← Chapters

တစ်နေ့တည်း၊ တစ်လတည်း၊ တစ်နှစ်တည်း

Vol. 101 Ch. 1320

တစ်နေ့တည်း၊ တစ်လတည်း၊ တစ်နှစ်တည်း

Vol. 101 Ch. 1320

ချင်မူက ‌ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ရိုးတိုးရွတ ဖြစ်နေသော စပ်စုချင်စိတ်ကို ချိုးနှိမ်ကာ ဘိုးဘေးနန်းတော်ထဲမှ ကျောက်စိမ်းမြို့တော်အကြောင်း မတွေးမိအောင် ကြိးစားနေသည်။

မဟာဧကရာဇ်ကတော့ ချင်မူ့ကို ကြည့်ကာ ပြုံးနေသည်။ ချင်မူ စပ်စုချင်စိတ်ကို ထိန်းချုပ်လေလေ ပို၍ပင် မနေနိုင်မထိုင်နိုင် ဖြစ်လာလိမ့်မည်။ ချင်မူတစ်ယောက် ဘိုးဘေးနန်းတော်သို့ အနှေးနှင့်အမြန် အပြေးသွားကာ မီးပုံထဲ တည့်တည့် ဝင်တိုးသော ပိုးဖလံပမာ သေလိမ့်မည်။

သမိုင်းတ‌လျှောက် အောင်မြင်မှု အကြီးအကျယ် ရရှိခဲ့သူတို့တိုင်းတွင် တူညီသော အကျင့်စရိုက် ရှိကြ၏။ ထိုသူတို့သည် စူးစမ်းလိုစိတ် ပြင်းပျကြပြီး မသိသည့်အရာများကို သိလိုကြကာ အန္တရာယ်နှင့် တွေ့ကြုံရမည်ကို ဂရုမစိုက်ကြပေ။

စပ်စုရင်း အသက်ရှင်ခဲ့သူများက နာမည်ကျော်ကြားလာကြသော်လည်း ထိုစပ်စုလိုစိတ်ကြောင့် သေသွားခဲ့သူများမှာလည်း မရေမတွက်နိုင်အောင်ပင် ရှိခဲ့ဖူးသည်။

မဟာဧကရာဇ်က ခပ်ဟဟ ရယ်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါ မင်းကို ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ရဲ့ တည်နေရာ ပြောပြီးပြီ… အခု ငါ့ပိုင်နက်ဆီ သွားပြီးတော့ နတ်ဘုရားစီရင်ရာစင်မြင့်ကို စမ်းသပ်ကြည့်လိုရပြီ”

ချင်မူက ခေါင်းခါသည်။ “ကျွန်တော်က အဲ့ဒီအဆင့်အထိ မရောက်သေးဘူး… နတ်ဘုရားစီရင်ရာစင်မြင့်ပေါ် တက်လို့မရသေးဘူး..”

မဟာဧကရာဇ်မှာ ကြောင်အသွားသည်။ “အခု မင်းက ဘယ်အဆင့်မှာလဲ”

ချင်မူက အနည်းငယ် အပြစ်ရှိသလို ခံစားသွားရသည့်အလား ဖြေသည်။ “ဝိညာဉ်သန္ဓေသား”

“ထွီ”

အတားအဆီးအစီအရင်၏ အလယ်ရှိ မဟာဧကရာဇ်၏ဦးခေါင်းက အသိစိတ်အလျဉ်ကို တံတွေးပမာ ထွေးထုတ်ပြီး ဒေါသတကြီး ပြောသည်။ “မင်းက ဝိညာဉ်သန္ဓေသားအဆင့်လား… သာမန်သိုင်းသမားလို့သာ ပြောလိုက်ပါတော့လားဟ... လူလို ပြောစမ်းပါကွာ”

ချင်မူက တခဏ တုံ့ဆိုင်းနေသည်။ “ဝိညာဉ်သန္ဓေသားအဆင့်ထဲက ကောင်းကင်နန်းဆောင်အဆင့်” သူက ပွင့်ပွင့်လင်းလင်း ရှင်းပြသည်။ “ကောင်းကင်နန်းဆောင်က ကျွန်တော့် ဝိညာဉ်‌သန္ဓေသားအဆင့်ထဲမှာ အဆင့်ငယ်လေး တစ်ဆင့်ပဲ… ကောင်းကင်နန်းဆောင်ထဲမှာလည်း နတ်ဘုရား၊ အစစ်အမှန်နတ်ဘုရား၊ နဂါးသွဲ့ရေကန်၊ နတ်ဘုရားစီရင်ရာစင်မြင့်၊ ကျောက်စိမ်းမြို့တော်၊ နတ်ကောင်းကင်ခန်းမနဲ့ ဧကရာဇ်ပလ္လင်အဆင့်ဆိုပြီး အဆင့်ငယ်လေးတွေ ကွဲနေသေးတယ်… ကျွန်တော်က အစစ်အမှန်နတ်ဘုရားအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ... နဂါးသွဲ့ရေကန်အဆင့်ကို ရောက်တော့မှာ..”

မဟာဧကရာဇ်မှာ ချင်မူ့စကားကို နားလည်ရန် ကြိုးစားနေသည့်အလား တခဏ ငြိမ်ကျသွားသည်။ အတန်ကြာသော် သူက ခေါင်းရမ်းလိုက်ရင်း မေးပြန်၏။ “တာအိုအဆင့်နဲ့တွက်ရင် မင်းက ကောင်းကင်ဘုံ ဘယ်လောက်အထိ ရောက်ပြီလဲ..”

“တာအိုအဆင့်နဲ့ဆို ကောင်းကင်ဘုံ ၂၄ ဘုံအထိ ရောက်ပြီ...”

ချင်မူက ဖြေသည်။ “ဒါပေမဲ့ ကျွန်တော့် တာအိုအဆင့်က တခြားဟာတွေနဲ့ မတူသလိုပဲ…. ကျွန်တော့်တာအိုအဆင့်က နည်းနည်းပိုအစွမ်းထက်သလို ထင်ရတယ်…”

မဟာဧကရာဇ်၏ မျက်၀န်းထောင့်များ တွန့်သွားသည်။ တာအိုအဆင့် ကောင်းကင်ဘုံ ၂၄ ဘုံသည် ကောင်းကင်နန်းဆောင်စနစ်တွင် ကျောက်စိမ်းမြို့တော်အဆင့်နှင့် ညီမျှ၏။ သို့သော် ဤတစ်ကြိမ် သူ ချင်မူနှင့် တိုက်ခိုက်ခဲ့ရာတွင် မူလဝိညာည်မရှိလင့်ကစား ဧကရာဇ်ပလ္လင်အဆင့်သို့ ရောက်ခဲ့သည်။

သူ၏အတိုက်အခိုက်စွမ်းရည်အရ မူလဝိညာဉ်မရှိလျှင်တောင်မှ အစစ်အမှန် အတိုက်အခိုက်စွမ်းရည်ကား ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်အောက် နိမ့်ကျနေမည်မဟုတ်ပေ။ သို့ထိတိုင် ချင်မူက သူ၏ အကာအကွယ်များ ကျိုးပျက်သည်အထိ ရိုက်နှက်ခဲ့ရပြီး သူ၏အစွမ်းထက်ဆုံး ကောင်းကင်နတ်သိုင်းပင်လျှင် ချင်မူ၏ ဖျက်ဆီးခြင်း ခံခဲ့ရသည်။

ကမ္ဘာဦးခေတ်မှ ယနေ့အထိတိုင်အောင် သူ၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်‌ ကောင်းကင်ဘုံကို ဖျက်ဆီးနိုင်သူ မရှိခဲ့ဖူးပေ။

တာအိုသစ်သီးနှင့် တာအိုပန်းပွင့် ကိန်းအောင်းနေသော ကောင်းကင်နတ်သိုင်းကို ပထမဆုံး ဖျက်ဆီးနိုင်ခဲ့သူမှာ ချင်မူပင် ဖြစ်သည်။

ကောင်းကင်နတ်အရှင်ဟောင်ပင်လျှင် သူ၏ ကောင်းကင်နတ်သိုင်းကို မဖျက်ဆီးနိုင်ခဲ့။

“မင်းရဲ့သိုင်းအဆင့်က နည်းနည်းထူးဆန်းတယ်ဟ...”

မဟာဧကရာဇ်သည် အလေးအနက် တွေးတောနေသော်လည်း ချင်မူ မည်မျှအင်အားကြီးမှန်း မခန့်မှန်းနိုင်ချေ။ ချင်မူက ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်နှင့် တာအိုကျင့်စဉ်စနစ်ကို တစ်ပြိုင်နက် ကျင့်ကြံခြင်းကြောင့်သာ ဖြစ်မည်ဟု ကောက်ချက်ချနိုင်သည်။

“မင်းနဲ့ ငါ ‌‌ဆွေးနွေးပြီးပြီဆိုတော့... ကောင်းကင်နတ်အရှင်မူ၊ အစီအရင်ကို ချိုးဖျက်ပြီး ငါ့ကို လွှတ်ပေးတော့..”

မဟာဧကရာဇ်က ပြုံးနေသည်။ “စိတ်မပူပါနဲ့… ကမ္ဘာဦးခေတ်ရဲ့ မဟာဧကရာဇ်တစ်ယောက်အနေနဲ့ ဒီလိုအသေးအဖွဲကိစ္စလေးတွေမှာ ကတိမဖျက်ပါဘူး.”

ချင်မူက တွန့်ဆုတ်နေလေသည်။

မဟာဧကရာဇ်က မယုံသင်္ကာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ “မင်း ကတိဖျက်မလို့လား…. ကောင်းကင်နတ်အရှင်မူ၊ ငါ့မှာ နောက်ထပ်သရုပ်မှန်တစ်ခု ရှိသေးတာ မမေ့နဲ့နော်…. ဒါ့အပြင် အန္တိမဟင်းလင်းပြင်ရဲ့ အသိစိတ်အလျဉ် မဟာခြုံလွှမ်း ကောင်းကင်ဘုံနဲ့လည်း မင်းကို သတ်နိုင်သေးတယ်… ငါ မင်းကို သတ်ရအောင် မလုပ်စမ်းနဲ့”

ချင်မူက ချက်ချင်း ပြုံးလိုက်၏။ “တာအိုနောင်တော်ကလည်း စိုးရိမ်လွန်နေပြန်ပါပြီဗျာ…. မေ့သွားပြီလားဗျ… ကျွန်တော်တို့က ညီအစ်ကိုတွေလေ…. အဲ့ဒီတုန်းက တစ်နေ့တည်း၊ တစ်လတည်း၊ တစ်နှစ်တည်းမှာ အတူတူသေကြဖို့ သဘောတူခဲ့တယ်မလား…. ကျွန်တော်က ဘယ်ကတိဖျက်ရဲပါ့မလဲ”

မဟာဧကရာဇ်၏ မျက်နှာကြီးမှာ မည်းမှောင်စူပုတ်နေသည်။ ထိုဖြစ်ရပ်ကို ကြားလျှင် သူ့မှာ ဒေါသူပုန်ထလာ၏။ သူက နှာခေါင်းရှုံ့လိုက်သည်။ “အဲ့ဒီတုန်းက ငါက တဟုန်အဖြစ်နဲ့ မင်းတို့နဲ့အတူ သစ္စာဆိုခဲ့တာ ... အကျုံးမဝင်ဘူး”

“အိုး… ဟုတ်သားပဲ… တာအိုနောင်တော်၊ သိလား… အစ်ကိုသုံးလော့ရှောင်က သေသွားပြီ…. ကျွန်တော်တောင် အစ်ကိုကြီးနဲ့ အကိုနှစ်ကို အဖော်အဖြစ် ပို့ပေးရမလား စဉ်းစားနေတာ”

ချင်မူမှာ စိတ်လှုပ်ရှားစွာဖြင့် မျက်နှာပင် နီရဲနေပြီး တရှိုက်ရှိုက် ပြော၏။ “အစ်ကိုနှစ်ယောက်ကို သတ်ပြီး အစ်ကိုနှစ်ဆီ ပို့ပေးပို့က ကျွန်တော့်ရဲ့ ဆန္ဒဖြစ်ခဲ့တာ ကြာပါပြီဗျာ….အစ်ကိုသုံး ထွက်သွားခဲ့တာ နှစ်ရှစ်သိန်း ကြာခဲ့ပြီ”

“စောက်ပိုတွေ လုပ်မနေနဲ့”

မဟာဧကရာဇ်က ဒေါသတကြီး လှမ်းအော်၏။ “မင်း ငါ့ကို လွတ်ပေးမှာလား မပေးဘူးလား”

ချင်မူက တည်ကြည်လေးနက်စွာ ပြောသည်။ “စိတ်အေးအေးထားပါ နောင်တော်ရယ်… ခင်ဗျားကလည်း ကတိမဖျက်ဘူးလို ပြောခဲ့သလို… ကျွန်တော်ကလည်း ကတိမဖျက်ဘူးလို ပြောခဲ့တယ်လေ…. ကောင်းကင်နတ်ဧကရာဇ် ထိုက်ချူကလည်း ကတိမဖျက်ဘူးလို ပြောခဲ့တာပဲ… ဒါပေမဲ့ ကတိဖျက်ခဲ့တဲ့သူတွေက အဆုံးသတ်ကျ ကျွန်တော်တို့ သုံးယောက်ပဲ…. တစ်နေ့တည်း၊ တစ်လတည်း၊ တစ်နှစ်တည်းမှာ သေကြမယ်လို့ ကျိန်ခဲ့ကြပေမယ့်…. အစ်ကိုသုံး ထွက်သွားလို့ နှစ်ရှစ်သိန်း ကြာခဲ့တာတောင် ကျွန်တော်တိုသုံးယောက်ကတော့ အကောင်းကြီး ရှိနေသေးတယ်…. တစ်ယောက်မှ သူ့နောက် လိုက်မသွားခဲ့ကြဘူး.. ဒါကြောင့် ကျွန်တော် အစ်ကိုကြီးကို မယုံဘူး”

မဟာဧကရာဇ် မီးပုံယမ်းကျ ပေါက်ကွဲတော့မည့်အချိန် ချင်မူက ပျာပျာသလဲ ပြော၏။ “ကျွန်တော် ပြောချင်တာက ကျွန်တော် နတ်ဘုရားစီရင်ရာစင်မြင့်အထိ ရောက်ပြီးမှ အစ်ကိုကြီးကို လွှတ်ပေးဖို့ပါ… အစ်ကိုကြီးနဲ့ ကျွန်တော့်သွေးသောက်ညီအစ်ကိုတွေ တစ်ခါတည်း သင်ပုန်းချေ….”

“ငါ့ကို အစ်ကိုကြီးလို မခေါ်စမ်းနဲ့” မဟာဧကရာဇ်က ခက်ထန်စွာ အော်သည်။

ချင်မူက စပ်ဖြဲဖြဲဖြင့် ခေါ်လေသည်။ “အစ်ကိုကြီး…”

ထွီ…

မဟာဧကရာဇ်၏ အသိစိတ်အလျဉ်က သူ့မျက်နှာပေါ်သို့ လာစင်လာသော်လည်း ချင်မူကား စိတ်ထဲမထားပေ။ “တာအိုနောင်တော်၊ စိတ်လျှော့ပါဦး… ခင်ဗျားနဲ့ ကျွန်တော်က ကတိတည်တတ်တဲ့သူတွေ မဟုတ်ဘူးလေ… ကတိမဖျက်ဘူးလို့ ပြောရုံနဲ့ ဘယ်လိုယုံရမှာလဲ… ကျွန်တော် ခင်ဗျားကို လွှတ်ပေးပြီးမှ ခင်ဗျားဘက်က ကတိဖျက်လိုက်ရင် အကုန်လုံး သဲထဲရေသွန် ဖြစ်သွားမယ်မဟုတ်လား”

မဟာဧကရာဇ်၏ မျက်နှာအမူအရာမှာ သုန်မှုန်နေပြီး တခဏကြာသော် သူက နှာခေါင်းရှုံလိုက်သည်။ “မင်း နတ်ဘုရားစီရင်ရာစင်မြင့်ဆီ သွားတာ ငါ စောင့်ပေးလိုရတယ်… ဒါပေမဲ့ အဲဒီအချိန်အတွင်းမှာ ငါ့ကို ရတနာတစ်ပါးအဖြစ် သုံးပြီး တခြားသူတွေကို တိုက်ခိုက်လို့မရဘူး… ငါ့ရဲ့ မဟာဧကရာဇ်သိက္ခာ အကျမခံနိုင်ဘူး”

ချင်မူက ခေါင်းတဆတ်ဆတ် ညိတ်၍ ပြုံးနေသည်။ “နောင်တော် တွေးနေတာ ကျွန်တော် နားလည်ပါတယ်… “

“နောက်တစ်ခုက ငါ့ကို နောင်တော်လို့ မခေါ်နဲ့… အစ်ကိုကြီးလို့လည်း မခေါ်နဲ့”

ချင်မူက ပြုံးဖြဲဖြဲပင်။ “ကျွန်တော်တို့က သွေးသောက်ညီအစ်ကိုတွေလေ… ဆိုတော့ တစ်ရက်တည်း၊ တစ်လတည်း၊ တနှစ်တည်းမှာ သေဆုံးချင်တာမလား…”

“အဲဒီ့အကြောင်း ထပ်မပြောစမ်းနဲ့”

ချင်မူက တခဏစဉ်းစားနေပြီးနောက် ဒေါင်လိုက်မျက်လုံး၏ ချင်စာလုံးမြေထဲမှ ရတနာများအား ဝိညာဉ်သ‌န္ဓေသားရတနာထဲသို့ ပို့လိုက်သည်။ ထိုနောက်မှသာ အတားအဆီးအစီအရင်အား မျက်ခုံးနှစ်ဖက်ကြားသို့ ထည့်၏။ သူ၏ ချင်စာလုံးမြေထဲ၌ ရတနာများစွာ ရှိနေသည် မဟုတ်လော။ ထိုရတနာများထဲမှ အချို့မှာ တခြားသူများ တွေ့သွား၍ မဖြစ်သော ရတနာများဖြစ်သည်။ အထူးသဖြင့် စကြ၀ဠာအဟောင်းမှ သိုင်းပညာရှင်၏ လေးနှင့် အရှင်မယွမ်မု၏ ရုပ်ခန္ဓာပင်။

ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာမှာလည်း သူ၏မျက်ခုံးနှစ်ခုကြားတွင် ရှိနေသေးသော်လည်း ချင်စာလုံးမြေနှင့် မထိစပ်ပေ။ ထိုက်ရှီဥကလည်း ထိုက်ရှီကျောက်တုံးတွင်းထဲက ဝပ်နေသည်။

အတားအဆီးအစီအရင်ထဲတွင် မဟာဧကရာဇ်၏ ဦးခေါင်းကြီးသည် ပတ်ဝန်းကျင်အား ကြည့်နေပြီး ရုတ်တရက် ချင်မူ၏ ဒေါင်လိုက်မျက်လုံး သူငယ်အိမ်ကို ဖျတ်ခနဲ မြင်လိုက်ရသည်။ ထိုက်ကျိကျောက်တုံးရိုင်းအား ချင်စာလုံးမြေ၏ အလယ်ဗဟိုတွင် ထိုးစိုက်ထားလေသည်။ သူက ချက်ချင်း အသိစိတ်အလျဉ်ကို သုံးလျက် အတားအဆီးအစီအရင်နှင့်အတူ ရုန်းကန်ပျံတက်လိုက်၏။ သူ့မှာ သူက ဟောဟဲလိုက်ရင်း ထိုက်ကျိကျောက်တုံးဆီ ပျံသန်းသွားသည်။

သူ ကျောက်တုံးရှေ့သို့ ရောက်သွား၍ သေချာ စစ်ဆေးကြည့်တော့မည်အချိန်တွင် တစ်ခုခု မှားယွင်းသွားကြောင်း ခံစားလိုက်ရပြီး တစ်စုံတစ်ခုက သူ့ကို ချင်စာလုံးမြေထဲမှ ဆွဲထုတ်လိုက်သည်။ “တာအိုနောင်တော်မဟာဧကရာဇ်၊ ဒီထဲမှာ ကျွန်တော် နောင်တော့်ကို မသိစေချင်တဲ့ လျှို့ဝှက်ချက်လေးတစ်ခု ရှိတယ်… ဆိုတော့ တခဏတော့ ဒုက္ခပေးရဦးမယ်… ကျွန်တော် ကျောပိုးသွားပါ့မယ်” သူက ထိုသို့ပြောပြီးနောက် ရွှေရောင်ကြိုးတစ်ကြိုး ထုတ်လျက် အတားအဆီးအစီအရင်အား ကျောပေါ်တွင် သယ်ဆောင်လိုက်သည်။

မဟာဧကရာဇ်၏ ဦးခေါင်းမှာ ဇောက်ထိုးချထားခံထားရသဖြင့် ချင်မူ၏ ခြေဖနောင့်ကိုသာ မြင်နေရရာ နှာခေါင်းရှုံ့လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်း အချိန်မီ ဆွဲလိုက်တာတောင်မှ ငါ မြင်လိုက်ရသေးတယ်နော်… အဲဒီကျောက်တုံးက ကမ္ဘာဦးမူလကျောက်တုံးအတိုင်းပဲ.. အမျိုးအစားတစ်ခုတည်း ဖြစ်တဲ့အပြင် ရှေးဟောင်းကျောက်တုံးတွင်းထဲကနေ တူးလာတဲ့ ကျောက်တုံးရိုင်းတွေမလား”

ချင်မူက မဟူရာသစ်ပင်ကြီးရှိရာသို့ လျှောက်နေပြီး အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် တုံ့ပြန်သည်။ “မဟာဧကရာဇ်ရဲ့ ဗဟုသုတက တကယ်ကို ချီးကျူးလောက်ပါပေတယ်… ဒါပေမဲ့ ဒီကျောက်တုံးရိုင်းက ခင်ဗျားရဲ့ဟာနဲ့ မတူဘူး… ဒီကျောက်တုံးရိုင်းကို ကျောက်တုံးတွင်းပိုင်ရှင်က ကြည်ကြည်ဖြူဖြူ ပေးခဲ့တာ…. ခင်ဗျားကတော့ လုယူသွားတာလေ.. ခင်ဗျားက ကျောက်တုံးတွင်းပိုင်ရှင်နဲ့ ရန်ငြိုးဖွဲ့ခဲ့မိပေမယ့် ကျွန်တော်ကတော့ မိတ်ကောင်းဆွေကောင်းဖြစ်လာခဲ့တယ်”

မဟာဧကရာဇ်က တဟားဟား ရယ်သည်။ “ကျောက်တုံးရိုင်းဆိုတာ ကျောက်တုံးတွင်းထဲက ရှေးဟောင်းနတ်ဘုရားတွေအတွက် ဘယ်လောက်အသုံးဝင်တာမှတ်လို့… မင်းလိုကောင်က ခြိမ်းခြောက်ပြီး မင်းကို ပေးဖို့ ဖိအားပေးခဲ့တာပဲ ရှိမှာ… ကောင်းကင်နတ်အရှင်မူ၊ မင်းက ‘မိတ်ဆွေ’ဆိုတဲ့စကားလုံးကို အထင်မှားနေတာမလား… အဲ့ဒီရှေးဟောင်းနတ်ဘုရားက မင်းနဲ့ မိတ်ဆွေဖွဲ့တာ မဟုတ်ဘဲ မင်းကို မကောင်းကြံနေတာ ဖြစ်လိမ့်မယ်”

ချင်မူက တခဏတုံ့ဆိုင်းသွားပြီးနောက် ခေါင်းရမ်းသည်။ သူက စိတ်ရင်းဖြင့် ပြော၏။ “လူ့သဘာဝက ကောင်းသေးတယ်လို့ ကျွန်တော် ယုံတယ်”

မဟာဧကရာဇ်မှာ အလွန်အမင်း ဒေါသထွက်သွားကာ ရယ်လိုက်သည်။ “မင်းရဲ့ ပါးစပ်ပေါက်ကနေ အဲဒီလိုထွက်လာတာက လူ့သဘာဝကို ချီးတွင်းထဲ ပစ်ချလိုက်သလိုပဲ… ဒီအကြောင်း မပြောကြစို့… မင်းရဲ့မျက်လုံးထဲမှာ ထိုက်ချူအရှိန်အဝါတွေ အာရုံခံလို့ရတယ်… ထိုက်ချူရဲ့ ဥခွံကို ခိုးသွားတာ မင်းမလား”

“ကျ… ကျွန်တော့်ကို မဟုတ်တမ်းတရားတွေ မစွပ်စွဲပါနဲ့ဗျ”

ချင်မူ့မျက်နှာကြီးက နီရဲလာပြီး ထစ်အစွာ ပြန်ပြောနေသည်။ “ဒါ အသရေဖျက်တာပဲ… လူကြီးလူကောင်းတစ်ယောက်ဆိုတာ လူသာ ဆင်းရဲမယ် .... သိက္ခာတော့ ရှိတယ်ဗျ… ကျွန်တော်က ဘာလို့ အဲ့လိုမျိုးလုပ်ရမှာလဲ… ဒါ စော်ကားတာပဲ... သက်သက်မဲ့ နာမည်ဖျက်နေတာ”

မဟာဧကရာဇ်က နှာခေါင်းရှုံ့လိုက်သည်။ ထိုအခိုက်အတန့်တွင် သစ်မြစ်တစ်မြစ်က သူတို့အနောက်ရှိ မြေကြီးထဲမှ တဖြည်းဖြည်း ဖောက်ထွက်လာ၏။ မဟာဧကရာဇ်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားလေသည်။ ’အမိကမ္ဘာမြေလား’

အမိကမ္ဘာမြေ၏ သစ်မြစ်သည် ပိုပို၍ ရှည်ထွက်လာပြီး ချင်မူ့ကျောရှိ အတားအဆီးအစီအရင်ကို ချိုးဖျက်ရန် အသာအယာ ထိတွေ့လိုက်၏။

မဟာဧကရာဇ်၏ မျက်လုံးများ ဖျတ်ခနဲ တောက်ပသွားသည်။ ‘ငါတို့နှစ်ယောက်လုံးက လောကကြီးရဲ့ အဆုံးအထိ ရောက်ခဲ့ကြတဲ့သူတွေပဲ… အမိကမ္ဘာမြေက ငါ့ကို အတားအဆီးအစီအရင်ကနေ လွတ်ပေးမယ့်သူများ ဖြစ်နေမလား… သူလည်း ဒဏ်ရာအပြင်းအထန် ရထားပြီး အဘက်ဘက်ကနေ ပစ်မှတ်ထားခံနေရတာ… သူ့မှာ မိတ်ဆွေမရှိဘူး…ငါနဲ့ ပူးပေါင်းချင်တာ နေမယ်… ငါ အတိတ်တုန်းက သူ့အပေါ် ရန်ငြိုးရှိခဲ့ပေမယ့် ပူးပေါင်းဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး ....’

All Chapters