မင်းသိသင့်တဲ့အရာ မဟုတ်ဘူး
Vol. 12 Ch. 114
‘ရေနံစိမ်း မရှိဘူး... အကြောင်းတစ်ခုခုကြောင့် ရှာမတွေ့တာလား... ဒါမှမဟုတ် တကယ်ပဲ လုံးဝ မရှိတာလား...’
ဧကရာဇ်ရစ်ဆဲ လုပ်ကြံခံရတာကနေ ဒီနေ့အထိ နှစ်ပေါင်း ၁၅၀ လောက် ရှိသွားပါပြီ။ ဒါပေမဲ့ ရေနံစိမ်းက အရိပ်အယောင်တောင် မတွေ့ရပါဘူး။
ကလိုင်းရဲ့ ဒိုင်ယာရီ ကိုင်ထားတဲ့ လက်ဟာ တုန်သွားပြီး မျက်ဆံလည်း ကျဉ်းသွားပါတယ်။
ရေနံစိမ်းမရှိရင် အင်ဂျင်ပေါ်လာဖို့က မသေချာတော့ပါဘူး။ အဲဒီလိုဆို ဓာတုဗေဒလုပ်ငန်းတွေလည်း တန့်သွားမှာပါ။ နားလည်လွယ်အောင် ပြောရရင် ဒီလောကမှာ ကမ္ဘာမြေရဲ့ ခေတ်သစ် စက်မှုခေတ်က ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။
အတိုချုပ်ပြောရရင် ဒီကမ္ဘာရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကလိုင်း မခန့်မှန်းနိုင်တော့ပါဘူး။
သူဟာ ပစ္စည်းတွေကို မတီထွင်နိုင်ပေမဲ့ အရာအားလုံးကို နည်းနည်းချင်းစီသိပြီး နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ လားရာကို ခန့်မှန်းနိုင်တာကြောင့် အားသာချက် ရှိနေသေးတယ်လို့ ထင်ထားခဲ့တာပါ။ သူဟာ ပိုက်ဆံ လုံလုံလောက်လောက် စုမိရင် အနာဂတ်မှာ အလားအလာကောင်းနိုင်တဲ့ စွန့်စားမှုများတဲ့ လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံမယ်လို့ စဉ်းစားထားခဲ့ပါတယ်။ နောက်ပြီး သူဟာ ဥတွေကို ဘယ်တော့မှ တစ်ခြင်းထဲ ထားမှာ မဟုတ်ပါဘူး။
အဲဒီလိုဆိုရင် သူ အချမ်းသာကြီး ချမ်းသာဖို့က အချိန်တစ်ခုပဲလို့ ကလိုင်းဟာ တွေးထားခဲ့ပါတယ်။ အဲဒီအချိန်ကျရင် သူဟာ ဂုဏ်သတင်းရှိတဲ့လူတွေကို ငှားရမ်းပြီး အပြည်ပြည်ဆိုင်ရာ ပရဟိတ ဖောင်ဒေးရှင်းကို တည်ထောင်မှာပါ။ အပေါ်ယံမှာတော့ သူ့ဖောင်ဒေးရှင်းက လူဆင်းရဲတွေကို အကူအညီပေးပြီး နောက်ကွယ်မှာတော့ ဆင်းရဲသားတွေရဲ့ ဘဝအခြေအနေ တိုးတက်ကောင်းမွန်အောင် အထက်တန်းလွှာတွေကို တော်လှန် တိုက်ခိုက်တဲ့နေရာမှာ အားပေးအားမြှောက် ပြုမှာပါ။
သူ ကမ္ဘာမြေဆီ ပြန်ဖို့ နည်းလမ်း ရှာတွေ့သွားရင်တော့ သူ့ပိုင်ဆိုင်မှုကို သုံးပုံ ပုံပြီး တစ်ပုံကို ဘန်ဆင်၊ တစ်ပုံကို မလီဆာနဲ့ ကျန်တဲ့တစ်ပုံကို သူ ဖောင်ဒေးရှင်းအတွက် ထားရစ်ခဲ့မှာပါ။
ဒါပေမဲ့ နှမြောဖို့ကောင်းတာက သူ့ရဲ့ ပြီးပြည့်စုံလှတဲ့ အနာဂတ် ရည်ရွယ်ချက်ဟာ ဒီနေရာမှာပဲ တစ်ဝက် ကွဲကြေသွားပါတယ်။
‘တော်သေးတယ်... ဒီကမ္ဘာမှာ လျှပ်စစ်နဲ့ သံလိုက်ဓာတ် ရှိနေသေးလို့... ဒါတွေရှိလို့ ကြေးနန်းရတာ... နောက်ကျရင် ငါ ဒီအပိုင်းမှာ အဓိကထားပြီး ရင်းနှီးမြှုပ်နှံရမယ်...’ ကလိုင်းဟာ တွေးပြီးတာနဲ့ ဒိုင်ယာရီကို တစ်ကြောင်းချင်း ဆက်ဖတ်ပါတယ်။
“ဒီဇင်ဘာ ၂၁ ရက်... ငါ ရေနံစိမ်းအကြောင်းကို မတွေးတော့ဘူး... ဆုံမှတ် အဆင့်မြှင့်ဖို့က ပိုအရေးကြီးတယ်”
“ဒီဇင်ဘာ ၂၂... ရစ်ဂျုံမြို့နယ်ရဲ့ ညစ်ပတ်ပေရေနေတဲ့ ပတ်ဝန်းကျင်က လုံးဝ လက်ခံနိုင်စရာ မရှိဘူး... ငါသာ ရုပ်ဖျက်ပြီး သွားမလည်ရင် ငါ ငယ်ငယ်တုန်းကနဲ့ အတူတူပဲဆိုတာကို သိရမှာ မဟုတ်ဘူး... ငါ ဝန်ကြီးတွေ အကုန်လုံးစုပြီး ‘မြို့တော် ရေဆိုးမြောင်းနဲ့ အများပြည်သူ သန့်စင်ခန်း တိုးမြှင့်ရေး အစီအစဉ်’ကို လုပ်ချင်လာပြီ... ဟမ်... ငါ လူတွေရဲ့ အကျင့်ဆိုးကို ပြုပြင်ပေးရမယ်... သူတို့ကို ရေကျိုချက် သောက်ခိုင်းပြီး လက်နဲ့မျက်နှာကို မကြာခဏ ဆေးခိုင်းရမယ်... တွေ့တဲ့နေရာတိုင်းမှာ အမှိုက်မပစ်ဖို့၊ အပေါ့အပါးမစွန့်ဖို့နဲ့ ပျော်ပါးရင် ကွန်ဒုံးသုံးဖို့ ပြောရမယ်... ဟားဟား... ငါ ဒီလှုပ်ရှားမှုကို ‘မျိုးချစ်ကျန်းမာရေး လှုပ်ရှားမှု’ လို့ နာမည်ပေးမယ်”
“ကွန်ဒုံး တီထွင်တာကို စောလုပ်ရမယ်... မျက်နှာဖုံး၊ စက္ကူ၊ ခွက်နဲ့ တခြားဟာတွေလည်း ရှိသေးတယ်...ဟုတ်တယ်... ရှေးအကျဆုံး ဗားရှင်းလည်း ကိစ္စမရှိဘူး... စမ်းကြည့်ရမယ်... ဒီကမ္ဘာမှာ ရော်ဘာပင်တွေ ရှိနေသေးတာပဲ ကျေးဇူးတင်ရမယ်”
“ဒီဇင်ဘာ ၂၃ ရက်... ငါ အဲဒီကိစ္စကို စဉ်းစားသင့်တယ်... လက်မှုပညာသည် ဘုရားကျောင်းရဲ့ အပြင်ဘက်မှာ ငါ့အတွက် ထွက်ပေါက် ချန်ထားရမယ်... ဥပမာ ကမ္ဘာကြီးကို အရိပ်ထဲကနေ လွှမ်းမိုးနေတဲ့ အဲဒီရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းထဲ ငါ ဝင်သင့်တယ်လို့ ထင်တယ်”
ကလိုင်းဟာ ရုတ်တရက်ဆိုသလို အောက်မှာ ဘာစာမှ မရှိတော့တာကို တွေ့လိုက်ရပါတယ်။ သူ့ခံစားချက်တွေက စကားလုံးနဲ့ ဖော်ပြလို့ မရပါဘူး။
‘ဧကရာဇ်ရစ်ဆဲလ်... ကမ္ဘာကြီးကို အရိပ်ထဲကနေ လွှမ်းမိုးနေတဲ့ အဲဒီရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းရဲ့ နာမည်က ဘာလဲ... ခင်ဗျား သိလား..’
‘ဘာလို့ ဒီနေရာမှာ ရပ်လိုက်ရတာလဲ... နည်းနည်းလေး ဆက်ရေးလိုက်တော့ ဘာဖြစ်မှာမလို့လဲ’
‘စာစဉ်တွေ ဖတ်ရသလိုပဲ... အဆုံးထိ ဖတ်ပြီးခါမှ စာရေးဆရာက ဆက်မရေးတော့မှန်း သိလိုက်ရတယ်’
‘မျိုးချစ်ကျန်းမာရေး လှုပ်ရှားမှုတဲ့လား... ဧကရာဇ်ရစ်ဆဲလ်က တကယ်ကို ဟာသဉာဏ်ရွှင်တာပဲ’
‘ဒီဒိုင်ယာရီက သူ အင်ထစ်သမ္မတနိုင်ငံရဲ့ ကောင်စစ်ဝန်ဖြစ်လာပြီးမှ ရေးထားတာ ဖြစ်မယ်... သူ့ကိုယ်သူ ဧကရာဇ်ဆီဇာလို့တောင် ခေါ်နေလောက်ပြီ’
‘ငါ လက်တွေ့လောကကို ပြန်ရောက်ရင် တခြားနိုင်ငံတွေနဲ့ ပတ်သက်တဲ့ သမိုင်းစာအုပ်တွေ ဖတ်ဦးမှပဲ... ဒီမြို့တော် ရေဆိုးမြောင်းနဲ့ အများသုံး သန့်စင်ခန်း တိုးမြှင့်ရေး အစီအစဉ်က ဘယ်နှစ်မှာ လုပ်တာလဲဆိုတာ ကြည့်ရမယ်’
စက္ကန့်နှစ်ဆယ်လောက် တိတ်ဆိတ်သွားပြီးနောက် ကလိုင်းဟာ သူ့အတွေးတွေကို ပြန်ထိန်းချုပ်ကာ လက်ထဲမှာ ကိုင်ထားတဲ့ ဒိုင်ယာရီစာရွက်ကို တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားစေပါတယ်။
“မင်းတို့တွေ စ,ဆွေးနွေးလို့ ရပြီ”
အော်ဒရီဟာ စိတ်သက်သာရာ ရသွားပြီး သူမကိုယ်သူမ ပြုပြင်ကာ ပွဲကြည့်သမား အခြေအနေထဲ ဝင်ပါတယ်။ အဲဒီနောက် သူမဟာ ခပ်ယဲ့ယဲ့ပြုံးပြီး စမေးပါတယ်။
“ခုံရုံးလို့ ခေါ်တဲ့ ဆုံမှတ်ဆေးရည် ရှိလား ဒါမှမဟုတ် သစ်သားတံခါးနဲ့ သော့တွေကို ဖြတ်သွားလို့ရတဲ့ သာလွန်သူမျိုးရှိလားဆိုတာ ကျွန်မ သိချင်တယ်”
‘ဒါတော့ ငါသိတယ်’ ဖြူမှိုင်းမှိုင်း မီးခိုးရောင် ဖုံးအုပ်နေတဲ့ ကလိုင်းက ဖြေဖို့ပြင်လိုက်ပေမဲ့ လူဇောက်ထိုးက အရင်ဆုံး ဦးအောင် ဖြေပါတယ်။
“ဒီမေးခွန်းရဲ့ အဖြေအတွက် မင်း ငါ့ကို တစ်ခု စုံစမ်းပေးရမယ်”
“ဘာစုံစမ်းပေးရမှာလဲ’ အော်ဒရီဟာ ပဟေဠိတစ်ဝက် စိတ်ဝင်စားမှုတစ်ဝက်နဲ့ မေးပါတယ်။
အယ်ဂျာဟာ အရူးကို တစ်ချက်ကြည့်ပြီး။
“ဘုရင်မင်းမြတ်က ဖေးဆက်အင်ပါယာကို ကလဲ့စားချေဖို့နဲ့ ဘာလမ် အရှေ့ဘက်ကမ်းခြေကို ဒီနှစ်အတွင်း ဒါမှမဟုတ် နောက်တစ်နှစ် ဇွန်လမတိုင်ခင် တိုက်ခိုက်မလားဆိုတာ သိချင်တယ်”
လက်ရှိမှာ တဲရော့ကလပ်က လိုအင်ဘာသာစကားကို သုံးပါတယ်။ ဒါက သူတို့သုံးယောက် ပထမဆုံးအကြိမ် တွေဆုံတုန်းက အတည်ပြုထားတဲ့ အရာပါ။ အဲဒါကြောင့် အယ်ဂျာဟာ မစ္စတရားမျှတမှုက လိုအင်နိုင်ငံရဲ့ အထက်တန်းလွှာဖြစ်ပြီး မစ္စတရားမျှတမှုကလည်း သူ့ကို လိုအင်နိုင်ငံသားလို့ တွက်ထားမှာပဲလို့ တွေးပါတယ်။
သူဟာ အရူးက လိုအင်နိုင်ငံသားလို ပြောဆိုဆက်ဆံတာကိုတော့ စကားပြောရတာ အဆင်ပြေအောင် တမင်ရုပ်ဖျက်ထားတာလို့ပဲ ခံယူထားပါတယ်။
အစီအရင်လုပ်ပြီးကတည်းက အယ်ဂျာဟာ အရူးကို ‘သူ’ ဆိုတဲ့ တတိယနာမ်စားသုံးပြီး ယဉ်ယဉ်ကျေးကျေး ခေါ်ဝေါ်ပါတယ်။
အော်ဒရီဟာ လူမှုရေးပွဲအသီးသီးက ကြားခဲ့တာတွေကို ပြန်တွေးပြီး ခေါင်းညိတ်ကာ ယုံကြည်မှုအပြည့်နဲ့ ပြောပါတယ် “ရတယ်... ဒါပေမဲ့ သေချာအောင် လုပ်ဖို့တော့ အချိန်တစ်ခု ယူရလိမ့်မယ်”
“ငါ စောင့်နိုင်ပါတယ်” အယ်ဂျာဟာ အပြုံးနဲ့ ပြောပါတယ် “မစ္စတာအရူး သက်သေရှိနေတော့ မင်း ကတိမဖျက်ဘူးဆိုတာ ယုံပါတယ်”
အော်ဒရီဟာ ပါးစပ်ထောင့် တွန့်တက်သွားပြီး တိတ်ဆိတ်ပေမဲ့ လျှို့ဝှက်ဆန်းကြယ်ကာ မီးခိုးရောင် မြူခိုး ဖုံးအုပ်နေတဲ့ အရူးကို လှမ်းကြည့်ပါတယ်။
“ဒါပေမဲ့ ဒီသတင်းက မေးခွန်းနှစ်ခုထက် ပိုတန်တယ်လို့ ထင်တယ်”
“မင်း အဖြေကို အတည်ပြုပြီးရင် အခြေအနေပေါ် မူတည်ပြီး ငါ လိုတာ ထပ်ပေးမယ်” အယ်ဂျာဟာ စဉ်းစားထားပြီးသား စကားကို ပြောလိုက်ပါတယ်။
‘မစ္စတရားမျှတမှု... မစ္စတာ လူဇောက်ထိုး... တန်ဖိုး သတ်မှတ်နိုင်အောင် ငွေကြေးစနစ် လိုသေးလား...’ ကလိုင်းဟာ သူ့ရှေ့က လူနှစ်ယောက်ကို ကြည့်ကာ ပြုံးပြီး နောက်မှီလိုက်ပါတယ်။
အော်ဒရီဟာ စိတ်မောပြေသွားပြီး စိတ်ထဲမှာ သူ့ကိုယ်သူ အားပေးပါတယ်။
‘တော်တယ်... အော်ဒရီ... နင် ညှိုနှိုင်းတတ်လာပြီ...’ သူမဟာ စိတ်လှုပ်ရှားလွန်းလို့ ပွဲကြည့်သမား အခြေအနေကနေ ထွက်လုနီးပါး ဖြစ်သွားပါတယ်။ အဲဒီနောက် သူမဟာ တစ်စုံတစ်ခုကို ခပ်မြန်မြန် တွေးမိသွားပြီး။
“ဒါနဲ့ မစ္စတာလူဇောက်ထိုး... ရှင် ပေါင်တစ်ထောင် ရလား”
“အားတော့နာပါတယ်... ကျွန်တော်က ရွက်လွှင့်နေတုန်း... ကုန်းမြေကို ပြန်မရောက်သေးဘူး” အယ်ဂျာဟာ ဒီကိစ္စကို မပြောပြချင်တာကြောင့် အော်ဒရီရဲ့ စောစောက မေးခွန်းကို အဖြေပေးပါတယ်။
“သစ်သားတံခါးတွေနဲ့ သတ္တုသော့တွေကို ဖြတ်နိုင်တဲ့ သာလွန်သူက ဆုံမှတ် ၉ ပညာသင်ပဲ... လျှို့ဝှက်အဖွဲ့အစည်းဖြစ်တဲ့ သီအိုဆိုဖီဂိုဏ်းမှာ အဲဒီဆုံမှတ်ရဲ့ ဆေးရည်ဖော်မြူလာ ရှိတယ်... ဒါပေမဲ့ တခြားလမ်းကြောင်းတွေက ရနိုင်တဲ့ ဖြစ်နိုင်ခြေကိုလည်း လျစ်လျူရှုထားလို့ မရဘူး... ဥပမာ စတုတ္ထယုဂ်က ရှေးဟောင်းအုတ်ဂူတွေကနေပေါ့”
‘သီအိုဆိုဖီဂိုဏ်း... နတ်ဆိုးမဂိုဏ်းနဲ့ ကူးလူးဆက်ဆံမှုရှိတဲ့ လျှို့ဝှက်အဖွဲ့အစည်းလား...’ ကလိုင်းဟာ မေးစေ့ကို အေးအေးလူလူ ပွတ်လိုက်ပါတယ်။
မစ္စတာအရူးက မငြင်းတဲ့အတွက် အော်ဒရီဟာ သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။
“ဒီပညာသင် ဖော်မြူလာကိုသာ အရင်က တွေ့ခဲ့ရင် ကျွန်မ ပွဲကြည့်သမားကို မရွေးချယ်ခဲ့လောက်ဘူး”
သူမ ပြောလည်း ပြောချင်စရာပါ။ ပညာသင်ရဲ့ စွမ်းဆောင်ရည်က ထူးခြားလွန်းတယ် မဟုတ်ပါလား။
အယ်ဂျာဟာ မစ္စတရားမျှတမှုရဲ့ မှတ်ချက်ကို စိတ်ထဲမထားဘဲ ဆက်ရှင်းပြပါတယ် “စီရင်သူဆိုတဲ့ ဆုံမှတ်ဆေးရည်တစ်ခုလည်း ရှိသေးတယ်... အဲဒါကိုတော့ မင်း ရင်းနှီးမယ်လို့ ထင်တယ်... အော်ဂတ်စတစ် မိသားစုနဲ့ ဖေးနာပေါ်တာ နိုင်ငံက ကတ်စတီယာ မိသားစုတို့မှာ အဲဒီဆေးရည် ဖော်မြူလာ ရှိတယ်... ရှေးခေတ်မှာက ဆုံမှတ်နိမ့် ဖော်မြူလာတွေကို ဆုလာဘ်အဖြစ် ပေးသနားခဲ့ကြတာဆိုတော့... တချို့ အထက်တန်းလွှာတွေဆီမှာလည်း ရှိချင် ရှိနေနိုင်တယ်”
အော်ဂတ်စတစ်မိသားစုက လိုအင်နိုင်ငံရဲ့ တော်ဝင်မိသားစု ဖြစ်ပြီး ကတ်စတီယာ မိသားစုက ဖေးနာပေါ်တာနိုင်ငံရဲ့ တော်ဝင်မိသားစုပါ။
‘အော်ဂတ်စတစ် မိသားစု အကုန်လုံးက စီရင်သူတွေကို...’ အော်ဒရီဟာ သံသယတွေ ရှင်းသွားပြီး တစ်စုံတစ်ခုကို သဘောပေါက် နားလည်သွားပါတယ်။
သူမဟာ သက်ပြင်းချပြီး တွေးလိုက်ပါတယ် ‘ငါ သူတို့ စီစဉ်တဲ့အတိုင်း အမြဲလိုက်လုပ်ပြီး အမြဲတမ်း နေလို့ထိုင်လို့ မကောင်းတာ... အမြဲတမ်း အရှုံးပေးချင်တာ... သူတို့ရှေ့မှာ ငါက ငါနဲ့မတူတာ အံ့ဩစရာ မရှိတော့ပါဘူး... ငါက ငါ့ကိုယ်ငါ ကြောက်တတ်တယ်လို့ ထင်နေတာ’
“စီရင်သူတွေမှာ ညှို့ဓာတ်နဲ့ အခွင့်အာဏာ နည်းနည်းရှိတယ်... မမျှော်လင့်ထားတာကို ရင်ဆိုင်နိုင်တဲ့ တိုက်ရည်ခိုက်ရည်လည်း ရှိတယ်” အယ်ဂျာဟာ ရိုးရိုးတမ်းတမ်း ရှင်းပြပါတယ်။
အော်ဒရီဟာ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြီး နောက်မှီထိုင်ကာ ချိုချိုသာသာ ပြောပါတယ် “ကျွန်မမှာ မေးခွန်း မရှိတော့ဘူး”
အယ်ဂျာဟာ ခဏတွေးပြီး ကြေးစားပွဲရှည်ရဲ့ ထိပ်ဆုံးထိပ်ခုံကို ကြည့်ပါတယ် “ဂုဏ်သရေရှိလူကြီးမင်း အရူး... အော်ရိုရာဂိုဏ်းသားတွေ ပြောနေတဲ့ ဖန်တီးရှင်စစ်ရဲ့ ဘုံဗိမ္မာန်ဆိုတာက ဒဏ္ဍာရီလာ နတ်ဘုရားစွန့်ပစ် နယ်မြေလား”
‘နတ်ဘုရားစွန့်ပစ်နယ်မြေ... ငါ အဲဒါကို ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီထဲမှာ တစ်ခါပဲ တွေ့ဖူးသေးတယ်... ညသိမ်းငှက်တွေရဲ့ လျှို့ဝှက် မှတ်တမ်းထဲမှာတော့ ရှိလောက်တယ်... ဒါပေမဲ့ လောလောဆယ်မှာ အဲဒါက ငါသိတဲ့အရာ မဟုတ်ဘူး... မင်းက ငါ့ကို ဘယ်လို ဖြေစေချင်တာလဲ...’ ကလိုင်းဟာ နှုတ်ခမ်းတွန့်လုနီးနီးပါပဲ။
သူဟာ တဒင်္ဂစဉ်းစားပြီး တည်ငြိမ်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “အဲဒါက အခုအချိန်မှာ မင်း သိသင့်တဲ့အရာ မဟုတ်ဘူး”
အယ်ဂျာဟာ ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားပြီး ခေါင်းချက်ချင်း ငုံ့လိုက်ပါတယ် “ကျွန်တော် စည်းကျော်မိတဲ့အတွက် တောင်းပန်ပါတယ်”
အော်ဒရီဟာ နတ်ဘုရားစွန့်ပစ်နယ်မြေ အကြောင်း မေးချင်ပေမဲ့ ဒီစကားတွေကို ကြားတဲ့အခါမှာ လက်လျှော့လိုက်ပါတယ်။
မီးခိုးရောင် မြူခိုးထက်က ခမ်းနားထည်ဝါတဲ့ နန်းတော်ထဲမှာ တိတ်ဆိတ်မှုက ရုတ်တရက် ကြီးစိုးသွားပါတယ်။
အဲဒီအချိန်မှာ အော်ဒရီဟာ သူ တစ်ခုခု ပြောသင့်တယ်လို့ ခံစားလိုက်ရပါတယ်။
“မစ္စတာအရူး... တကယ်လို့များ... ကျွန်မ တခြား အဖွဲ့အစည်းတစ်ခုထဲ ဝင်ဖို့ အခွင့်အရေး ရလာခဲ့ရင်... ဥပမာ စိတ်ပညာ အဂ္ဂိရတ်သမားတွေ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းမျိုး... အဲဒီလိုအဖွဲ့တွေထဲဝင်ဖို့ ခွင့်ပြုပါသလား”
ကလိုင်းဟာ နောက်မှီလျက်က တစ်ချက် ရယ်ပါတယ် “ရတယ်... တဲရော့ကလပ်အကြောင်း လူမသိရင် ပြီးရော”
“မင်း တခြားအဖွဲ့အစည်းတစ်ခုထဲ ရောက်သွားရင် မင်း လဲလှယ်နိုင်တဲ့ ပစ္စည်းတွေနဲ့ သတင်း အချက်အလက်တွေကလည်း တိုးလာလိမ့်မယ်”
ဒီစကားပြောပြီးတဲ့နောက် ကလိုင်းဟာ သူကလည်း နောက်ထပ် အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင် ဖြစ်နေတာကို ရုတ်တရက် တွေးမိလိုက်ပါတယ်။ သူက ညသိမ်းငှက်အစစ်ဖြစ်ပြီး လူဇောက်ထိုးက မုန်တိုင်းအရှင် ဘုရားကျောင်းက ဖြစ်ဖို့ များပါတယ်။
‘ငါ့ရဲ့ တဲရော့ကလပ်က သစ္စာဖောက်တွေ စုလာတာဆိုတော့ သူပုန် မဟာမိတ်အဖွဲ့နဲ့ တူလာပြီ...’ ကလိုင်းဟာ အတွေးထဲ နစ်ဝင်သွားပါတယ်။
“ကျွန်မ နားလည်ပါပြီ” အော်ဒရီဟာ စိတ်လှုပ်ရှားသွားပေမဲ့ ချက်ချင်းဆိုသလို မေးခွန်းတစ်ခုကို တွေးမိလိုက်ပါတယ် “မစ္စတာအရူး... ကျွန်မ တဲရော့ကလပ်အတွက် သင့်တော်တဲ့ အမျိုးကောင်းသားပဲဖြစ်ဖြစ် အမျိုးကောင်းသမီးပဲဖြစ်ဖြစ် ရှာတွေ့ရင် ကျွန်မ သူတို့တွေ တဲရော့ကလပ်ထဲ ရောက်လာအောင် ဘယ်လိုလမ်းညွှန်ပေးရမလဲ... ကျွန်မ ဘယ်လိုမျိုး လုပ်ရမလဲ”
အယ်ဂျာကလည်း တွေးပြီး ပြောပါတယ် “မစ္စတာအရူး... ဒီတွေ့ဆုံပွဲရဲ့ အဖွဲ့ဝင်ဖြစ်ဖို့ လိုအပ်ချက်က ဘာတွေလဲ... ကျွန်တော်တို့တွေ ဘယ်လို ဆုံးဖြတ်ရမလဲ”
‘ရည်မှန်းချက် ရှိရမယ်... လူ့ကျင့်ဝတ်ရှိရမယ်... ယဉ်ကျေးရမယ်... စည်းကမ်း ရှိရမယ်...’ ကလိုင်းရဲ့ ခေါင်းထဲမှာ အချက်လေးချက် ရုတ်ခြည်း ပေါ်လာပါတယ်။
ဒါပေမဲ့ သူဟာ လေးငါးဆယ်စက္ကန့် ကြာအောင် ဆိတ်ဆိတ်နေပြီး တရားမျှတမှုနဲ့ လူဇောက်ထိုး နည်းနည်း မသက်မသာဖြစ်လာမှာ စကားပြောပါတယ်။
“မင်းတို့တွေ သင့်တော်တဲ့လူ ရှာတွေ့ရင် ဒီနေရာမှာ ငါ့ကို တင်ပြလို့ရတယ်... သူတို့ကို လက်ခံသင့် မခံသင့် ငါ ဆုံးဖြတ်မယ်... သူတို့တွေ ဒီထဲကို မရောက်ခင် တဲရော့ကလပ်နဲ့ ပတ်သက်ပြီး အရိပ်အမြွက်တောင် ထုတ်မပြောနဲ့... မင်းတို့ မှတ်ထားရမှာက... ဒီတွေ့ဆုံပွဲရဲ့ အဖွဲ့ဝင် မဟုတ်တဲ့လူတွေကို...”
ကလိုင်းဟာ စကားရပ်ပြီး အသံလေးလေးကြီးနဲ့ “ငါ့ခွင့်ပြုချက်မရှိဘဲ ငါနာမည်ကို မပြောမိစေနဲ့”
မြန်မာပြည် ငြိမ်းချမ်းပါစေ။