အက်ဇစ်ရဲ့ တောင်းဆိုချက်
Vol. 12 Ch. 113
‘မစ္စတာအက်ဇစ်က ငါ သာလွန်သူဆိုတာကို ပြောနိုင်တယ်... သူ့အစွမ်းက တကယ်ကို ထက်မြက်တာပဲ...’ ကလိုင်းဟာ တဒင်္ဂ အေးခဲသွားပြီး ရိုးရိုးသားသား အဖြေပေးပါတယ်။
“ဟုတ်တယ်”
အဲဒီနောက် သူဟာ ခဏတွေးပြီး ဖြည့်ပြောပါတယ် “ဝဲလ်နဲ့ နာယာရဲ့ ကိစ္စကြောင့်ပဲ”
“ငါ ထင်တော့ ထင်သားပဲ...” အက်ဇစ်ဟာ သက်ပြင်းချပါတယ် “ငါနဲ့ ကိုဟင်ကို လာစစ်ဆေးမေးမြန်းတဲ့ ရဲတွေထဲမှာ ထူးခြားစွမ်းအားရှိတဲ့လူ နှစ်ယောက်ပါတယ်”
‘ကပ္ပတိန်နဲ့ လန်နာ့ဒ်ဖြစ်မယ်... ဝဲလ်ရဲ့အမှုကို ကိုင်တာက သူတို့နှစ်ယောက်ပဲ...’ ကလိုင်းဟာ အက်ဇစ်စကားကို ဖြတ်မပြောဘဲ ခေါင်းအသာညိတ်ပါတယ်။
အက်ဇစ်ဟာ လက်ကိုင်တုတ်မြှောက်လိုက်ပါတယ် “မင်း သူတို့ အသိုင်းဝိုင်းထဲ ရောက်သွားဆိုတော့... ငါ ဘယ်သူလဲဆိုတာ သိရအောင် သဲလွန်စတွေ ရှာဖွေတဲ့နေရာမှာ ငါ့ကို ကူညီပေးနိုင်မလား... မင်း ဘာမှ အထူးတလည် လုပ်ပေးစရာ မလိုပါဘူး... သဲလွန်စတွေ့ရင် မှတ်ထားပြီး ငါ့ကို ပြောပြရုံပဲ...”
ဒီအရောက်မှာ အက်ဇစ်ဟာ မချိပြုံး ပြုံးပါတယ်။
“မင်းကလွဲရင် တခြား ထူးခြားစွမ်းအားရှိတဲ့လူတွေနဲ့ ငါ မသိဘူး... အတိတ်မရှိတဲ့ လူတစ်ယောက်က ဘယ်လိုခံစားရလဲဆိုတာ မင်းစိတ်ကူးကြည့်နိုင်မှာ မဟုတ်ဘူး... အပြောကျယ်တဲ့ သမုဒ္ဒရာမှာ မျောချင်ရာ မျောနေတဲ့ လှေကလေး တစ်စင်းလိုပဲ... ကြောက်စရာအကောင်းဆုံးက မုန်တိုင်းကို ရင်ဆိုင်ရတာ မဟုတ်ဘူး... ဆိပ်ကမ်းကို ရှာမရတာပဲ... ဆိပ်ကမ်းဆီသွားဖို့ အစွမ်းအစ မရှိတာပဲ... အဲဒီတော့ ကပ်ဘေးတွေကို တစ်ခုပြီးတစ်ခု ရင်ဆိုင်ရတယ်... အဆုံးကို မမြင်နိုင်တော့ ငြိမ်းချမ်းမှုကိုရော လုံခြုံမှုကိုရော ဘယ်တော့မှ မခံစားရဘူး”
‘မဟုတ်ဘူး မစ္စတာအက်ဇစ်... အဲဒါ ဘယ်လို ခံစားရလဲဆိုတာ ကျွန်တော် သိတယ်... ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဘဝတွေက ထပ်တူမကျပေမဲ့ ဆင်တူတယ်... ကျွန်တော် ကံကောင်းတာက အရင်ကလိုင်းရဲ့ မှတ်ဉာဏ်အပိုင်းအစတွေနဲ့... မလီဆာနဲ့ ဘန်ဆင်တို့ ရှိနေတာပဲ...’
ကလိုင်းဟာ စိတ်ထဲမှာ ဖြေပြီးမှ မေးခွန်းထုတ်ပါတယ် “မစ္စတာအက်ဇစ်... လူကြီးမင်းက ဒီလိုမျိုး မှော်ဆန်တဲ့ အစွမ်းအစကို ပိုင်ဆိုင်မှတော့ ဘာဖြစ်လို့ အလားအတူအုပ်စုထဲဝင်ပြီး ကိုယ့်ဘာသာ သဲလွန်စ မရှာတာလဲ”
အက်ဇစ်ဟာ ကလိုင်းရဲ့ မျက်လုံးထဲ စိုက်ကြည့်ပြီး သူ့ကိုယ်သူ သရော်ပြုံး ပြုံးလိုက်ပါတယ်။
“ဘာဖြစ်လို့လဲဆိုတော့ ငါ ကြောက်လို့ပဲ... ငါ သေရမှာ ကြောက်တယ်”
သူဟာ သက်ပြင်းချပြီး ဆက်ပြောပါတယ် “ငါ ဒီဘဝကို အသားကျနေပြီ... ငါ ဒီဘဝကို နှစ်သက်တယ်... အဲဒီတော့ ငါ့မှာ စွန့်စားဖို့ သတ္တိမရှိဘူး... အဲဒါကြောင့် မင်းကိုပဲ အားကိုးရလိမ့်မယ်”
ကလိုင်းဟာ ဘာမှ ထပ်မပြောတော့ဘဲ ကတိပေးပါတယ် “ကျွန်တော် ဘယ်လို သဲလွန်စပဲ တွေ့တွေ့ သေချာ အာရုံစိုက်လိုက်ပါ့မယ်”
“အင်း... ငါတို့တွေ ရုံးခန်းကို ပြန်သင့်ပြီ... ကိုဟင် အလုပ်ပြီးနဲ့ နေ့လည်စာ အတူစားကြတာပေါ့... မင်း မှတ်မိသေးလား.. တက္ကသိုလ်ထဲမှာ အရှေ့ဘာလမ် စားသောက်ဆိုင်က တော်တော် စားကောင်းတယ်... ဟီးဟီး... ငါ ဒကာခံပါ့မယ်” အက်ဇစ်ဟာ လက်ကိုင်တုတ်မြှောက်ပြီး တစ်ဘက်ကို ထိုးပြပါတယ်။
‘အားတော့နာပါတယ်... ကျွန်တော် အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ မမှတ်မိဘူး... အရင်ကလိုင်းက ဘယ်လိုလုပ်ပြီး အရှေ့ဘာလမ်း စာသောက်ဆိုင်မှာ စားနိုင်မှာလဲ... ဝဲလ်က ဒကာခံရင်တောင် ငါ ဆိုရင် ဒီလိုဈေးကြီးတဲ့နေရာမျိုးမှာ မစားဘူး’
ကလိုင်းဟာ ဦးထုပ်ကိုဖိပြီး အက်ဇစ်နဲ့အတူ သမိုင်းဌာနတည်ရှိရာ မီးခိုးရောင် အဆောက်အဦးရဲ့ တတိယထပ်ဆီ ပြန်ပါတယ်။
ခြေလှမ်း လေးငါးလှမ်း လှမ်းပြီးနောက် အက်ဇစ်က ရုတ်တရက်။
“တက္ကသိုလ်က အလုပ်တွေ ပြီးသွားရင် နွေရာသီ အားလုပ်ရက်ပဲ... မင်း ငါ့အိမ်ကို လာလည်လို့ရတယ်... လာမလည်ဖြစ်လည်း စာရေးပေါ့ကွာ...”
ကလိုင်းဟာ ခေါင်းညိတ်ပြီး “မစ္စအက်ဇစ်... ကျွန်တော်က လူကြီးမင်း ဒေစီကမ်းခြေဆီ သွားလည်မယ်ထင်တာ...”
“မသွားဘူး... အခုအချိန်မှာ တောင်ပိုင်းက အပူရှိန် ပြင်းလွန်းတယ်... ငါ နေရောင်ခံတာကို မကြိုက်ဘူး... ငါရဲ့ အသားအရေကိုလည်း ကြည့်ဦး... အညိုလွယ်တယ်... အဲဒီကို သွားမဲ့အစား ဖေးဆက်အင်ပါယာ မြောက်ပိုင်းက ဆောင်းရာသီမြို့တော်ကိုပဲ သွားပြီး နှင်းလျှောစီးမယ်... ရှုခင်းတွေ လျှောက်ပတ်ကြည့်မယ်... ဒါမှမဟုတ်လည်း ပင်လယ်ဖျံတွေကို အမဲလိုက်မယ်” ကြေးရောင် အသားရေရှိတဲ့ အက်ဇစ်ဟာ အပြုံးနဲ့ ပြန်ပြောပါတယ်။
‘ကျွန်တော်လည်း သွားချင်တယ်...’ ညသိမ်းငှက်အဖွဲ့ဝင် ဖြစ်ခါစရှိသေးတဲ့ ကလိုင်းဟာ အားကျတဲ့မျက်နှာ ဖြစ်သွားပါတယ်။
နေ့လည်စာ စားပြီးတဲ့အခါ ကလိုင်းဟာ အိပ်ပြန်ပြီး တစ်ရေးမှေးပါတယ်။ ပြီးတဲ့အခါမှာတော့ ပြန်လည်လေ့ကျင့်ခန်း လုပ်ပြီး အဆောင်နဲ့လက်ဖွဲ့တွေကို လေ့လာပါတယ်။ သူဟာ ဒီအသိပညာတွေကို မြန်မြန်ပိုင်နိုင်ပြီး အနည်းဆုံး တိုက်ပွဲမှာ သူ့ကို အကူအညီပေးနိုင်တဲ့ အဆောင်လက်ဖွဲ့တွေ စီရင်ချင်နေပါပြီ။
နေ့လည် သုံးနာရီ ထိုးခါနီးမှာတော့ ကလိုင်းဟာ ပစ္စည်းတွေ သိမ်းပြီး သူ့အိပ်ခန်းကို စိတ်ဝိညာဉ်နံရံနဲ့ ချိပ်ပိတ်ပါတယ်။
...
မီးခိုးရောင် မြူခိုးထက်က ခမ်းနားထည်ဝါတဲ့ နန်းတော်ကြီးမှာ ရှေးဟောင်း ကြေးစားပွဲရှည်တစ်လုံး ရှိနေပါတယ်။ ဒီကြေးစားပွဲရှည်ရဲ့ ထိပ်ဆုံးနေရာမှာ ကလိုင်း ထိုင်နေပြီး သူ့မျက်နှာကို ထူထဲတဲ့ မီးခိုးရောင်မြူခိုးတွေက ဖုံးလွှမ်းထားပါတယ်။
သူဟာ သူတို့နေရာအသီးသီးမှာ ပေါ်လာတဲ့ တရားမျှတမှုနဲ့ လူဇောက်ထိုးကို ကြည့်လိုက်ပါတယ်။
‘အင်း... မစ္စတရားမျှတမှုရဲ့ ခံစားချက်က မတည်ငြိမ်ဘူး... စိုးရိမ်တာ၊ စိတ်လေးတာနဲ့ ဘာလုပ်ရမှန်း မသိတဲ့ ခံစားချက်တွေ ဖြစ်နေတယ်...’ ကလိုင်းဟာ တဲရော့ကလပ်ရဲ့ တစ်ဦးတည်းသော အမျိုးသမီးအဖွဲ့ဝင်ကို စိတ်ဝိညာဉ်အာရုံနဲ့ အကဲခတ်ပါတယ်။
အော်ဒရီဟောလ်ရဲ့ ခံစားချက်တွေကို စကားလုံးနဲ့ ဖော်ပြလို့ မရနိုင်ပါဘူး။ ဆူဇီ စကားပြောတတ်မှန်း ရုတ်တရက်ကြီး သိလိုက်ရတာက သူမကို တော်တော်လေး လန့်သွားစေပါတယ်။
သူမဟာ သူမကိုယ်သူမ လက်ထောက်ခွေးနဲ့ သွားလာတတ်တဲ့ နာမည်ကျော် စုံထောက် ဒါမှမဟုတ် နာမည်ကြီး စိတ်ရောဂါကု ဆရာဝန်လို့ စိတ်ကူးယဉ်ထားခဲ့တာပါ။ ဒါပေမဲ့ စုံထောက်ခွေးဆူဇီနဲ့ သူမရဲ့လက်ထောက် မစ္စအော်ဒရီဆိုရင် အဲဒါက နည်းနည်းလေးတော့ မဟုတ်သေးပါဘူး။
‘မဟုတ်ဘူး... နည်းနည်းလေး မဟုတ်ဘူး... လုံးဝကို ထူးဆန်းနေမှာ... ငါ ဘာလုပ်လို့ ဘာကိုင်ရမှန်း သိမှာ မဟုတ်ဘူး...’ အော်ဒရီဟာ ရုတ်တရက် မတ်မတ် ထိုင်ပါတယ်။ သူမဟာ မစ္စတာအရူးနဲ့ လူဇောက်ထိုးဆီကနေ အကူအညီ တောင်းချင်သွားပါတယ်။
ဒါပေမဲ့ သူမဟာ ပြောတော့မဲ့ စကားလုံးတွေကို ပြန်မျိုချလိုက်ပါတယ်။
‘အင်း... ငါ ဒီကိစ္စကို ဘယ်လိုမေးရမှာလဲ... ဆူဇီက မူမမှန်တာဆိုရင် ဘယ်လိုလုပ်မလဲ’
‘စကားပြောနိုင်တဲ့ ခွေးနဲ့... အသိဉာဏ် အတော်အတန်ရှိတဲ့ တိရစ္ဆာန်နဲ့ ငါ ဘယ်လို ဆက်ဆံရမလဲ’
‘မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... ဒါက တဲရော့ကလပ်... အိမ်မွေးတိရစ္ဆာအကြောင်း ပြောတဲ့ နေရာ မဟုတ်ဘူး... ငါသာ အဲဒီမေးခွန်းတွေ မေးလိုက်ရင် လူဇောက်ထိုးနဲ့ မစ္စတာအရူးက ငါ့ကို တစ်မျိုး မြင်ကုန်လိမ့်မယ်... ငါ့အပေါ်မှာရှိတဲ့ အကောင်းမြင်မှုတွေ ပျောက်သွားလိမ့်မယ်... ငါကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်ကုန်လိမ့်မယ်’
အော်ဒရီရဲ့စိတ်ဟာ ယောင်ယက်ခတ်သွားပါတယ်။ နောက်ဆုံးမှာ သူမဟာ စကားလုံးတွေစီပြီး။
“ဂုဏ်သရေရှိ လူကြီးမင်း အရူးနဲ့ ကျွန်မကို အမြဲကူညီပေးတဲ့ မစ္စတာ လူဇောက်ထိုး... ကျွန်မ မေးခွန်းတစ်ခု မေးပါရစေ... သာလွန်စွမ်းအားရှိတဲ့ အိမ်မွေးတိရစ္ဆာန်က သူ့သခင်အတွက် ဘာလုပ်ပေးနိုင်လဲ... တခြားစကားနဲ့ ပြောရရင် ဘယ်လောက်ထိ အသုံးဝင်လဲ”
သူမဟာ သူမရဲ့မေးခွန်း ဆုံးတယ်ဆိုရင်ပဲ မစ္စတာအရူးနဲ့ လူဇောက်ထိုးက တိတ်ဆိတ်သွားတာကို သတိထားမိလိုက်ပါတယ်။ အခြေအနေကတော့ နည်းနည်း ထူးဆန်းလာပါတယ်။
‘ဟေး ဟေး ဟေး... တစ်ခုခု ပြောဦးလေ... ကျွန်မကို အဲဒီလိုမျက်လုံးတွေနဲ့ မကြည့်နဲ့... ကျွန်မ ဘာမှ လုပ်မထားဘူး... ကျွန်မက သူငယ်ချင်းတစ်ယောက်အတွက် မေးပေးတာ’ အော်ဒရီဟာ ရှက်လွန်းလို့ တွင်းအောင်းချင်သွားပါတယ်။
ဒီမေးခွန်းကို မေးမိလိုက်လို့လည်း တော်တော် နောင်တရသွားပါတယ်။
‘အရင်တစ်ခေါက်က သာမန်တိရစ္ဆာတစ်ကောင် ဆုံမှတ်ဆေးရည် သောက်ရင် ဘာဖြစ်မလဲလို့ မေးခဲ့တာဆိုတော့... သူ မွေးထားတဲ့ တိရစ္ဆာန်တစ်ကောင်ကောင်ကို ဆေးရည် တိုက်လိုက်တာလား... ဒီလိုမျိုးက မစ္စတရားမျှတမှုပဲ လုပ်နိုင်တဲ့အရာပဲ... ဒီလိုမျိုးအဖွဲ့ဝင်ရှိနေတဲ့ မိစ္ဆာဒိဋ္ဌိဂိုဏ်းရဲ့ ခေါင်းဆောင်အနေနဲ့ ငါက သနားစရာတောင် ကောင်းနေသေးတယ်’
ကလိုင်းဟာ ဘာအဖြေမှ မပေးဘဲ ညာလက်မြှောက်ပြီး နဖူးကိုထောက်ကာ နှစ်ချက်ဖိလိုက်ပါတယ်။
လူဇောက်ထိုး အယ်ဂျာဝဲလ်ဟာ စက္ကန့်နှစ်ဆယ်နီးပါး တိတ်ဆိတ်သွားပြီးမှ ထူးဆန်းတဲ့လေသံနဲ့ အဖြေပေးပါတယ်။
“အဲဒါက အဲဒီအိမ်မွေးတိရစ္ဆာန်မှာ ဘယ်လိုသာလွန်စွမ်းအားမျိုး ရှိလဲဆိုတာပေါ် မူတည်တယ်... ဥပမာ ပွဲကြည့်သမားဆိုရင် တချို့ကိစ္စတွေကို သခင်ကိုယ်စား လေ့လာအကဲခတ်ပြီး နားထောင်ပေးနိုင်တယ်... မင်းသိတဲ့အတိုင်းပဲ... လူတွေက တစ်ယောက်နဲ့ တစ်ယောက် သတိကြီးကြီးထားတတ်ပေမဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင် သူတို့စကားပြောတာကို ခိုးနားထောင်နေလိမ့်မယ်လို့တော့ ဘယ်တော့မှ သံသယဝင်မှာ မဟုတ်ဘူး... အဲဒီအိမ်မွေးတိရစ္ဆာန်က သူတို့ခြေထောက်နားမှာ ထိုင်နေရင်တောင်မှပေါ့”
‘ဟုတ်တယ်... အဲဒါ အဓိပ္ပာယ်ရှိတယ်... အဖေက အထက်တန်းလွှာတွေ ကတ်ဘိနက်အဖွဲ့ဝင်တွေ တခြားဝန်းကြီးတွေနဲ့ အရေးကြီးကိစ္စ ဆွေးနွေးရင် ငါ့ကို အမြဲတမ်း ရှောင်လေ့ရှိတယ်... အခန်းတံခါးကိုလည်း မကြာခဏ လော့ချထားတတ်ကြတယ်... ဒါပေမဲ့ ဆူဇီက အခန်းထဲမှာ သူတို့နဲ့ အချိန်အကြာကြီး ပုန်းနေနိုင်ရင် မောင်းထုတ်ခံရမှာ မဟုတ်ဘူး... နောက်ပြီး မိန်းမပျိုအများစုက သီးသန့် လူမှုအသိုင်းအဝိုင်းမှာပဲ အတွင်းရေးစကားတွေ ပြောကြတာ...’ အော်ဒရီရဲ့ မျက်လုံးတွေဟာ တလဲ့လဲ့ တောက်ပသွားပါတယ်။
‘အခု ဆူဇီက စကားပြောနိုင်ပြီဆိုတော့ သူတို့ဘာတွေ ပြောလဲဆိုတာကို တိုက်ရိုက် ပြန်ပြောနိုင်ပြီ... ဆူဇီက တကယ်ကို အသုံးဝင်တာပဲ... ငါ နင့်ကို ကောင်းကောင်း ဆက်ဆံရမယ်... အသံထွက်မှန်အောင်နဲ့ ဝေါဟာရတွေလည်း သင်ပေးရမယ်’
‘အင်း... ငါ ဆူဇီကို အထက်တန်းလွှာ အသံထွက် သင်ပေးရမလား ဒါမှမဟုတ် သာမန်လူတွေ ပြောနေကျ ဘက်ကလင် အသံထွက်ပဲ သင်ပေးရမလား... တခြားခွေးတွေနဲ့ တွေ့ရင် သူတို့က ဆူဇီ ဘယ်ကလာလဲဆိုတာ မေးကြမှာလား... နေပါဦး... ငါက ဘာလို့ ဒါကို ထည့်စဉ်းစားနေရတာလဲ... ဆူဇီက တခြားခွေးတွေနဲ့ တွေ့ရင် လူစကားသုံးပြီး ဆက်သွယ်မှာမှ မဟုတ်တာ...’
‘နေပါဦး... မစ္စတာလူဇောက်ထိုး... ရှင်က ဘာဖြစ်လို့ ပွဲကြည့်သမားကို ဥပမာပေးရတာလဲ...’
‘ရှင်... ရှင် ဘာဖြစ်တယ် ဆိုတာကို ခန့်မှန်းမိသွားတာလား...’
အော်ဒရီရဲ့ အမူအရာဟာ ပြောင်းသွားပါတယ်။ သူမဟာ နဂိုအတိုင်း ပြန်ဖြစ်သွားပြီး ပြုံးလိုက်ပါတယ်။
“မစ္စတာအရူး... ကျွန်မ ဧကရာဇ်ရစ်ဆဲလ်ရဲ့ နောက်ထပ် ဒိုင်ယာရီတစ်ရွက် ရှာတွေ့ထားတယ်”
‘ငါ ဒါကို ဖာ့စ်ဝေါလ်ဆီက ရတာ...’
“ကောင်းတယ်... မင်းရဲ့ အကြွေးကို ဆပ်လို့ ကျေပြီ” ကလိုင်းဟာ စိတ်ကောင်းဝင်သွားပါတယ်။
“အားတော့နာပါတယ်... ဒီဒိုင်ယာရီစာရွက်မှာက စာသိပ်မပါဘူး” အော်ဒရီဟာ သူမှတ်ထားတဲ့ စာတွေကို သိုးသားရေစာရွက်ပေါ်မှာ ပေါ်စေပါတယ်။
ကလိုင်း လက်မြှောက်လိုက်တဲ့အခါ သိုးသားရေစာရွက်က သူ့လက်ဖဝါးပေါ်မှာ ပေါ်လာပါတယ် “ရတယ်... ကိစ္စမရှိဘူး... အရင်တစ်ခါ မင်းငါ့ကို ပေးတာက နှစ်မျက်နှာ ရှိတယ်လေ”
တရားမျှတမှုနဲ့ လူဇောက်ထိုး စုဆောင်းတဲ့ စာရွက်တွေက မူလစာရွက်တွေ မဟုတ်ပါဘူး။ သုတေသနသမားတွေ ကူးယူထားတဲ့ စာရွက်တွေပါ။ တချို့က မှတ်တမ်းတင်ဖို့အတွက် တစ်မျက်နှာတည်းမှာ ကူးရေးကြပြီး တချို့ကတော့ အဆင်ပြေဖို့အတွက် ဒိုင်ယာရီရဲ့ မူလပုံစံအတိုင်း ကူးရေးကြပါတယ်။
ကလိုင်းဟာ စာရွက်ပေါ်က စာအကြောင်းအနည်းငယ်ကို ငုံ့ကြည့်လိုက်ပါတယ်။
“ဒီဇင်ဘာ ၂၀... နှစ်သစ်ကို ရောက်တော့မယ်... ဒါပေမဲ့ ငါပြန်ရတဲ့ တုံ့ပြန်မှုက ငါ့ကို ခေါင်းရှုပ်စေတယ်... စိတ်ညစ်စေတယ်”
“ဒီလောကမှာ ရေနံစိမ်း မရှိဘူး... ရေနံစိမ်းကို ဘယ်မှာမှ ရှာမတွေ့ဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။