ငါက ရုပ်ဝါဒီသမား
Vol. 12 Ch. 115
“ငါ့ခွင့်ပြုချက်မရှိဘဲ ငါ့နာမည်ကို မပြောမိစေနဲ့”
...
တွေ့ဆုံပွဲ ပြီးလို့ အော်ဒရီနဲ့ အယ်ဂျာဟာ သူတို့ရဲ့ အိပ်ခန်းနဲ့ သင်္ဘောဆီကို အသီးသီး ပြန်ရောက်သွားကြပေမဲ့ အရူးရဲ့ စကားက သူတို့ရဲ့ နားထဲမှာ သုံးလေးမိနစ်ကြာတဲ့အထိ ပဲ့တင်ထပ်နေတုန်းပါ။
သူတို့တွေရဲ့ အမြင်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး တန်ခိုးစွမ်းအား ကြီးမားတဲ့ မစ္စတာအရူးက ပုံမှန်ဆိုရင် ပေါ့ပေါ့ပါးပါနဲ့ တည်ငြိမ်ပြီး သမုဒ္ဒရာလို နက်နက်ရှိုင်းရှိုင်း နေတတ်တဲ့ တည်ရှိမှုပါ။ အခုလိုမျိုး ခက်ထန် ထောင်လွှားတာက ရှားပါတယ်။
အဲဒါကြောင့် သူတို့တွေဟာ ထူးထူးခြားခြားခြား ထိတ်လန့်သွားပြီး သူ့အလိုကို စိတ်ရင်းနဲ့ နာခံပါတယ်။
သူတို့တွေဟာ ဒီလိုစကားမျိုးတွေကို မကြားဖူးတာ မဟုတ်ပါဘူး။ ထာဝရညရဲ့ ဗျာဒိတ်တော်နဲ့ မုန်တိုင်းအရှင် စာအုပ်တွေမှာ ဒီလိုညွှန်ကြားချက်မျိုးတွေ ရေးထားပါတယ်။
...
ထင်းဂန်မြို့၊ အနောက်ပိုင်းမြို့နယ်၊ ဒက်ဖဒိုလမ်း။
ကလိုင်းဟာ ကန်လန်ကာ ဆွဲဖွင့်ပြီး နေရောင်ခြည်ကို သူ့အိပ်ခန်းထဲ ဝင်စေပါတယ်။
သူဟာ တရားမျှတမှုနဲ့ လူဇောက်ထိုး ထွက်သွားတဲ့အခါ အရင်တစ်ခေါက်က ဆုတောင်းစကား ကြားရတဲ့ ကြယ်ကို စစ်ဆေးကြည့်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ သူဟာ ဘာသတင်း အချက်အလက်မှ ထပ်မရပါဘူး။
ကြယ်သွေးရောင်ကြယ်က ဆုတောင်းသံတွေကို သိုလှောင်နိုင်စွမ်း ရှိတော့ မက်ဆေ့ချ်ပို့သလိုပါပဲ။ ဂျိုဒင်စကားပြောတဲ့ လူငယ်လေးဟာ သူ မီးခိုးရောင်မြူခိုးထက်က လောကထဲ ဝင်တဲ့ ပြီးခဲ့တဲ့ နှစ်ကြိမ်အတွင်းမှာ ထပ်ပြီးတော့ ဆုမတောင်းသေးပါဘူး။
အဲဒါကြောင့် သူဟာ ဒီလူငယ်လေးရဲ့ မိဘတွေက မျှော်လင့်ချက်မရှိတော့လို့ လူငယ်လေးက လက်လျှော့လိုက်ပြီလို့ သံသယ ဝင်မိလိုက်ပါတယ်။
နေရောင်ခြည်ကို မျက်နှာမူရင်း ကလိုင်းဟာ ခုတင်ဘေးလျှောက်သွားပြီး လဲလျောင်းလိုက်ပါတယ်။ သူဟာ လှုပ်တောင် မလှုပ်ချင်ပါဘူး။
သူဟာ အချိန်မဖြုန်းဘဲ ဗေဒင်ကလပ်ဆီသွားပြီး ဆေးရည်ချေဖျက်တာကို ဆက်လုပ်သင့်မှန်း သိပါတယ်။ ဒါပေမဲ့ လုံးလုံးကို မလှုပ်ရှားချင်ပါဘူး။ အဲဒါကြောင့် ခုတင်ပေါ်မှာ တိတ်တဆိတ် လဲလျောင်းရင်း ရှားရှားပါးပါး အနားယူမှုကို အပြည့်အဝ ခံစားပါတယ်။
သူဟာ အင်္ဂါနေ့ကနေ သောကြာနေ့အထိ မနက်ပိုင်းမှာ ဂမ္ဘီရသင်ခန်းစာတွေနဲ့ လက်တွေ့လေ့ကျင့်ခန်းတွေ ရှိပြီး နေ့လည်ခင်းမှာတော့ သေနတ်ပစ်တာနဲ့ တိုက်ခိုက်ရေး လေ့ကျင့်တာ ရှိပါတယ်။ အဲဒါကြောင့် ညနေရောက်တဲ့အခါမှာ သူဟာ တော်တော်လေး စိတ်ပန်းလူပန်း ဖြစ်သွားပါပြီ။
သူ့ရဲ့ မနက်ခင်း လုပ်ငန်းဆောင်တာတွေက စနေနေ့အထိ အပြောင်းအလဲမရှိပါဘူး။ စနေနေ့ရဲ့ နေ့လည်းခင်းမှာတော့ ချန်စီဂိတ်ကို စောင့်ကြပ်ရပြီး တနင်္ဂနွေနေ့ အရုဏ်တက်ချိန်အထိ မြေအောက်ထပ်မှာ နေရပါတယ်။
တနင်္ဂနွေနေ့ မနက်ခင်းက ကလိုင်း အစားထိုး အိပ်တဲ့အချိန်ပါ။ နေ့လည်ခင်း ရောက်ရင်တော့ အခြေအနေပေါ် မူတည်ပြီး ဗေဒင်ကလပ်ဆီ သွားဖို့ မသွားဖို့ ဆုံးဖြတ်ပါတယ်။
တနင်္လာနေ့ မနက်ခင်းမှာတော့ သူဟာ ခွိုင်းတက္ကသိုလ်ဆီ သွားခဲ့ပါတယ်။ ခွိုင်းတက္ကသိုလ်ကနေ ပြန်ရောက်တော့လည်း သိပ်မကြာခင်မှာပဲ နေ့လည်ခင်း တဲရော့တွေ့ဆုံပွဲကို တက်ရပါတယ်။ သူဟာ အမြင်ဆရာအဖြစ် သရုပ်ဆောင်တဲ့ ကိစ္စကိုလည်း စဉ်းစားရပါသေးတယ်။ ရှင်းအောင်ပြောရရင် သူဟာ တစ်ပတ်လုံး အလုပ်ရှုပ်ပြီး နားချိန်မရှိခဲ့ပါဘူး။
အဲဒါကြောင့် ကလိုင်းဟာ ခုတင်ပေါ်မှာ အရှုံးသမားလို လဲလျောင်းရင်း စိတ်ကူးနဲ့ ရူးတာကလွဲလို့ ကျန်တာ ဘာမှ မလုပ်ချင်ပါဘူး။
‘မဟုတ်သေးဘူး... ဂိုဏ်းခေါင်းဆောင် တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အပျင်းထူရတာလဲ... မစ္စတရားမျှတမှုနဲ့ မစ္စတာ လူဇောက်ထိုးသာ ဒီအကြောင်းကို တစ်စွန်းတစ်စ ကြားသွားရင် ငါတော့ သွားပြီ...’ ကလိုင်းဟာ မျက်နှာကို စောင်နဲ့အုပ်ရင်း သူ့ကိုယ်သူ အားပေးစကား ပြောပါတယ်။
“ငါ့မှာ လူရွှင်ဆေးရည် ရှိနေပြီ... ငါလုပ်ရမှာက အမြင်ဆရာ ဆေးရည်ကို လုံးဝ ချေဖျက်ဖို့ပဲ... ငါ့မှာ လူရွှင်ဆေးရည် ရှိနေပြီ... ငါလုပ်ရမှာက အမြင်ဆရာ ဆေးရည်ကို လုံးဝ ချေဖျက်ဖို့ပဲ...”
သူဟာ သူ့ဘာသာ ရေရွတ်ပြီး ထထိုင်ပါတယ်။
အဲဒီနောက် အိတ်ကပ်ထဲကနေ အကြွေစေ့တစ်စေ့ထုတ်ပြီး ဒီနေ့ ဗေဒင်ကလပ်ဆီ သွားသင့် မသွားသင့် တွက်ချက်ကြည့်တဲ့အခါ သွားသင့်တယ်လို့ အဖြေထွက်ပါတယ်။
“ငါး လေး သုံး နှစ် တစ်...”
တစ်ကို ရောက်တဲ့အခါမှာတော့ သူဟာ အတင်း မတ်တတ်ရပ်ပြီး အဝတ်စင်ဆီ လျှောက်သွားကာ ဝတ်စုံနဲ့ ဦးထုပ်ကို ယူလိုက်ပါတယ်။
...
ဟောက်လမ်း၊ ဗေဒင်ကလပ်၊ အစည်းအဝေးခန်း။
ကလိုင်းဟာ အရိပ်ကျတဲ့ ထောင့်တစ်ထောင်မှာ ထိုင်ပြီး ထင်းဂန်မြို့ သတင်းမှန် ဖတ်ရင်းက စီးဘလက် လက်ဖက်ရည်ကို တစ်ငုံသောက်ပါတယ်။ အခန်းထဲမှာ အဖွဲ့ဝင် အများကြီး မရှိပါဘူး။ ခြောက်ယောက် ခုနစ်ယောက်တည်းပါ။
အလုပ်ကြော်ငြာမှာ သုံးထားတဲ့ သဒ္ဒါအမှားကို ရယ်နေတုန်းမှာပဲ တစ်ဖက်မျက်မှန်နဲ့ ဂလက်ဆစ်က လက်ထဲမှာ ပိုးဦးထုပ်ကိုင်ပြီး အခန်းထဲ ဝင်လာတာ တွေ့လိုက်ရပါတယ်။ သူ့ဘေးမှာလည်း အသက်သုံးဆယ်အရွယ် အပြာရောင်အင်္ကျီနဲ့ အမျိုးသမီးတစ်ယောက် ပါလာပါတယ်။
အမျိုးသမီးဟာ မျက်ခုံးကွေးကွေးရှိပြီး အရောင်မွဲနေတဲ့ မျက်လုံးကြီးတွေ ရှိပါတယ်။ သူမရဲ့ ဘယ်ဘက်လက်ထဲမှာ ငန်းနက် ငှက်မွေးတွေနဲ့ အလှဆင်ထားတဲ့ အင်ထစ် ဦးထုပ်တစ်လုံး ကိုင်ထားပါတယ်။
‘ဒီဦးထုပ်က တော်တော် ဂွကျတာပဲ... သူ ဒီဦးထုပ်ဆောင်းတာ လည်ပင်း ဘာမှမဖြစ်ဘူးလား...’ ကလိုင်းဟာ အညောင်းပြေအောင် နှိပ်နယ်သလိုမျိုးနဲ့ မျက်ခုံးလယ်ကို နှိပ်လိုက်ပါတယ်။
စိတ်ဝိညာဉ်အာရုံကနေ ဂလက်ဆစ်နဲ့ အမျိုးသမီး နှစ်ယောက်စလုံးက ကျန်းမာပေမဲ့ စိုးရိမ်သောကရောက်ပြီး ဒေါသထွက်ကာ ပျာယာခတ်နေတာကို သတိထားမိလိုက်ပါတယ်။
“မင်္ဂလာ နေ့လည်ခင်းပါ... ဂလက်ဆစ်... အဲဒီလာနယ်ဗို့စ်က မယုံကြည်ရဘူးမလား” ကလိုင်းက ထိုင်နေလျက်က အပြုံးနဲ့ မေးလိုက်ပါတယ်။
ဂလက်ဆစ်ဟာ အရင်တစ်ခေါက်က သူ့ကို လာနယ်ဗို့စ်ရဲ့ သံမဏိကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံဖို့ကိစ္စနဲ့ ပတ်သက်ပြီး ဗေဒင်မေးခဲ့ပါတယ်။ အဲဒီတုန်းက မကောင်းဘူးလို့ အဖြေထွက်ခဲ့ပါတယ်။
ဂလက်ဆစ်ရဲ့ ဆုံးဖြတ်ချက် မပြတ်သားမှုကို သတိထားမိတာကြောင့် ဘယ်လိုပဲဖြစ်ဖြစ် စွန့်စားလိမ့်မယ်လို့ သူ တွက်ထားခဲ့ပါတယ်။ သူ့မှာ ရှိသမျှ ပုံအောပြီး မရင်းနှီးလိုက်ဖို့ပဲ မျှော်လင့်ရပါတယ်။ အခု ဂလက်ဆစ်ရဲ့ ခံစားချက်ကို ကြည့်ပြီး သူ အရင်က တွက်ထားခဲ့တာ မှန်နေပြီလို့ ကလိုင်းဟာ ချက်ချင်းပဲ ကောက်ချက် ချလိုက်ပါတယ်။
ဂလက်ဆစ်ဟာ တစ်ခဏ အေးခဲသွားပြီး မချိပြုံး ပြုံးလိုက်ပါတယ်။
“ဆရာရဲ့ စကားကို နားမထောင်မိတာ ကျွန်တော် တကယ်ပဲ နောင်တရမိတယ်...ဟီး... ကျွန်တော် ဒီလိုမျိုး ပြောတာ ဒါနဲ့ဆို နှစ်ခါ ရှိပြီ... နောက်ဒီလိုမဖြစ်... မဟုတ်ဘူး... တတိယအကြိမ်ဆိုတာ မရှိစေရဘူး”
သူဟာ သူ့ဘေးက အရေးအကြောင်း တချို့ရှိနေတဲ့ အမျိုးသမီးကို လှည့်ကြည့်ပြီး။
“မဒမ် ခရစ္စတီးနား... တွေ့လား... မစ္စတာမိုရက်တီက ကျွန်တော်တို့ ဒီကို ဘာလို့လာတယ်ဆိုတာ ကျွန်တော်တို့ ဘာမှမပြောဘဲ ခန့်မှန်းမိနေပြီ... သူက ကျွန်တော် တွေ့ဖူးသမျှထဲမှာ အမှန်ဆုံး ဗေဒင်ဆရာပဲ... အမြင်ဆရာလို့တောင် ခေါ်သင့်တယ်”
“မင်္ဂလာ မနက်ခင်းပါ မစ္စတာမိုရက်တီ... ကျွန်မတို့ လာခဲ့တာကလည်း လာနယ်ဗို့စ်ကြောင့်ပါ” ခရစ္စတီးနားဟာ ရိုးရိုးတမ်းတမ်း ဦးညွှတ်ပါတယ်။ သူမကို ကြည့်ရတာ စိုးရိမ်သောကရောက်ပြီး ပျာယာခတ်နေတယ်ဆိုတာ သိသာလှပါတယ်။
“ကျွန်တော်တို့တွေ ဥဿဖရားခန်းကို သွားကြမလား” ဂလက်ဆစ်ဟာ ရှေ့ကနေ ပြောပြီး အစည်းအဝေးခန်းရဲ့ တံခါးကို မေးငေါ့ပြောပါတယ်။
ကလိုင်းဟာ မတ်တတ်ရပ်ရင်း ရယ်လိုက်ပါတယ်။
“ဒါက ဗေဒင်ဆရာတစ်ယောက်ရဲ့ အလုပ်ပဲ”
အဲဒီနောက် သူဟာ ဥဿဖရားခန်းကို ရှေ့ကနေ ဦးဆောင်သွားပါတယ်။
ဂလက်ဆစ်ဟာ သစ်သားတံခါးကို လော့ချပြီးတာနဲ့ သက်ပြင်းချကာ ထိုင်ခုံဆီ လျှောက်သွားပါတယ်။
“လာနယ်ဗို့စ် ပျောက်နေတယ်... ဆေးဗလာစ်မှာ တူးဖော်တာကို ကြီးကြပ်မယ်ဆိုပြီး ထင်းဂန်မြို့ကနေ ထွက်သွားတာ တစ်ခါမှ ပြန်မလာတော့ဘူး... ကျွန်တော်တို့တွေ ရေနွေးငွေ့မီးရထားနဲ့ လူလွှတ်ပြီး သူ့ကို ရှာတော့ သူပြောတဲ့ အကြီးစား သံမဏိတွင်းက မြေပုံပေါ်မှာပဲ ရှိတာ သိလိုက်ရတယ်... ကျွန်တော် ဆရာရဲ့စကားကို တွေးမိပြီး ကျွန်တော် ရင်းနှီးမြှုပ်နှံမယ်လို့ လုပ်ထားတဲ့ထဲက သုံးပုံတစ်ပုံပဲ ရင်းနှီးမြှုပ်နှံလိုက်လို့ တော်သေးတယ်... မဟုတ်ရင် ကျွန်တော်ရဲ့ မိသားစုကို ဆုံးရှုံးရုံသာမက ဘဝပါပျက်မှာ”
ကလိုင်းဟာ သူ့ရှေ့က လူနှစ်ယောက်ကို ကြည့်ပြီး သူ့မျက်ဆံတွေဟာ ပုံမှန်ထက် ပိုမည်းသွားပါတယ်။ သူဟာ နည်းနည်းသိချင်လာတာနဲ့ စပ်စုလိုက်ပါတယ်။
“ဒီလိုမျိုး အရေးကြီးတဲ့ ငွေရေးကြေးရေး ကိစ္စကို မဆုံးဖြတ်ခင် သူ ပြောတာ မှန်လား မှားလားဆိုတာကို ဆေးဗလာစ်က ဟွန်းနာဆစ် တောင်တန်းဆီ ကိုယ်စားလှယ် လွှတ်ပြီး အတည်မပြုဘူးလား”
ခရစ္စတီးနားဟာ ခပ်သွက်သွက် ပြန်ဖြေပါတယ်။
“ကျွန်မတို့ ကိုယ်စားလှယ်က လာနယ်ဗို့စ် ငှားထားတဲ့နေရာ ခြံစည်းရိုးခတ်ထားတဲ့မြေနဲ့ သူငှားထားတဲ့လူတွေ အရူးလုပ်တာ ခံလိုက်ရတယ်”
ကလိုင်းဟာ ဆက်ပြီးတော့ မေးခွန်းမမေးတော့ဘဲ အမြင်ဆရာတစ်ယောက်ရဲ့ စိတ်နေသဘောထားကို ထိန်းသိမ်းပါတယ်။
“ဒီနေ့ ဘာကို တွက်ချင်တာလဲ”
“ဒီအခြေအနေကို ကယ်ဆယ်လို့ ရသေးလားဆိုတာ ကျွန်မတို့တွေ သိချင်တယ်” ခရစ္စတီးနားဟာ ဂလက်ဆစ်ကို ကြည့်ရင်း မေးပါတယ်။
ကလိုင်းဟာ စာရွက်တစ်ရွက်နဲ့ ဖော့ပင်တစ်ချောင်း ယူလိုက်ပါတယ်။
“အဲဒါဆို ကျွန်တော်တို့တွေ နက္ခတ်စက်ဝိုင်းဖွဲ့ပြီး တွက်ကြတာပေါ့... ကျွန်တော် မေးတာကို ဖြေပေးပါ”
မေးခွန်းတွေကြားမှာ ကလိုင်းဟာ မိုးကြိုးနက္ခတ်ကို မှတ်ထားလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ အခြေအနေ အသီးသီးနဲ့ လိုက်ဖက်တဲ့ သင်္ကေတတွေသုံးပြီး နက္ခတ်စက်ဝိုင်း ဖွဲ့ပါတယ်။
သူဟာ သူ့ရဲ့ နက္ခတ်စက်ဝိုင်းမှာ သာမန်လူတွေထက် သင်္ကေတတွေ ပိုသုံးပါတယ်။ သူသုံးမဲ့ နက္ခတ်စက်ဝိုင်း အဓိပ္ပာယ်ကောက်တဲ့ နည်းလမ်းက အမှန်တရားကို အနီးကပ်ဆုံး ပြပေးနိုင်ပါတယ်။
“လူကြီးမင်းတို့... အခုလူကြီးမင်းတို့က လမ်းဆုံကို ရောက်နေပြီ... ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းဘဲ လောဘနဲ့ ဗျာပါဒနောက်လိုက်ရင် ချောက်နက်ထဲ ပိုကျပြီး လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး... ဒါပေမဲ့ စိတ်ရှည်လက်ရှည်နဲ့ လောဘမကြီးဘဲ စောင့်ဆိုင်းနိုင်ရင်တော့ နေရောင်ခြည် မြင်ရဖို့ အခွင့်အရေး ရလာလိမ့်မယ်...” ကလိုင်းဟာ မနှေးမမြန် ပြောပါတယ်။
“ကျွန်မ သိပြီ” ခရစ္စတီးနားဟာ ခေါင်းညိတ်ပါတယ်။ သူမဟာ တစ်ခဏတွေးပြီး မေးပါတယ် “မစ္စတာမိုရက်တီ... လာနယ်ဗို့စ် ဘယ်မှာရှိလဲဆိုတာကို တွက်လို့ရလား”
“မရဘူး... တွက်လို့ရမယ် မထင်ဘူး... လာနယ်ဗို့စ် ချန်ထားခဲ့တဲ့ အချက်အလက်တွေက အတုဖြစ်ဖို့ များတယ်... သူ့နာမည်တောင် အစစ် ဟုတ်ချင်မှ ဟုတ်မှာ... အဲဒီတော့ ဘယ်လိုလုပ်ပြီး တွက်လို့ရမှာလဲ... သူ့ရဲ့ အသေးစိတ် အချက်အလက် ဒါမှမဟုတ် သူ တစ်ချိန်လုံး ကိုယ်နဲ့မကွာ ဆောင်ထားတဲ့ ပစ္စည်းတစ်ခုခု ရှိရင်တော့ ရတယ်” ကလိုင်းဟာ အမှန်အတိုင်း ဖြေပါတယ်။
ခရစ္စတီးနားဟာ တစ်ခဏ တိတ်ဆိတ်သွားပြီး တစ်ဆိုလီတန်ကို ကလိုင်းရှေ့ တိုးပေးပါတယ်။
“ဆရာက ကံကြမ္မာကို လေးစားရိုသေ ကြောက်ရွံ့ပြီး ပိုက်ဆံ လောဘမကြီးတဲ့ အမြင်ဆရာစစ်စစ်လို့ ကျွန်မ ဂလက်ဆစ်ဆီက ကြားထားတယ်... ပိုတာကို ကလပ်ဆီပေးတဲ့ လက်ဖက်ရည်ဖိုးလို့ပဲ သဘောထားလိုက်ပါ”
“ကျွန်တော်အပေါ်မှာ ယုံကြည်မှု ရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်”
အဲဒီနောက် သူမဟာ မတ်တတ်ရပ် နှုတ်ဆက်ပြီး ခပ်သုတ်သုတ် ထွက်ခွာသွားပါတယ်။
‘ပိုက်ဆံကို လောဘမကြီးဘူး... မဟုတ်ဘူး... ငါက ရုပ်ဝါဒီသမား... ရုပ်ဝတ္ထုတွေကို မက်မောတယ်’ ကလိုင်းဟာ ဆရာယောင်ယောင် သမားယောင်ယောင်လိုမျိုး ပြောခဲ့တာကို နောင်တရသွားပါတယ်။
ခရစ္စတီးနား ထွက်သွားတာကို ကြည့်ပြီးနောက် ဂလက်ဆစ်ဟာ တံခါးပိတ်ကာ မေးပါတယ် “တကယ်ပဲ နည်းလမ်း မရှိတော့ဘူးလား”
“နည်းလမ်းကို ပြောပြီးပြီလေ” ကလိုင်းဟာ ပြုံးပြီး ကုလားထိုင်ကို မှီလိုက်ပါတယ်။
ဂလက်ဆစ်ဟာ သက်ပြင်းချပါတယ် “လာနယ်ဗို့စ်နဲ့ ပေါင်တစ်ထောင်ကျော် ပါသွားတယ်... သူ့ဆီမှာ ရင်းနှီးမြှုပ်နှံထားတဲ့လူက တစ်ရာကျော်တယ်... ကျွန်တော်ကတော့ ကံကောင်းပြီး ပေါင် ၅၀ ပဲ ပါသွားတယ်... အဲဒါက ကျွန်တော် စုထားတဲ့ငွေပဲ... ဒါပေမဲ့ ကျွန်တော်မှာ အကြွေးမရှိဘူး... မစ္စခရစ္စတီးနားကတော့ ပေါင် ၁၅၀ ရင်းနှီးမြှုပ်နှံထားတယ်... ဒါက သူ လွယ်လွယ် ဆုံးရှုံးနိုင်တဲ့ ပမာဏ မဟုတ်ဘူး”
“ရဲမတိုင်ဘူးလား” ကလိုင်းဟာ ပေါင်တစ်သောင်းကျော် ပါသွားမှန်း သိလိုက်ရတဲ့ခါ ရင်ထဲမှာ ထောင်းခနဲ ဒေါသထွက်သွားပါတယ်။ အဲဒီပမာဏနဲ့ဆိုရင် ဘက်ကလင်မှာတောင် လူချမ်းသာစာရင်း ဝင်ပါတယ်။
‘ရဲတွေက ဒီလိုရိုးရိုးအမှုအတွက် ညသိမ်းငှက်တွေ ဒဏ်ခတ်သမားတွေနဲ့ မက္ကန်းနစ်ဟိုက်မိုင်းတွေရဲ့ အကူအညီကို ယူပါ့မလား...’ ကလိုင်းဟာ စိတ်အာရုံ နည်းနည်း ထွေပြားသွားပါတယ်။
ဂလက်ဆစ်ဟာ ခေါင်းညိတ်ပြီး။
“ကျွန်တော်တို့တွေ ရဲတိုင်ပြီးပြီ... ရဲတွေကလည်း ဒီအမှုကို တော်တော် အာရုံစိုက်နေကြတယ်... ကျွန်တော်တို့တွေ ဆွေးနွေးတိုင်ပင်ပြီးတော့ ကျွန်တော်တို့ ပြန်ရမဲ့ပိုက်ဆံတွေထဲက တစ်စိတ်တစ်ပိုင်းကို ဆုချမယ်လို့ ဆုံးဖြတ်ထားတယ်... လာနယ်ဗို့စ်ရဲ့ သဲလွန်စကို ထောက်ပံ့ပေးနိုင်ရင် ၁၀ ပေါင်... သူနေတဲ့ နေရာ အတိအကျ ပေးပြီး ရဲတွေ လာနယ်ဗို့စ်ကို ဖမ်းနိုင်အောင် ကူညီပေးရင် ပေါင် ၁၀၀ ဆုချမှာ...”
‘သဲလွန်စအတွက် ၁၀ ပေါင်... လာနယ်ဗို့စ်ကို ဖမ်းဖို့ ပေါင် ၁၀၀...’ ဒီစကားကြားလိုက်ရတဲ့ ကလိုင်းရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလုနီး ဖြစ်သွားပါတယ်။ အသက်ရှူသံလည်း လေးလံသွားပါတယ်။
သူဟာ နောက်ကျရင် စုံထောက်ကို ပိုက်ဆံ ဘယ်လိုပေးရမလဲလို့ စိုးရိမ်နေတာပါ။ ဒီတစ်ပတ် သူရတဲ့ အပို ၃ပေါင်နဲ့မှ ဒုတိယအရစ်ကို သူပေးနိုင်ရုံပဲ ရှိပါတယ်။ အဲဒီစုံထောက်ကသာ နောက်တစ်ပတ်အတွင်း တာဝန်ကို ပြီးအောင် လုပ်နိုင်ခဲ့ရင် သူပေးဖို့ ကတိပေးထားတဲ့ ပိုက်ဆံကို ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီတစ်ပတ်မှာ သူ ဘာမှ မသုံးရင်တောင် ဆိုလီနည်းနည်း လိုဦးမှာပါ။
‘ရဲတွေဆီမှာ လာနယ်ဗို့စ်ပိုင်တဲ့ ပစ္စည်းတချို့ ရှိလောက်တယ်... ဒါပေမဲ့ သူက ထင်းဂန်မြို့ကနေ ထွက်သွားပြီဆိုတော့ အဲဒါတွေက သိပ်အသုံးဝင်မှာ မဟုတ်ဘူး...’ ကလိုင်းဟာ စိတ်လှုပ်ရှားသွားသလို စိတ်လည်း ပျက်သွားပါတယ်။
နောက်တစ်နာရီခွဲအတွင်းမှာ အန်ဂျလီကာရဲ့ ထောက်ခံပေးမှုနဲ့ သူဟာ နောက်ထပ် ဖောက်သည်နှစ်ယောက် ရပါတယ်။ တစ်ယောက်က တစ်နှစ်ကလေးအတွက် တွက်တာပါ။ ကလိုင်းဟာ မွေးနေ့တောင်းပြီး ချက်ချင်း နက္ခတ်စက်ဝိုင်းဖွဲ့ကာ ဟောပြောပါတယ်။ သူ့ဖောက်သည်က သူဟောပြောချက်က တော်တော် နှစ်သက်ပါတယ်။
တခြားတစ်ယောက်ကတော့ ပစ္စည်းတစ်ခုကို ရှာနေတာပါ။ ကလိုင်းဟာ တဲရော့နဲ့ အိပ်မက်ဗေဒင်သုံးပြီး ယေဘုယျနေရာကို ပြောပြလိုက်ပါတယ်။ ဒါက သူ့ဖောက်သည်ကို အံ့ဩတကြီး ဖြစ်သွားစေပါတယ်။ သူ့ဖောက်သည်က ဗေဒင်ဆရာတစ်ယောက် ဒီလိုမျိုး တိတိကျကျ ဟောတာကို တစ်ခါမှ မကြုံဖူးသေးပုံပါပဲ။
‘ငါ တခြားလူတွေကို ဗေဒင်တွက်ပေးတာနဲ့တင် လိုတဲ့ပိုက်ဆံကို ရမယ် ထင်တယ်...’ လက်ဖက်ရည်ဖိုး နည်းနည်းရတဲ့ ကလိုင်းဟာ ဦးထုပ်ဆောင်း လက်ကိုင်တုတ်ကိုင်ပြီး ကလပ်ထွက်ပေါက်ကို လျှောက်သွားပါတယ်။
အဲဒီအချိန်မှာပဲ ခရစ္စတီးနားက နေကာဦးထုပ်ဆောင်းထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ ကလပ်ထဲ ပြန်ဝင်လာတာ တွေ့လိုက်ရပါတယ်။
ခရစ္စတီးနားဟာ ကလိုင်းကို တွေ့တာနဲ့ ချက်ချင်း အနားကပ်လာပြီး သာသာယာယာ ပျော်ပါတယ် “မစ္စတာမိုရက်တီ... လာနယ်ဗို့စ် ပိုင်တဲ့ အရာတစ်ခုခု ရှိရင် သူ့နေရာကို တွက်ချက်လို့ ရတယ်လို့ ပြောခဲ့တယ်နော်”
“အင်း... ဟုတ်တယ်” ကလိုင်းဟာ ခေါင်းညိတ်ပါတယ်။
ခရစ္စတီးနားဟာ သက်ပြင်းရှည်ကြီးချပြီး လေးလေးနက်နက် မေးပါတယ် “အဲဒါဆို သူ့ကလေးက သူပိုင်တဲ့အရာလား”
‘ဟမ်...’ ကလိုင်းဟာ တဒင်္ဂကြောင်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။