← Chapters

မျက်နှာလေးဖက် နတ်ဘုရား

Vol. 101 Ch. 1331

မျက်နှာလေးဖက် နတ်ဘုရား

Vol. 101 Ch. 1331

ကောင်းကင်ထက်ရှိ ကြယ်တာရာများသည် တောက်ပသထက် တောက်ပလာကြ၏။ သို့သော် ထူးဆန်းစွာဖြင့် ကြယ်များမှာ တောက်ပလာကြသော်လည်း မှိတ်တုတ်မှိတ်တုတ်ဖြင့် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေလေသည်။ မက်မွန်တောအုပ်ထဲရှိ တေးသွားနှင့်အတူ ကခုန်လျက် တစ်ကမ္ဘာမှ နောက်တစ်ကမ္ဘာသို့ ကူးပြောင်းသွားနေကြသည့်အလားပင်။

ကြယ်တာရာများကား ‌မက်မွန်တောအုပ်နောက်သို့ လိုက်နေကြခြင်း ဖြစ်လိမ့်မည်။ မှိန်၍ ပျောက်ကွယ်သွားပြီးတိုင်း ပိုမိုတောက်ပလာတတ်ကြသည်။ ပိုပို၍ ကြီးမားလာကာ မက်မွန်တောအုပ်နှင့် ပိုပိုနီးလားသကဲ့သို့ ထင်ရသည်။

မက်မွန်တောအုပ်အတွင်း၌ တေးသွားများ ကခုန်နေကြစဉ် မြို့သူမြို့သားများအား သတိပေးရင်း အလုပ်ရှုပ်နေကြသည့် တာအိုရသေ့များသည် အမှောင်ထုထဲ၌ ဘီလူးကြီးတစ်ကောင်နှင့် ကမ္ဘာဦးသစ်ပင် လှုပ်ရှားလာကြောင်း သတိပြုမိလိုက်ကြ၏။

ဘီလူးကြီးနှင့် ကမ္ဘာဦးသစ်ပင်သည် ယခင်အရွယ်အစားတိုင်း ရှိနေပြီး ရွေ့လျားလာပုံမထင်ရသော်လည်း လှုပ်ရှားနေရင်း ကျုံ့၀င်သွားနေသည်။

ပို၍ထူးဆန်းသည်က ဘီလူးကြီးက ကမ္ဘာဦးသစ်ပင်ကို ဆွဲမြှောက်လိုက်ချေပြီ။ သူက မက်မွန်တောအုပ်အတွင်း၌ တေးသွားများ ကခုန်လျှင် ရပ်တန့်သွားပြီး တေးသွားများ ရပ်တန့်သွားလျှင် လှုပ်ရှား၏။

တေးသွားများ ကခုန်သည့်အချိန်တွင် မက်မွန်တောအုပ်အထက်ရှိ ကောင်းကင်က တောက်ပသွားတတ်ပြီး အလင်းရောင်တို့ ဖြာကျလာတတ်သည်။ ထိုအခါ ဘီလူကြီးနှင့် ကမ္ဘာဦးသစ်ပင်တို့သည် တုတ်တုတ်မလှုပ်ကြချေ။

‌တေးသွားများ ရပ်တန့်သွားသည့်အခါ မက်မွန်တောအုပ်အထက်ရှိ ‌ကောင်းကင်မှာ မှောင်မိုက်သွား၏။ ထိုအချိန်တွင် ဘီလူးကြီးနှင့် ကမ္ဘာဦးသစ်ပင်ကလည်း အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ သို့သော် အမှောင်ထဲ၌ ထိုဘီလူးကြီး အပြေးလာနေသည်ကို တာအိုရသေ့များ ခံစားရလေသည်။

ကမ္ဘာဦးသစ်ပင်ကို ကိုင်ထားသည့် ဘီလူးကြီးသည်ကား ကမ္ဘာဦးဘုံအပေါ် ဖိနှိပ်ထားသည့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမှလွဲ၍ အခြားသူမဟုတ်ပေ။

တာအိုဂိုဏ်းမှ တာအိုရသေ့များ ကြက်သီးမွှေးညှင်းများ ထကုန်ကြသည်။ သူတို့မှာ အရပ်လေးမျက်နှာသို့ အလျင်အမြန် ပျံထွက်သွားကြပြီး တံခါးများကို တင်းတင်းကြပ်ကြပ် ပိတ်ထားလိုက်ကြလေသည်။

နောက်ဆုံးတွင် တာအိုဂိုဏ်း၏ ခေါင်းလောင်းဆီမှ ခေါင်းလောင်းသံများ တဖန်ဆူညံလာသည်။ အပြင်ရောက်နေသော တာအိုရသေ့များသည် တာအိဂိုဏ်းထံ ပြန်၍ တောင်တံခါးဝတို့အား ပိတ်ဆို့လိုက်ကြ၏။ ထို့နောက် ကိုယ်ပိုင်နန်းဆောင်များထံ အသီးသီး ပြန်သွားကြကာ တံခါးများ စေ့နေအောင် ပိတ်ထားကြသည်။

တောင်ခြေမြို့ထဲတွင် ကလေးငယ်တစ်ဦးသည် စပ်စုတတ်သည့်အလျောက် အပြင်သို့ ချောင်းကြည့်ရန် ပြတင်းပေါက်အား အသာလေး ဖွင့်လိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် သူ့မှာ ကြောက်မက်ဖွယ် မြင်ကွင်းကိုသာ မြင်လိုက်ရလေသည်။ ဧရာမခန္ဓာကိုယ်ဖြင့် ဘီလူးကြီးတစ်ကောင်က ပေတစ်ထောင်ကျော် ရှည်လျားသော သစ်ပင်ကြီးတစ်ပင်ကို ကိုင်လျက် မြို့ပြင်တွင် ရပ်နေချေပြီ။

သူ၏မျက်နှာကြီးသည် မြို့မျှော်စင်ထက်ပင် ရှည်လျားပြီး သူ့မျက်နှာဘေးတစ်ဖက်ကို မြို့မျှော်စင်အထက်မှ လှမ်းမြင်ရသည်။ မက်မွန်တောအုပ်၏ တေးသွားများ ခုန်ပျံလင်းလက်သွားသည့်အခါ အလင်းရောင်တို့က သူ့မျက်နှာထက်၌ ဖြတ်ပြေးသွားတတ်သည်။

ကလေးငယ်မှာ ပါးစပ်အဟောင်းသားဖြင့် ထိုမြင်ကွင်းကို ငေးကြောင်ကြည့်နေမိလေသည်။

မိခင်ဖြစ်သူက အလျင်အမြန် ပြေးလာပြီး စပ်စုသည့် ကလေးငယ်ကို ဆွဲခေါ်ကာ အိမ်တံခါးနှင့် ပြတင်းပေါက်တို့ကို ဝုန်းခနဲ ပိတ်လိုက်သည်။

ထို့နောက် တဖြန်းဖြန်း ရိုက်သံများနှင့် ကလေးငိုသံတို့ အိမ်ထဲမှ ထွက်လာသည်။ မကြာမီ ငိုသံများမှာ ‌ဗလုံးဗထွေး ဖြစ်သွားပြီး တအင့်အင့်ရှိုက်သံတို့သာ ကြားရတော့သည်။ ကလေးငယ်၏ ပါးစပ်မှာ အုပ်ခံထားရပုံပင်။

မြို့ပြင်တွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်သည် ပေတစ်ရာကျော်အထိ ကျုံ့၀င်သွားပြီဖြစ်၏။ သို့သော် မြို့မျှော်စင်ထက်တော့ အနည်းငယ် မြင့်မားနေဆဲပင်။ သူက ထိုနေရာတွင် ကျောက်ရုပ်တုပမာ မလှုပ်မယှက် ရပ်နေသည်။

ရုတ်တရက် မက်မွန်တောအုပ်၏ တေးသွားများ မှိန်ကျသွားပြီး မြို့တစ်မြို့လုံး အမှောင်ကျသွား၏။

တေးသွားများ ပြန်တောက်ပလာသည့်အချိန်တွင် ဘီလူးကြီးကား မက်မွန်တောအုပ်ဘေး၌ ရပ်နေပြီဖြစ်သည်။ သူက ကမ္ဘာဦးသစ်ပင်ကို မှီကာ မလှုပ်မယှက် ရပ်နေသည်။

တဝှီးဝှီးအသံများ ရုတ်တရက် ‌ထွက်ပေါ်လာပြီး လေပြင်းတစ်ချက်က ‌မက်မွန်တောအုပ်ကို တိုးဝှေ့တိုက်ခတ်သွားသည်။

ထိုလေပြင်းမှာ ထူးဆန်းစွာ ထွက်ပေါ်လာခြင်း ဖြစ်သည့်အပြင် အင်မတန် အားကောင်း၏။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ အင်္ကျီစများကိုပင် တိုးဝှေ့တိုက်ခတ်သွားနိုင်သော်လည်း မက်မွန်တောအုပ်အပြင်ရှိ မက်မွန်ပွင့်ချပ်များကိုသာ လှုပ်ခါသွားစေနိုင်သည်။ မက်မွန်တောအုပ်ထဲရှိ မက်မွန်ပွင့်ချပ်များမှာ‌တော့ တစ်ချက်လေးမှ လှုပ်မသွားပေ။

‌ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ကမ္ဘာဦးသစ်ပင်ကို ကိုင်ရင်း ရပ်တန့်နေ၏။

‌ကောင်းကင်ထက်ရှိ ကြယ်များမှာလည်း တောက်ပသထက် တောက်ပလာကြသည်။ ၎င်းတို့က မက်မွန်တောအုပ်အပေါ်သို့ နိမ့်ဆင်းလာသကဲ့သို့ စူးရှစွာ တောက်ပနေကြ၏။ ၎င်းတို့ထဲတွင် ဧရာမကြယ်ကြီး ၄၉ စင်းက ‌အတောက်ပဆုံးဖြစ်သည်။

မက်မွန်တောအုပ်၏ ကောင်းကင်နန်းဆောင်ထဲတွင် ဆေးဆရာသည် နောက်ဆုံးဆေးလုံး၏ ဆေးအာနိသင်ကို အသက်သွင်းနေ၏။ ဆေးစွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော မဟာတာအိုသင်္ကေတများက ကောင်းကင်နတ်အရှင်ယွဲ့၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရောက်သွားသည်။ တာအိုသင်္ကေတများ နတ်ဧကရာဇ်လန်ရွှမ်၏ အသိစိတ်အလျဉ် တာအိုသင်္ကေတနှင့် ထိတွေ့သွားသည့်အချိန်မှစကာ ဝဲဂယက်နှစ်ခု ရစ်ပတ်နှောင်ဖွဲ့သွားသကဲ့သို့ တိုက်ပွဲ ပြင်းထန်သွားသည်။

နတ်ဧကရာဇ်လန်ရွှမ်၏ အသိစိတ်အလျဉ်တာအိုသင်္ကေတ ဖျက်စီးခံလိုက်ရသည်နှင့် ကောင်းကင်နတ်အရှင်ယွဲ့၏ အသိစိတ်အလျဉ်မှာလည်း တိုက်ခိုက်ခံလိုက်ရသည်။ ထို့ကြောင့် သူမ၏ လက်ချောင်းများမှ ထွက်ပေါ်လာနေသည့် ဗျပ်စောင်းတေးသံတို့လည်း ဖရိုဖရဲဖြစ်သွား၏။

သူမ၏ ဗျပ်စောင်းသံ တစ်ချက်မျှ ဖရိုဖရဲဖြစ်သွားပြီးနောက် မက်မွန်တောအုပ်ထဲရှိ အလင်းရောင်ကြိုးမျှင်တို့မှာလည်း ထိုအခိုက်အတန့်တွင် တစ်ချက်ကလေး နောက်ကျသွားသည်။

ဗျပ်စောင်းသံ ဆက်လက်ထွက်ပေါ်လာသည့်အချိန်တွင် အလင်းရောင်တို့ တောက်ပသွား၏။ ထိုအချိန်တွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကား ကမ္ဘာဦးသစ်ပင်ကို ကိုင်မြှောက်လျက် မက်မွန်တောအုပ်အတွင်းပိုင်းထဲအထိ ရောက်လာခဲ့ချေပြီ။ ဆန်းကြယ်သည့် လေပြင်းမှာလည်း မက်မွန်တောအုပ်အတွင်း ဝင်ရောက်လာခဲ့သည်။ လေက မက်မွန်တောအုပ်ကို ဖြတ်သန်းတိုက်ခတ်သွားသဖြင့် သစ်ရွက်များ လှုပ်ခတ်သွားကာ မက်မွန်ပွင့်ချပ်များက လေနှင့်အတူ ကခုန်မြောလွင့်ကုန်ကြသည်။

ကောင်းကင်ထက်ရှိ ဧရာမကြယ်ကြီး ၄၉ စင်းသည်လည်း ပို၍ပင် တောက်ပလာကြသည်။ ၎င်းတို့က မက်မွန်တောအုပ်အပေါ်တွင် တည်ရှိနေပြီး ‌မျက်လုံး ၄၉ လုံးသဖွယ် နန်းဆောင်ကို စိုက်ကြည့်ကာ နောက်ထပ်အခွင့်အရေးကို စောင့်ဆိုင်းနေကြ၏။

မက်မွန်တောအုပ်ထဲတွင် အလင်းတန်းကြိုးမျှင်များမှာ အရှေ့မှ အနောက် ရွေ့လျားလျက် ပိုမိုသွက်လက်စွာ ကခုန်သွားသည်။ ကောင်းကင်မှာလည်း ချက်ချင်း အရောင်အသွေး စုံလင်လာ၏။ တစ်ချက်တစ်ချက်တွင် ညအချိန် ရောက်ရှိသွားပြီး တစ်ချက်တစ်ချက်တွင် နေ့အချိန် ဖြစ်နေတတ်သည်။ မိုးရွာသွန်းသည့် အချိန်လည်း ရှိသလို နေရောင်ခြည် တောက်ပထွန်းလင်းနေတတ်သည့်အချိန်လည်း တွေ့ရသည်။ တစ်ခါတရံတွင် မိုင်တစ်သောင်းလုံး နှင်းများဖြင့် ဖုံလွှမ်းနေတတ်၏။ တစ်ခါတရံတွင် နေခြစ်ခြစ်တောက် ပူနေတတ်သလို တစ်ခါတရံတွင်လည်း နွေဦးရောင်ခြည်အလား နွေးထွေးနေပြန်သည်။ ‌တချို့အချိန်များတွင် တောင်တန်းများသည် ဆောင်းဦးသို့ ရောက်ရှိသွားကဲ့သို့ အနီရောင်တို့ဖြင့် ဖုံးလွှမ်းနေတတ်၏။

မက်မွန်တောအုပ်ကား တခဏအတွင်း ကမ္ဘာတစ်ခုမှ တစ်ခုသို့ ရွေ့လျားလျက်‌ နွေဦးမှ နွေရာသီ၊ ဆောင်းရာသီမှ ဆောင်းဦးသို့ ပြောင်းလဲနေတော့ည်။

တောင်တန်းများ၊ နေမင်း၊ လမင်းနှင့် ကြယ်တာရာတို့၏ အသွင်သဏ္ဍာန်၊ အနေအထားတို့က အဆင်မပြတ် ပြောင်းလဲနေတတ်သော်လည်း ထူးဆန်းစွာဖြင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၊ ကမ္ဘာဦးသစ်ပင်၊ ထူးဆန်းသော လေပြင်းနှင့် ကောင်းကင်ထက်ရှိ ကြယ်တာရာ ၄၉ ခုမှာတော့ မပြောင်းလဲပေ။

နန်းဆောင်ထဲတွင် ဗျပ်စောင်းသံမှာ ပိုပို၍သွက်လာသည်။

ကောင်းကင်နတ်အရှင်ယွဲ့၏ လက်ချောင်းဆယ်ချောင်းက သွက်လက်စွာ လှုပ်ရှားနေကြသည့်အလျောက် ဗျပ်စောင်းကြိုးများသည် အဆက်မပြတ် တုန်ခါနေကြပြီး သူမ၏ လက်ချောင်းများပင်လျှင် လိုက်မမှီတော့သည့်အလား ထင်ရသည်။

ရုတ်တရက် ကောင်းကင်နတ်အရှင်ယွဲ့က ထရပ်လိုက်ရာ ဗျပ်စောင်းက သူမကို လှည့်ပတ်ကာ လွင့်မျောသွား၏။ ကောင်းကင်နတ်အရှင်ယွဲ့က ထရပ်၍ လေပေါ် ပျံတက်ကာ ယိမ်းနွဲ့စွာ ကခုန်နေသည်။

သူမ၏ခြေထောက်များကား သက်သာသွားပြီဖြစ်သဖြင့် သူမ ထရပ်နိုင်လေပြီ။

သူမ၏ခန္ဓာကိုယ်က ကြိုးကြာလေးပမာ လှုပ်ရှားနေပြီး ဗျပ်စောင်းကလည်း အလားတူ လှုပ်ရှားနေသည်။ ဗျပ်စောင်းသည် အထက်၊ အောက်၊ ဘယ်၊ ညာ သွားလာနေ၏။

ချွင်… ချွင်… ချွင်…

ဗျပ်စောင်းသံတစ်သံက စူးရှပြတ်သားစွာ ထွက်ပေါ်လာပြီး မက်မွန်တောအုပ်မှာ ရုတ်တရက် ပြိုကျသွားသည်။ ကျောက်တိုင်ကြီးများသာ ကျန်ရစ်ခဲ့လေသည်။

ကျောက်တိုင်ကြီးများကား ဗျပ်စောင်းတိုင်များအလားပင်။

ဗျပ်စောင်းကြိုးများက ဗျပ်စောင်းတိုင်များဆီ ပျံသန်းချည်နှောင်လိုက်ရင်း တိုင်တစ်တိုင်လျှင် ကြိုးတစ်ချောင်းစီ ဖြစ်သွားသည်။

ကောင်းကင်နတ်အရှင်ယွဲ့၏ ခန္ဓာကိုယ်သည် တင့်တယ်လှပစွာဖြင့် ဗျပ်စောင်းကြိုးများအကြား ယိမ်းနွဲ့လှုပ်ရှားနေ၏။ သူမက ဣန္ဒြေရှိစွာ လှုပ်ရှားနေသော်လည်း ဗျပ်စောင်းသံများကမူ စူးရှပြင်းထန်နေကာ အေးစက်သည့် အသတ်အဖြတ်စိတ်ဆန္ဒတို့ ကိန်းဝပ်နေသည်။

ဆေးဆရာမှာ ကြယ်လေးတစ်လုံးသဖွယ် သူမအား လှည့်ပတ်ပျံသန်းနေသည်။ ဆေးနတ်ဘုရင်၏ မူလဝိညာဉ်က ကောင်းကင်နန်းဆောင်ထဲတွင် မားမားမတ်မတ် ရပ်တည်နေပြီး ဆေးတာအိုကောင်းကင်နန်းဆောင်ကလည်း ဆေးလုံးများအတွင်းရှိ တာအိုသင်္ကေတများ ရောထွေးမသွားစေရန် ကောင်းကင်နတ်အရှင်ယွဲ့ကို လှည့်ပတ်နေသည်။

ဝုန်း….

ချင်မူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာက ပျံ့ကားထွက်လာကာ ကမ္ဘာတစ်စင်းပမာ ဖွဲ့တည်လာသည်။ ဘိုးဘေးနန်းတော်က အရာအားလုံး၏ အလယ်တွင် တည်ရှိပြီး အထက်နှင့် အောက်တွင် ရွှမ်တုနှင့် ယိုတုတို့ တည်ရှိကြသည်။ ၀င်ရိုးစွန်းလေးခုက အရပ်လေးမျက်နှာတွင် ရပ်တည်နေကာ ကမ္ဘာလောကများအားလုံး ထွက်ပေါ်လာကြသည်။

ချင်မူ၏ မူလဝိညာဉ်က ဖြည်းဖြည်းချင်း မြောက်တက်လာပြီး သူ၏ခန္ဓာကိုယ်သည် ရှည်လျားကြီးမားလာ၏။ မည်သည့်နေရာမှကြည့်ကြည့် သူ့မျက်နှာကြီးကိုသာ မြင်တွေ့ရသည်။

သူကား မျက်နှာလေးဖက် နတ်ဘုရားပင်။

မျက်နှာလေးဖက် နတ်ဘုရားက လက်ဖဝါးဖြန့်လိုက်ပြီး ခန်းမ၏ အပျက်အစီးများမှာ သူ့လက်ဖဝါးထဲတွင် တည်ရှိနေကြသည်။ ဗျပ်စောင်းကြိုးများက မိုင်တစ်ရာအထိ ရှည်လျားသွားပြီး ခန်းမအပျက်အစီးများအား ဗျပ်စောင်းအဖြစ် ပြောင်းလဲသွားစေ၏။

ကောင်းကင်နတ်အရှင်ယွဲ့က ဗျပ်စောင်းတိုင်၏ ကြိုးများအကြား ကနေသည်။ တစ်ခါတရံတွင် သူမက ကြိုးများကို ကျော်၍ ပျံသန်းသွားပြီး တစ်ခါတစ်ရံတွင် ကြိုးများအောက်မှ ဖြတ်သွား၏။ တစ်ခါတစ်ရံတွင်တော့ တိုင်လုံးများကို လှည့်ပတ်သွားလေသည်။ သူမ၏ အင်္ကျီလက်စရှည်များက ဗျပ်စောင်းကြိုးများကို တီးနေရင်း တဖျတ်ဖျတ် လွင့်ခတ်နေ၏။

သူမသည် ချင်မူ့လက်ဖဝါးထဲတွင် မျက်နှာလေးဖက် နတ်ဘုရားမတစ်ပါးသဖွယ် မက်မွန်တောအုပ်နှင့် ဗျပ်စောင်းထဲရှိ အသေးစိတ်အရာမှန်သမျှ နားလည်နိုင်နေဟန်တူ၏။

ဆေးဆရာ၏ခန္ဓာကိုယ်နှင့် ဆေးနတ်ဘုရားဘုရင်၏ မူလဝိညာဉ်များမှာလည်း ပို၍ပင် သေးငယ်သည့်တိုင် မျက်နှာလေးဖက် နတ်ဘုရင်ကဲ့သို့ ဆေးစွမ်းအင် လှည့်ပတ်မှုတိုင်းအား သိမြင်နားလည်နိုင်လာသည်။

“ကောင်းကင်နတ်အရှင်မူ…” အသံတစ်သံက ရှိုက်ငိုနေသကဲ့သို့ မက်မွန်တောအုပ်ထဲမှ ပျံ့လွင့်လာသည်။

ချင်မူ့ရင်မှာ ဒိန်းခနဲ ခုန်သွားသည်။ “လှုပ်ရှားဖို့ အချိန်ပဲ…”

ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ လက်ထဲရှိ ကမ္ဘာဦးသစ်ပင်သည် ရုတ်တရက် လှုပ်ခါသွားပြီး ချက်ချင်းဆိုသလို မက်မွန်တောအုပ်ကို ဖောက်ထွက်သွားသည်။ ကောင်းကင်ထက်မှ ကြယ်တာရာ ၄၉ ခုလည်း ကျဆင်းလာချေပြီ။

All Chapters