← Chapters

ကိုယ့်အတတ်ကိုယ်စူးသော ဖက်တီးနဂါး

Vol. 101 Ch. 1323

ကိုယ့်အတတ်ကိုယ်စူးသော ဖက်တီးနဂါး

Vol. 101 Ch. 1323

ချင်မူက ရှုကျွင်းအရှေ့သို့ လျှောက်သွားလိုက်ပြီး သူ၏၀တ်ရုံကို ချွတ်ကာ ပခုံးပေါ် တင်ပေးလိုက်ရင်း ပြုံးလျက် ပြောသည်။ “ဖန်ဆင်းရှင်မျိုးနွယ်အတွက် သူ့အသက်ကိုတောင် စတေးပြီး တိုက်ခိုက်ပေးရဲတဲ့ သူရဲကောင်းတစ်ယောက် လိုအပ်တယ်… ဒီမှာပဲ နေပါ… ကမ္ဘာဦးခေတ်က ကုန်ဆုံးသွားခဲ့ပြီ… ဖန်ဆင်းရှင်တွေမှာ အနာဂတ်ရှိပါသေးတယ်…”

ရှုကျွင်းက သူ့ကို ငေးကြည့်ကာ ရေရွတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက ဖန်ဆင်းရှင်အစစ် မဟုတ်ဘူး”

ချင်မူက တောက်ပစွာ ပြုံး၏။ “အန္တရာယ်ကို မကြောက်တဲ့သူတိုင်း ကမ္ဘာကြီးကို ပြောင်းလဲဖို့ သတ္တိရှိတယ်…အသစ်အသစ်တွေကို ဖန်ဆင်းရဲတယ်….တောင်တွေကို တွေ့တဲ့အခါ လမ်းဖောက်ရဲတယ်….မြစ်နဲ့ တွေ့ရင် တံတားဆောက်ရဲတယ် ... အဲဒီလိုလူတွေအားလုံးက ဖန်ဆင်းရှင်ပဲ….. ရှုကျွင်း၊ လက်ရှိ ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ လက်ရှိလူသားမျိုးနွယ်နဲ့ ဖန်ဆင်းရှင်တွေကြားမှာ ကွာခြားချက် ရှိလား”

ရှုကျွင်းမှာ အတော်လေး ရင်ထဲထိသွားပြီး ပြန်လိုက်လာသည်။

အတားအဆီအစီအရင်ထဲတွင် မဟာဧကရာဇ်က နှာခေါင်းရှုံ့လိုက်၏။ “ရှုကျွင်း၊ ဖန်ဆင်းရှင်တွေရဲ့ အပြစ်သား… မင်းက ကိုယ့်မျိုးနွယ်ကို အန္တရာယ်ပေးခဲ့ပြီးတာတောင် လူသားမျိုးနွယ်ကို အန္တရာယ်ပေးချင်နေသေးတာလား”

သူက ကျယ်လောင်စွာ လှောင်ရယ်နေသည်။ “ကမ္ဘာဦးခေတ်တုန်းက မင်း ငါ့ကို ရင်ဆိုင်ခဲ့ရတုန်းက မင်း ရှုံးခဲ့တယ်... ရှေးဟောင်းနတ်ဘုရားတွေနဲ့ ရင်ဆိုင်ခဲ့ရတုန်းကလည်း ရှုံးခဲ့တယ်… မင်းက ဘယ်ဟာကိုမဆို ရှုံးခဲ့တာ… အနာဂတ်မှာလည်း အရှုံးသမားဖြစ်နေဦးမှာပဲ”

ရှုကျွင်း၏ နှုတ်ခမ်းထောင့်များ တွန့်သွားသော်လည်း သူက မည်သည်မှမပြောပေ။

ချင်မူက အေးအေးလူလူ တုံ့ပြန်သည်။ “မဟာဧကရာဇ်၊ ကမ္ဘာဦးခေတ်ရဲ့ ဖန်ဆင်းရှင်တွေကို အမှန်တကယ် မျိုးသုဥ်းစေခဲ့တဲ့သူက ခင်ဗျားပဲ… အဲဒီတုန်းက အဲဒီအခြေအနေကို ရင်ဆိုင်ရတဲ့ ဘယ်သူမဆို ရလဒ်ကို ပြောင်းလဲပေးနိုင်မှာမဟုတ်ဘူး… ကျွန်တော် ရှုကျွင်းကို လေးစားတာက ခင်ဗျားလို ထွက်မပြေးခဲ့ဘဲ ကျန်ခဲ့ပြီး တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာကြောင့်..… သူက တာဝန်ယူပေးခဲ့ပေမယ့် ခင်ဗျားကတော့ တာဝန်မယူခဲ့ဘူး”

မဟာဧကရာဇ်က ခပ်ယဲ့ယဲ့ ပြုံးသည်။ “အသက်ရှင်ကျန်တဲ့သူက အနိုင်ရတဲ့သူပဲ… ကောင်းကင်နတ်အရှင်မူ၊ မင်း ဘာမှမသိပါဘူး”

ချင်မူက တဟားဟား ရယ်လိုက်ပြီး ချီစွမ်းအင်ဖြင့် အတားအဆီးအစီအရင်ကို မ,ကာ ရှုကျွင်းထံ ပေးလိုက်သည်။ “ခင်ဗျားတို့က တူဝရီးတွေဆိုတော့ စကားပြောကြပါဦး…. ကျွန်တော့်မှာ လုပ်စရာတွေ ရှိသေးတယ်”

ရွှကျွင်းက အတားအဆီးအစီအရင်ကို ကိုင်ထားပြီး အထဲ၌ ပိတ်မိနေသော မဟာဧကရာဇ်အား စိုက်ကြည့်နေသည်။

မဟာဧကရာဇ်မှာ မျက်နှာကြီး မဲ့သွားကာ နှာခေါင်းရှုံ့လိုက်၏။ “ဦးလေးကျွင်း၊ မင်း အခုလေးတင် ငါ့ကို ရိုက်ခဲ့ပြီးပြီဆိုတော့ ငါတို့ ကြေပြီမလား....မင်းက အပြစ်သားမှန်းလည်း သိသွားပြီးမလား…. ဒီတော့ မင်းအနေနဲ့ ငါ့ကို အရှက်ခွဲဖို့ မပြောနဲ့ ဝေဖန်ပိုင်ခွင့်တောင် မရှိဘူး…. ကောင်းကင်နတ်အရှင်မူ၊ မင်းက ငါ့ကို ရတနာလိုလည်း အသုံးမပြပါဘူး... အရှက်လည်း မခွဲပါဘူးလို့ ကတိပေးခဲ့တယ်လေ”

ချင်မူက လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ “ကျွန်တော် ခင်ဗျားကို အရှက်ခွဲမိလို့လား…. ဒါပေမဲ့ ခင်ဗျားရဲ့ဦးလေးက အရှက်ခွဲချင်တယ်ဆိုရင်တော့ ကျွန်တော် တားလို့မရဘူးလေနော်”

မဟာဧကရာဇ်မှာ ဆွေ့ဆွေ့ခုန်သွားသော်လည်း အတားအဆီးအစီအရင်ထဲမှ ပျံမထွက်နိုင်ပေ။

ချင်မူ မဟူရာသစ်ပင်အနီးသို့ ရောက်သည့်အခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာသားများ သတ္တုကြောနောက်တစ်ကြောအား တူးဖော်ရန် ကြိုးစားနေကြကြောင်း တွေ့လိုက်ရသည်။ သူက ခေါင်းရမ်းလိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက လူတွေ ဘယ်တုန်းက လောဘတက်ကုန်ကြတာလဲ… သေရမှာ မကြောက်ကြတဲ့ပုံပဲ..”

သူက ကျောက်တုံးတွင်းဘေးသို့ လျှောက်သွားလိုက်ပြီး မေးလိုက်ရာ နတ်ဘုရားတစ်ပါးက ချက်ချင်း ဖြေသည်။ “ကျွန်တော်တို့က အနီးတစ်ဝိုက်က ကျောက်တုံးတွင်းတွေကိုပဲ တူးနေတာပါ… အထဲက ကမ္ဘာဦးနတ်လက်နက်တွေ မထိရဲပါဘူး… ဆရာမျက်ကန်းက လိမ္မာပါးနပ်စွာနဲ့ ကျွန်တော်တို့ တူးဖို့အတွက် နေရာတစ်နေရာ ရွေးပေးခဲ့ပြီး အလယ်က လက်နက်တွေကို ရှောင်ပေးခဲ့ပါတယ်… ဆရာရွှေအကတော့ အနီးတစ်ဝိုက်ကို တူးပြီး အလယ်ကိုတော့ ဧကရာဇ်အတိုင်ပင်ခံ သွားသေဖို့ ထားခဲ့မယ်လို့ ပြောပါတယ်ဗျာ”

ချင်မူသည် အင်မတန် ကျေနပ်သွားပြီး ပြုံးလိုက်၏။ “ဘိုးဘိုးမျက်ကန်းနဲ့ ဘိုးဘိုးရွှေအက ငါ့အကြောင်း သိနေတုန်းပဲ .. ဒါပေါ့… ငါက ‌သေကြောင်းကြံဦးမှာ… ဒါပေမဲ့ အဲဒီကမ္ဘာဦးနတ်လက်နက်တွေကို အရယူဖို့ ယုံကြည်ချက်အပြည့် ရှိတယ်”

သူ အမိန့်တချို့ ပေးနေစဉ် ပထမလူသားဧကရာဇ်တို့က ကျန်းယွင်ကျန့်အပါအဝင် မျိုးဆက်သစ်များကို ဦးဆောင်လျက် အပြင်မှ ပြန်လာနေသည်အား တွေ့လိုက်ရသည်။ ထိုလူငယ်များသည် ကမ္ဘာဦးသားရဲ့အချို့ကို စီးတော်ယာဉ်အဖြစ် သိမ်းပိုက်နိုင်ခဲ့သဖြင့် ထိုသားရဲများပေါ်တွင် တခံ့တညား လိုက်ပါစီးနင်းလာကြ၏။

‘ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ ဧရာမသားရဲစစ်တပ်တစ်တပ် ပိုင်ဆိုင်နိုင်လောက်မလား…’

ချင်မူက တခဏ တွေးတောတွက်ချက်နေပြီးနောက် နဂါးချီလင်နှင့် ယန်အာကို သွားတွေ့သည်။ သူတို့နှစ်ယောက်နှင့် တွေ့လျှင် ဟင်းလင်းပြင်သားရဲဥကို ထုတ်လိုက်၏။ “မဟာလေဟာနယ်ထဲက ဟင်းလင်းပြင်သားရဲတွေ မျိုးသုဉ်းသွားလောက်ပြီ… ဆိုတော့ ဒီဥက နောက်ဆုံးဟင်းလင်းပြင်သားရဲပဲ… ဥပေါက်လာရင် သားရဲမိခင် ဖြစ်လာလိမ့်မယ်… မင်းတို့ သေချာကာကွယ်ပေးထားကြ.... မျိုးမသုဥ်းစေနဲ့”

နဂါးချီလင်မှာ အားရဝမ်းသာစွာဖြင့် သားရဲဥအား အလျင်အမြန် ယူလိုက်သည်။ ယန်အာက ဆတ်ခနဲ ဆွဲယူလိုက်ရင်း ပြုံး၏။ “ငါ ဟိုဥအတွက် ဖွဲ့ထားတဲ့ အသိုက်ရှိသေးတယ်… ဆိုတော့ ဒီဥကို ဝပ်လို့ရတယ်…”

ချင်မူမှာ သူမ အလောတကြီး ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် နဂါးချီလင်ဆီသို့ ပြန်လှည့်ကြည့်သည်။ “ဖက်တီးနဂါး၊ မင်း ငါ့ကို ပြချင်တယ်ဆိုတာ ဘယ်မှာလဲ”

နဂါးချီလင်က ချင်မူအား သစ်နက်တောင်တစ်သိန်း၏ အလယ်သို့ ခေါ်ဆောင်သွားသည်။ ထိုနေရာတွင် အတားအဆီးအစီအရင်မျိုးစုံဖြင့် တည်ဆောက်ထားသော နန်းဆောင်များရှိနေပြီး ဖြစ်သည်။

နဂါးချီလင်က နန်းဆောင်တစ်ခုရှေ့သို့ လျှောက်သွားပြီး အတားအဆီးအစီအရင်များအား ဖွင့်လိုက်၏။ သူက တံခါးကို တွန်းဖွင့်ရင်း ပြောသည်။ “ဂိုဏ်းသခင်၊ ကြည့်လိုက်ပါဦး”

ချင်မူမှာ ခန်းမထဲသို့ လျှောက်ဝင်သွားပြီးနောက် ကြောင်အသွားတော့သည်။ ခန်းမထဲတွင် ရတနာအလင်းရောင်မျိုးစုံသည် မျက်စိကျိန်းမတတ် တောက်ပနေကြပြီး သတ္ထုတွင်းမျိုးစုံမှ နတ်ရွှေများနှင့် နတ်ပစ္စည်းများမှာ တောင်လိုပုံနေကြသည်။ နတ်ဘုရားရွှေနှင့် နတ်ပစ္စည်းများကို အမျိုးအစားခွဲကာ အစီစဉ်တကျ စီထား၏။

သူ့မှာ ရတနာများ၏ အလယ်တွင် လျှောက်နေစဉ် ပုလင်းဆယ်ပုလင်းကျော်အား တွေ့လိုက်ရသည်။ ပုလင်းများထဲတွင် ကမ္ဘာဦးရေကြည်များ ရှိနေသည်။ ကမ္ဘာဦးရေကြည်၏ အရှိန်အဝါမှာ ဖုံးအုပ်ရခက်သဖြင့် ပတ်ဝန်းကျင်သို့ ပျံ့နှံ့နေကာ ၎င်းဘေးရှိ နတ်ဘုရားရွှေနှင့် နတ်ပစ္စည်းများအား စိုစွတ်နေပုံ ပေါ်နေစေသည်။

ထို့နောက် ထိုက်ရှီကျောက်တုံးတွင်းမှ ထိုက်ရှီနတ်ကျောက်တုံးများကိုလည်း တွေ့လိုက်ရသည်။ အများကြီးမဟုတ်သော်လည်း ကျောက်တုံးနှစ်ရာကျော် ရှိနေသည်။

ထို့နောက် သူ့အကြည့်သည် ထိုက်စုကျောက်တုံးများအပေါ် ရောက်သွား၏။ ၎င်းတို့က ပို၍များပြားပြီး သုံးရာခန့်ရှိနေသည်။

အများစုက ထိုက်ကျိကျောက်တုံးများ ဖြစ်ကြပြီး တောင်များအလား ပုံနေလေသည်။

နဂါးချီလင်က ထိုက်ကျနတ်ကျောက်တုံးများအရှေ့တွင် ရပ်ကာ သူ့ကိုယ်သူ ဂုဏ်ယူနေသည်။ သူ့အမြီးမှာ အကြေးခွံများ ဖုံးနေသည့် အလံအလား ထောင်မတ်နေတော့သည်။

ချင်မူမှာ ငိုရခက်၊ ရယ်ရခက် ဖြစ်နေသည်။ “ဖက်တီးနဂါး၊ ထိုက်ကျိကျောက်တုံးတွေက အတုတွေကွ… အစစ်တစ်ခုမှ မပါဘူး”

နဂါးချီလင်ခမျာ ကြောင်အသွားပြီး နောက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။ သို့သော် ထိုနတ်ကျောက်တုံးများမှာ ထိုက်ကျိကျောက်တုံးအစစ်များနှင့် တူနေသဖြင့် သူ့မှာ မခွဲခြားနိုင်ပေ။

“နတ်ဧကရာဇ်လန်ရွှမ် သိမ်းပိုက်ထားတဲ့ ထိုက်ကျိကျောက်တုံးတွင်းက အတုကြီးလေ… မင်းအစစ်ကို မြင်ဖူးသားပဲ”

ချင်မူက ရှေ့သို့လျှောက်သွား၍ ထိုက်ကျိကျောက်တုံးတစ်တုံး ကောက်ယူလိုက်သည်။ သူက တစ်ချက်တွေးပြီးနောက် ပြော၏။ “ဒါက ထိုက်ကျိကျောက်တုံးအတုပဲ…” ထိုက်ကျိနတ်ကျောက်တုံးက ရုတ်တရက် ယင်ယန်ချီအမျှင်အသွင် ပြောင်းလဲကာ လွင့်ပြယ်သွားသည်။ “ဒါက ထိုက်ကျိကျောက်တုံးတွင်းထဲက ရှေးဟောင်းနတ်ဘုရားတွေ ဖန်ဆင်းထားတဲ့ ပုံရိပ်ယောင်… နတ်ဧကရာဇ်လန်ရွှမ်ကို လှည့်စားလို့ရပေမယ့် ငါ့ကိုတော့ အရူးလုပ်လို့မရဘူး”

နဂါးချီလင်မှာ စိတ်ရှုပ်ထွေးသွားသည်။

ချင်မူက ပြုံးသည်။ “မင်း ခိုးခဲ့တဲ့ ပစ္စည်းတွေထဲမှာ အဖိုးတန်ဆုံးက ထိုက်ရှီကျောက်တုံးနဲ့ ထိုက်စုကျောက်တုံးပဲ…. ဒါပေမဲ့ နောက်ဆို ဒီလိုတွေ လုပ်စရာမလိုတော့ဘူး… ငါ ကောင်းကင်နတ်အရှင်ကုန်းနဲ့ ဇာတ်လမ်းလေး ရှိခဲ့ဖူးလို့ သူ့ဆီက ထိုက်စုကျောက်တုံး ဆယ်ရာခိုင်နှုန်း ယူလို့ရတယ်… နတ်အရှင်မယန်နဲ့လည်း အပေးအယူလုပ်ခဲ့ပြီးလို့ သူ့ကျောက်တုံးတွင်းထဲက နတ်ကျောက်တုံး ငါးဆယ်ရာခိုင်နှုန်း ရလိမ့်မယ်… နောင်ကျရင် သူတို့ဘက်ကနေ ငါ့ဆီ ပို့ပေးလိမ့်မယ်”

နဂါးချီလင်မှာ စိတ်ပျက်စွာဖြင့် ခေါင်းငိုက်စိုက်ကျသွားပြီး သူ၏အမြှီးလည်း လေလျော့သွားသကဲ့သို့ ခွေကျသွားတော့သည်။

ချင်မူက ပြုံး၏။ “ဒါပေမဲ့ မင်းက ငါ့အတွက် ပြဿနာအကြီးကြီးတွေကို ဖြေရှင်းပေးခဲ့တယ်…. ငါကိုယ်တိုင် ကောင်းကင်နတ်အရှင်ကုန်းရဲ့ ကျောက်တုံးတွင်းကို လုလိုက်ရင် မျက်နှာပျက်ရလိမ့်မှာမဟုတ်လား… မင်းက ငါ့အစား ခိုးပေးခဲ့တယ်လေ… ဒါ့အပြင် ကောင်းကင်နတ်ရှင်ကုန်းက ဟင်းလင်းပြင်သားရဲမိခင်ကို မဟာဧကရာဇ် ထိန်းချုပ်မှန်း သိတယ် သူ့အပေါ် အပြစ်ပုံချပြီး ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်နိုင်လိုက်တာပဲ”

နဂါးချီလင်မှာ တစ်ဖန်ဂုဏ်ယူလာပြီး သူ၏အမြှီးလည်း ပြန်မြောက်တက်လာသည်။

ချင်မူက ချီးကျူး၏။ “အထူးသဖြင့် မင်းက နတ်ဧကရာဇ်လန်ရွှမ်ကို နှောက်ယှက်နိုင်ခဲ့တယ်…. အဲဒါကို ငါ သိပ်ပြီးကျေနပ်မိတယ်.. လန်ရွှမ်ဆိုတဲ့ အဲဒီလူက င့ါကို အမြဲတမ်း မကောင်းဆက်ဆံနေကျ… သူ့ကိုယ်သူ ထူးခြားတယ် ထင်ပြီး ငါ့ကို အမြဲနှောက်ယှက်နေတာ… မင်း သိပ်တော်တယ်”

နဂါးချီလင်၏ အမြှီးက ထောင်မတ်သွားပြီး နှစ်ခါမျှ လှုပ်သွားသည်။

ချင်မူက ဆက်ပြော၏။ “မင်း သိပ်မတော်တာ တစ်ခုပဲ ရှိတယ်… ကောင်းကင်နတ်အရှင်ဟုန်က ကောင်းကင်နယ်စားမင်း.. သူသိမ်းပိုက်ထားတဲ့ ရွံ့နွံမြေက ကောင်းကင်နတ်မြစ်ရဲ့ အရင်းအမြစ်ပဲ… သူ့ရဲ့ကျောက်တုံးတွေကို လုစရာမလိုဘူး… မင်း တခြားကောင်းကင်နတ်အရှင်တွေဆီကနေ ဖုံးကွယ်ထားလို့ရပေမယ့် စပ်စုစိန် ကောင်းကင်နယ်စားမင်းဆီကနေတော့ ဖုံးကွယ်လို့မရဘူး… လုသွားခဲ့တဲ့သူက မင်းမှန်း သေချာပေါက် သိပေမယ့် ငါ့မျက်နှာကြောင့် ထုတ်မပြောခဲ့တာ”

နဂါးချီလင်၏ အမြှီးက ထပ်မံပျော့ခွေသွားပြန်သည်။

ချင်မူမှာ အတော်လေး စိတ်ကျေနပ်နေ၏။ သူက ထိုက်ရှီနတ်ကျောက်တုံးနှင့် ထိုက်စုနတ်ကျောက်တုံးတချို့ကို သိမ်း၍ သူ၏ကောင်းကင်ရတနာထဲ ထည့်လိုက်သည်။ ‘ဒီလူထိန်းကျမ်းစာက တကယ်ကို ထူးဆန်းပြီးတော့ နားလည်ရခက်တဲ့အရာပဲ… ဖက်တီးနဂါးကိုယ်တိုင်တောင် မတောင့်ခံနိုင်ဘူး… ဒါပေမဲ့ ဖက်တီးနဂါး အများကြီးအကျိုးဆောင်ခဲ့တာတော့ မှန်တယ်...’

“ဖက်တီးနဂါး၊ ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြန်ဦးမယ်... ကောင်းကင်နတ်အရှင်ယွဲ့ကို ရှာပြီးတော့ သူ့ရဲ့ဒဏ်ရာတွေကို ကုပေးမလို့... မင်း ငါနဲ့ပြန်လိုက်ချင်လား” ချင်မူက မေးသည်။

နဂါးချီလင်က တခဏ တုံ့ဆိုင်းနေပြီးနောက် ခေါင်းရမ်း၏။ “ဒီနေရာက တော်တော်လေး ကောင်းတော့ ကျွန်တော် နေခဲ့ပါမယ်… ဟင်းလင်းပြင်သားရဲဥလည်း ပေါက်ရဦးမယ်လေ… သားရဲမိခင်ကြီး ပေါက်လာရင် မမကြီးယန်အာ တစ်ယောက်တည်း ခံနိုင်မှာမဟုတ်ဘူး”

ချင်မူမှာ ခေါင်းတရမ်းရမ်းဖြင့် စိတ်ထဲမှ တွေးလိုက်မိသည်။ ‘မမကြီးယန်အာကတော့ ဖက်တီးနဂါးရဲ့ လူထိန်းကျမ်းစာကို မြင်ပြီး အသားကုန် ထိန်းနေပြီထင်တယ်... တနင့်တပိုးလည်း ကျွေးနေလောက်ပြီ... ဖက်တီးနဂါးတော့ လွတ်နိုင်မှာမဟုတ်ဘူး’

သူက ဆေးဆရာအား သွားရှာသည်။ ဆေးဆရာက တစ်ယောက်တည်း ရေရွတ်နေသည်။ “ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ ဒဏ်ရာတွေကို ကုပေးမလို့လား… ငါ တစ်ခါမှတော့ မကြိုးစားရသေးဘူး… ကောင်းကင်နတ်အရှင်ရဲ့ တာအိုဒဏ်ရာတွေကို ဆေးလမ်းစဉ်နဲ့ ကုလို့ရ၊ မရဆိုတာက... စိန်ခေါ်မှုကြီးတစ်ခုပဲ… ငါ့ကို လေး၊ ငါးရက်လောက် စောင့်… ဆေးပင်တချို့ရှာလိုက်မယ်”

ချင်မူလည်း ရက်အနည်းငယ် စောင့်နေပြီးနောက် ဆေးဆရာမှာ အဆင်သင့်ဖြစ်လာသည်။ “ငါတို့ ကောင်းကင်နတ်အရှင်ယွဲ့ကို သွားကုလို့ရပြီ”

ချင်မူမှာ မျှော်လင့်နေလာမိ၏။ “ဘိုးဘိုးဆေးဆရာ၊ ယုံကြည်ချက်ရှိလား”

“တစ်ရာရာခိုင်နှုန်းတော့ မဟုတ်ဘူး”

ဆေးဆရာက ခပ်အေးအေး ရှင်းပြသည်။ “ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ တာအိုဒဏ်ရာတွေကို ငါ့အနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ကုပေးရမှာဆိုတော့ စမ်းသပ်မှုကြီးတစ်ခု ဖြစ်လိမ့်မယ်… မဆုံးဖြတ်ခင် ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ ဒဏ်ရာတွေကို မြင်ရဖို့လိုတယ်.. ဒီတစ်ကြိမ် ဘိုးဘေးနန်းတော်ထဲမှာ အဆိပ်စ္စည်းတွေ အများကြီးတွေ့ခဲ့တာဆိုတော့ ကောင်းကင်နတ်အရှင်ယွဲ့ပေါ်မှာ စမ်းကြည့်လို့ရလောက်တယ်”

ချင်မူမှာ မျက်နှာအနည်းငယ် ပျက်သွားသည်။

ဆေးဆရာက ယုံကြည်ချက်အပြည့်ဖြင့် တဟားဟား ရယ်၏။ “စိတ်မပူပါနဲ့ကွာ… ငါ ဘာလုပ်နေလဲ ငါသိပါတယ်… မင်းလို ရမ်းကုမဟုတ်ဘူး… ဆေးပညာကို သုံးတိုင်း ယုံကြည်ချက်ရှိတယ်”

ချင်မူမှာ သူ့အတွေ့အကြုံများကို တွေးမိရင်း ကြက်သီးမွေးညှင်းများပင် ထသွားတော့သည်။

All Chapters