← Chapters

ရိုက်ချက် ၃ချက်ဖြင့် အလောင်းကစားလုပ်ခြင်း

Vol. 2 Ch. 19

ရိုက်ချက် ၃ချက်ဖြင့် အလောင်းကစားလုပ်ခြင်း

Vol. 2 Ch. 19

လျှိူထောင်ရဲ့ ဦးဆောင်မှု အောက်မှာ သူတို့နှစ်ယောက် ဧည်ခန်းမဆီသို့ လျင်မြန်စွာ ရောက်ရှိခဲ့သည်။ထိုအချိန်မှာ လူသုံးယောက်က ခန်းမထဲတွင် ထိုင်နေကာ ယောင်္ကျားတစ်ယောက်နှင့် မိန်းမ နှစ်ယောက်ဖြစ်ကြသည်။

မိန်းမတစ်ယောက်သည် လှပပြီး ကျော့ရှင်းသော ကျိုးရှန်းအာ ဖြစ်သည်။ ထိုအချိန်တွင် ကျိုးရှန်းအာသည် ခန်းမ ပတ်ပတ်လည်ကို ကြည့်နေသည်။ သူမရဲ့မျက်နှာမှာ သိချင်စိတ်ပြင်းပြမှုနဲ့ ပြည့်နေသည်။

နောက်ထပ်မိန်းမတယောက်ကတော့ ကျိုးရှန်းအာထက် အနည်းငယ် အသက်ကြီးနေသည်။ သူမက ၁၈နှစ်ရှိပြီ။ ရောက်ရှိလာသော သူမက ကျိုးရှန်းအာထက် အနည်းငယ် နိမ့်သော်လည်း သူမက အရမ်း လူကြိုက်များသည်။ သူမသည် နေရာတိုင်းတွင် အကွေးအကောက်များရှိပြီး သေးသွယ်သော ခါးသည် ဆွဲဆောင်မှုရှိသော အသွင်အပြင်ကို ပေါ်လွင်စေသည်။

သူရှေ့က လူကြိုက်များသော ပုံရိပ်နဲ့မိန်းမသည် မိုးပြရောင် ဂုဏ်သရေအိမ်တော်၏သခင် ကျိုးမိန်ရွယ် ဖြစ်မယ်လို့ ကျိုးဝမ် သိခဲ့သည်။ နောက်ဆုံးလူကတော့ နက်မှောင်တဲ့အကြည့်နဲ့ အပြရောင် ဝတ်ဆင်ထားတဲ့ လူငယ်ဖြစ်သည်။ စကားမပြောဘဲ ထိုင်ခုံမှာ မတ်တတ်ထိုင်နေပေမယ့် သူ့မျက်လုံးတွေက ရံဖန်ရံခါ ရက်စက်တဲ့အမူအရာတွေ ပေါ်လာတတ်သည်။

ကျိုးဝမ်သည် သူ့မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး အပြာရောင် ၀တ်ထားသော လူငယ်ကို ချက်ချင်း အာရုံစိုက်လိုက်သည်။ ကျိုးရှန်းအာ နှင့် ကျိုးမိန်ရွယ်တို့ထက် သေချာပေါက် သာလွန်သော လူငယ်လေး၏ ခန္ဓာကိုယ်ထဲတွင် ပါရှိသော အားကောင်းသည့် စွမ်းအင်ကို သူ ခံစားနိုင်သည်။ လူငယ်လေးရဲ့ ကျင့်ကြံခြင်းအဆင့်သည် သုံးယောက်ထဲတွင် အမြင့်ဆုံးဖြစ်တယ်ဆိုတာ သိသာသည်။

"ကျိုးထျန်း!" ကျိုးဝမ်သည် ခန်းမထဲသို့ ရုတ်တရက် လှမ်းဝင်လာရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ကျိုးဝမ် တံခါးတွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခန်းမအတွင်းရှိ လူသုံးယောက်၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။ ကျိုးရှန်းအာ၏ လှပသော မျက်လုံးများသည် ပျော်ရွှင်မှု အရိပ်အယောင်ကို ပေါ်လွင်စေပြီး ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နဲ့ပြည့်စုံနေသော ကျိုးမိန်ရွယ်သည် ကျိုးဝမ် ကို စိတ်ဝင်တစား စောင့်ကြည့်နေပါသည်။ကျိုးထျန်းအတွက် သူသည် ကျိုးဝမ် ၏ရုပ်သွင်ကို အေးစက်စွာ စိုက်ကြည့်နေပြီး သူ့မျက်လုံးများတွင် အမုန်းတရားများ အနည်းငယ် ရှိနေသည်။

"ကျိုးဝမ်! မင်းက တကယ် မဆိုးပါဘူး။ မင်းက လျှို့ဝှက်နဂါးအိမ်တော်ရဲ့ ပိုင်ရှင် တကယ် ဖြစ်လာခဲ့တာပဲ။ ဒီအိမ်တော်အတွက် အဖိုးကို ငါမေးခဲ့တာတောင် အဖိုးက ဘာမှ သဘောမတူခဲ့ဘူးဆိုတာ မင်းသိသင့်တယ်။ အခု၊ အဲဒါအားလုံး မင်းအတွက်ပဲ။ “

ကျိုးရှန်းအာသည် သူမ၏ နှုတ်ခမ်းများကို ကောက်ကွေးလိုက်ပြီး မနာလို အရိပ်အမြွက်ပြောနေစဉ် သူမ၏ တင်ပါးပေါ် လက်တင်လိုက်သည်။

"မောင်လေး ကျိုးဝမ်က သုံးမွှာချပ်ဝတ်ဝိညာဥ် နဲ့ မွေးဖွားခဲ့တာကို ငါကြားဖူးတယ်။ သူ့အရည်အချင်းက ကျိုးမိသားစုရဲ့ နံပါတ်တစ် ပါရမီရှင်တွေထက် အများကြီးသာလွန်တယ်!"

ကျိုးမိန်ရွယ် သည် ကျိုးဝမ် ထံ အေးအေးဆေးဆေး လမ်းလျှောက်ရင်း ပါးလွှာသော ခါးကို လှုပ်ယမ်းလိုက်သည်။ သူမ၏ ချစ်စရာကောင်းသော မက်မွန်ပွင့်မျက်လုံးများက ကျိုးဝမ်ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်ကာ သူမပါးစပ်ကို ဖုံးအုပ်ကာ ပျံတံတံနန့်တန့်တန့် ရယ်မောလိုက်သည်။

"ကျိုးမိန်ရွယ်၊မင်း အဲဒါက ဘာကိုဆိုလိုတာလဲ။"ထိုစကားကိုကြားသောအခါ ကျိုးရှန်းအာ၏လှပသောမျက်လုံးများသည် လူသတ်ချင်စိတ် ဖြစ်လာသည်။

ကျိုးဝမ် အနည်းငယ် လန့်သွားသည်။ သူ့ရှေ့က မိန်းမနှစ်ယောက်က ရှင်းရှင်းလင်းလင်းကြီးကို မတည့်ကြဘူး။ ထိုမိန်းမနှစ်ယောက်က တိုက်ခိုက်ကြတော့မယ်ဆိုတာကို တွေ့ကာ ကျိုးဝမ် ခေါင်းကိုက်မလိုဖြစ်နေပြီ။သူက အေးစက်စွာ "မင်းတို့နှစ်ယောက် တိုက်တော့မယ်ဆိုရင် ငါ့ရဲ့အိမ်တော့်မှာတော့ ပြဿနာ မဖြစ်ကြပါနဲ့။အကယ်၍ မယဥ်ကျေးတဲ့အတွက် ငါကို အပြစ်မတင်ပါနဲ့။ "

"မယဥ်ကျေးတာ ကောင်းတယ်။ လျှို့ဝှက်နဂါးအိမ်တော်၏သခင်က မာနကြီးပြီး ပျက်စီးနေတယ်လို့ ငါကြားပြီးပြီ။ ဒီနေ့မြင်တော့ အိမ်တော်သခင် က ဘယ်လိုမျိုး မယဥ်ကျေးတာလဲဆိုတာ ငါသိချင်မိတယ်။"

မိန်းမနှစ်ယောက် မဖြေနိုင်ခင်မှာ ခန်းမထဲမှာ ထိုင်နေပြီဖြစ်တဲ့ အပြရောင်နဲ့ လူငယ်က အေးစက်စွာ ပြောလိုက်သည်။ သူ့ရဲ့ရက်စက်တဲ့ မျက်လုံးတစ်စုံသည် ရန်လိုတဲ့အကြည့်နဲ့ ကျိုးဝမ်ကို ကြည့်လိုက်သည်။

အပြရောင်နဲ့လူငယ်သည် သူပါးသပ်ကို ဖွင့်လိုက်သည်နှင့် မူလက စကားများနေသော မိန်းမနှစ်ယောက်သည် ရုပ်တရက် ငြိမ်သက်သွားခဲ့သည်။ သူတို့နှစ်ယောက်က ကြောက်ရွံ့မှု အနည်းငယ်နဲ့ အပြာရောင်နဲ့လူငယ်ကို ကြည့်လိုက်ပြီး တစ်ချိန်တည်းမှာ မမျှော်လင့်ဘဲ တိတ်ဆိတ် သွားခဲ့သည်။

"ငါက လျို့ဝှက်နဂါးအိမ်တော်ရဲ့သခင်ပါ။ ပြဿနာရှာသူ နှစ်ယောက်ကို တားတာက မာနကြီးသလိုဖြစ်သွားတာလား။ငါ့ပိုင်နက်မှာ ခွေးလိုဟောင်တဲ့မင်းက မာနကြီးတာ မဟုတ်ဘူးလား။"ကျိုးဝမ် ထေ့ငေါ့ပြီး ပြန်လည် ချေပလိုက်သည်။

အပြာရောင် ဝတ်ရုံနဲ့လူငယ်သည် ကျိုးဝူရဲ့ အစ်ကိုဖြစ်ကာ ကျိုးဝမ် သူ့ကို မျက်နှာသာပေးဖို့ အစီအစဥ်မရှိပေ။ ပြီးတော့ သူက ကျိုးဝူရဲ့ ဒန်တျန်ကို တကယ် ဖျတ်ဆီးပစ်ခဲ့သည်။ သူတို့နှစ်ယောက် မီးနဲ့ ရေကဲ့သို့ ဖြစ်နေပြီး ကျိုးဝမ် ယဥ်ကျေးယောင် မဆောင်ပါဘူး။

ကျိုးဝမ်ရဲ့စကားတွေ ထွက်လာပြီး ခဏအကြာမှာ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ မူလက တစ်ယောက်တစ်ယောက် မကြိုက်တဲ့မိန်းခလေးနှစ်ယောက်သည် မယုံကြည်နိုင်စွာဖြင့် ကျိုးဝမ်ကို ကြည့်လိုက်ကြသည်။ သူတို့သည် သူတို့ရှေ့က အပြာရောင်နဲ့ လူငယ်၏ခွန်အားကို သိခဲ့သည်။ သူတို့ အတူတူပူပေါင်းပြီး တိုက်မယ်ဆိုရင်တောင်မှ သူတို့ အပြာရောင်နဲ့လူငယ်ကို ပြိုင်ပွဲမှာ မနိုင်နိုင်ဘူးဆိုတာကို သူတို့ သိခဲ့ကြသည်။

ကျိုးဝမ်က နတ်အာရုံနယ်ပယ်သာ ရှိသေးပြီး လျှို့ဝှက်နဂါးအိမ်တော်ရဲ့ သခင်အသစ်လည်း ဖြစ်သည်။ သူက အပြာရောင်နဲ့ လူငယ်ကို လုံးဝကို မျက်နှာသာမပေးခဲ့ပါဘူး။

"ကျိုးဝမ်၊ ဘယ်ဟာက မင်းကို မာနကြီးစေသလဲဆိုတာ ငါ တကယ်မသိဘူး။ မင်းမှာ သုံးမွှာချပ်ဝတ်ဝိညာဥ်ရှိပြီး သခင်ကြီးက မြင့်မားစွာ မျော်လင့်ချက်ထားတာကြောင့် အတွင်းခြံဝင်မှာ လုပ်ချင်တိုင်း လုပ်လို့ရပြီလို့ထင်နေတာလား။ဒီနေ့ မင်းထက်သာတဲ့လူအမြဲရှိတယ်ဆိုတာ မင်းကိုပြောပြမယ်..။ “

ကျိုးထျန်း တုန်လှုပ်ခြောက်ခြားစွာဖြင့် ထရပ်လိုက်သည်။ သူက ကျိုးဝမ် ကို ရက်စက်သော အမူအရာဖြင့် ကြည့်သည်။ တစ်ချိန်တည်းမှာပင် ကျိုးထျန်း ၏ ခန္ဓာကိုယ်မှ အလွန်အစွမ်းထက်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။

ကျိုးဝမ်က လှောင်ပြောင်သရော်သည့်အရိပ်အမြွက်​ဖြင့် "မင်းပြောတာ ကောင်းတယ်၊ ဒါပေမယ့် မင်းညီလေး ကျိုးဝူ အတွက် ဒီနေ့ မင်းဒီကိုလာမှာကို ငါကြောက်တယ်။ မင်းကိုယ်ရေးကိုယ်တာ အာဃာတကြောင့် ဒီနေရာမှာ ရှင်းရှင်းလင်းလင်းရှိနေပြီး ဒါကို အလွန်သိက္ခာရှိအောင် လုပ်နေတယ်။ “

"ဟီးဟီး! မင်းသိပြီးကတည်းက ခြုံပုတ်ကို ငါရိုက်မှာမဟုတ်ဘူး။ ဒီနေ့ ငါ့ညီလေးအတွက် ဒီကိုလာပြီး မင်းကို ငါ အနိုင်ကျင့်တာ မဟုတ်ဘူး။မင်း ငါ့ရဲ့ လှုပ်ရှားမှုသုံးခုကို တားနိုင်သရွေ့ မင်းနဲ့ ငါ့ညီလေးကြားက နာကျည်းမှုတွေကို ငါ လျစ်လျူရှုနိုင်မယ်။ " ကျိုးထျန်း က အေးစက်သောလေသံဖြင့် ပြောသည်။

ကျိုးထျန်း ၏ စကားကိုကြားတော့ တံခါးဝတွင် တလေးတစား ရပ်နေသော လျှိူထောင် သည် ထိတ်လန့်သွားသည်။ ကျိုးထျန်း ၏ ခွန်အားကို အလွန်ရှင်းလင်းစွာ သိသည်။ သူသည် အနည်းဆုံး ဝိညာဉ်ရှာဖွေခြင်းနယ်ပယ်၏ အထွတ်အထိပ်တွင်ရှိခဲ့သည်။

လျှိူထောင် သည် ကျိုးဝမ် ၏လျှို့ဝှက်ချက်များစွာကို သိရှိခဲ့သော်လည်း ၎င်းတို့နှစ်ဦးကြားရှိ နယ်ပယ်နှစ်ခုကြားတွင် ကွာဟချက်တစ်ခုရှိနေဆဲဖြစ်သည်။ ထို့အပြင် သူတို့နှစ်ဦးကြားတွင် ရန်လိုမှုအချို့ရှိခဲ့သည်။ ကျိုးထျန်း က သေချာပေါက် ထိန်းလိမ့်မည်မဟုတ်ပေ။ ကျိုးဝမ်သည် ကျိုးထျန်း ၏တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပါက ရိုက်နှက်ခံရနိုင်ခြေများပါသည်။

ကျိုးရှန်းအာနှင့် ကျိုးမိန်ရွယ်တို့သည် ခန်းမဘေးတွင် ရပ်နေကြသည်။ကျိုးဝမ် နှင့် ကျိုးထျန်း ကိုကြည့်ရင်း အမျိုးသမီးနှစ်ယောက်၏ မျက်လုံးများ တောက်ပလာသည်။ အံ့သြစရာကောင်းတာက သူတို့က ဘာမှ မပြောဘူး။ အဲဒီအစား သူတို့နှစ်ယောက်ကို စိတ်ဝင်တစားကြည့်ကြသည်။

ကျော့ရှင်းသော ကျိုးမိန်ရွယ် သည် သူမ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်ကို ထုတ်ဖော်ပြသခဲ့သည်။ သူမက ကျိုးဝမ်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်သည်။ ကျိုးဝမ် က ကျိုးထျန်းရဲ့တောင်းဆိုမှုကို သဘောတူပါ့မလားဆိုတာ သူမသိချင်သည်။

ကျိုးမိန်ရွယ်၏ထင်မြင်ချက်အရ နတ်အာရုံနယ်ပယ်တွင်သာရှိနေသည့် ကျိုးဝမ် သည် ကျိုးထျန်း၏ ခွန်အားအပြည့်လှုပ်ရှားမှုသုံးခုကို ခုခံနိုင်မည်မဟုတ်ပေ။ ကျိုးဝမ်သည် ကျိုးထျန်း၏လှုပ်ရှားမှုတချက်ကိုပင် တားနိုင်လိမ့်မည်မဟုတ်ဟု ကျိုးမိန်ရွယ်က တွေးခဲ့သည်။

ကျင့်ကြံသူ၏ ကျင့်ကြံခြင်းအဆင့်သည် ဝိညာဉ်ရှာဖွေခြင်းနယ်ပယ်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် စစ်မှန်သော အသွင်ကူးပြောင်းမှုကို ခံရမည်ဖြစ်သည်။သူတို့၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်များ ပိုမိုအားကောင်းလာမည်သာမက ၎င်းတို့၏ ချပ်ဝတ်ဝိညာဉ်သည်လည်း ဖွံ့ဖြိုးလာကာ ကျင့်ကြံသူရဲ့ကိုယ်ခန္ဓာ၏ ကြံ့ခိုင်မှုကို တိုးမြင့်လာစေမည်ဖြစ်သည်။

အတွင်းအင်္ဂါကြံ့ခိုင်ရေးနယ်ပယ်ကျင့်ကြံသူ ဆယ်ယောက် အတူတူ အလုပ်လုပ်ခဲ့လျှင်ပင် ၎င်းတို့သည် ဝိညာဥ်ရှာဖွေခြင်းနယ်ပယ်ကျင့်ကြံသူကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ကျိုးမိန်ရွယ်သည် ကျိုးဝမ်၏စိတ်လှုပ်ရှားခြင်းမရှိသော မျက်လုံးကို တွေ့လိုက်ရသောအခါ သူမရဲ့လှပသော မျက်လုံးတွေဟာ ထိန့်လန့်တုန်လှုပ်မှု တစ်စွန်းတစ်စ ထွက်ပေါ်လာခဲ့သည်။ သူမရှေ့က လူငယ်သည် ဒီအခြေအနေမှာတောင် တည်ငြိမ်ဆဲ ဖြစ်နေလိမ့်မည်လို့ မတွေးမိခဲ့ဘူး။

"တည်ငြိမ်ချင်ယောင် ဆောင်နေတာလား"ကျိုးမိန်ရွယ် ဇဝေဇဝါဖြင့် ရေရွတ်လိုက်သည်။

"ကျိုးဝမ် မင်းလက်ခံရဲလား။အခုလေးတင် မင်း မာနအရမ်းကြီးနေတာမလား။ "ကျိုးထျန်းသည် သူ့ရဲ့ယုတ်မာတဲ့ မျက်နှာပေါ်မှာ အထင်မြင်သေးသည့် အရိပ်ယောင်ဖြင့် ပြောလိုက်သည်။

လျစ်လျူရှူစွာ မပြောခင် ကျိုးဝမ်သည် ခဏလောက် တွေးတောရင်း "ဘာလို လက်မခံနိုင်ရမှာလဲ။ မင်းကမ်းလှမ်းတဲ့ အခွင့်အရေးက နည်းပါးလွန်းတယ်။မင်းရဲ့ လှုပ်ရှားမှုသုံးခုကို ငါမတားနိုင်ရင် ငါ့ဘဝနဲ့ သေခြင်းတရားက မင်းအတွက်ပဲ ဖြစ်နေတယ်။ဒါပေမယ့် မင်းရဲ့ လှုပ်ရှားမှုသုံးခုကို ငါတားနိုင်ရင် မင်း ဒူးထောက်ပြီး ငါ့ကို သုံးခါ အရိုအသေပေးရမယ်။တစ်ချိန်တည်းမှာပဲ မင်းငါ့ကို ယွမ်တစ်သောင်းပေးရမယ်။ အဲဒါဆိုရင်ကော ဘယ်လိုလဲ။ “

ယွမ်သည် ကောင်းကင်ချပ်ဝတ်ကုန်းမြေတိုက်ကြီး၏ ဘုံငွေကြေးဖြစ်သည်။ယွမ်တစ်ရာသည် သာမန်မိသားစုတစ်စုအတွက် တစ်နှစ်လုံးသုံးရန် လုံလောက်သည်။ ယွမ်တစ်သောင်းသည် စိတ်ကူးမယဉ်နိုင်သော ကြွယ်ဝမှုတစ်ခုဖြစ်သည်။နဂါးနက်အိမ်တော် ရဲ့သခင် ကျိုးထျန်းမှာတောင် ယွမ်တစ်သောင်းက သေးငယ်တဲ့ပမာဏမဟုတ်ဘူးလို့ ပြောလို့ရပါသည်။

ကျိုးဝမ်ရဲ့ စကားတွေ ထွက်လာပြီး တနေရာလုံး တိတ်ဆိတ်သွားသည် ။ ကျိုးထျန်းပင် မအံ့သြဘဲ မနေနိုင်ခဲ့ပေ။

မူလက လူအနည်းငယ်သည် ကျိုးဝမ်၏ ကျိုးကြောင်းဆီလျော်မှုမရှိသော တောင်းဆိုချက်ကို လုံးဝသဘောတူမည်မဟုတ်ဟု တွေးထင်ခဲ့သည်။သို့သော် လူတိုင်း၏မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်သော ကျိုးဝမ် က သဘောတူရုံသာမက လောင်းကြေးပမာဏကိုပင် မောက်မာစွာ တိုးမြှင့်ခဲ့သည်။

ကျိုးရှန်းအာ နှင့် ကျိုးမိန်ရွယ်၏ အကြည့်များသည် သူတို့ရှေ့တွင် ငြိမ်သက်နေသော လူငယ်ကို ကြည့်လိုက်သောအခါ အတော်လေး ရှုပ်ထွေးသွားသည် ။ကျိုးဝမ် ဘာလို့ ယုံကြည်မှု အရမ်းရှိနိုင်နေတာလဲဆိုတာကို သူတို့ အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။

"ဟားဟား မင်းက တကယ် မာနကြီးတာပဲ!မင်းရဲ့အခြေနေကို ငါသဘောတူတယ် ဒါပေမယ့် မင်းအနိုင်ရဖို့ အခွင့်အရေးရှိတယ်လို့ ငါမထင်ဘူး။ " ကျိုးထျန်းက အေးစက်သော အပြုံးဖြင့် ပြောသည်။

"ငါအနိုင်ရနိုင်သည်ဖြစ်စေ မနိုင်သည်ဖြစ်စေ မင်းဆုံးဖြတ်ဖို့ မဟုတ်ဘူး။ ဒီနေရာက တိုက်ပွဲအတွက် မသင့်တော်ဘူး။ လျှို့ဝှက်နဂါးအိမ်တော် ရှေ့က မြေကွက်လပ်ကို အရင်သွားရအောင်။"ကျိုးဝမ် က ခပ်ဖျော့ဖျော့ပြုံးပြီး ဧည့်ခန်းမကို အရင်ထွက်လာခဲ့သည်။

ကျိုးထျန်း ခဏလောက်စဉ်းစားပြီး နောက်ကနေ အနီးကပ်လိုက်ကာ ပြေးထွက်သွားလိုက်သည်။

"ဒီကောင်က ကျိုးထျန်း ဘယ်လောက်ကြောက်စရာကောင်းမှန်းကို သိပုံမရဘူး။ဒီကောင် သေမှာ သေချာတယ်!"နှစ်ယောက်သား ထွက်ခွာသွားတာကို ကြည့်ပြီး ကျိုးမိန်ရွယ် က ခေါင်းခါလိုက်သည်။ သူမက ကျိုးဝမ် ၏နောက်ကျောကို အနည်းငယ်စိတ်ပျက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

"ဒါက သေချာပေါက်အမှန်မဟုတ်ဘူး!အခု သူ့မှာ ယုံကြည်မှု ဘယ်လောက်ရှိလဲ ကြည့်လိုက် ။သူ့မှာ ဝှက်ဖဲအချို့ ရှိတယ်ထင်တယ်"ကျိုးရှန်းအာက ကျိုးမိန်ရွယ်ကို ဖျက်ခနဲ ကြည့်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"မင်း ဒီကောင်လေးမှာ ယုံကြည်ချက် အများကြီး ရှိတယ်လို့ ထင်နေတာလား။ငါတို့ ဘာလို့ အလောင်းကစားမလုပ်ကြတာလဲ။ ဒီကောင်က ကျိုးထျန်းရဲ့ လှုပ်ရှားမှု သုံးခုကို တားနိုင်ခဲ့မယ်ဆိုရင် ငါရှုံးပြီ။ အဲလို မဟုတ်ဘူးဆိုရင် ငါနိုင်ပြီ။ ဘယ်လိုလဲ။"

ကျိုးမိန်ရွယ်သည် သူမရဲ့လက်မောင်းကို ကျော်ပြီး ကျိုးရှန်းအာကို ရန်စလိုက်သည်။

"လောင်းကြေးက ဘာလဲ" ကျနုးရှန်းအာက အနည်းငယ် ချီတုံချတုံဖြင့် မေးခဲ့သည်။

"ဟီးဟီး၊ ငါ့ရဲ့ လောင်းကြေးက ပထမအဆင့် ကာကွယ်ရေး သလင်းကျောက် စိန်လက်စွပ်"

ကျိုးမိန်ရွယ်သည် သူမ၏ ရင်ဘတ်မှ လက်ဖဝါးအရွယ် ရွှေရောင်သလင်းကျောက်ကို ထုတ်ယူရင်း ပြောလိုက်သည်။ သူမ၏ လှပသော မျက်လုံးများက ရှာဖွေမတွေ့ရှိနိုင်သော နာကျင်မှု အရိပ်အယောင်ကို ဖော်ထုတ်ပြခဲ့သည်။သူမလက်ထဲရှိ ထို သလင်းကျောက်သည် အလွန် အဖိုးတန်သည်။

ကျိုးရှန်းအာရဲ့ လှပသော မျက်နှာသည် ရုတ်တရက် ထိန့်လန့်သွားသည်။ ကျိုးမိန်ရွယ်က ထိုသလင်းကျောက်ကို လောင်းကြေးအဖြစ် ထုတ်လိုက်မယ်လို့ သူမ မမျော်လင့်မိဘူး။ ဒါက တကယ့်ကို သူမမျော်လင့်တာထက်ကျော်လွန်သွားသည်။

သလင်းကျောက်သည် စွမ်းအင် သလင်းကျောက်၏အထူးအမျိုးအစား ဖြစ်သည်။ အထူးစွမ်းအားပါသော သလင်းကျောက်မျိုးသည် ခုခံခြင်းနှင့် တိုက်ခိုက်ခြင်း နှစ်ခုလုံး အသုံးပြုနိုင်သည်။ အခြားအံ့ဖွယ်အသုံးများပင်ရှိသေးသည်။အခြားအံ့ဖွယ်အသုံးပြုစရာများပင် ရှိသေးသည်။

ထို့အပြင် သလင်းကျောက်များသည် ကောင်းကင်ချပ်ဝတ်ကုန်းမြေတိုက်ကြီးတွင် အလွန်ရှားပါးသည်။ အချို့ အဆင့်မြင့် သလင်းကျောက်များသည် အချို့နေရာများတွင် ကောင်းကင်လောက်မြင့်သော ဈေးနှုန်းနဲ့ပင် ရောင်းခဲ့သည်။ ဘယ်လောက် အဖိုးတန်ပြီး ရှားပါးသော သလင်းကျောက် များဖြစ်သည်ကို သိသာထင်ရှားပါသည်။

"ဟမ့် ဒါက ပထမအဆင့် တိုက်ခိုက်ရေး သလင်းကျောက် သွေးချီလင်လက်သည်း"

ကျိုးရှန်းအာ လက်ဖဝါးအရွယ် သလင်းကျောက်ကို ထုတ်လိုက်သော်လည်း ၎င်းက သွေးနီရောင်ဖြစ်သည်။ သူမက နာကျင်တဲ့အမူအရာနဲ့ ကြည့်နေရင်း ထို သလင်းကျောက်သည် သူမအတွက်လည်း အလွန် အဖိုးတန်သည်ဟု ထင်ရသည်။

သူမလက်ထဲက သွေးနီရောင် သလင်းကျောက်ကနု ကြည့်နေရင်း ကျိုးမိန်ရွယ်၏လှပသော မျက်လုံးများသည် ပျော်ရွင်မှု အရိပ်ယောင်ကိုထုတ်ဖော်ပြခဲ့သည်။ သူမက ကျိုးရှန်းအာကို တစ်ချက်ကြည့်လိုက်ပြီး "ငါတို့အခွင့်အရေးတွေကို ထုတ်ပြီးပြီမို့ ကျိုးဝမ် နဲ့ ကျိုးထျန်းတို့ ဘယ်လိုဖြစ်မလဲ ကြည့်ရအောင်။"ဟု ပြောလိုက်သည်။

All Chapters