွမ်းအင်သည် ကျိုးဝမ် ၏စိတ်ထဲတွင် ချိတ်တစ်ခုအဖြစ် ရုတ်တရက်ပြောင်းလဲသွားသည်။ သေးငယ်သောချိတ်သည် ကျိုးဝမ် ၏ စိတ်၏ အပြင်ဘက်အလွှာတွင် ကိုယ်ပျောက် ချပ်ဝတ်ဝိညာဥ်ကို ချက်ချင်း ချိတ်ဆွဲသွားခဲ့သည်။

သို့သော် ကျိုးဝမ် ၏စိတ်ထဲတွင် ဝှက်ထားသော ဆေးဒယ်စောက်ချပ်ဝတ်ဝိညာဉ်သည် အကြောင်းတစ်ခုခုကြောင့် ရူးသွပ်သွားခဲ့သည်။အမှန်တကယ်တော့ နိုးထခြင်းဝိညာဥ်ကျောက်တိုင် ရဲ့ စွမ်းအားကို ငြင်းပယ်ခဲ့သည်။တစ်ချိန်တည်းမှာပင် ၎င်းသည် ချိတ်မှဆွဲထုတ်တော့မည့် ကိုယ်ပျောက်ချပ်ဝတ်ဝိညာဥ် တွင် ခိုင်မာစွာစုပ်ယူနိုင်သော နောက်ထပ်အားကောင်းသည့် အင်အားကိုလည်း ထုတ်လွှတ်သည်။

တစ်ခဏတာအတွင်း မတူကွဲပြားသော အင်အားစုနှစ်ရပ်သည် တစ်ယောက်ကိုတစ်ယောက် လမ်းလွှဲမပေးဘဲ လွန်ဆွဲခြင်း စတင်ခဲ့သည်။

'ကျောက်စိမ်းဒယ်စောက်ချပ်ဝတ်ဝိညာဥ် မင်း ငါ့ကို ဒေါသထွက်အောင်လုပ်ဖို့ ကြိုးစားနေတာလား။' ကိုယ်ပျောက်ချပ်ဝတ်ဝိညာဥ်ကို ဖယ်ထုတ်တော့မည်ဟု မြင်လိုက်ရသဖြင့် ကျောက်စိမ်းဒယ်စောက်ချပ်ဝတ်ဝိညာဥ် သည် ဝင်ရောက်စွက်ဖက်ရန် ကြိုးစားတော့သည်။ ဒါက ကျိုးဝမ် ရဲ့ သွားတွေကို ဒေါသနဲ့ ယားယံစေသည်။

'မဟုတ်ဘူး! ဒီယုတ်မာတဲ့ ကျောက်စိမ်းဒယ်စောက်ကသာ ဆုပ်ကိုင်ထားရင် ချပ်ဝတ် ဝိညာဉ်ကို ငါ နိုးထနိုင်မှာ မဟုတ်ဘူး။ ဆေးဒယ်စောက်ချပ်ဝတ်ဝိညာဥ်ကို စိတ်ဖြေဖျောက်ဖို့ နည်းလမ်းရှာဖို့လိုတယ်။ 'ကျိုးဝမ် သည် ကျောက်စိမ်းဒယ်စောက်ချပ်ဝတ်ဝိညာဥ် ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ ကိုယ်ပျောက်ချပ်ဝတ်ဝိညာဥ်မှ စုပ်ယူခြင်းကို ဖယ်ရှားရန် ကျောက်စိမ်း ချပ်ဝတ်ဝိညာဥ် ကို ထိန်းချုပ်ရန် သူ့စိတ်အား အသုံးပြုခဲ့သည်။

ကိုယ်ခံပညာနယ်ပယ်ကွင်းရှိ လူတိုင်းသည် အသက်မရှူနိုင်ဖြစ်ကာ ဝိညာဥ်နိုးထခြင်းကျောက်တိုင်ရှေ့ရှိ လူငယ်က ချပ်ဝတ်ဝိညာဥ် နိုးထလာသည်ကို မြင်ချင်ကြသည်။ခဏကြာတွင် ကိုယ်ခံပညာနယ်ပယ်ကွင်းသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။

မိနစ်နှင့် စက္ကန့်များ ကုန်လွန်သွားသော်လည်း ဝိညာဥ်နိုးထခြင်းကျောက်တိုင်က အနည်းငယ်မျှ တုံ့ပြန်မှု မရသေးပါ။ ယင်းကြောင့် ကိုယ်ခံပညာနယ်ပယ်ရှိ တပည့်အများအပြားသည် စိတ်မရှည်စွာ မျှော်လင့်နေသောမျက်နှာများဖြင့် ကြည့်ရှုခဲ့ကြသည်။ အချို့က သူတို့၏မျက်နှာပေါ်တွင် အထင်သေးသောအကြည့်များပင် ရှိကြသည်။

"မင်းက အရှုံးသမားဖြစ်နေသေးတယ်ဆိုတာ ငါသိသားပဲ။ပထမဆုံးအကြိမ် မအောင်မြင်တာကြောင့် နောက်ထပ်အကြိမ် ကြိုးစားလည်း ရလဒ်က အတူတူပဲလို့ ဒီလူကြီးက ပြောသားပဲ။ဘာမှမပြောင်းလဲဘူး။"ကျိုးတင်းထျန်း သည် ဝိညာဥ်နိုးထခြင်းကျောက်တိုင်တွင် အနည်းငယ်မျှသော တုံ့ပြန်မှု မရှိသည်ကို မြင်လိုက်ရပြီး ချက်ချင်း ပြောလိုက်သည်။

ကျိုးပေ့ထျန်း သည် မျက်ခုံးတွန့်ကာ တိတ်ဆိတ်နေပြီး သူ့ဘေးတွင်ရှိသော ကျိုးရှန်းအာ သည် အနည်းငယ်ငြီးငွေ့လာကာ ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ကျိုးဝမ်သည် သူ့စိတ်ဝိညာဉ်ကို နိုးထစေသည့် လုပ်ငန်းစဉ်တွင် မမျှော်လင့်ထားသော ရလဒ်တစ်ခု ထွက်ပေါ်လာမည်ဟု သူမ ထင်ခဲ့သော်လည်း ဘာမှဖြစ်မလာပေ။

ကျိုးရှန်းတင်း ၏ မူလမျှော်လင့်နေသော အမူအရာသည် တဖြည်းဖြည်း မှိန်သွားခဲ့သည်။

ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး စိတ်ပျက်လက်ပျက် အရိပ်အယောင်များ သူ့မျက်နှာအနှံ့ ပြန့်ကျဲနေသည်။

"ကျိုးဝမ်! အဘိုး အစွမ်းကုန်လုပ်ခဲ့ပြီးပြီ၊ မင်း…"

ကျိုးရှန်းတင်းသည် ဝိညာဥ်နိုးထခြင်းကျောက်တိုင်၏ စွမ်းအားကို ဖယ်ရှားခါနီးတွင် မူလက မလှုပ်မယှက်ဖြစ်သော ဝိညာဥ်နိုးထခြင်းကျောက်တိုင်သည် ရုတ်တရက် တောက်ပလာသည်။

ထို့နောက်တွင် လူအုပ်ကြီး၏ မျက်လုံးများအောက်တွင် အနက်ရောင်ဖျော့ဖျော့ အရိပ်တစ်ခု ရုတ်တရက် ပျံတက်သွားပြီး ဝိညာဥ်နိုးထခြင်းကျောက်တိုင်၏ ထိပ်ပေါ်သို့ ပျံတက်လာခဲ့သည်။

ထို့နောက် ဝိညာဥ်နိုးထခြင်းကျောက်တိုင်၏မျက်နှာပြင်ပေါ်ရှိ စကားလုံးများ၏အရောင်သည် ရုတ်တရက် သုံးကြိမ်ပြောင်းသွားကာ နောက်ဆုံးတွင် အဝါရောင်ဖြင့် ရပ်တန့်သွားသည်။

"တတိယအဆင့်အဝါရောင် ကိုယ်ပျောက်ချပ်ဝတ်ဝိညာဉ်"ကျိုးရှန်းတင်း က ပြေးထွက်လာတဲ့ အနက်ရောင်အရိပ်ကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။

တတိယအဆင့်ချပ်ဝတ်ဝိညာဉ်သည် မဆိုးသော်လည်း ၎င်းသည် ကျိုးရှန်းတင်း ၏မျှော်လင့်ချက်နှင့် အလွန်ကွာခြားပါသည်။တကယ်တော့ ကျိုးရှန်းတင်း သည် ကျိုးဝမ် ၏ ချပ်ဝတ်ဝိဥာဉ်သည် ပဉ္စမအဆင့်သို့ ရောက်ရှိနိုင်မည်ဟု မျှော်လင့်ခဲ့သည်။ဤနည်းအားဖြင့် ချပ်ဝတ်ဝိညာဥ်သည် အနာဂတ်တွင် ကြီးထွားလာသည်နှင့်အမျှ ၎င်း၏ခွန်အားကြီးထွားမှုအတွက် များစွာအကျိုးရှိမည်ဖြစ်သည်။ တတိယအဆင့် ချပ်ဝတ်ဝိညာဥ်အတွက်တော့ သူ့ရဲ့ အလားအလာက ပိုဆိုးသည်။

"တတိယအဆင့် ချပ်ဝတ်ဝိညာဉ်တစ်ခု! မဆိုးပါဘူး၊ ဒါပေမယ့် သူ့ရဲ့ အလားအလာက နည်းနည်းတော့ အားနည်းနေတယ်။ ကျိုးဝမ်က အခုပြသခဲ့တဲ့ အရည်အချင်းတွေနဲ့ သူက အဓိကတပည့်တွေရဲ့ အဆင့်ကို တတ်နိုင်သလောက် ဝင်နိုင်သင့်တယ်။" ကျိုးပေ့ထျန်း က ခပ်ပြုံးပြုံးနဲ့ ပြောသည် ။ .

"ဟမ့်၊ ဒါဟာ တတိယအဆင့် ချပ်ဝတ် ဝိညာဉ်တစ်ခုပဲ၊ အဲဒါက ဘာတွေကြီးမြတ်နေတာလဲ!" ကျိုးရှန်းအာ က အေးစက်စက် နှာခေါင်းရှုံ့ရင်းပြောလိုက်သည်။

ကျိုးတင်းထျန်း ထက် ဘယ်သူမှ အံ့သြခြင်းမရှိပါဘူး။ ဒီအချိန်မှာ ကျိုးတင်းထျန်းရဲ့မျက်နှာဟာ အလွန် ရုပ်ဆိုးသွားခဲ့သည်။ကျိုးဝမ် သည် သူ့ခန္ဓာကိုယ်တွင် ချပ်ဝတ်ဝိဉာဉ်တစ်ခု ရှိနေသည်နှင့် တစ်ပြိုင်နက် မိသားစုက သူ့ကို မလွှဲမသွေ တန်ဖိုးထားခံရမည်ကို သူသိသည်။အဲဒီအချိန်မှာ ကျိုးဝမ် ကို လှုပ်ရှားဖို့ သူ့အတွက် ခက်ခဲလိမ့်မည် ။

"အယ်၊ နိုးထခြင်းကျောက်တိုင်က ဘာလို့ မရပ်သေးတာလဲ။နိုးထခြင်းကျောက်တိုင်က မပြီးသေးဘူးလား။"ရုတ်တရက် ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းနောက်မှ အသံတသံထွက်လာခဲ့သည်။

အသံကြားလာသည်နဲ့ ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းမှလူများအားလုံး နိုးထခြင်းကျောက်တိုင်ကို တစ်ဖန်ပြန်ကြည့်ကြသည်။ နိုးထခြင်းကျောက်တိုင်သည် ထိုအသံပြောသကဲ့သို့ အလုပ်လုပ်နေဆဲ ဖြစ်ပြီး ကျိုးဝမ်ရဲ့ မျက်လုံးတွေဟာ မှိတ်နေဆဲဖြစ်နေသည်ကို သူတို့ တွေ့လိုက်ရသည်။ သူက နိုးထလာမဲ့အရိပ်အယောင်မရှိဘူး။

"ကျိုးဝမ်ရဲ့ ခန္ဓာကိုယ်ထဲမှာ နောက်ထပ် ချပ်ဝတ်ဝိညာဥ် ရှိနေသေးတာလား။"ဒီအချိန်မှာ ကျိုးရှန်းတင်းက ဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက် တွေးလိုက်မိသည်။သူ့ရဲ့လက်တွေက ရုတ်တရက် တစ်ဆက်ဆက်တုန်လာပြီး မူလ အနည်းငယ် စိတ်ပျက်ခဲ့သော သူ့ရဲ့ မျက်လုံးတွေဟာ ရုတ်တရက် တောက်ပလာခဲ့သည်။

ကျိုးပေ့ထျန်းနဲ့ကျိူးရှန်အာတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး သူတို့ရဲ့မျက်လုံးတွေဟာ ထိတ်လန့်နေခဲ့သည်ကို တွေ့ရလိုက်ရသည်။

ဒီအချိန်မှာ ကျိုးတင်းထျန်း၏မျက်နှာသည် အလွန် မည်းမှောင်လာခဲ့ပြီး သူ့မျက်လုံးတွင် သတ်ချင်စိတ် အရိပ်အယောင်ရှိနေခဲ့သည်။

ဘုန်းးးးး

အသံအနည်းငယ် ထွက်ပေါ်လာခဲ့ပြီး ထို့နောက် ကျိုးဝမ်ရဲ့ ခန္ဓာကိုယ်ထဲကနေ အရိပ်တစ်ခု ပျံထွက်သွားသည်ကို လူတိုင်း ရှင်းရှင်းလင်းမြင်လိုက်ရသည်။ထို အရိပ်ဟာ ဓားပုံသဏ္ဌာန်တစ်ခု ဖြစ်ပြီး ဓားအရိပ် ချပ်ဝတ်ဝိညာဥ် ဖြစ်သည်။

တစ်ချိန်ထဲမှာ နိုးထခြင်းကျောက်တိုင်ပေါ်က စာလုံး၏ အရောင်သည် ချက်ချင်း ငါးကြိမ်တိုင်တိုင် ပြောင်းလဲခဲ့ပြီး နောက်ဆုံး ခရမ်းနုရောင်တွင် ရပ်သွားခဲ့သည်။ဓားအရိပ်ချပ်ဝတ်ဝိညာဥ်သည် ပဥ္စမအဆင့် ခရမ်းရောင်ကို ရောက်ရှိခဲ့သည်။

စူးရှသော ခရမ်းရောင်သည် ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းအတွင်းသို့ ရုတ်တရက် တောက်ပလာပြီး လူတိုင်းရဲ့မျက်နှာကို အရောင်ဟပ်နေခဲ့သည်။

ဟစ်စ်စ်စ်

ကိုယ်ခံပညာလေ့ကျင့်ကွင်းရှိ လူတိုင်းသည် အသက်ပြင်းပြင်းရှူပြီး နိုးထခြင်းကျောက်တိုင်ပေါ်က ချပ်ဝတ်ဝိညာဥ်နှစ်ခုကို ကြည့်လိုက်သည်။ အမွှာချပ်ဝတ်ဝိညာဥ်သည် ရှားပါးသော သဘာဝဖြစ်စဥ်တစ်ခုဖြစ်တယ်ဆိုတာ သူတို့သိသည်။

ကောင်းကင်ချပ်ဝတ်ကုန်းမြေတိုက်ကြီး၏သမိုင်းတွင် အမွှာချပ်ဝတ်ဝိညာဥ်ဖြင့် စစ်သည်တော်သည် လက်ချိုးရေလို့ရသည်။ချပ်ဝတ်ဝိညာဥ် နှစ်ခုရှိခြင်းကြောင့် ၎င်းတို့တွင် အထူးစွမ်းရည်နှစ်ခုနှင့် အားကောင်းသည့် ချဲ့ထွင်မှုနှစ်ခုရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။

ချပ်ဝတ်ဝိညာဥ်နှစ်ခု၏အရည်းအချင်းသည် မမြင့်ဘူးဆိုရင်တောင် သူတို့၏ပေါင်းစပ်စွမ်းအားသည် အရည်အသွေးမြင့်မားတဲ့ တစ်ခုတည်းသော ချပ်ဝတ်ဝိညာဥ်ကို သေချာပေါက် သာလွန်သည်။ထိုအမွှာချပ်ဝတ်ဝိညာဥ်ဖြင့် စစ်သည်တော်သည် ရှားပါးသည်။

ကျိုးရှန်းတင်းသည် တုန်လှုပ်မနေတော့ပါဘူး။ သူက အရမ်းကို စိတ်လှုပ်ရှားနေခဲ့သည်။ကျိုးမိသားစုသည် အမွှာချပ်ဝတ်ဝိညာဥ် ပါသော စစ်သည်တော်တစ်ဦးကို မွေးထုတ်ပေးနိုင်မည်ဟု သူမထင်ထားခဲ့ပေ။

ထိုကဲ့သို့သောလူသည် အနာဂတ်တွင် ထိပ်တန်းကျွမ်းကျင်သူဖြစ်လာမည်မှာ သေချာပါသည်။ကျိုးရှန်းတင်း သည် ကျိုးဝမ် အချိန်မတန်မီ သေဆုံးခြင်းမရှိပါက ကျိုး မိသားစုသည် အထွတ်အထိပ်အသစ်သို့ ရောက်ရှိမည်မှာ သေချာပါသည်။

"ရှောင်ထျန်း ရဲ့သားက မျှော်လင့်ထားတဲ့အတိုင်းပဲ။ သူ့မှာ အမွှာချပ်ဝတ်ဝိညာဥ်တွေ ရှိတယ်!" ဤအချိန်တွင် ကျိုးရှန်းတင်း ၏ အသံသည် အနည်းငယ် တုန်လှုပ်သွားသည်။

လူတိုင်း တုန်လှုပ်ချောက်ချားမှုကနေ ပြန်လည်သက်သာလာတဲ့အခါ နိုးထခြင်းကျောက်တိုင်က မရပ်တန့်သေးဘူးဆိုတာကို တွေ့ရှိလိုက်သည်။

ရုတ်တရက် လူတိုင်းရဲ့စိတ်ထဲမှာ ရယ်စရာကောင်းတဲ့ အတွေးတစ်ခု ထွက်ပေါ်လာသည်။ ကျိုးဝမ် ၏ခန္ဓာကိုယ်တွင် တတိယမြောက် ချပ်ဝတ်ဝိဥာဉ်တစ်ခု ရှိနေနိုင်သေးတယ်လား။

"သုံးမွှာချပ်ဝတ်ဝိညာဥ်"

All Chapters