အတွင်းအင်္ဂါကြံ့ခိုင်ခြင်းနယ်ပယ်သို့ အဆင့်တက်ခြင်း
Vol. 2 Ch. 22
ကျိုးဝမ်ရဲ့ ထူးဆန်းတဲ့အခြေအနေသည် ရင်ပြင်ရှိ လူတိုင်း၏အာရုံကို ဆွဲဆောင်ခဲ့သည်။ လူအများကြီးဟာ ဘာတွေဖြစ်နေလဲဆိုတာကို မသိသော်လည်း ကျိုးဝမ်ရဲ့ လတ်တလောအခြေအနေသည် သူ့အတွက် ကောင်းမွန်တယ်ဆိုတာကို သူတို့ ယုံကြည်သည်။
ကျိုးဝမ်ခန္ဓာကိုယ် ပတ်ဝန်းကျင်ရှိ ယွမ်ချီသည် ကျိုးဝမ်ရဲ့ခန္ဓာကိုယ်ဆီသို့ မကြာခဏ တဟုန်းထိုး တိုးတက်လာသည်ကို သူတို့ရှင်းရှင်းလင်းလင်း ခံစားရသည်။ယွမ်ချီများ အဆက်မပြတ် စုပြုံရောက်ရှိလာသဖြင့် ကျိုးဝမ်ရဲ့ခန္ဓာကိုယ်ရှိ အရှိန်အဝါသည် ပိုမို အားကောင်းလာသည်။
"ဒါ ဒါက လေးနက်တဲ့ နားလည်သဘောပေါက်ခြင်း အဆင့် ဖြစ်နိုင်လား။"
ကျိုးဝမ်က ကျိုးထျန်းရဲ့ သုံးချက်မြောက် လှုပ်ရှားမှုကို ချိုးဖြတ်နိုင်ခဲ့သောကြောင့် ကျိုးမိန်ရွယ်၏မျက်နှာသည် အနည်းငယ် မှောင်မဲလာကာ သူမရဲ့လှပသောမျက်လုံးထဲတွင် မယုံကြည်နိုင်သော အကြည့်များဖြင့် သတိလက်လွတ် အော်ဟစ်မိခဲ့သည် ။
"လေးနက်တဲ့ နားလည်သဘောပေါက်ခြင်းအဆင့် ၊အဲဒါက ဘာလဲ။"
ကျိုးရှန်းအာက မျက်မှောင်ကြုပ်ပြီး မေးလိုက်သည်။ ကျိုးမိန်ရွယ်က မလိုအပ်ဘဲ ရေးကြီးခွင့်ကျယ်လုပ်လိမ့်မယ်လို့ သူမ မမျော်လင့်မိဘူး။
"ငါ အဖိုးဆီကနေ အဲဒီအကြောင်း ကြားဖူးပြီးပြီ ။အဲဒါ ဟုတ်လားဆိုတာ ငါလည်း မသေချာဘူး။ထူးခြားဆန်းပြားတဲ့ နားလည်သဘောပေါက်ခြင်းနယ်ပယ်က နားလည်ရခက်ခဲသော နယ်ပယ်တခု ဖြစ်တယ်လို့ ပြောကြတယ်။ကိုယ်ခံပညာရှင်တယောက် ဒီ နားလည်သဘောပေါက်ခြင်းနယ်ပယ် ကို ဝင်လာတာနဲ့ သူတို့က ကောင်းကင်နဲ့မြေကြီး၏ နိယာမတို့ကို ဖြစ်ပေါ်စေလိမ့်မယ်။ သိုင်းပညာရှင်တစ်ယောက် ဒီနယ်ပယ်ထဲ ဝင်လာတာနဲ့ နားလည်မှု ဒါမှမဟုတ် ယွမ်ချီ ရင်းနှီးမှုပဲ ဖြစ်ဖြစ်၊ သူတို့က အဆတိုးလာလိမ့်မယ်!"
“ဆိုလိုတာက နက်နဲတဲ့ နားလည်မှုအဆင့်ကို ရောက်တဲ့ ကျင့်ကြံသူတွေက သူတို့ရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းကို အဆပေါင်း ထောင်ချီ တိုးလာလိမ့်မယ်။နက်နဲတဲ့နားလည်သဘောပေါက်ခြင်းအဆင့်သို့ ဝင်ရောက်လိုသော သူတို့၏ကျင့်ကြံခြင်းတွင် တစ်ဆို့နေသော ကျွမ်းကျင်ပညာရှင်အချို့သည် ဤနယ်ပယ်ထဲသို့ဝင်ရောက်ပြီးသည်နှင့် ၎င်းတို့သည် အတားအဆီးမရှိဘဲ ဖြတ်ကျော်နိုင်မည်ဖြစ်တယ်။ဒါပေမယ့် အထည်ဒြပ်ယန် အဆင့်ကို ရောက်သွားတဲ့ ကျင့်ကြံသူတွေသာ လေးနက်တဲ့ နားလည်မှုအဆင့်ကို ရောက်နိုင်တယ်ဆိုတာ ငါ့အဖိုးဆီက ကြားဖူးတယ်။ဒီကောင်လေးက နတ်အာရုံနယ်ပယ် မှာသာရှိပေမယ့် သူ့ရဲ့အရည်အချင်းက အရမ်းမိုက်တယ်။ "
ကျိုးမိန်ရွယ်သည် ထူးဆန်းသော အကြည့်နဲ့ ရင်ပြင်ရှိ အရပ်ရှည်ရှည် ပုံရိပ်ကို ကြည့်လိုက်သည်။ ခဏအကြာတွင် သူမရဲ့နှလုံးသားသည် ရှုပ်ထွေးတဲ့ ခံစားချက်တွေနဲ့ ပြည့်နေခဲ့သည်။ သူမ အရည်အချင်းသည် လုံလုံလောက်လောက်သန်မာတယ်ဟု သူမ ယုံကြည်နေသော်လည်း ကျိုးဝမ်နဲ့ နှိုင်းယှဥ်ရရင် သူမ မယှဥ်နိုင်ဆတာ့ပေ။
ကျိုးရှန်းအာ ၏ လှပသော မျက်လုံးများသည် မျက်နှာပေါ်တွင် ရှုပ်ထွေးတဲ့ အမူအရာနဲ့ ရှိနေသော ကျိုးမိန်ရွယ်ကို ထူးဆန်းစွာ ကြည့်နေလေသည်။ကျိုးမိန်ရွယ်၏ နားလည်မှုအပေါ် အခြေခံ၍ ကျိုးမိန်ရွယ်သည် အခြားသူများကို ဘယ်တော့မှ ချီးကျူးမည်မဟုတ်ပါ။ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးရှိသည့် ကျိုးထျန်းကိုပင် ကျိုးမိန်ရွယ် က သူ့ကို ဘယ်တုန်းကမှ မချီးကျူးခဲ့ပေ။
သို့သော် သူမသည် သူမနဲ့ အခုမှတွေ့ဖူးသော လူငယ်တစ်ယောက်ကို အမှန်တကယ် ချီးကျူးဂုဏ်ပြုခဲ့သည်။ကျိုးရှန်းအာ သည် ကျိုးမိန်ရွယ် ၏စကားများသည် ရိုးရိုးသားသားဖြစ်ကြောင်း ခံစားနိုင်သည်။
"ဒီကောင်က တကယ် အစွမ်းထက်တာပဲလား။ဒီအကြောင်းကို လောလောဆယ် မပြောပါရစေနဲ့။ငါတို့ကြားက အလောင်းအစားကို ငါအနိုင်ရခဲ့တယ်။ "
သူမ၏ လှပသော မျက်လုံးများသည် ကျိုးမိန်ရွယ်ကို လိမ္မာပါးနပ်စွာ ကြည့်နေစဉ် ကျိုးရှန်းအာ၏ ပါးစပ်ထောင့်များ တွန့်ကွေးသွားသည်။
ကျိုးမိန်ရွယ် ထိုစကားကို ကြားသောအခါ သူမရဲ့ပါးစပ်ထောင့် တွန့်သွားခဲ့သည်။ကျိုးမိန်ရွယ် အလောင်းအစားအဖြစ် အသုံးပြုခဲ့သော ပထမအဆင့် ခံစစ်သလင်းကျောက်ဖြစ်သည့် စိန်လက်စွပ် ဖြစ်သည်။
"ငါ ကျိုးဝမ်ရဲ့ ခွန်အားနှင့် အလားအလာကို လွဲမှားစွာ တွေးတောမိတာပဲ။ဒီမူလ သလင်းကျောက်ကိုယူပါ။"
ကျိုးမိန်ရွယ်၏ လှပသော မျက်နှာသည် အလွန်နာကျင်သော အမူအရာ ပေါ်လွင်နေသည်။သူမ၏အောက်နှုတ်ခမ်းကို ပုလဲဖြူရောင်သွားများဖြင့် ကိုက်လိုက်ရာ နောက်ဆုံးတွင် သူမသည် သလင်းကျောက်အား ကျိုးရှန်းအာထံ လွှဲပြောင်းပေးခဲ့သည်။
သလင်းကျောက်များကို လက်ခံရယူလိုက်ရာ ကျိုးရှန်းအာ၏ မျက်နှာသည် ဝမ်းသာအားရ ထုတ်ဖော်ပြသဘဲ မနေနိုင်ခဲ့ပေ။သလင်းကျောက်များကို ကြိမ်ချပ်ဝတ်မြို့တော်တွင် ရှားပါးပစ္စည်းအဖြစ် သတ်မှတ်ခဲ့ကြသည်။သူမသည် ကျိုး မိသားစု၏ အဓိကတပည့်တစ်ဦးဖြစ်သော်လည်း သူမ၏လက်ထဲတွင် သလင်းကျောက်များစွာမရှိပေ။ ထိုအရာမှ အဖိုးတန်သလင်းကျောက်များ မည်မျှရှိသည်ကို မြင်နိုင်သည်။
ခြိမ်းးးး
ကျယ်လောင်သော ဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး ရင်ပြင်ရှိ လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။ထိုအကြည့်များသည် ရင်ပြင်ပေါ်ကို ကြည့်လိုက်သောအခါ ကျိုးဝမ်က သတိမထားမိဘဲ ကျော်ဖြတ်လိုက်တာကို လူတိုင်း ရှာဖွေတွေ့ရှိလိုက်သည်။
မရေမတွက်နိုင်သော ပမာဏရှိတဲ့ ယွမ်ချီ သည် သမုဒ္ဒရာထဲသို့ စီးဝင်သော စမ်းချောင်းတစ်ခုလို ကျိုးဝမ် ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ပြေးဝင်လာသည်။ ထိုအစွမ်းထက်သော ယွမ်ချီ၏နှစ်ခြင်းခံယူမှုအောက်တွင် စူးရှသောအသံများသည် ကျိုးဝမ် ၏ခန္ဓာကိုယ်အတွင်းမှ အဆက်မပြတ်ထွက်ပေါ်လာသည်။ကျိုးဝမ် ၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သော ရောင်ဝါတစ်ခု ရုတ်တရက် ထွက်လာပြီး ရင်ပြင်ရှိ ယွမ်ချီလေပွေတစ်ခု ဖြစ်ပေါ်လာသည်။
"အတွင်းအင်္ဂါကြံ့ခိုင်ခြင်းအဆင့်လား။ ကျိုးဝမ်က ဒီလိုအခြေအနေမျိုးအောက်မှာ အတွင်းအင်္ဂါကြံ့ခိုင်ခြင်း အဆင့်ကို ဖြတ်ကျော်သွားတယ်။ "
မူလက လူအုပ်ကြီးရှေ့မှာ ရပ်နေတဲ့ နဂါးအစောင့်တပ်မှူး ကျိုးဟန်ကျူံး က သူ့လက်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။ရင်ပြင်ရှိ အရပ်ရှည်ရှည်နှင့် ဖြောင့်မတ်သော အသွင်အပြင်ကို ကြည့်ရင်း သူ့မျက်နှာမှာ ဖြူဖျော့နေ၏။သူပြောသကဲ့သို့ ပါးစပ်ထောင့်များ တုန်နေသည်။
"ကောင်းကင်နှင့်မြေကြီး၏ ယွမ်ချီက ကျိုးဝမ် ၏ခန္ဓာကိုယ်ထဲကို စဉ်ဆက်မပြတ်ဝင်ရောက်နေဆဲပဲ။ကျိုးဝမ် ၏ခန္ဓာကိုယ်ရှိ ယွမ်ချီ က အဆက်မပြတ်တိုးလာနေပုံရတယ်။ကျိုးဝမ် က နောက်ထပ် အောင်မြင်မှုတွေ ရနိုင်ဦးမလား"
ကျိုးဝမ်သည် အတွင်းအင်္ဂါကြံ့ခိုင်ခြင်းအဆင့် သို့ ဖြတ်ကျော်သွားပြီးနောက် လူအုပ်ထဲမှ မျက်လုံးစူးရှသော လူအချို့သည် ကျိုးဝမ်၏ ခန္ဓာကိုယ် ပတ်လည်ရှိ ယွမ်ချီသည် ပျောက်ကွယ်သွားစေရန် ရည်ရွယ်ချက် အနည်းငယ်မျှ မရှိကြောင်း တွေ့ရှိခဲ့သည်။ယင်းအစား ပြင်းထန်မှု တိုးလာပုံရသည်။
ဤရှာဖွေတွေ့ရှိမှုကြောင့် အားလုံး၏မျက်နှာသည် ထိတ်လန့်သောအမူအရာတစ်ခုကို ထုတ်ဖော်ပြသခဲ့သည်၊၊
"လေးနက်သောနားလည်မှုအဆင့်လား။ဒီလူယုတ်မာ ကျိုးဝမ်က ဘယ်လိုလုပ် ဒီလို လေးနက်တဲ့အဆင့်ကိုရောက်မှာလဲ။မဟုတ်ဘူး။ ငါ သေချာပေါက် သူကို ဖြတ်ကျော်ခွင့် ပေးလို့ရဘူး။ ငါ သူ့ကို လေးနက်တဲ့ နားလည်မှု အဆင့်ကနေ နိုးထအောင် လုပ်ရမယ်။ "
ထိုအချိန်တွင် ကျိုးထျန်း၏မျက်နှာသည် အလွန်မဲမှောင်နေသည်။သူ့မျက်လုံးများ ခဏမျှ မှိတ်တုတ်မှိတ်တုတ် ပြီးနောက် လူတိုင်း၏ မျက်လုံးများရှေ့တွင် လေနတ်ဘုရား၏ လှံကို ထုတ်ယူလိုက်သည် ။သူ၏အောက်ပိုင်း ဒန်တျန်သည် ဖောင်းပွလာပြီး ယွမ်ချီ၏ လှိုင်းများသည် လေနတ်ဘုရား၏ လှံထဲသို့ ချက်ချင်းသွန်းလောင်းသွားသည်။
ခြိမ်းးး
ဘယ်နေရာမှပေါက်ကွဲသံ ထွက်ပေါ်လာပြီး လေနတ်ဘုရား၏ လှံသည် ဧရာမလှံရိပ်အဖြစ် တစ်ဖန်ပြောင်းလဲသွားပြန်သည်။ကျိုးထျန်း ၏ မျက်လုံးများပေါ်တွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင် ပေါ်လာသည်။သူ့လက်များကို လှည့်၍ လေနတ်ဘုရား၏ လှံသည် လေးမှ ထွက်သွားသော မြှားတစ်စင်းကဲ့သို့ ကျိုးဝမ်ဆီသို့ ချက်ချင်း ပစ်လွှတ်လိုက်လေသည်။
"ကျိုးထျန်း! မင်း စက်ဆုပ်စရာပဲ!"
ကျိုးရှန်းအာလည်း ကျိုးထျန်း သည် လေနတ်ဘုရားလှံကို အစွမ်းကုန် ထုတ်လွှတ်လိုက်ကြောင်းကိုလည်း တွေ့ရှိခဲ့သည်။အော်ရင်း ချစ်စရာကောင်းတဲ့ မျက်နှာလေး ပြောင်းသွားသည်။
ကျိုးရှန်းအာသည် ကျိုးဝမ် ကို ကောင်းစွာ စွဲလမ်းခြင်းမရှိသော်လည်း သူ၏အောင်ပွဲက သူမအား အဖိုးတန် ပထမအဆင့် သလင်းကျောက် ကို ဆွတ်ခူးနိုင်စေခဲ့သည်။ထို့အပြင် အခြားသူများ၏အခက်အခဲများကို အခွင့်ကောင်းယူ၍ ကျိုးထျန်း ၏လုပ်ရပ်များသည် စက်ဆုပ်ဖွယ်ဖြစ်နေပြီဖြစ်သည်။
ကျိုးရှန်းအာ၏စကားများအပြီးတွင် ရင်ပြင်ရှိလူများ၏ မျက်နှာများသည် အမုန်းပွားခြင်းနှင့် ဒေါသအငွေ့အသက်များ အနည်းနှင့်အများ သယ်ဆောင်လာကြသည်။ကျိုးထျန်း ၏ စက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်များကို မထီမဲ့မြင်ပြုကြသည်မှာ ထင်ရှားသည်။
"ဟမျ့"
ကျိုးထျန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ လေနတ်ဘုရားလှံ၏ တိုက်ခိုက်မှုကို သူ မရပ်တန့်ခဲ့ဘဲ လက်သီးများကို တင်းတင်းဆုပ်ကာ ခြေထောက်များဖြင့် ကန်ထုတ်ခဲ့သည်။သူ၏တစ်ကိုယ်လုံးသည် အမြောက်ကျည်ကဲ့သို့ ကျိုးဝမ် ဆီသို့ ပစ်လွှတ်လိုက်သည် ။ရက်စက်ကြမ်းကြုတ်သော ကျားကြီး၏ အရိပ်ကြီးတစ်ခု သူ့နောက်တွင် ပေါ်လာသည်။သူသည် ပြင်းထန်သော ကျားလက်သီး ကို ပို၍ပင် ပြင်းထန်စွာ အသုံးပြုခဲ့သည်။
ကျိုးထျန်း ရဲ့ အရှက်မဲ့တဲ့ လုပ်ရပ်တွေကို မြင်လိုက်ရတော့ ရင်ပြင်မှာရှိတဲ့ လူတော်တော်များများက တိတ်တဆိတ် ကျိန်ဆဲဖို့ မတတ်နိုင်ကြပါဘူး။ကျိုးထျန်ူ ၏ လုပ်ရပ်သည် လူအများ၏ ဒေါသကို အမှန်တကယ် နှိုးဆွပေးခဲ့သည်။
သို့သော် လူတိုင်း၏ အံ့ဩခြင်းမှာ ကျိုးပဲ့နေသော သစ်ရွက်ခြောက်ကဲ့သို့ နောက်သို့ ပျံသန်းနေသော ပုံသဏ္ဍာန် ထွက်ပေါ်လာသည့် အချိန်တွင် သွေးစွန်းနေသော အော်သံတစ်ခု ထွက်ပေါ်လာသည်။အဆုံးတွင် ထိုပုံရိပ်သည် ပလာဇာအောက်ခြေတွင် ဝမ်းနည်းစွာ ကျဆင်းသွားသည်။
လူအုပ်ကိုကြည့်လိုက်တော့ မြေပြင်ပေါ်လဲကျသွားတဲ့လူဟာ တကယ်တော့ ကျိုးဝမ်က ကျိုးထျန်း ကို တိုက်ခိုက်ခဲ့တာကို တွေ့လိုက်ရသည်။ထိုအချိန်တွင် ကျိုးထျန်း ၏ မျက်နှာသည် အလွန်ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ရင်ပြင် ပေါ်ရှိ ကျိုးဝမ် ကိုကြည့်နေစဉ် သူ၏မူလက ပြင်းထန်သောမျက်လုံးများသည် မယုံနိုင်စရာများဖြင့် ပြည့်နေခဲ့သည်။
မူလက စွမ်းအားပြည့်သည့် လေနတ်ဘုရားလှံသည် ကျိုးဝမ်နှင့် ဆယ်ပေအကွာတွင် ရုတ်တရက် ရပ်တန့်သွားသည်။ထို့နောက် မထင်မှတ်ပဲ ပျက်ဆီးသွားကာ တစ်လက်မပြီး တစ်လက်မ သူ့ဘာသာသူ ပြုတ်ကျသွားသည်။
ကျိုးဝမ်ရဲ့ ဆယ်ပေအကွာတွင်းမှာ ထူးဆန်းတဲ့စွမ်းအင်တစ်ခုရှိနေသလိုပါပဲ။ဤထူးဆန်းသောစွမ်းအင်သည် ကျိုးဝမ် ကိုကာကွယ်နေပုံရသည်။
ကျွမ်းကျင်သူတစ်ယောက်သည် ဤမြင်ကွင်းကိုမြင်လျှင် ကျိုးထျန်း ၏မိုက်မဲမှုကို ကျိန်ဆဲမိလိမ့်မည် ။အကြောင်းမှာ တစ်ချိန်က ကျင့်ကြံသူသည် လေးနက်သော နားလည်မှုနယ်ပယ်သို့ ဝင်ရောက်နိုင်လောက်အောင် ကံကောင်းသောကြောင့် ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီး၏ နိယာမများဖြင့် အကာအကွယ် ပေးခံရမည်ဖြစ်သည်။မည်သူမဆို နက်နဲသော နားလည်မှုနယ်ပယ်သို့ ဝင်ရောက်ခဲ့သော ကျင့်ကြံသူတစ်ဦးကို တိုက်ခိုက်ရန် လုံလောက်အောင် မျက်စိကန်းနေပါက ကောင်းကင်နှင့်မြေကြီး၏ နိယာမတရားများမှ တုံ့ပြန်မှုကို ခံရမည်မှာ သေချာပါသည်။
ကျိုးဝမ် ရဲ့နယ်ပယ်က မမြင့်မားဘူးဆိုတဲ့အချက်ကြောင့် မဟုတ်ရင် သူဖန်တီးထားတဲ့ ကောင်းကင်နှင့် မြေကြီး ၏နိယာမတွေသည် သန်မာလိမ့်မည် မဟုတ်ပေ။ ကောင်းကင်နှင့်မြေကြီး၏ နိယာမတရားတို့၏ ဆန့်ကျင်ဘက်ဖြစ်သော တုံ့ပြန်မှုသည် သူ့ကို သတ်ရန် လုံလောက်ပေလိမ့်မည်ဖြစ်ပြီး သူသည် ပြင်းထန်စွာ ဒဏ်ရာရရုံသာ ဖြစ်လိမ့်မည် မဟုတ်ပေ။
ကျိုးထျန်းရဲ့ တိုက်ခိုက်ခြင်း၏ အကျိုးသက်ရောက်မှုကြောင့် မျက်လုံးများ တင်းကြပ်စွာမှိတ်ထားသော ကျိုးဝမ် သည် ရုတ်တရက် ဖွင့်လိုက်သည် ။သူ့အကြည့်တွေက အနည်းငယ် မှင်တက်သွားသည် ။အဆုံးတွင် သူ၏အကြည့်များသည် ရင်ပြင်ဘေးသို့ လဲကျသွားသော ကျိုးထျန်းဆီကို အကြည့်ရပ်သွားခဲ့သည်။
ကျိုးဝမ် သည် ကျိုးထျန်း၏ တတိယမြောက်တိုက်ခိုက်မှုကို တားဆီးပြီးနောက်တွင် ဖော်ပြ၍မရသော အခြေအနေသို့ ရောက်ရှိသွားသည်ကို သတိရမိသည်။ဤအခြေအနေတွင် ကျိုးဝမ် သည် သူ၏စိတ်ဝိညာဉ်နှင့် သူ့ခန္ဓာကိုယ်အတွင်းရှိ ဒြပ်စင်စွမ်းအင်များကို ကြောက်မက်ဖွယ်နှုန်းဖြင့် ကြီးထွားလာနေသည်ကို ခံစားနိုင်သည်။ခဏအကြာတွင်၊ သူ၏ ကျင့်ကြံခြင်းအဆင့်သည် အတွင်းအင်္ဂါကြံ့ခိုင်ခြင်းအဆင့် သို့ ရောက်သွားသည်။
ထို့အပြင် ကျိုးဝမ် သည် ထိုထူးဆန်းသောနယ်ပယ်တွင် အချိန်၏စီးဆင်းမှုသည် အလွန်နှေးကွေးသွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။သိပ်မကြာခင်ကပဲ ကျိုးဝမ် ဟာ ဆယ်နှစ်ကျော်သွားသလို ခံစားရသည်။
အကယ်၍ ကျိုးဝမ်သည် ပြင်ပကမ္ဘာမှ အနည်းငယ် တုန်ခါမှုကို မခံစားခဲ့ရပါက ယခုမှပင် ထိုလျှို့ဝှက်ဆန်းကြယ်သော နယ်ပယ်မှ ထွက်သွားမည်မဟုတ်ပေ။
သူ့စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချပြီးနောက် ကျိုးဝမ် သည် ကျိုးထျန်းကို အေးစက်စွာ ကြည့်လိုက်သည်။သူသည် နောက်တန်းဆီသို့ လှမ်းလာပြီး "ကျိုးထျန်း! ငါကို လောင်းကြေး ပေးလို့ ရပြီ၊ ဒါကြောင့် မင်းရဲ့ကတိကို ဖြည့်ဆည်းဖို့ အချိန်တန်ပြီ!"
ကျိုးဝမ် က ဒီစကားကိုပြောပြီးတာနဲ့ ရင်ပြင်မှာရှိတဲ့ မျက်လုံးတွေအားလုံးက ကျိုးထျန်းဆီကို စုရုံးရောက်ရှိလာပါတယ်။ကျိုးထျန်းက သူ့ကတိကို ဖြည့်ဆည်းပေးနိုင်မလားဆိုတာ လူတိုင်းသိချင်ကြသည်။
ထိုအချိန်တွင် ကျိုးထျန်း ၏အကြည့်များသည် အလွန်မဲမှောင်သွားခဲ့သည်။ပြတ်သားသော မျက်နှာပေါ်တွင် အရှက်တရား အရိပ်အယောင် ပေါ်လာသည်။သူ့ ပါးစပ်မှ သွေးအနည်းငယ် ချောင်းဆိုးပြီး အံကြိတ်လိုက်သည်။ "ငါ မင်းကို အရိုအသေ ပေးမယ့်အစား ငါ သေဘဲ သေမယ်။ ငါ အရိုအသေ သုံးခါအတွက် ဇာမဏီမီးနဂါးသစ်သီးနှစ်လုံးကို လိုလိုလားလား ပေးမယ်။ ဘယ်လိုလဲ။"
ကျိုးထျန်းက သဘာဝအတိုင်း မာနကြီးသည်။သူ တယောက်ယောက်ကို အရိုအသေ ပေးရမယ်ဆို သူသေသွားတာက ပိုကောင်းလိမ့်မယ်။
"အဆင့် ၁ ဇာမဏီမီးနဂါးသစ်သီးလား။"
ကျိုးဝမ်က ထိုစကားကို ကြားသောအခါ သူ့ရဲ့မျက်လုံးတွေဟာ ဝင်းလက်လာခဲ့သည်။ ကောင်းကင်ချပ်ဝတ်ကုန်းမြေတိုက်ကြီးတွင် အဂ္ဂိရတ်ပညာမရှိပေ။ကျင့်ကြံသူတစ်ဦးသည် ၎င်းတို့၏ ကျင့်ကြံမှုကို တိုးမြှင့်လိုပါက ၎င်းတို့ ကျင့်ကြံမှုတိုးမြှင့်ရန်အတွက် ဇာမဏီမီးနဂါးဆေးဖက်ဝင်အသီးများကိုသာ အသုံးပြုနိုင်သည်။
ဇာမဏီမီးနဂါးဆေးဖက်ဝင်အသီးများ သည် ကောင်းကင်နှင့် မြေကြီးမှ ဆင်းသက်လာပြီး ယွမ်ချီ ပါ၀င်သည်။ဇာမဏီမီးနဂါးဆေးဖက်ဝင်အသီး ရှိ ယွမ်ချီသည် လေထဲထက် များစွာ ပိုထူထပ်ပြီး လူ့ခန္ဓာကိုယ်အတွက် စုပ်ယူရန် ပိုမိုလွယ်ကူသည်။ထို့ကြောင့် ဇာမဏီမီးနဂါးဆေးဖက်ဝင်အသီများသည် လူတစ်ဦး၏ ကျင့်ကြံမှု လျင်မြန်စွာ တိုးလာနိုင်သောကြောင့် ဖြစ်သည်။
ဇာမဏီမီးနဂါးဆေးဖက်ဝင်အသီးများကို အဆင့် ၁ မှ ၁၀ အထိ ခွဲခြားထားသည်။အဆင့် ၁ က အနိမ့်ဆုံးဖြစ်ပြီး ၁၀ က အကောင်းဆုံးပါ။အဆင့် ၁၀ ဇာမဏီမီးနဂါးဆေးဖက်ဝင်အသီစ တွင် ဉာဏ်ရည်အဆင့် တစ်ခုခု ရှိသည်ဟု ဆိုပါသည်။မီးနဂါးဆေးဖက်ဝင်အသီးမျိုးသည် တစ်ချိန်က ဉာဏ်ရည်ဥာဏ်သွေးရှိပြီး သူ့ကိုယ်သူ ပုန်းအောင်းနည်းကို သိနိုင်သောကြောင့် ရှာဖွေရန် မဖြစ်နိုင်သလောက်ပင်။မီးနဂါးဆေးဖက်ဝင်အသီးက မင်းကိုရှာမတွေ့ရင် အဆင့်၁၀ မီးနဂါးဆေးဖက်ဝင်အသီးကို မင်းရှာတွေ့နိုင်မှာမဟုတ်ဘူး။
အဆင့် ၁ မီးနဂါးဆေးဖက်ဝင်အသီးများ သည် ကျိုး မိသားစုတွင် အလွန်တန်ဖိုးရှိသည်။ကျိုးထျန်းသည် အဆင့် ၁ဇာမဏီမီးနဂါးသစ်သီး နှစ်လုံးကို ထုတ်ပေးလိမ့်မယ်လို့ ကျိုးဝမ် မှ မျှော်လင့်မထားပေ။ဒါက ကျိုးဝမ် ကို တကယ်ကို အံ့သြစေတယ်။
ခဏလောက်စဉ်းစားပြီးနောက် ကျိုးဝမ်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။ပြီးတော့ သူက လက်ကိုဆန့်ပြီး "ဒါဆို ငါ့ကိုပေး။ ယွမ်တစ်သောင်းကို မမေ့နဲ့!"
ကျိုးထျန်း ၏ မျက်လုံးထောင့်များ တွန့်သွားသည်။သူ့ရင်ဘတ်ထဲက လက်ဖဝါးအရွယ် အိတ်ကိုထုတ်ပြီး အနီရောင်မီးတောက်သီးနှစ်လုံးကို ထုတ်ယူလိုက်သည်။
ကျိုးဝမ်၏ မျက်လုံးများ တောက်ပလာသည်။ကျိုးထျန်းရဲ့လက်ထဲက အနီရောင်မီးတောက်သီးဟာ ဇာမဏီမီးနဂါးသစ်သီး ဖြစ်တယ်ဆိုတာ သူသိသည်။
ဇာမဏီမီးနဂါးသစ်သီး ကို ယူပြီးနောက် ကျိုးဝမ် သည် ၎င်း၏ မျက်နှာပြင်မှ ဖျတ်ခနဲ ထုတ်လွှတ်သော ယွမ်ချီ ပမာဏကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။
"ဝမ်းကွဲ ကျိုးဝမ်! ငါ့မှာ ယွမ်တစ်သောင်း မရှိဘူး။ဒါကို နဂါးနက်အိမ်တော် ကို ပြန်ရောက်တဲ့အခါ မနက်ဖြန် ယွမ်တစ်သောင်း ပေးမယ်။အဲဒါကော ဘယ်လိုလဲ။ "ကျိုးထျန်း သည် အိတ်ထဲတွင် အချိန်အတော်ကြာ လှည့်ပတ်ကြည့်ပြီးနောက် အဆင်မပြေစွာ ပြောလိုက်သည်။