← Chapters

အက်ဇစ်ဘဝရဲ့ တစ်စွန်းတစ

Vol. 12 Ch. 112

အက်ဇစ်ဘဝရဲ့ တစ်စွန်းတစ

Vol. 12 Ch. 112

ဘက်ကလင်၊ ဧကရီမြို့နယ်။

အော်ဒရီဟော်ဟာ လေတဖြူးဖြူး တိုက်နေတဲ့ ထောင့်တစ်နေရာမှာ ကုလားထိုင်ပေါ် ထိုင်ပြီး နေရောင်ခြည်အောက်မှာ ပွင့်လန်းနေတဲ့ ပန်းပွင့်ကလေးတွေကို ကြည့်နေပါတယ်။ သူမဟာ ဖာ့စ်ဝေါလ်ရဲ့ တောင်းဆိုချက်ကို ပြန်စဉ်းစားနေပါတယ်။

မြို့နယ်စား ဂလင့်ရဲ့ စကားအရဆိုရင် ဘက်ကလင် မြောက်ပိုင်းမြို့နယ်က ယာယီအကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ ဇီယို ဒါရက်ချာဆိုတဲ့ မိန်းကလေးတစ်ယောက် ရှိပါတယ်။

သူမက ငွေရေးကြေးရေး အရှုပ်အရှင်းကြောင့် လူကြီးလူကောင်း တစ်ယောက်ကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တရားရင်ဆိုင်နေရတာပါ။ အဲဒီလူကြီးလူကောင်းက အိပ်ရာထဲလဲသွားပြီး တစ်သက်လုံး လမ်းပြန်လျှောက်နိုင်ဖို့ မသေချာပါဘူး။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဖာ့စ်ပြောတာကတော့ အဲဒီလူကြီးလူကောင်းက လူကောင်း မဟုတ်ဘဲ ဘက်ကလင် အရှေ့ပိုင်းမြိုန့ယ်က လူဆိုးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်လို့ ပြောပါတယ်။ အတိုးကြီးကြီးနဲ့ ငွေတိုးချေးစားပြီး ပိုက်ဆံရှာတယ်လို့ ပြောပါတယ်။

ဒီကိစ္စဖြစ်ရတဲ့ အကြောင်းရင်းကတော့ ငွေချေးသမားတစ်ယောက်ဟာ အတိုးက သူ ထင်ထားတာထက် များလွန်းနေတာကို ရှာတွေ့သွားရာကနေ စပါတယ်။ အတိုးက ဘယ်လောက်တောင် များလဲဆိုရင် အဲဒီငွေချေးသမား ဒေဝါလီ ခံရင်တောင် ပြန်မဆပ်နိုင်တဲ့ ပမာဏပါ။ အဲဒါကြောင့်မလို့ သူဟာ အဲဒီလူကြီးလူကောင်းနဲ့ ဆွေးနွေးကြည့်ပါတယ်။ ဒါပေမဲ့ အရာမရောက်တဲ့အတွက် နာမည်ကျော် ညှိနှိုင်းရေးသမား ဇီယိုဒါရက်ချာကို ရှာပြီး ချေးငွေရဲ့ ယုတ္တိမရှိတဲ့ ငွေပမာဏတွေကို လျှော်ပစ်ခိုင်းပါတယ်။

အဲဒီလူကြီးလူကောင်းက ဇီယိုဒါရက်ချာရဲ့ စကားကို နားမထောင်ဘဲ ငွေချေးသမားရဲ့ မိန်းမနဲ့ ကလေးတွေကို ညကျရင် သွားဖမ်းမယ်လို့ ခြိမ်းခြောက်ပါတယ်။ အဲဒီမှာ ဇီယိုဒါရက်ချာက ပါးစပ်နဲ့ ပြောနေတာရပ်ပြီး လက်နဲ့ ဆွေးနွေးပါတယ်။ အဲဒီမှာ မတော်တဆဖြစ်ပြီး အဲဒီလူကြီးလူကောင်းကို တော်တော်လေး ထိခိုက်ဒဏ်ရာ ရသွားစေပါတယ်။

မြို့နယ်စားဂလင့်ဟာ ဒီကိစ္စကို စုံစမ်းကြည့်ပြီး ဖာ့စ်ဝေါလ်ပြောတာက အမှန်တွေ ဆိုတာကို အတည်ပြုထားပြီးပါပြီ။ အဲဒီလူကြီးလူကောင်းက သူ့လက်အောက်ငယ်သားတွေကို မထိန်းချုပ်နိုင်တော့ဘူး ဆိုတာလည်း သိလိုက်ရပါတယ်။ အဲ့ဒါအပြင် တစ်ယောက်ယောက်က သူ့ဆီကို သန်းခေါင်ယံမှာ လာလည်ခဲ့တဲ့အတွက် ငွေချေးသွားတဲ့လူရဲ့ အကြွေးတွေကို လျှော်ပစ်လိုက်ပါတယ်။ ဇီယို ဒါရက်ချာအတွက်လည်း အသနားခံစာ တင်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ပြင်းပြင်းထန်ထန် ကိုယ်ထိလက်ရောက် ကျူးလွန်မှုက တရားလို တရားမစွဲရင်တောင် တရားသေ လွှတ်ပေးလို့ရတဲ့ အမှုမျိုး မဟုတ်ပါဘူး။

“ဂလင့်က ဒီကိစ္စကို သာမန် နည်းလမ်းနဲ့ ဖြေရှင်းချင်တယ်... သူနဲ့ ရင်းနှီးတဲ့ ရှေ့နေ့တွေဆီ လူလွှတ်ပြီး ဆွေးနွေးကြည့်ပေမဲ့ သူတို့တွေက ပြစ်ဒဏ်လျှော့ပေါ့ဖို့ပဲ အာမခံချက် ပေးနိုင်ကြတယ်... သူ ရူးနေတယ် ဒါမှမဟုတ် စိတ်မနှံ့ဘူးလို့ ဆေးဘက်ဆိုင်ရာ ထောက်ခံချက်ရမှာ ဒီလိုအမှုမျိုးကနေ တရားသေ လွတ်နိုင်မယ်လို့ အကြံပေးကြပါတယ်...”

အော်ဒရီဟာ တစ်ကိုယ်တည်း ရေရွတ်ရင်း သူ့သူငယ်ချင်းရဲ့ အကြံကို သဘောတူမိလိုက်ပါတယ်။

သူမအတွက်တော့ ဖာ့စ်ဝေါလ်၊ ဇီယီု ဒါရက်ချာတို့နဲ့ ဘာဆက်ဆံရေးမှ မရှိတာက အကောင်းဆုံးပါ။ တဲရော့ကလပ်ထဲ ရောက်ပြီးကတည်းက သူမဟာ အပြစ်ကင်းစင်ပြီး ရိုးအတဲ့ သခင်မလေး မဟုတ်တော့ဘူးဆိုတာကို အော်ဒရီ ခံစားမိပါတယ်။

‘မနက်ဖြန်ညကျရင် ခရိုင်မြို့စား ဝေါ့ဖ်ရဲ့အိမ်မှာ ကပွဲရှိတယ်... အဲဒီကျရင် ငါ ဂလင့်ကို ရှေ့နေရဲ့ အကြံပေးချက်အတိုင်း လုပ်ဖို့ ပြောရမယ်’ အော်ဒီဟာ ဆုံးဖြတ်ချက်ချရင်း ခေါင်းအသာ ညိတ်လိုက်ပါတယ်။

လိုအင်နိုင်ငံမှာ ရှေ့နေတွေက ဝတ်လုံတော်ရရှေ့နေ မဟုတ်ရင် အကြံပေးရှေ့နေတွေပါ။ အကြံပေးရှေ့နေတွေက တရားရုံးကိစ္စတွေမှာ ဝင်ပါစရာမလိုဘဲ သက်သေတွေ စုဆောင်းတာ၊ အမှုနဲ့ ပတ်သက်တဲ့လူတွေနဲ့ စကားပြောတာ၊ သူတို့အမှုသည်ကိုယ်စား သေတမ်းစာ လုပ်ပေးတာ၊ ပိုင်ဆိုင်မှု ခွဲဝေပေးတာနဲ့ တရားဝင် အကြံပေးတာတွေ လုပ်ကြပါတယ်။ သူတို့တွေက ခရိုင်တရားရုံးနဲ့ အမှုသေးသေးလေးတွေမှာ သူတို့အမှုသည် ကိုယ်စား တရားရုံးတက်ပြီး ထုချေနိုင်ကြပါတယ်။

တခြားတစ်ဖက်မှာ ဝတ်လုံတော်ရ ရှေ့နေတွေကတော့ သက်သေတွေကို သုတေသနလုပ်ပြီး တရားရုံးမှာ သူတို့ရဲ့ အမှုသည်ဘက်ကနေ ထုချေပေးရပါတယ်။ လိုအင်နိုင်ရဲ့ တရားဥပဒေအရ သူတို့တွေဟာ ဓမ္မဓိဋ္ဌာန်ကျတဲ့ သဘောထားရှိဖို့ လိုတဲ့အတွက် အမှုသည်နဲ့ တိုက်ရိုက် ဆက်သွယ်လို့ မရပါဘူး။

အဲဒါကြောင့် သူတို့တွေဟာ အကြံပေးရှေ့နေတွေဖြစ်တဲ့ သူတို့ရဲ့ လက်ထောက်တွေကနေပဲ ဆက်သွယ်ပြီး အခြေအနေ တစ်ခုလုံးကို နားလည်အောင် လုပ်ကြရပါတယ်။ အဲဒါကြောင့် တကယ့်ရှေ့နေတွေက ဆက်ဆံရေးမှာရော စကားနိုင်လုတဲ့နေရာမှာရော သာမန်လူတွေ လက်ဖျားခါရလောက်တဲ့အထိ ကျွမ်းကျင်ကြပါတယ်။

စိတ်ပြေလျော့သွားတဲ့ အော်ဒရီဟာ အရိပ်ထဲကနေ အပြင်ဘက်က ရောင်စုံပန်းတွေကို ကြည့်ရင်း တစ်စုံတစ်ခုကို တွေးမိလိုက်ပါတယ်။

‘စိတ်မနှံ့ဘူးဆိုတဲ့ ဆေးဘက်ဆိုင်ရာ ထောက်ခံချက်... စိတ်ရောဂါကု ဆရာဝန်...’

‘စိတ်ပညာ အဂ္ဂိရတ်သမားတွေသာ သရုပ်ဆောင်တဲ့နည်းလမ်းကို ပိုင်ဆိုင်မယ်ဆိုရင်... အဲဒါဆို ငါ သူတို့တွေကို စိတ်ရောဂါကု ဆရာဝန်တွေထဲမှာ ရှာတွေ့နိုင်မှာပဲ’

အော်ဒရီဟာ သူ တွေးတာ မှန်တယ်လို့ ခံစားလိုက်ရတာကြောင့် သူမရဲ့ မျက်လုံးတွေဟာ ကျောက်ကောင်းတစ်လုံးလို တလက်လက် တောက်ပသွားပါတယ်။

အဲဒီအချိန်မှာပဲ သူမရဲ့ ရွှေရောင်အမွေးတွေနဲ့ ခွေးကြီး ဆူဇီက ပန်းပင်တွေနောက်မှာရှိတဲ့ ဥယျာဉ်မှူးတွေပဲ ရောက်နိုင်တဲ့ နေရာတစ်နေရာဆီ ခိုးကြောင်ခိုးဝှက် သွားတာ မြင်လိုက်ရပါတယ်။

‘ဆူဇီ... ဒီကောင်မ ဘာလုပ်နေတာလဲ...’ အော်ဒရီဟာ အရိပ်ထဲကနေ ကြည့်နေပါတယ်။

ဆူဇီဟာ ပန်းတွေရဲ့ ရနံ့ကြောင့် သူ့သခင် နောက်မှာ ရှိနေတာကို အနံ့မခံမိပါဘူး။ သူမဟာ ပါးစပ်ဟပြီး လူတစ်ယောက် အသံလေ့ကျင့်သလိုမျိုး အသံထုတ်ပါတယ်။

အဲဒီအခါ ပတ်ဝန်းကျင်လေထုဟာ တုန်ခါသွားပြီး ထစ်ထစ်ငေါ့ငေါ့နဲ့ နူးညံတဲ့အသံ ထွက်ပေါ်လာပါတယ်။

“မင်္ဂလာပါ...”

“နေကောင်းလား...”

...

အော်ဒရီရဲ့ ပါးစပ်ဟာ စပါးအုံးမြွေလို ကျယ်သွားပြီး နူးညံသိမ်မွေ့တဲ့ အမျိုးသမီးတစ်ယောက် ရှိရမဲ့ ကိုယ်အမူအရာ ယဉ်ကျေးမှုတွေကို လုံးဝ မေ့လျော့သွားပါတယ်။ သူမဟာ သူမရှေ့က မြင်ကွင်းနဲ့ ထစ်ငေါ့ ထစ်ငေါ့ အသံကို မယုံနိုင်အောင် ဖြစ်သွားပါတယ်။

သူမဟာ ‌ကောက်ကာငင်ကာ မတ်တတ်ရပ်ပြီး “ဆူဇီ... နင် စကားပြောတတ်တာလား... ဘယ်တုန်းက နင်စကား ပြောတက်သွားတာလဲ”

ဆူဇီဟာ သူ့သခင်ကို လှည့်ကြည့်ရင်း အလန့်တကြား ခုန်မိလိုက်ပါတယ်။ သူမဟာ ရင်တထိတ်ထိတ်နဲ့ အမြီးကို ခပ်မြန်မြန် နန့်ရင်း ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်ကာ ပတ်ဝန်းကျင်လေထုကို တုန်ခါစေပါတယ်။

“ကျွန်မ... ကျွန်မ ဘယ်လိုရှင်းပြရမလဲ မသိဘူး... ကျွန်မက ခွေးလေ”

ဒီစကား ကြားလိုက်ရတဲ့ အော်ဒရီဟာ ရုတ်တရက်ဆိုသလို ဘာပြောရမှန်း မသိတော့ပါဘူး။

...

တနင်္လာနေ့ မနက်ခင်းမှာ ကလိုင်းဟာ အစီအစဉ် ချထားတဲ့အတိုင်း ဒီအတောအတွင်း လေ့လာထားတဲ့ ဂမ္ဘီရသင်ခန်းစာတွေကို ပြန်ကြည့်ပြီး အခြေခိုင်အောင် လုပ်ပါတယ်။ ပြီးတဲ့အခါမှာတော့ အများသုံး မြင်းလှည်းနဲ့ ခွိုင်းတက္ကသိုလ်ဆီ သွားပါတယ်။

သူဟာ မစ္စတာအက်ဇစ်နဲ့ ပိုတွေ့ပြီး သူ ဘာတွေသိထားလဲ ဆိုတာကို ရှာဖွေချင်ပါတယ်။

သမိုင်းဌာနရဲ့ မီးခိုးရောင် သုံးထပ် အဆောက်အဦးမှာ ကလိုင်းနဲ့ သူ့ဆရာ ကိုဟင်ကွမ်တင်ဟာ တစ်အောင့်ကြာအောင် စကားပြောပြီး ဟွန်းနာဆစ် တောင်တန်းရဲ့ အဓိကတောင်ထိပ်ပေါ်က သမိုင်းဝင် အပျက်အစီးတွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို ဖလှယ်ကြပါတယ်။

ဘာသတင်းအသစ်မှ မသိရတဲ့အတွက် သူဟာ သူ့ဆရာ အလုပ်နည်းနည်း ရှုပ်နေတာကို အခွင့်ကောင်းယူပြီး ဓားလွယ်ခုတ်က ရုံးခန်းထဲ ဝင်ပါတယ်။ အဲဒီနောက် အက်ဇစ်ရဲ့ စားပွဲဆီ လျှောက်သွားပါတယ်။

“မစ္စတာအက်ဇစ်... ကျွန်တော် မစ္စတာအက်ဇစ်နဲ့ စကားပြောလို့ ရမလား” သူဟာ ဦးထုတ်ချွတ်ပြီး ဦးညွှတ်ကာ အသားညိုညို၊ နူးညံတဲ့ မျက်နှာအသွင်အပြင်နဲ့ ညာဘက်နားရွက်အောက်မှာ မှဲ့သေးသေးလေးရှိတဲ့ အမျိုးသားကို မေးလိုက်ပါတယ်။

ဘဝရဲ့ အတက်အကျ အထုအထောင်းတွေကို တွေ့မြင်ခဲ့ရတဲ့ မျက်လုံးတွေနဲ့ အက်ဇစ်ဟာ စာအုပ်တွေစီရင်း ဖြေပါတယ် “ရတယ်လေ... ခွိုင်းမြစ်ကမ်းမှာ လမ်းလျှောက်ပြီး စကားပြောကြတာပေါ့”

“ဟုတ်ကဲ့...” ကလိုင်းဟာ လက်ကိုင်တုတ်ကိုင်ပြီး သူ့နောက်လိုက်ကာ မီးခိုးရောင် သုံးထပ် အဆောက်အဦးကနေ ထွက်ပါတယ်။ လမ်းမှာ သူတို့နှစ်ယောက်လုံး တိတ်ဆိတ်နေပြီး ဘယ်သူမှ စကားမပြောကြပါဘူး။

သူတို့ရဲ့ မြင်ကွင်းထဲကို စီးဆင်းနေတဲ့ မြစ်တစ်စင်း ဝင်လာတဲ့အချိန်မှာတော့ သူတို့ပတ်ဝန်းကျင်မှာ ဖြတ်သွားဖြတ်လာလုပ်တဲ့ ဆရာတွေ‌ရော ကျောင်းသားတွေရော မရှိတော့ပါဘူး။ အဲဒီတော့မှ အက်ဇစ်ဟာ ခြေလှမ်းကို တုံ့ခနဲရပ်ပြီး ကလိုင်းကို မျက်နှာချင်းဆိုင် လှည့်ကြည့်ကာ မေးပါတယ် “ငါ ဘာကူညီပေးရမလဲ”

ကလိုင်းဟာ အတန်ကြာအောင် တိတ်ဆိတ်သွားပြီး ဘယ်လို ပရိယာယ်နဲ့ မေးခွန်းမေးရမလဲဆိုတာ စဉ်းစားပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ့အကြံကို လက်လျှော့ပြီး တဲ့တိုးပဲ ပြောလိုက်ပါတယ်။

“မစ္စအက်ဇစ်... လူကြီးမင်းက ယုံကြည်ရတဲ့လူပါ... လေးစားဖို့ကောင်းတဲ့ လူကြီးလူကောင်း တစ်ယောက်ဆိုရင်လည်း မမှားဘူး... လူကြီးမင်း ကျွန်တော်ဆီမှာ ဘာကိုမြင်လဲဆိုတာ သိချင်တယ်... လူကြီးမင်း သိတဲ့အရာလို့ ကျွန်တော် ပြောသင့်တယ် ထင်တယ်... ပြီးခဲ့တစ်ခေါက်က ကျွန်တော်ရဲ့ ကံကြမ္မာ ဟန်ချက်မမျှဘူးလို့ လူကြီးမင်း ပြောခဲ့တယ်လေ”

အက်ဇစ်ဟာ ရယ်ရင်း လက်ကိုင်တုတ်ကို အောက်ချပြီး သက်ပြင်းချပါတယ်။

“ငါ့ကို မင်း အဲဒီလို တဲ့တိုးကြီး မေးလိမ့်မယ်လို့ ထင်မထားမိဘူး... ဘယ်လို ပြန်ဖြေရမလဲတောင် မသိတော့ဘူး”

“အမှန်အတိုင်း ပြောရရင် မင်းရဲ့ ကံကြမ္မာ ဟန်ချက်မမျှတာက ငါ မြင်နိုင်တဲ့ တစ်ခုတည်းသော အရာပဲ... အဲဒါကလွဲရင် ငါ မင်းထက် ပိုမသိပါဘူး”

ကလိုင်းဟာ တုံ့ဆိုင်းသွားပြီးနောက် ထပ်မေးပါတယ် “ဒါပေမဲ့ လူကြီးမင်းက အဲဒါကို ဘယ်လိုလုပ် ပြောနိုင်တာလဲ... လူကြီးမင်း တွက်ချက်ပြီး ရလာတယ်ဆိုတာ ကျွန်တော် မယုံဘူး”

အက်ဇစ်ဟာ ခွိုင်းမြစ်ကို လှမ်းကြည့်ပါတယ်။ သူ့လေသံဟာ အားပျက်မှုတွေ ပါနေပါတယ်။

“မဟုတ်ဘူး ကလိုင်း... မင်း နားမလည်ဘူး... ဗေဒင်တွက်တာက အဲဒီအဆင့်ကို ရောက်နိုင်တယ်... ဗေဒင်တွက်တဲ့လူအပေါ်ပဲ မူတည်တာ... ငါ့ဗေဒင်ကတော့ ဆင်ခြေသက်သက်ပဲ”

“တချို့လူတွေက... ထူးခြားတယ်... သူတို့က ထူးဆန်းတဲ့ အစွမ်းအစနဲ့ မွေးဖွားလာတယ်... ငါက အဲဒီလို လူမျိုးလို့ ထင်တယ်”

“လူကြီးမင်းဘာသာ ထင်တာလား”

ကလိုင်းဟာ အက်ဇစ်သုံးတဲ့ စကားလုံးကို သေသေချာချာ ကြားလိုက်ပါတယ်။

“ဟုတ်တယ်... ငါ အဲဒါနဲ့ မွေးဖွားလာလားဆိုတာ ငါ့ကိုယ်ငါလည်း မသေချာဘူး... ငါ့အစွမ်းအစအတွက် ပြန်ပေးလိုက်ရတာက ငါ့ကိုယ်ငါ မေ့သွားတယ်... ငါ့အတိတ်ကို မေ့သွားတယ်... ငါ့မိဘတွေကို မေ့သွားတယ်”အက်ဇစ်ဟာ ခွိုင်းမြစ်ကို ကြည့်ရင်း သူ့မျက်လုံးတွေထဲမှာ ဝမ်းနည်းရိပ် သမ်းသွားပါတယ်။

ကလိုင်းဟာ ပိုနားမလည်နိုင်အောင် ဖြစ်သွားပါတယ်။

“အတိတ်မေ့တာလား”

အက်ဇစ်ဟာ ပြုံးပါတယ်။ ဒါပေမဲ့ သူ့မျက်နှာက ရွှင်ရွှင်လန်းလန်း မရှိပါဘူး။

“ငါ ဘက်ကလင်တက္ကသိုလ်ရဲ့ သမိုင်းဌာနထဲ မရောက်ခင်တုန်းက ငါ့မှတ်ဉာဏ်အများစုကို ဆုံးရှုံးသွားတယ်... ငါ့နာမည်နဲ့ ယေဘုယျ ဗဟုသုတတွေကိုပဲ မှတ်မိတယ်... ကံကောင်းတာက ငါ့ဆီမှာ သက်သေခံ စာရွက်စာတမ်းတွေ ရှိနေသေးတာပဲ... မဟုတ်ရင် ငါ အိမ်ခြေရာမဲ့ ဖြစ်သွားလောက်ပြီ... ဒီနှစ်တွေမှာ ငါ့ရဲ့ သက်သေခံ စာရွက်စာတမ်းတွေကို သုံးပြီး ငါ့ရဲ့ မိဘတွေကို ရှာဖွေဖို့ ကြိုးစားခဲ့တယ်... ဒါပေမဲ့ ငါ ဘာမှ ရှာမတွေ့ခဲ့ဘူး... ငါ ကံကြမ္မာရဲ့ တစ်စွန်းတစ်စကို မြင်နိုင်ပေမဲ့ ငါ့မိဘတွေကိုတော့ မရှာနိုင်ဘူး...”

“တက္ကသိုလ်မှာ နေတုန်းက ငါ ထူးဆန်းပြီး တစ်မူထူးခြားတဲ့ သာမန်မဟုတ်တဲ့ စွမ်းအားကို ပိုင်ဆိုင်တယ်ဆိုတာ တဖြည်းဖြည်း သဘောပေါက်လာခဲ့တယ်”

ကလိုင်းဟာ စိတ်ဝင်တစား နားထောင်ရင်းက မေးပါတယ် “မစ္စတာအက်ဇစ်... လူကြီးမင်းက ဘာဖြစ်လို့ မှတ်ဉာဏ် ဆုံးရှုံးသွားတာလဲ... ကျွန်တော် မေးချင်တာက မှတ်ဉာဏ်ဆုံးရှုံးရတဲ့ အကြောင်းရင်းကို ရှာတွေ့လားလို့ မေးချင်တာပါ”

သူဟာ မစ္စအက်ဇစ်က မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဘဝအတွေးကျောင်းက အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီး သာမန်ရာထူးအထက်က အလတ်တန်းစား သာလွန်ဖြစ်နိုင်တယ်လို့ သံသယရှိသွားပါတယ်။ ဘဝအတွေးကျောင်းက မွန်းစတားနဲ့ ဟူးရား ဆုံမှတ်ဆေးရည်တွေပိုင်တဲ့ လျှို့ဝှက်အဖွဲ့အစည်းပါ။ ဒီအဖွဲ့အစည်းက ဆရာတပည့် လက်ဆင့်ကမ်းပြီးတော့ပဲ ဆင်းသက်လာခဲ့တာပါ။

အက်ဇစ်ဟာ ခေါင်းကို ယမ်းနေအောင် ခါပါတယ်။

“မတွေ့ဘူး... ငါ အိပ်လိုက်သလိုပဲ ခံစားရတယ်... အတိတ်မှာ ဖြစ်ခဲ့တာတွေ အကုန်လုံးကို မေ့သွားပြီ”

သူဟာ ရှေ့ကို ခြေလှမ်း သုံးလေးလှမ်း လှမ်းပါတယ်။ အဲဒီနောက် လမ်းလျှောက်ရင်း စကားပြောပါတယ်။

“ငါ ဘက်ကလင်က ထွက်လာတော့ အိပ်မက် စမက်တယ်... ထူးဆန်းတာ တော်တော်များများကို အိပ်မက်မက်တယ်...”

‘အိပ်မက်လား... ငါက အိပ်မက် နိမိတ်ကောက်တဲ့ နေရာမှာ ကျွမ်းတယ်...’ စကားလမ်းကြောင်းက သူ ကျွမ်းကျင်တဲ့ နယ်ပယ်ထဲကို ဝင်လာတာမလို့ ကလိုင်းဟာ ချက်ချင်းပဲ မေးလိုက်ပါတယ် “ဘယ်လို အိပ်မက်မျိုးလဲ”

အက်ဇစ်ဟာ ဗလုံးဗထွေးရယ်ပြီး။

“အိပ်မက်မျိုးစုံပဲ... တစ်ခါတစ်လေမှာ ငါ မှောင်မည်းနေတဲ့ သင်္ချိုင်းဂူထဲ ရောက်သွားတယ်လို့ မက်တယ်... အလောင်းတွေရှိတဲ့ ရှေးဟောင်း ခေါင်းတလားတွေကို မက်တယ်... အဲဒီအလောင်းတွေရဲ့ နောက်ကျောမှာ အဖြူရောင်သားမွေးတွေ ပေါက်နေတယ်... တစ်ခါတစ်လေကျရင် ငါ စစ်သူရဲ ဖြစ်သွားတယ်... သုံးမီတာရှည်တဲ့ လှံကိုင်ပြီး ရန်သူကို တစ်ဟုန်ထိုး ဝင်တိုက်တယ်လို့ မက်တယ်”

“တစ်ခါတစ်လေကျရင် ငါ မြေရှင်ပယ်ရှင် ဖြစ်သွားပြီး မြေယာကောင်းတွေနဲ့ ဇနီးချောချော၊ ကလေးသုံးယောက်ရှိတယ်လို့ မက်တယ်... တစ်ခါတစ်လေကျရင်လည်း ငါ ခြေသလုံးအိမ်တိုင် ဖြစ်သွားပြီး မိုးရေထဲက ရွံ့ဗွက်လမ်းမှာ တုန်တုန်ရီရီနဲ့ ဆာလောင်နေတယ်လို့ မက်တယ်”

“တစ်ခါတစ်လေကျရင် ငါ့မှာ သမီးတစ်ယောက် ရှိတယ်လို့ မက်တယ်... အရင်ကလေးတွေ မဟုတ်ဘူး... နောက်တစ်ယောက်... သူက အနက်ရောင် ဆံပင်အရှည်ကြီး ရှိပြီး ငါလုပ်တဲ့ ဒန်းပေါ်မှာ ထိုင်ရတာကို ကြိုက်တယ်... ငါ့ဆီက အမြဲတမ်း သကြားလုံးတွေ တောင်းစားတတ်တယ်... တစ်ခါတစ်လေကျရင် ငါ ကြိုးစင်ဘေးမှာ ရပ်ပြီး ကြိုးပေးထားတဲ့ လူသေအလောင်းကို ကြည့်နေတယ်လို့ မက်တယ်”

အရူးတစ်ယောက်လို ကယောင်ချောက်ချား ပြောနေတဲ့ အက်ဇစ်ရဲ့ စကားကို နားထောင်ရင်း သူ ဒီအိပ်မက်တွေကို အဓိပ္ပာယ်မဖော်နိုင်ဘူးဆိုတာ ကလိုင်း ရုတ်တရက် သဘောပေါက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အိပ်မက်တွေက ဆန့်ကျင်ဘက်တွေကို ရည်ညွှန်းတဲ့အပြင် ဝိရောဓိဖြစ်စရာတွေ ပါနေလို့ပါပဲ။

အက်ဇစ်ဟာ သူ့အသံ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတဲ့အခါ သူ့အကြည့်ကို ပြန်ရုပ်သိမ်းပါတယ်။

“တောင်ပိုင်းမှာရှိတဲ့ ဖေးနာပေါ်တာနိုင်ငံက မယ်တော်မြေနတ်ဘုရားမကို ယုံကြည်ကြတယ်... မယ်တော်မြေနတ်ဘုရားမ ဘုရားကျောင်းက ယုံကြည်မှုတစ်ခုကို အားပေးတယ်... သူတို့တွေက ဘဝတိုင်းဟာ ကမ္ဘာမြေရဲ့ အစာအာဟာရတွေကို စုပ်ယူပြီး တဖြည်းဖြည်း ကြီးထွား ဖွံဖြိုး... နောက်ဆုံး ခြောက်သွေ့ သေဆုံးသွားတဲ့ အပင်တစ်ပင်လို့ ယုံကြည်ကြတယ်”

“သူတို့တွေ ခြောက်သွေ့ သေဆုံးသွားရင် ဒီအသက်တွေက ကမ္ဘာမြေပေါ်ကျပြီး မယ်တော်ရဲ့ ရင်ခွင်ထဲ ပြန်ရောက်သွားတယ်... တစ်နှစ်ပြီးတစ်နှစ် သူတို့တွေ ပွင့်လန်းလာပြီး ခြောက်သွေ့သွားတယ်... ဘဝကလည်း အဲဒီလိုမျိုး တစ်ဘဝပြီး တစ်ဘဝတဲ့”

“တစ်ခါတစ်လေကျရင် ငါ အဲဒီအယူအဆကို တော်တော်လေး ယုံကြည်ချင်တယ်... ဘာဖြစ်လို့လဲဆိုတော့ ငါ့ရဲ့ တစ်မူထူးခြားမှုက ဘဝဟောင်းတွေအပြင် အဲဒီဘဝတွေ မတိုင်ခင်က ဘဝတွေကိုပါ အိပ်မက်မက်နိုင်လို့ပဲ”

ဒီအရောက်မှာ သူဟာ ကလိုင်းကို ကြည့်ပြီး သက်ပြင်းချပါတယ် “ငါ ကိုဟင်ကို ဒီအကြောင်းတွေ မပြောပြဖူးဘူး... ငါ မင်းကို ပြောပြတာက...”

အက်ဇစ်ဟာ စကားရပ်ပြီး ပြုံးလိုက်ပါတယ်။

“တောင်းပန်ပါတယ်... ငါ စောစောက ပြောတာ မတိကျဘူး... ငါ မင်းရဲ့ ကံကြမ္မာ ဟန်ချက်မမျှတာကိုပဲ မြင်နိုင်တာ မဟုတ်ဘူး... တခြား အရာတစ်ခုကိုလည်း မြင်နိုင်သေးတယ်”

“ကလိုင်း... မင်းက သာမန်လူ မဟုတ်တော့ဘူး... ငါ့လိုမျိုး သာမန်မဟုတ်တဲ့ ထူးဆန်းတဲ့ စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားတယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters