ဂုဏ်သတင်း ကျော်ကြားခြင်း
Vol. 2 Ch. 24
ညမိုးချုပ်သည်နှင့်အမျှ လျှို့ဝှက်နဂါးအိမ်တော်၏ စည်ကားနေသောရင်ပြင်သည် တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ကျိုးဝမ် လေ့ကျင့်ရေးကွင်းမှ ပြန်လာပြီးနောက် တံခါးကို ပိတ်လိုက်ပြီး လျှိူထောင် က အရေးကြီးတာတစ်ခုခုမရှိရင် သူ့ကိုမနှောင့်ယှက်ဖို့ပြောခဲ့သည်။
ရင်ပြင်၌ တိုက်ပွဲအပြီးတွင် ကျိုးဝမ် ၏ ကျော်ကြားမှုသည် အတွင်းခြံဝင်း၌ ပျံ့နှံ့သွားခဲ့သည်။နတ်အာရုံအဆင့် ကိုယ်ခံပညာရှင်တစ်ယောက်အနေဖြင့် သူ့ထက်မြင့်သော နယ်ပယ်နှစ်ခုဖြစ်သည့် ကျိုးထျန်းထံမှ လှုပ်ရှားမှုကို သုံးကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့သည်။ကျိုးထျန်း သည် ကျိုးဝမ်၏လက်တွင် ဆုံးရှုံးမှုအချို့ပင် ကြုံတွေ့ခဲ့ရသည်။ထိုကဲ့သို့ ကြီးမားသော တိုက်ပွဲမှတ်တမ်းကို ပရိသတ်များက လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ဤနည်းဖြင့် ကျိုးဝမ် ၏ မရင်းနှီးသောအမည်သည် အတွင်းခြံဝင်း တွင် တဖြည်းဖြည်း ကျယ်ပျံ့လာခဲ့သည်။လေ့ကျင့်မှုနည်းသော ခြံဝင်း မှ ပင်မတပည့်အချို့သည် ကျိုးဝမ် ကို ယခင်က မမြင်ဖူးသော်လည်း အတွင်းခြံဝင်း သို့ဝင်ရောက်လာခဲ့သည့် လျှို့ဝှက်နဂါးအိမ်တော် ၏ သခင်အသစ်ကို ကြောက်ရွံ့လာကြသည်။
ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း ကျိုးဝမ်က ညာလက်ကို ဝှေ့ယမ်းကာ ကျိုးထျန်း ထံမှ ရရှိသော ချမ့်ခွင်း အိတ်ကို ထုတ်ယူလိုက်သည်။ချမ့်ခွင်း အိတ်ကို စိတ်မရှည်စွာ ဖွင့်ကြည့်ရင်း သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။
ကျိုးထျန်း၏ ချမ့်ခွင်းအိတ်သည် ဆယ်စတုရန်းမီတာခန့်သာရှိသော အဆင့်နိမ့် ချမ့်ခွင်းအိတ် ဖြစ်သည်။အဆင့်နိမ့် ချမ့်ခွင်းအိတ် ဖြစ်ခဲ့သော်ငြားလည်း တစ်စုံကို ပိုင်ဆိုင်နိုင်သူမှာ အတွင်းခြံဝင်းထဲတွင် အလွန်နည်းပါးပါသည်။လေလံပွဲအတွက် ထုတ်ရောင်းပါက အနည်းဆုံး ယွမ် ၂၀၀၀၀ ဖြင့် ရောင်းချနိုင်သည်။ကျိုးဝမ်သည် ဤအရာမှ အကျိုးအမြတ်များစွာ ရရှိခဲ့သည်ဟု ယူဆနိုင်သည်။
"သူ့သားက ချမ့်ခွင်းအိတ် ကို ငါ့ဆီ ဆုံးရှုံးသွားမှန်း သိရင် ကျိုးတင်းထျန်း က ဘယ်လိုအမူအရာမျိုး ရှိနိုင်မလဲလို့ သိချင်မိတယ်။"
ကျိုးဝမ်က ကျေနပ်သွားပြီး ချမ့်ခွင်း အိတ်ထဲက ဇာမဏီမီးနဂါး သစ်သီးနှစ်လုံးကို ထုတ်ယူလိုက်သည်။ထုံးစံအတိုင်း ဇာမဏီမီးနဂါးသစ်သီး သည် ကျိုးထျန်းထံဆီမှ ရရှိခဲ့တာဖြစ်သည်။ ဇာမဏီမီးနဂါးအသီးနှစ်လုံးအပြင် ချမ့်ခွင်းအိတ် တွင် ယွမ် ၅၀၀၀ လည်းရှိသည်။ကျိုးဝမ် သည် ဤတိုက်ပွဲမှ အမြတ်ထွက်သည်ဟု ဆိုနိုင်သည်။
“ကောင်းကင်ဘုံ ချပ်ဝတ်ကုန်းမြေတိုက်ကြီးမှာ အဂ္ဂိရတ်ပညာ မရှိဘူး။ကျင့်ကြံခြင်းနှင့် ကုသခြင်းကို ဆေးလုံးဖော်စပ်နည်း များအသုံးပြုခြင်းဖြင့် လုပ်ဆောင်တယ်။ငါ့ ကျောက်စိမ်းဒယ်စောက်ချပ်ဝတ်ဝိညာဥ် က ဒီ ဇာမဏီမီးနဂါးသစ်သီးတွေကို ဆေးလုံး အဖြစ် ပေါင်းစပ်ပေးနိုင်မလားလို့ သိချင်နေမိပါတယ်။"
ကျောက်စိမ်းဒယ်စောက်ချပ်ဝတ်ဝိညာဥ် သည် လူ့ခန္ဓာကိုယ်၏ အနှစ်သာရကို သွေးအဆီအနှစ်ဆေးလုံး အဖြစ်သို့ ပေါင်းထည့်နိုင်သည်ကို ရုတ်တရက် သတိရလိုက်သောအခါ ကျိုးဝမ်၏ မျက်လုံးများ လင်းလက်သွားသည်။၎င်းသည် ဆေးလုံးဖော်စပ်နည်း များကို ပေါင်းထည့်နိုင်ပါသလား။
နောက်ဆုံးတွင် ဆေးလုံး ၏ဆေးဖက်ဝင်ထိရောက်မှုမှာအံ့ဩစရာဖြစ်သော်လည်း ၎င်းတွင်အညစ်အကြေးများစွာရှိပါသေးသည်။ထိုအညစ်အကြေးများသည် လူသားခန္ဓာကိုယ်ထဲကို စုပ်ယူဖို့ ခက်ခဲပြီး ခန္ဓာကိုယ်ထဲကို ကျန်ခဲ့မယ်ဆိုရင် ဆိုးကျိုးတွေက သေးလိမ့်မည် မဟုတ်ဘူး။ သို့သော် ဆေးလုံးကို ငွေ့ရည်ဖွဲ့ပြီးတဲ့အခါ အညစ်အကြေးတွေကို စိုးရိမ်ဖို့ မလိုတော့ဘူး။ ဆေးလုံးကိုယ်တိုင်က အဆီအနှစ်တွေကို ပျစ်ခဲစေပြီး အားလုံးမှာ အညစ်အကြေးတွေ မရှိနိုင်တော့ပါဘူး။
အဲဒါကို တွေးမိတော့ ကျိုးဝမ်သည် စမ်းကြည့်ဖို့ လုပ်လိုက်သည်။ အဲဒီတော့ ကျိုးဝမ်သည် ကျောက်စိမ်းဒယ်စောက်ချပ်ဝတ်ဝိညာဥ် ချက်ချင်း ဆင့်ခေါ်လိုက်ပြီး ကျောက်စိမ်းဒယ်စောက်ထဲသို့ ဇာမဏီမီးနဂါးသစ်သီးတစ်လုံးကို ပစ်ထည့်ခဲ့သည်။
ကျိုးဝမ်ကို အံ့အားသင့်စေတာက ဇာမဏီမီးနဂါးသစ်သီးသည် ကျောက်စိမ်ဒယ်စောက်ထဲသို့ ဝင်သွားသောအခါ ကျောက်စိမ်းဒယ်စောက်က တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။ ထူးဆန်းသော စွမ်းအင်က ကျောက်စိမ်းဒယ်စောက်ကို ရုတ်တရက် ဖြည့်ခဲ့ပြီး ကျောက်စိမ်းအိုးထဲပစ်ချလိုက်သော ဇာမဏီမီးနဂါးအသီးများသည် တဖြည်းဖြည်း အရည်အဖြစ်သို့ ပြိုကွဲသွားသည်ကို ကျိုးဝမ် မြင်လိုက်ရသည်။
သို့သော် ကျိုးဝမ်ကို အံ့အားသင့်စေတာက ကျောက်စိမ်းဒယ်စောက်ချပ်ဝတ်ဝိညာဥ်သည် ဇာမဏီမီးနဂါးသစ်သီးကို အရည်ဖျော်ဖို့ ဆက်လက်လုပ်ဆောင်ခဲ့ကာ သူ့ရဲ့ခန္ဓာကိုယ်က ယွမ်စွမ်းအင်သည် ကျောက်စိမ်းဒယ်စောက်ချပ်ဝတ်ဝိညာဥ်က ဖြေးဖြေးချင်း စတင် စုပ်ယူခဲ့သည်။သိသာထင်ရှားသည်၊၊ ကျောက်စိမ်းဒယ်စောက်ချပ်ဝတ်ဝိညာဥ်သည် ဆေးလုံး ကိုချေဖျက်ရန်အတွက် ၎င်းအားကျိုးဝမ်၏ခန္ဓာကိုယ်အတွင်းရှိ ယွမ်စွမ်းအင်ကို လိုအပ်သည်။
ကျိုးဝမ်၏ ခန္ဓာကိုယ်ရှိ ယွမ်စွမ်းအင်၏ လေးပုံတစ်ပုံခန့်ကို စုပ်ယူပြီးနောက် ကျောက်စိမ်းဒယ်စောက်သည် တုန်ခါသွားကာ ရုတ်တရက် မီးတောက်နေသော အနီရောင်အဝိုင်းလေးသည် အိုး၏နှုတ်ခမ်းဝမှ တံတွေးသလို ထွေးထုတ်လိုက်သည်။
"မီးနဂါးဆေးလုံး- ဇာမဏီမီးနဂါးသစ်သီး၏အဆီအနှစ်မှ အသွင်ပြောင်းထားတယ်။ဆေးလုံး တစ်လုံးသည် ဇာမဏီမီးနဂါးသစ်သီး တစ်လုံးနှင့် ညီမျှတယ်။၎င်းသည် သာမန်အဆင့်ငါး ဆေးလုံး ဖြစ်တယ်။"
ကျိုးဝမ်သည် မီးနဂါးဆေးလုံး ကို ဖမ်းမိပြီးနောက် ကျောက်စိမ်းဒယ်စောက်ချပ်ဝတ်ဝိညာဥ်မှ မီးနဂါးဆေးလုံး အကြောင်း မိတ်ဆက်ပေးခဲ့သည်။
ကျိုးဝမ်သည် အလွန်တည်ငြိမ်နေသော်လည်း မီးနဂါးဆေးလုံး သည် ဇာမဏီမီးနဂါးသစ်သီး တစ်လုံးနှင့် ညီမျှကြောင်း ကျိုးဝမ် မြင်သောအခါ မတုန်လှုပ်ဘဲ မနေနိုင်ပေ။အကယ်၍ ဤအချက်အလက်မှန်ပါက ကျိုးဝမ် တွင် ပထမအဆင့် ဆေးလုံး ရှိနေသရွေ့ သူသည် အညစ်အကြေးမရှိဘဲ ပထမအဆင့် ဆေးလုံးနှင့် ညီမျှသော ဆေးလုံးလေးလုံးကို သန့်စင်ပေးနိုင်ပါသည်။
ဤရှာဖွေတွေ့ရှိမှုနှင့်အတူ ကျိုးဝမ် ၏မျက်လုံးများသည် တောက်လောင်လာကာ မခံနိုင်တော့ဘဲ ကျောက်စိမ်းဒယ်စောက်ချပ်ဝတ်ဝညာဥ်ကို ပို၍ပင် စူးစမ်းလာခဲ့သည်။ဤလျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းဒယ်စောက်ချပ်ဝတ်ဝိညာဥ် သည် ကျိုးဝမ် ၏မျှော်လင့်ချက်များ အမှန်တကယ်ပင်ဖြစ်လာသည်။ထို့အပြင် ကျိုးဝမ်သည် ကျောက်စိမ်းဒယ်စောက်ချပ်ဝတ်ဝိညာဥ် ၏စွမ်းရည်ကို ဤနေရာတွင် အကန့်အသတ်မရှိဟု ခံစားနိုင်သော်လည်း ၎င်းကို အပြည့်အဝ မစူးစမ်းနိုင်သေးပေ။
ကျိုးဝမ်သည် ကျောက်စိမ်းဒယ်စောက်ချပ်ဝတ်ဝိညာဥ် အကြောင်း ရှင်းရှင်းလင်းလင်း မသိသော်လည်း ကျိုးဝမ်သည် ယခုအချိန်ထိ ကျောက်စိမ်းဒယ်စောက်ချပ်ဝတ်ဝိညာဥ်မှပြသခဲ့သည့် စွမ်းရည်အနည်းငယ်ကို အကျဉ်းချုံးဖော်ပြခဲ့သည်။
ပထမဦးစွာ ဆေးလုံးဖော်စပ်နည်းများ- ကျောက်စိမ်းဒယ်စောက်ချပ်ဝတ်ဝိညာဥ်တွင် အဆုံးမရှိ ဆေးလုံးဖော်စပ်နည်းများပါရှိသည်။ကျောက်စိမ်ဒယ်စောက်ချပ်ဝတ်ဝိညာဥ်၏ဆင့်ကဲဖြစ်စဉ်နှင့်အတူ ဆေးလုံးဖော်စပ်နည်းများအဆင့်ကို ဆက်လက်ဖွင့်ထားပါမည်။
ဒုတိယ၊ အဂ္ဂိရတ်ပညာ- ဆေးလုံးဖော်စပ်နည်းများတွင် ဆေးဖက်ဝင်အပင်များကို အသုံးပြုခြင်းဖြင့် ဆေးလုံးများကို အမျိုးမျိုးသော လုပ်ဆောင်ချက်များဖြင့် သန့်စင်ပေးနိုင်ပါသည်။
တတိယ၊ ငွေ့ရည်ဖွဲ့ခြင်း- သက်ရှိသတ္တဝါများ၏ အနှစ်သာရကို ထုတ်ယူပြီး သွေးအဆီအနှစ်ဆေးလုံး နှင့် မီးနဂါးဆေးလုံး ကဲ့သို့သော ဆေးလုံး အဖြစ်သို့ ပြောင်းလဲလိုက်သည်။ရှေးယခင်က လူ့ခန္ဓာကိုယ်၏ အနှစ်သာရမှ ပေါင်းစပ်ထားသော ဆေးလုံး ဖြစ်ပြီး၊ နောက်တစ်ခုသည် ဆေးလုံး ၏ အနှစ်သာရမှ ပေါင်းစပ်ထားသည်။
"ငါ့မှာ ကျောက်စိမ်းဒယ်စောက်ချပ်ဝတ်ဝိညာဥ်ရဲ့ စွမ်းရည်ကို ခန့်မှန်းနားလည်ထားတာကြောင့် နောက်တဆင့်အနေနဲ့ ကျောက်စိမ်းဒယ်စောက်ချပ်ဝတ်ဝိညာဥ် ကို ငါ့ရဲ့ ခွန်အားတိုးတက်ဖို့အတွက် အသုံးပြုလိုက်သည်။ ကောင်းကင်ကို အံတုသော ချပ်ဝတ်ဝိညာဥ်ဖြင့် ငါ့ကျင့်ကြံခြင်းအမြန်နှုန်းက အခြားသူတွေထက် အဆပေါင်းများစွာ ဒါမှမဟုတ် အဆပေါင်းဒါဇင်နဲ့ ချီပြီး ပိုမြန်လိမ့်မယ်လို့ ငါထင်တယ်။"
"ဒီသုံးလအတွင်း ကျိုးထျန်းကို ဖြတ်ကျော်နိုင်မယ်ဆိုတာ ငါ အရမ်းယုံကြည်တယ်။အချိန်တန်တဲ့အခါ သူကို မျှတပြီး လေးလေးနက်နက်နဲ့ အနိုင်ယူမယ်။ ဒါပေမယ့် အခု ပို အရေးကြီးတဲ့အရာက မီးအရည်အချင်းကျင့်စဥ်ကို ရဖို့ ဖြစ်တယ်။ မနက်ဖြန်ကျရင် ငါ ကျင့်စဥ်တွေထားတဲ့မျှော်စင်ကို ကြည့်ဖို့ သွားမယ်။ "
အဲဒီလို ပြောကာ ကျိုးဝမ်သည် မီးနဂါးဆေးလုံးကို ယူလိုက်ပြီး သူ့ရဲ့ပါးစပ်ထဲကို ထည့်လိုက်သည်။ ထို့နောက် သူရဲ့ မျက်လုံးကို မှိတ်ပြီး မီးနဂါး၏ဆေးစွမ်းအားကို သန့်စင်ဖို့ တိတ်ဆိတ်စွာ စတင်ခဲ့သည်။ ယခုကျိုးဝမ်သည် အတွင်းအင်္ဂါကြံ့ခိုင်ခြင်းနယ်ပယ် သို့ဝင်ရောက်လာသောကြောင့် စိတ်ကို တည်ငြိမ်အောင် ထိန်းထားရသည်။
ခြံဝင်းထဲက အခန်းတစ်ခုတွင် ကျိုးတင်းထျန်းသည် ခေါင်းငုံ့ကာ ရပ်နေတဲ့ ကျိုးထျန်းကို ကြည့်ပြီး စိတ်ပျက်နေသာ အသံဖြင့် "မင်းပြောတာက မင်းက ကျိုးဝမ်နဲ့ လှုပ်ရှားမှုသုံးခါလုပ်ပြီး အလောင်းကစားလုပ်ခဲ့တယ်။ ကျိုးဝမ်က လှုပ်ရှားမှုသုံးခုမှာ ရှင်သန်စေရုံသာမက နောက်ဆုံး ဖြတ်ကျော်နိုင်ဖို့ ခြေနင်းကျောက်အဖြစ်လည်း အသုံးပြုခဲ့တယ်။
ကျိုးထျန်းသည် ကျိုးတင်းထျန်းကို မကြည့်ဝံ့ပေ။ သူက ခါးခါးသီးသီး ပြုံးပြီး "အဖေ၊သူသာ လေးနက်တဲ့ နားလည်သသောပေါက်ခြင်းကို ရုတ်တရက် မဝင်ခဲ့ရင် ငါ သူကို အရင်တုန်းက သတ်နိုင်ပြီ။ အဲဒါကို လက်မခံနိုင်ဘူး။"
ကျိုးတင်းထျန်းရဲ့အကြည့်ဟာ ဆန္ဒမပါသော ကျိုးထျန်းကို ကြည့်ကာ စိတ်လျော့လိုက်သည်။ နောက်ဆုံးတွင် သူ သက်ပြင်းချပြီး " ကျိုးဝမ်ရဲ့ ပါရမီက တကယ့်ကို ကြောက်ဖို့ ကောင်းတယ်။သူသာ သုံးမွှာချပ်ဝတ်ဝိညာဥ်တွေနဲ့ မမွေးခဲ့ရင် ဒီလောက် အသက်ငယ်ငယ်လေးနဲ့ လေးနက်တဲ့နားလည်သဘောပေါက်ခြင်းကို မဝင်နိုင်ဘူး။သူ့အဖေက သူ့ပါရမီနဲ့တောင် နားမလည်နိုင်ခဲ့ဘူး။"
"သူ ဆက်တိုးတက်နေမယ်ဆိုရင် သူ တနေ့ မင်းကို ကျော်တက်သွားလိမ့်မယ်။ ဒါ့အပြင် မင်းအဖိုးက ရင်ပြင်မှာ ကျိုးဝမ်ဆီ ဘိုးဘေးရဲ့ အထိမ်းအမှတ်ကို အခုတင် ပေးလိုက်ပြီ။"
"ဘာ၊အဖိုးက လူယုတ်မာကျိုးဝမ်ဆီကို အထိမ်းအမှတ် ပေးလိုက်တယ်ဟုတ်လား။ အဖေ အဖိုးက ကျွန်တော်ကို ဘိုးဘေးရဲ့အထိမ်းအမှတ်ပေးမယ်လို့ ပြောတာမဟုတ်ဘူးလား။ ဒါအပြင် အဖိုးက နောက်တက်မဲ့ ခေါင်းဆောင်အဖြစ် ငါ့ကို မရွေးချယ်တာမဟုတ်ဘူးလား။"
ဒါကို ကြားတော့ ကျိုးထျန်းရဲ့မျက်နှာ နှင်းကဲ့သို့ ဖြူဖျော့သွားသည်။ သူ့ရဲ့ ခက်ထန်တဲ့မျက်လုံးတွေသည် ဆန္ဒမရှိခြင်းနဲ့ မနာလိုခြင်းဖြင့် ပြည့်နေခဲ့သည်။
"လူယုတ်မာ ကျိုးဝမ်သာ ပေါ်မလာရင် မင်းက နောက်တက်မဲ့ ခေါင်းဆောင်ဖြစ်နေလောက်ပြီ။ဒါ့အပြင် ကျိုးဝမ်ရဲ့ စွမ်းဆောင်မှုက ထူးချွန်လွန်းတာကြောင့် မင့်အဖိုးက ကျိုးဝမ်ပေါ် သဘာဝအတိုင်း ပိုပြီး မျော်လင့်ချက်ထားတာ။ဒါပေမယ့် မင်းမှာ အခွင့်ရေး ရှိသေးတယ်။"ကျိုးတင်းထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ကျိုးထျန်း လက်ခုပ်တီးလိုက်ပြီး"ကျွန်တော့်ကို အကြံပေးပါဦး"
သုံးလအတွင်း မိသားစုပြိုင်ပွဲက မင်းအတွက် အခွင့်ရေးပဲ။ မိသားစု ပြိုင်ပွဲမှာ ကျိုးဝမ်ကို ပြတ်ပြတ်သားသား အနိုင်ယူပြီး အတွင်းခြံဝင်းမှာ မင်း နံပါတ်တစ်ပါရမီရှင်ဖြစ်တယ်ဆိုတာ ကျိုးမိသားစုထဲက လူတိုင်း သိသွားရင် မင်းဂုဏ်သတင်းက ကျိုးဝမ်ကို လုံးဝ ကျော်သွားလိမ့်မယ်။မင်းရဲ့အဖိုးက သူရဲ့စိတ်ကို ပြောင်းသွားနိုင်ပြီး အဲဒါကြောင့် မင်းကို နောက်တက်မဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ကောင်း ရွေးချယ်နိုင်တယ်။ "
ကျိုးတင်းထျန်းက ကျိုးထျန်းကို ကြည့်ရင်း ပြောလိုက်သည်။
"အဖေ၊မစိုးရိမ်နဲ့၊ကျွန်တော်က အခု ဝိညာဥ်ရှာဖွေခြင်းနယ်ပယ်ရဲ့အထွတ်အထိပ်ကို ရောက်နေပြီး ကျိုးဝမ်က အတွင်းအင်္ဂါကြံ့ခိုင်ခြင်းနယ်ပယ်မှာပဲ ရှိသေးတယ်။ ကျွန်တော်တို့ ထိပ်တိုက်တွေ့ရင် ကျိုးဝမ်က လုံးဝကို ကျွန်တော့် ပြိုင်ဘက်မဟုတ်ဘူး။ဒီအချိန်မှာ အတွင်းခြံဝင်းမှာ ဘယ်သူက အသန်မာဆုံးလဲဆိုတာ ကျိုးမိသားစုထဲက လူတိုင်း သိသွားလိမ့်မယ်။"ကျိုးထျန်းက ကြမ်းကြုတ်ရက်စက်တဲ့အမူအရာနဲ့ ပြောလိုက်သည်။
ကျိုးတင်းထျန်းသည် ခေါင်းညိတ်လိုက်ပြီး သွေးနီရောင် သလင်းကျောက်ကို ထုတ်ပေးလိုက်သည်။ "ကျိုးဝမ်ရဲ့ ပါရမီက အရည်အသွေးအကောင်းဆုံးပဲ။ နောက်သုံးလအတွင်းမှာ သူ ထိုးဖောက်ကျော်ဖြတ်ကောင်း ကျော်ဖြတ်နိုင်လိမ့်မယ်။ သူ့မှာ ဝှက်ဖဲအချို့ရှိတယ်လို့ ခံစားရတာကြောင့် မင်း သတိထားရမယ်။ ဒါက အဆင့်တစ် မူလ သလင်းကျောက် သွေးချီ သလင်းကျောက်ပဲ။ ဒါက မင်းရဲ့ ခွန်အားကို ယာယီတိုးမြှင့်ပေးတယ်။ ဒါပေမယ့် သူ့ရဲ့ဆိုးကျိုးက အရမ်းကြီးလွန်းတယ်။ ဒါကို မလိုအပ်ဘဲ မသုံးတာ အကောင်းဆုံးပဲ။"
ကျိုးထျန်းသည် သွေးချီ သလင်းကျောက်ကို ယူပြီး ကိုင်လိုက်သည်။သူ့အဖေက သူ့အတွက် မိသားစုရဲ့ နောက်တက်မဲ့ခေါင်းဆောင်ဖြစ်ဖို့ အများကြီး အနစ်နာခံခဲ့သည်။ အခုတောင် သူက သူ့ကို ကူညီဖို့ အကောင်းဆုံးကြိုးစားပေးနေတာပဲ။
"အဖေ၊ ကျွန်တော် သတိမပေါ့ပါဘူး။ မိသားစုရဲ့ ဆက်ခံသူနေရာက ကျွန်တော်အတွက် လုံးဝဖြစ်စေရမယ်။ "ကျိုးထျန်းက ဦးညွတ်၍ဂါဝရပြုပြီး လေးနက်တဲ့အမူအရာနဲ့ ပြောလိုက်သည်။
"ထပါ။မင်းမှာ ဒီလိုနှလုံးသားမျိုးရှိလို့ ငါ ကျေနပ်တယ်။ နောက်သုံးလအတွက် ကောင်းကောင် ကျင့်ကြံပါ။ ငါတို့ရဲ့ သိုလှောင်ရုံထဲမှာ ဆေးလုံးအချို့ရှိသေးတယ်။ နောက်သုံးလမှာ ဝိညာဥ်ပြောင်းလဲခြင်းနယ်ပယ်သို့ ကျော်ဖြတ်နိုင်ရင် သွေးချီသလင်းကျောက်ကို သုံးစရာမလိုတော့ဘူး။ ကျိုးဝမ်က ကောင်းကင်ကို ဘယ်လောက်ပဲ အံတုနိုင်ပါစေ ဝိညာဥ်ပြောင်းလဲခြင်းနယ်ပယ် ဝင်ရောက်ပြီးတော့ သူက မင်း ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး။ "
ကျိုးတင်းထျန်းက ပြုံးပြီး ကျိုးထျန်း ကူညီပေးလိုက်သည်။သူ့မျက်လုံးတွေသည် ချစ်စိတ်နဲ့ ပြည့်နေခဲ့သည်။
"ကျွန်တော် ကြိုးစားမယ်။"
မနက်စောစောတွင် ပထမနေရောင်ခြည်သည် လိုက်ကာများကို ဖြတ်သန်းလာပြီး လူငယ်ရဲ့နူးညံ့တဲ့မျက်နှာပေါ်ကို ဖြာကျလာသောအခါ လူငယ်လေးက မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ အလင်းရောင်သည် လူငယ်လေးရဲ့ မျက်လုံးမှ ရုတ်တရက် ထွက်ပေါ်လာသည်။
"မီးနဂါးဆေးလုံးက တကယ်ပဲ အဆင့်တစ် ဆေးလုံးပဲ။မီးနဂါးဆေးလုံး ကိုသောက်ပြီးနောက် ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က လုံးဝတည်ငြိမ်သွားရုံသာမက ငါ့ခန္ဓာကိုယ်ထဲက ဒြပ်စင်စွမ်းအင်တွေလည်း တဖြည်းဖြည်း တိုးလာခဲ့တယ်!"
ကျိုးဝမ် က သူ့ကိုယ်သူ ညာလက်နဲ့ တွန်းတင်ရင်း တက်ကြွတဲ့ အမူအရာနဲ့ ပြောလိုက်သည်။
"ကျင့်စဥ်မျှော်စဥ် ကို သွားကြည့်ဖို့ အချိန်တန်ပြီ။အခု ငါ့မှာ ဘိုးဘေးရဲ့ တိုကင်ရထားပြီးတော့ ကျင့်စဥ်မျှော်စင် လို အရေးကြီးတဲ့နေရာကို ဝင်ဖို့ အရည်အချင်းပြည့်မီဖို့ လုံလောက်သင့်တယ်!"
ကျနုးဝမိ က သူ့ခန္ဓာကိုယ်မှာ စွမ်းအင်တွေ ပြည့်နှက်နေသလို ခံစားလိုက်ရပြီး သူ့တစ်ခုလုံး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။အတွင်းအင်္ဂါကြံ့ခိုင်ခြင်းအဆင့်၏ အရေးကြီးဆုံးလက္ခဏာမှာ ခန္ဓာကိုယ်ရှိ ယွမ်စွမ်းအင်သည် အတွင်းအင်္ဂါများကို တဖြည်းဖြည်း ပြောင်းလဲပေးကာ ပျက်စီးလွယ်သော အတွင်းအင်္ဂါများကို ပို၍ပင် ခံနိုင်ရည်ရှိလာစေရန် ဖြစ်သည်။ထို့အပြင် သိုင်းပညာရှင်တစ်ဦး၏ အာရုံငါးပါးသည်လည်း ပိုမိုသိမ်မွေ့ရှင်းလင်းလာမည်ဖြစ်သည်။
သူ့ခန္ဓာကိုယ်မှာ ပြောင်းလဲသွားတာကို ခံစားလိုက်ရတော့ ကျိုးဝမ်ရဲ့မျက်နှာက ကျေနပ်တဲ့အမူအရာ ပေါ်လာသည်။ ထို့နောက် ကျင့်စဥ်မျှော်စင်သို့ ထွက်လာခဲ့သည်။
တံခါးမှ ထွက်လာသည်နှင့် တပြိုင်နက် တံခါးရှေ့ရှိ လျှို့ဝှက် နဂါးအစောင့်နှစ်ယောက်က ကျိုးဝမ်ကို အရိုအသေပေးလိုက်သည်။သူတို့၏ မျက်နှာများသည် တယူသန်မှုနှင့် ကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။ ရှင်းပါတယ်၊ မနေ့က ကျိုးဝမ် နဲ့ ကျိုးထျန်း တို့ရဲ့ အလောင်းအစားကြောင့် လျှို့ဝှက်နဂါးအိမ်တော် မှာရှိတဲ့ ကျိုးဝမ် ရဲ့ ဂုဏ်သတင်းဟာ အဆမတန် မြင့်တက်လာခဲ့သည်။
ကျိုးဝမ်အနည်းငယ် ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။ ထို့နောက် သူသည် လျှို့ဝှနဂါးအိမ်တော် ၏ ပင်မခန်းမထဲသို့ လျင်မြန်စွာ လျှောက်သွားသည်။ပင်မခန်းမတွင် လျှိူထောင် သည် ခန်းမကို ပြန်လည်မွမ်းမံရန် အစေခံအချို့ကို ညွှန်ကြားနေသည်။
လျှိူထောင် သည် ကျိုးဝမ် ၏ အသွင်အပြင်ကို ရုတ်တရက် သတိထားမိလိုက်သည်။ချက်ချင်းပင် သူ့မျက်နှာသည် ရွှင်လန်းသော အမူအရာ ပေါ်လာသည်။သူက ကျိုးဝမ်ရှေ့မှာ အလျင်အမြန်ရောက်လာပြီး ရိုသေတဲ့အမူအရာနဲ့ "သခင်၊ ဘာကိစ္စရှိလို့လဲ"