← Chapters

နောက်တစ်ခါဆိုတာရှိရင် ယပ်တောင်ကျိုးရုံတင်မဟုတ်တော့ဘူး

Vol. 80 Ch. 1581

နောက်တစ်ခါဆိုတာရှိရင် ယပ်တောင်ကျိုးရုံတင်မဟုတ်တော့ဘူး

Vol. 80 Ch. 1581

ကျန်းရှီသည် ဒေါသထွက်လွန်းသဖြင့် ရောက်လာပြီး အိုးရန်မိုအား ထိုး လေသည်။ အိုးရန်မိုရှောင်လိုက်ချိန်တွင် သူသည် ပေထင်းဟွမ်အား ဆွဲကာ အနောက်သို့ ပို့လိုက်သည် “အိုးရန်မို မင်း လွန်မလာနဲ့”

ကျန်းရှီသည် အိုးရန်မို၏ပြိုင်ဘက်မဖြစ်သင့်ပေ။ သူသည် အိုးရန်မိုအား သည်းခံခဲ့သော်လည်း နောက်ဆုံးတွင် ပေထင်းဟွမ်အတွက် လှုပ်ရှားခဲ့သည်။

အိုးရန်မိုသည် ကျန်းရှီ၏ဦးခေါင်းကို ယပ်တောင်နှင့်ပြန်ရိုက်လေသည်။ ဤလူသည် အလွန်ကောက်ကျစ်သည်။ သံရိုးယပ်တောင်သည် အလွန်မာကျော ပါက ကျန်းရှီသည် မသေလျှင်တောင် တုံးအသွားနိုင်သည်။

ကျန်းရှီရှောင်လိုက်လျှင် ယပ်တောင်သည် ပေထင်းဟွမ်ဆီသို့ ကျလာ မည်ဖြစ်သည်။

ကျန်းရှီသည် ထိုအကွက်ကို တွေးထားသည်မှာ ထင်ရှားသည်။ အိုးရန်မို၏ အကွက်သည် အလွန်ရက်စက်သည်ကို သူ မုန်းတီးသည်။ သူသည် ပေထင်းဟွမ် ၏ ခွန်အားကိုမသိသဖြင့် အလွယ်တကူမရှောင်ရဲပေ။ သို့သော် ထိုအခိုက်အတန့်တွင် သူသည် လက်နက်ထုတ်ရန် နောက်ကျသွားချေပြီ။ သူသည် လက်ဖြင့်ကာတော့မည့်အချိန်တွင် 'ချွင်း' ဆိုသည့်အသံထွက်ပေါ်လာ သည်။ ထို့နောက် တစ်စုံတစ်ယောက်ကို ရိုက်လိုက်သည့် 'ဖြန်း' ဆိုသည့် အသံထွက်လာကာ တစ်စုံတစ်ခုသည် မြေကြီးပေါ်သို့လဲကျသွားလေသည်။

“မင်း” ကျန်းရှန်နှင့်ခပ်ဆင်ဆင်ရှိသော ဤလူငယ်သည် သူ့ထက် အရည်အချင်းမလျော့ဘဲရှိလိမ့်မည်ဟု အိုးယန်မိုထင်မထားပေ။ ထို့ကြောင့် မျက်လုံးများနီလာသည်အထိ ဒေါသထွက်လေသည်။

ထိုအချိန်တွင် ကျန်းရှီ၏ယပ်တောင်ကို နှင်းဖြူရောင်ဓားပျော့မှ ရစ်ပတ် ထားပြီး သူ့အားပိုထိတ်လန့်သွားစေသည်မှာ ယပ်တောင်သည် နှစ်ပိုင်းပြတ် သွားခြင်းပင်။ တစ်ခြမ်းမှာမြေပေါ်သို့ကျသွားပြီး သူ၏ခြေထောက်နှင့် လက် တစ်ချောင်းစာအကွာအဝေးတွင် ကျနေသည်မှာ မတော်လျှင် သူ၏ခြေထောက် ကိုပါ ထိမှန်သွားနိုင်သည်။

၎င်းသည် သံအေးဖြင့်ပြုလုပ်ထားသော အရိုးယပ်တောင်ဖြစ်သည်။ မန္တလာမြေမှ သခင်များစွာသည် ဤယပ်တောင်အောက်တွင် အသက်ပျောက်ခဲ့ ကြသည်။

“အာ... ကောင်းတယ်” ကျန်းရှန်သည် အနောက်မှ လက်ခုပ်တီးလေ၏။

အိုးရန်မို၏မျက်နှာသည် ရုတ်တရက် ဒေါသကြောင့် ညိုမည်းသွားလေ သည်။ သူသည် လက်ထဲမှ ယပ်တောင်တစ်ခြမ်းကို ကျစ်ကျစ်ပါအောင်ဆုပ် ထားပြီး ပေထင်းဟွမ်အား နာကြည်းသောမျက်လုံးများဖြင့် စိုက်ကြည့်လေ သည်။ သို့သော် ပေထင်းဟွမ်သည် သာမန်မျှကြည့်ပြီး ဓားပျော့ကိုပြန်ရုတ်ကာ အေးစက်စွာပြောလိုက်သည် “နောက်တစ်ခါဆိုတာရှိရင် ယပ်တောင်ကျိုးရုံတင် မဟုတ်တော့ဘူး”

ကျိုးမှာက မင်းခေါင်းပဲ။

အိုးရန်မိုသည် ပေထင်းဟွမ် မပြောသည့်စကားကို နားလည်လိုက်သည်။ သူသည် ဤကောင်လေး၏ခွန်အားကို မမြင်နိုင်ရုံဖြစ်သည်။ ကောင်လေးသည် သူ့ထက်ပိုရက်စက်ပုံပေါ်သဖြင့် သည်းခံပြီး မတိုက်ခိုက်ခြင်းပင်။

ထိုအချိန်တွင် လမ်းပေါ်၌ ပန်းရောင်ဝတ်ရုံဝတ်ထားသည့် မိန်းကလေး တစ်ဦးသည် ယိမ်းနွဲ့ကာလျှောက်လာသည်။ သူမသည် အစောက မြင်ကွင်းကို မြင်လိုက်ရသည်။ သူမသည် ဖုလိုင်တည်းခိုဆောင်လှေကားများအောက်တွင် ရပ်ပြီး တည်းခိုဆောင်အတွင်းသို့ ကြည့်လိုက်သည်။ တံခါးကန့်လန့်ကာ ကျလာ သည်။ ဆင်းလာပြီးနောက် ပေထင်းဟွမ်နှင့်တခြားသူများသည် သူမအား မမြင် ရတော့ပေ။ သူမသည် ခေတ္တမျှစိုက်ကြည့်ပြီးနောက် နောက်ဆုံးတွင် ဒေါသ ထွက်နေသော အိုးရန်အား ပြောလိုက်သည် “သခင်လေးအိုးရန် မတွေ့တာကြာ ပြီပဲ”

အိုးရန်မိုသည် သတိပြန်ဝင်လာကာ ထိုမိန်းကလေး၏မျက်နှာကို အတန် ကြာအောင်စိုက်ကြည့်ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ သူ၏ ခံစားချက်များကို အလျင်အမြန်ထိန်းညှိပြီး ပြုံးကာပြောလိုက်သည် “ကွေ့ရှို ဂိုဏ်းရဲ့သခင်လေး မိန်းကလေးနျဲ”

သူမသည် အစောက မြင်ကွင်းကိုရှင်းလင်းစွာမြင်လိုက်ရသည်။ သူမသည် အိုးရန်၏အကျင့်ကိုသိသည်။ သူသည် ဒေါသကြောင့် သေသွားနိုင်သည်။ သို့သော် နျဲဖေးသည် ရယ်မောနေဆဲဖြစ်သည် “သခင်လေးအိုးရန်က ဟောက်ယန်ကို လာရှာတာလား၊ ရှာတွေ့လားမသိဘူး၊ ဘာလို့မဝင်သေးတာ လဲ”

ထိုအချိန်တွင် ပေထင်းဟွမ်အား ကျန်းရှီတို့ညီအစ်ကိုမှဆွဲခေါ်ကာ အခန်း ထဲတွင် စားပွဲယူပြီး အစားအသောက်များမှာပြီးဖြစ်သည်။ ကျန်းရှန်သည် ပေထင်းဟွမ်အား ဟွာယန်းမြို့သို့လာရသည့် အကြောင်းအရင်းကို မိတ်ဆက် ပေးနေသည်။ “ဟွာယန်းဟွာက နှစ်တစ်ရာအတွင်းမှာ ပန်းတစ်ပွင့်ပဲပွင့်တယ် တဲ့၊ မန္တလာမြေမှာ နှစ်တစ်ထောင်ကြာတဲ့အထိ ဘယ်သူမှ မီးတောက်ပန်းကို မမြင်ဖူးကြဘူး၊ လွန်ခဲ့တဲ့နှစ်ရက်က တောင်ထဲကို ရတနာသွားရှာတဲ့အဖွဲ့ကို ရူးပြီးတိုက်ခိုက်ခဲ့တဲ့ မီးတောက်သားရဲကြောင့်သာမဟုတ်ရင် ဂူဝင်ပေါက်မှာ ဒီ မီးတောက်ပန်းရှိတာကို သိမှာတောင်မဟုတ်ဘူး၊ မန္တလာမြေမှာ မီးတောက်ပန်း ရှိနေတာတောင် ငါတို့တွေသိခဲ့ကြတာမဟုတ်ဘူး”

All Chapters