← Chapters

ဖန်ဆင်းရှင်တို့၏ အပြစ်သား

Vol. 101 Ch. 1322

ဖန်ဆင်းရှင်တို့၏ အပြစ်သား

Vol. 101 Ch. 1322

အတားအဆီးအစီအရင်၏ အနောက်တွင် မဟာဧကရာဇ်မှာ ဒိန်းခနဲ သွေးဆောင့်တက်သွားသည်။ ‘ဒီအသံ… ချီးပဲ… အဲ့မြေခွေးအိုကြီး အသက်ရှင်သေးတာလားဟ…’

သူက ချက်ချင်း အသိစိတ်အလျဉ်ကို အသက်သွင်းလျက် ရှုကျွင်း၏ အသိစိတ်အလျဉ်ကို လှည့်စားရန် ပုံရိပ်ယောင်တစ်ခု ကြိုးစားဖန်ဆင်းလိုက်၏။

သို့သော် ချင်မူ၏ ကျောက်တုံးတွင်းလေးတွင်း အတားအဆီးအစီအရင်မှာ အားကောင်းလွန်းသောကြောင့် သူ အသုံးပြုနိုင်သည့် အသိစိတ်အလျဉ်ပမာဏမှာ ကန့်သတ်ခံထားရ၏။ ထို့အပြင် အသိစိတ်အလျဉ် ပုံရိပ်ယောင် ဖန်ဆင်းရာတွင် ကျွမ်းကျင်သူက ကုန်းယွင်ဖြစ်သည်။ သူ မဟုတ်ပေ။

မဟာဧကရာဇ်မှာ စိတ်ထဲ၌ ခါးသီးစွာ အော်ဟစ်ညည်းညူနေတော့သည်။ ရှုကျွင်းက သူ၏ ရန်သူတော်ဟောင်းကြီး ဖြစ်သည်သာမက ဝါအရ သူ၏ဦးလေး ဖြစ်နေသေးသည်။

ကမ္ဘာ‌ဦးခေတ်၏ ဘုရင်သုံးပါးထဲတွင် နတ်ဘုရင်ပိုယန်သည် အတည်ငြိမ်ဆုံး ဖြစ်ကာ မဟာဧကရာဇ်ရာထူးအတွက် ယှဉ်ပြိုင်မတိုက်ခိုက်ခဲ့ပေ။ နတ်ဘုရင်ကုန်းယွင်မှာ တိုက်ခိုက်ချင်ခဲ့သော်လည်း မတိုက်ခိုက်ခဲ့ဘဲ မဟာဧကရာဇ်နှင့် လက်ထပ်ခဲ့သည်။

ကုန်းယွင်ကား မဟာဧကရာဇ် ဖြစ်လာနိုင်သည်ကို သိသည့်အလျောက် သူ၏ဇနီးအနေဖြင့် လောကကို အုပ်စိုးခဲ့လေသည်။

အခြားတစ်ဖက်တွင် ရှုကျွင်းကတော့ လက်ပေါက်အကပ်ဆုံးပင်။ အစမှ အဆုံးအထိ လုံးဝအရှုံးမပေးခဲ့ဘဲ အမြဲ တိုက်ခိုက်ပြီးရင်း တိုက်ခိုက်ခဲ့သည်။ သူ၏ ဦးလေးရာထူးဖြင့် မဟာဧကရာဇ်ကို အဖက်မတန်စွာ ဆက်ဆံခဲ့သည်။

ကမ္ဘာဦးခေတ်တုန်းက မဟာဧကရာဇ်ကို ခေါင်းအကိုက်စေဆုံးသူမှာ ရှုကျွင်းသာ ဖြစ်လေသည်။

ယခု သူ့၌ ခေါင်းသာ ကျန်တော့သည်ကို မြင်ပါက… မည်သို့စကားများ ပြောလာမည်လဲ မသိနိုင်။

ရှုကျွင်းသည် ချင်မူ့ဘေးသို့ ရောက်လာပြီး ခေါင်းငဲ့၍ ချင်မူ့ကျောပေါ်ရှိ အတားအဆီးအစီအရင်ကို အကဲခတ်နေသည်။ သူက ပြုံးဖြဲဖြဲဖြင့် မေးသည်။ “မင်း ဘယ်ကနေ ရတနာ ရလာပြန်ပြီလဲ… မင်းကွာ မဟာဧကရာဇ်အလောင်းကို သွားကောက်ခဲ့သင့်တာ…. ငါ‌တောင် သွားကောက်ခဲ့သေးတယ်…. ကံဆိုးစွာနဲ့ ဘာမှ ရှာမတွေ့ခဲ့ဘူး…. ဟင်..…”

သူ၏မျက်နှာအမူအရာက အံ့အားသင့်သွားပြီး သူ့အကြည့်သည် ‌အတားအဆီးအစီအရင် အနောက်ရှိ ကျောက်တုံးတွင်းငါးတွင်းဖြင့် ချုပ်နှောင်ခံထားရသော ဦးခေါင်းအပေါ်သို့ ကျရောက်သွား၏။ သူ့မှာ အကြည့်မလွှဲနိုင်တော့ဘဲ မျက်နှာအမူအရာလည်း တောင့်တင်းသွားသည်။ တခဏကြာသော် သူ၏မျက်နှာသည် ခက်ထန်တင်းမာလာပြီး အံကြိတ်လိုက်သည်။ “မဟာဧကရာဇ်…”

မဟာဧကရာဇ်မျာ သက်ပြင်းချလိုက်ရင်း နှာခေါင်းရှုံ့လေသည်။ “ရှုကျွင်း၊ မင်း အသက်ရှင်နေတာလား… ငါတို့ မတွေ့ရတဲ့ ကမ္ဘာများ ရှိ…”

“ခွေးမသား...”

ရှုကျွင်းက ဒေါသူပုန်ထသွားပြီး ဆဲဆိုတော့သည်။ “ငါ့ဖန်ဆင်းရှင်မျိုးနွယ်ကို ဖျက်ဆီးပစ်ခဲ့တဲ့ အမှိုက်ကောင်… ကောင်းကင်က မင်းကို သနားနေတာပဲ… ခွေးမသား၊ ‌မင်းကြောင့် ငါ့ဖန်ဆင်းရှင်မျိုးနွယ်တွေ သေခဲ့ရတာ… အာလုံး သေကုန်ပြီး မင်းကျတော့ ဘာလို့မသေသေးတာလဲ…ခွေးမသားးးး”

“ပါးစပ်ပိတ်ထားစမ်း”

မဟာဧကရာဇ်လည်း အမျက်တချောင်းချောင်း ထွက်လာသဖြင့် ဆံပင်မွှေးများ ထောင်လာသည်။ ရှေးဟောင်းဧကရာဇ်တစ်ပါး၏ ရာဇာမာန်သည် ပြိင်ဘက်ကင်း၏။ သူသည် ဒေါသထွက်လွန်းသဖြင့် အသံများပင် တုန်ရီနေလေသည်။ “မင်းက ဘုရင်တစ်ပါးသက်သက်ပဲ… ငါက ဧကရာဇ်… စကားကို ကြည့်ပြော”

“ခွေးမသား မဟာဧကရာဇ်”

ခေါင်းကြီးကြီးလူငယ်က သူ့ကို တိုက်ခိုက်ကာ ဒေါသတကြီး ပြောနေ၏။ “ဖန်ဆင်းရှင်မျိုးနွယ်မရှိရင် မင်းက ဘာဧကရာဇ်မလို့... လီးဧကရာဇ်လား… ငါမျိုးနွယ်၀င်တွေအားလုံး မင်းကြောင့် သေခဲ့ရတာ…”

မဟာဧကရာဇ်မှာ အရိုက်ခံရုံသာ တတ်နိုင်သည်။ အတားအဆီးအစီအရင်ကြောင့် သူ့မှာ မခုခံနိုင်ဘဲ ‌ဒေါသတကြီး လှမ်းအော်၏။ “ကောင်းကင်နတ်အရှင်မူ၊ သူ့ကို တားပေးစမ်းပါ”

ချင်မူက သူ့ကို မတားသဖြင့် မဟာဧကရာဇ်မှာ ဆွေ့ဆွေ့ခုန်နေတော့သည်။ “ဦးရီးတော်ကျွင်း၊ မင်းက ဖန်ဆင်းရှင်တွေ ပျက်စီးရတာအတွက် ငါ့ကို အပြစ်တင်ရဲသေးတယ်ပေါ့” သူက အော်ဟစ်လိုက်သည်။ “အဲ့တုန်းက မင်းကရော ငါ့ထက် ဘာထူးလို့လဲ… ငါတို့ ဘိုးဘေးနန်းတော်ကနေ နှင်ထုတ်ခံရတုန်းက ငါတို့ဩဇာအာဏာတွေက ရှေးဟောင်းနတ်ဘုရားတွေထက် နိမ့်ကျနေခဲ့ပြီလေ…. တိုက်ခိုက်ချင်ခဲ့တာ မင်း မဟုတ်ဘူးလား.. အဲ့ဒီတုန်းက ငါက အာဏာဆုံးရှုံးခဲ့ရတာမလို့ ဖန်ဆင်းရှင်မျိုးနွယ်စစ်တပ်တွေကို အမိန့်မပေးနိုင်တဲ့ အခြေအနေလေ… မျိုးနွယ်စုတွေက မင်းကို တပ်မှူးအဖြစ် တင်မြှောက်ပေးခဲ့တာ မဟုတ်လား … အဲ့အချိန်တုန်းက ခင်ဗျားက မဟာဧကရာဇ်ဖြစ်နေပြီ… ငါက လေလွင့်ခွေးတစ်ကောင်အဆင့် ရောက်နေတာ .. ဘာအာဏာမှ မရှိခဲ့ဘူးကွ…”

ရှုကျွင်းက မဟာဧကရာဇ်၏ မျက်နှာကြီးကို ဖိချပြီး စုတ်ပြဲဖူးယောင်လာသည်အထိ ရိုက်နှက်နေ၏။

မဟာဧကရာဇ်မှာ မထူးတော့သဖြင့် ခပ်ဟဟ ရယ်လိုက်ရင်း ပြောသည်။ “ပိုယန်က အဲ့ဒီတုန်းက သေသွားပြီ… ငါက ကမ္ဘာဦးကျောက်တုံးကို ခွဲပစ်ခဲ့လို့ နယ်နှင်ဒဏ်ပေးခံခဲ့ရတယ်… ကုန်းယွင်ကလည်း ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ သတ်တာ ခံခဲ့ရတယ်… နတ်ဘုရင်သုံးပါးထဲမှာ မင်းတစ်ယောက်ပဲ ကျန်ခဲ့တာ.. မင်းက ဖန်ဆင်းရှင်မျိုးနွယ်ရဲ့ နောက်ဆုံးမဟာဧကရာဇ်ပဲ.. မင်းက ဘာလုပ်ခဲ့သလဲ”

ရှုကျွင်းမှာ ထိုစကားကို ကြားလျှင် ဒေါသူပုန်ထသွားသည်။ သူက ဦးခေါင်းကြီးကို ကိုင်မြှောက်၍ အသက်ပြင်းပြင်းရှူရင်း အားကုန် ထုရိုက်နေတော့သည်။

“အဲ့ဒီအချိန်တုန်းက မင်းအနေနဲ့ မင်းမျိုးနွယ်တွေနဲ့အတူ ထွက်ပြေးပြီး မဟာလေဟာနယ်ကို ရှာတာဖြစ်ဖြစ် မဟာလေဟာနယ်နောက်တစ်ခု ဖန်ဆင်းတာဖြစ်ဖြစ် လုပ်ခဲ့လို့ရတယ်.. ဒါမဲ့ မင်း ဘယ်လုပ်ခဲ့သလဲ… မင်းက တပ်မှူးကြီးဖြစ်လာပြီး ကမ္ဘာဦးဘုံရဲ့ ရှေးဟောင်းနတ်ဘုရားတွေကို တိုက်ခိုက်ခဲ့တယ်လေ… ခင်ဗျားရဲ့တိုက်ပွဲက သွေးသံချေးဇုန်မှာလေ…”

မဟာဧကရာဇ်မှာ မည်သည့်နာကျင်မှုကိုမှ မခံစားရသည့်အလား အော်ဟစ်နေ၏။ ‘“ဖန်ဆင်းရှင်မျိုးနွယ်ရဲ့ နောက်ဆုံးလက်ရွေးစင်တွေက မင်းကြောင့် မျိုးသုဉ်းခဲ့ရတာ… မင်းကြောင့် သေခဲ့ရတာ.. ငါတို့မျိုးနွယ် သေခဲ့ရတာ မင်းကြောင့်ပဲ… ဒါတောင်မှ မင်းက ငါ့ကို ခွေးမသားတဲ့လား… ဟက်.. မင်းကသာ ခွေးမသားကြီး..”

ရှုကျွင်းမှာ ရုတ်တရက် မြေ‌ပေါ် ထိုင်ချလိုက်သည်။ သူ့မျက်လုံးများမှာ မှိုင်တွေနေပြီး မဟာဧကရာဇ်ကို ရိုက်နှက်နိုင်သည့်ခွန်အား မရှိတော့ပေ။

ခေါင်းကြီးလူငယ်၏ မျက်နှာတွင် စိတ်ပျက်အားငယ်မှုတို့ ပြည့်နှက်နေ၏။ သူက ရုတ်တရက် မျက်နှာကို အုပ်ကာ ငိုတော့သည်။

မဟာဧကရာဇ်မှာ စုတ်ပြတ်ဖူးယောင်နေသည့် မျက်နှာကြီးဖြင့် အေးစက်စွာ ပြော၏။ “မင်းက အမြဲတမ်း ငါ့ကို အနိုင်ယူပြီး မဟာဧကရာဇ် ဖြစ်လာချင်ခဲ့တယ်… နောက်ဆုံး မျိုးနွယ်စုအတွက် အန္တရာယ်အရှိဆုံး အခြေအ‌နေမှာ မင်း မဟာဧကရာဇ် ဖြစ်လာခဲ့တယ်… မျိုးနွယ်စုတွေရဲ့ ခေါင်းဆောင်တွေ၊ အကြီးအကဲတွေက မင်းက ကာကွယ်ပြီး မဟာဧကရာဇ်ပလ္လင်ပေါ် ထိုင်နိုင်အောင် ခွင့်ပြုပေးခဲ့ကြတာ…သူတို့ကတော့ မင်း အခြေအနေကို ပြောင်းပြန်လှန်ပြီး မျိုးနွယ်ဝင်တွေ အသက်ရှင်အောင် စွမ်းဆောင်ပေးနိုင်မယ် မျှော်လင့်ခဲ့ကြတာပေါ့… မင်း အဲ့လို လုပ်ခဲ့ရဲ့လား…”

ရှုကျွင်းက လေးဖက်ထောက်၍ ထရပ်ရန် ကြိုးစားလိုက်သော်လည်း မထနိုင်ပေ။ ထိုအစား သူက ‌‌အန်လိုက်၏။ သို့သော် မည်သည်မှ ထွက်မလာ။ တံတွေးတချို့သာ ထွေးထုတ်လိုက်နိုင်သည်။

“အပြစ်သား ငမိုက်သား” မဟာဧကရာဇ်က ‌အေးစက်စက် ပြော၏။

ရှုကျွင်းမှာ အားပြတ်သွားပြီး မြေကြီးပေါ်၌သာ လှဲနေသည်။ သူ့မျက်လုံးများမှာ အသက်မရှိတော့သည့်အလား မှေးမှိန်နေ၏။

ချင်မူက မည်သည်မှ မပြောဘဲ ထိုမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေသည်။ ရှုကျွင်းတစ်ယောက်တည်းသာ ငါးသေတစ်ကောင်အလား ဟောဟဲလိုက်လျက် အသက်ရှူနေသည်။

မဟာလေဟာနယ်၏ ဖန်ဆင်းရှင်မျိုးနွယ်သည် ရှုကျွင်းကို အဖက်မလုပ်ခဲ့ကြပေ။ နတ်ဘုရင်လန်ဝူပင်လျှင် သူ့ကို ဂရုမစိုက်။

ယခင်က ချင်မူမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်ခဲ့မိသည်။ သူသည် အပြင်လူတစ်ယောက်သာ ဖြစ်သော်လည်း ဖန်ဆင်းရှင်တို့ အထွတ်အမြတ်ကလေးငယ် ဖြစ်လာခဲ့၏။ ရှေးခေတ်၏ နတ်ဘုရင်တစ်ပါးအနေဖြင့် ရှုကျွင်းသည် ဖန်ဆင်းရှင်တို့ထံမှ လေးစားမှုအား မရရှိခဲ့ပေ။

ယခုတော့ ၎င်းနောက်ကွယ်မှ အကြောင်းရင်းကို နားလည်သွားပြီဖြစ်သည်။

တခဏကြာသော် ချင်မူက ရှုကျွင်းကို ဆွဲထူပေးလိုက်သည်။ ရှုကျွင်းမှာ နှစ်များစွာ အိုမင်းသွားသည့်အလား သူ့လက်ကို အားနည်းစွာ ပုတ်ထုတ်ပြီး မျက်နှာမပြလိုသည့်အလား ချင်မူ့ကို မကြည့်ပေ။ သူက လှည့်၍ သစ်နက်တောင်တစ်သိန်းထဲမှ ဒယိမ်းဒယိုင်ဖြင့် ထွက်ခွာသွားသည်။

ရှုကျွင်းသည် ဒဏ်ရာရသွားသည့် ဝံပုလွေအိုကြီးအလားပင်။ သူက ထော့နဲ့ထော့နဲ့ဖြင့် အဝေးသို့ ဖြည်းဖြည်းချင်း လျှောက်သွား၏။

မဟာဧကရာဇ်သည် အမှန်တကယ် အစွမ်းထက်၏။ သူ့တွင် ခေါင်းသာ ကျန်တော့သည့်အပြင် ချင်မူ၏ အချုပ်အနှောင်ခံထားရသည့်တိုင် လူတိုင်း၏ အားနည်းချက်ကို အတိအကျ ဖမ်းဆုပ်၍ တာအိုနှလုံးသားတို့ကို နင်းချေပစ်နိုင်သည်။

လက်ရှိရှုကျွင်းမှာ သူ့ကို စိတ်မဝင်စားတော့ပေ။ ဤအတိုင်း ထွက်သွားပါက လုံးဝလက်လျှော့သွားပြီး လူသူကင်းမဲ့သော နေရာတစ်နေရာတွင် သတ်သေသွားလိမ့်မည်။

“ရှုကျွင်း”

ချင်မူက သူ့ကို တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် လှမ်းခေါ်လိုက်သည်။ “ခင်ဗျားက ဖန်ဆင်းရှင်တစ်ယောက် ဖြစိတုန်းလား”

ရှုကျွင်းက ရပ်၍ လှည့်ကြည့်လာသည်။

“ကျွန်တော်က ဖန်ဆင်းရှင်မျိုးနွယ်ရဲ့ အထွတ်အမြတ်ကလေးငယ်ပဲ… တာဝန်ယူပေးရဲတဲ့ နတ်ဘုရင်တစ်ပါး လိုတယ်”

All Chapters