← Chapters

မီးတောက်ပန်း

Vol. 80 Ch. 1582

မီးတောက်ပန်း

Vol. 80 Ch. 1582

မီးတောက်ပန်း... ၎င်းသည် မန္တလာမြေတွင် ဒဏ္ဍာရီဝင်ဝိညာည်ပန်းဖြစ် သည်။

“မီးတောက်ပန်းက အရှင်အဆင့်ကနေ အရှင်ကြီးအဆင့်၊ အရှင်ကြီး အဆင့်ကနေ အထွတ်အထိပ်အဆင့်ကို တက်ဖို့ အကောင်းဆုံးဝိညာဉ်ရတနာပဲ” ကျန်းရှီသည် နှုတ်ခမ်းသပ်ပြီး အခန်းကိုလှည့်ပတ်ကြည့်လိုက်သည် “မီးတောက်ပန်းက ဟွာယန်းတောင်မှာရှိတယ်၊ ဒီကနေ မိုင်တစ်ထောင်ပဲဝေး တယ်၊ အဲဒီကိုပျံသွားမယ်ဆိုရင် တစ်ရက်အတွင်းရောက်နိုင်တယ်၊ ဟိုးတလော ကပဲ လူတော်တော်များများက ဟွာယန်းမြို့ကိုရောက်လာတယ်၊ ညီလေး ၂ မင်းရဲ့လက်နက်တွေက အားကောင်းပေမဲ့ ရန်သူကိုသတ်ဖို့ မင်းရဲ့စစ်မှန်တဲ့ ခွန်အားကိုမှီခိုရဦးမယ်လေ၊ အများကြီးမလှုပ်ရှားတာကောင်းမယ်၊ အဲဒါမှ ပြဿနာမတက်မှာ”

ပေထင်းဟွမ်သည် မတုံ့ပြန်မိပေ။ ပြဿနာရှာသူမှာ သူမ မဟုတ်ပေ။

ယန်ယဲ့သည် သူမအား အသိစိတ်ပင်လယ်ထဲမှပြောလေသည် “မီးတောက်ပန်းက အစမရှိနွယ်ပင်ပြီးရင် ဒုတိယမြောက်အကောင်းဆုံးရတနာ ပဲ မန္တလာမြေမျာ အဲလိုကောင်းတဲ့ပစ္စည်းရှိလိမ့မယ်လို့ထင်မထားဘူး၊ ကျန်းရှီက မယုံရပေမဲ့ သူပြောတာမျန်တယ်၊ စိတ်ဝိညာဉ်အဆင့်ကိုတက်ဖို့ မီးတောက်ပန်းရှိရင် အားတစ်ဝက်လောက်စိုက်ထုတ်တာနဲ့ နှစ်ဆလောက် အောင်မြင်နိုင်တယ်၊ အလောမကြီးရင် မီးပန်းပွင့်ဖို့ ဒီမှာစောင့်ပြီး ရနိုင်မလားလို့ ကြည့်ကြည့်”

“မီးတောက်ပန်းကို မီးတောက်ဆေးလုပ်လိုက်ရင် မီးတောက်ပန်းတစ်ပွင့် ကို မီးတောက်ဆေးသုံးလုံးလုပ်နိုင်တယ်၊ ဒါက အဆင့် ၁၀ ဆေးပဲ၊ မင်းသန့်စင် ဖို့ခက်လိမ့်မယ်၊ ကိုယ်မင်းကို ကူညီပေးနိုင်တယ်”

ပေထင်းဟွမ်သည် ထိုစကားကြားသောအခါ ပျော်သွားလေသည် “ဝိညာဉ်အဆင့်ခွဲဆေးရဲ့ သက်ရောက်မှုထက်ကောင်းနိုင်မလား”

ပေထင်းဟွမ်သိသလောက်ဆိုလျှင် ဝိညာဉ်အဆင့်ခွဲဆေးသည် စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူများကို ကူညီပေးနိုင်သည်။ သို့သော် ယန်ယဲ့ သည်ပြုံးပြီး ခေါင်းခါလိုက်သည် “အဲဒါနဲ့မတူဘူး၊ ဟောက်ယန်ဆေးကို သောက် ပြီး အဆင့်တက်နေတုန်းကမှာ ဒြပ်စင်ဥပဒေကို နားလည်စေနိုင်တယ်၊ ဝိညာဉ် ခွဲဆေးနဲ့ မယှဉ်နိုင်ဘူး”

“ဒြပ်စင်ဥပဒေကို အထွတ်အထိပ်ဘုံတွေကပဲ နားလည်နိုင်တာမဟုတ် ဘူးလား” ပေထင်းဟွမ်သည် ရှုပ်ထွေးနေပုံရသည်။

ယန်ယဲ့သည် ရယ်ချင်လာသည်။ ဤအချိန်တွင်သာ ပေထင်းဟွမ် ဘေး တွင်ရှိပါက သူမ၏ဦးခေါင်းကိုပွတ်ပြီး အမြတ်တနိုးလေသံဖြင့်ပြောမိမည်ဖြစ် သည် “အရူးလေး မင်းက နတ်ဘုရားပဲရှိသေးတာကို ဘယ်လိုလိုက် တိုက်ပွဲ အရည်အချင်းတွေကို ဘယ်ကနေစုစည်းနိုင်မှာလဲ အရှင်အဆင့်ဖြစ်တဲ့အချိန်မှာ မင်းရဲ့မုန်တိုင်းနဂါးက အသိစိတ်ဘယ်လိုရခဲ့တာလဲ၊ နောက်တစ်ခါ မုန်တိုင်း နဂါးသုံးတဲ့အခါမှာ ကမ္ဘာကလေရဲစီးဆင်းမှုဥပဒေကို အာရုံစိုက်ခံစားပြီး လေ ဒြပ်စင်ဥပဒေကို နားလည်အောင်ကြိုးစားကြည့်”

“ဟုတ်ပြီ”

ကျင့်ကြံသူများအတွက် စွမ်းအင်စုဆောင်းခြင်းသည် အရေးအကြီးဆုံး မဟုတ်ဘဲ ဥပဒေကို နားလည်ခြင်း၊ ဥပဒေကိုထိန်းချုပ်ခြင်းနှင့် နောက်ဆုံးတွင် ဥပဒေကို ထိုးဖောက်ခြင်းသာ မှန်ကန်သောနည်းလမ်းဖြစ်သည်ကို ပေထင်းဟွမ် နားလည်ပြီးသားဖြစ်သည်။

ပေထင်းဟွမ် ငေးငိုင်နေသည့်ပုံပေါက်သည်ကိုကြည့်ပြီး ကျန်းရှီသည် လျင်မြန်စွာပင် သေရည်ခွက်ကိုမြှောက်ကာ ပေထင်းဟွမ်အား တိုက်တွန်းလေ သည် “ညီလေး ၂ ပင်ပန်းနေပြီလား၊ ပင်ပန်းနေရင်လည်း မြန်မြန်စားကြတာ ပေါ့ မင်းလည်း ကောင်းကောင်းအနားယူသင့်တယ်”

“ဘာမှမဖြစ်ပါဘူး” ပေထင်းဟွမ်သည် ခေါင်းခါလိုက်ကာ သေရည်ခွက် ကို မြှောက်လိုက်သည်။ သေရည်၏အားပြင်းသောရနံ့သည် နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ပင်မတိုက်ကြီးပေါ်ရှိ ပင်လယ်နက်ရှိုင်းကဲ့သို့ရနံ့မျိုးမဟုတ် ဘဲ ပင်လုံးကြိုင်ပန်းကဲ့သို့ ချိုမြသည့်ရနံ့ရှိသည်။ ရနံ့ကိုရှူရှိုက်ပြီးနောက် သက်ပြင်းချလိုက်သည် “ကောင်းလိုက်တဲ့သေရည်ပဲ”

“ဒီသေရည်ကို ငါ့အမေ ချက်ထားတာလေ” ကျန်းရှန်သည် အလွန်ပင် ပျော်ရွှင်နေသည်။ ပေထင်းဟွမ်အား ဆွဲပြီးပြောလေသည် “အစ်ကို ၂ ငါတို့ ဒီကိစ္စတွေစောင့်ပြီးရင် အိမ်ပြန်ကြမယ်၊ မင်းပြန်လာတာကို အမေသိရင် တော်တော်ပျော်သွားမှာ”

“အိုး မဖြစ်သေးဘူး” သူ ထခုန်လေသည် “အခုပဲ စာပို့လိုက်တော့မယ် အဲဒါမှ အမေ မြန်မြန်ပြန်ကောင်းမှာ”

“နေဦး” ပေထင်းဟွမ်သည် သူ့ကိုတားလိုက်သည်။ သူမ၏မျက်ခုံးနှင့် မျက်လုံးများသည် အနည်းငယ်အေးစက်နေသည် “ငါက မင်းရဲ့ အစ်ကို ၂ မဟုတ်ဘူး၊ ငါ့မှာ မိဘတွေရှိတယ်၊ အဲဒါကိုတော့ စိတ်မပူပါနဲ့ ငါ မီးတောက်ပန်း ရပြီးရင် မင်းတို့ကို ကောင်းကောင်းကြီးကျေးဇူးတင်မှာပါ”

ပေထင်းဟွမ်သည် ပြောပြီးသည်နှင့် ထရပ်မည်ပြုသည်။ သို့သော် ကျန်းရှီ မှတားလေသည်။ သူမသည် ကျန်းရှီအားဝေ့ယမ်းပြီး အပြင်တွင်ထွက်စောင့်ရန် ပြောလေသည်။ သူသည် ပေထင်းဟွမ်အားပြောလိုက်သည် “သခင်ဟွမ်ကျို့ ရှောင်ရှန်မှာ အမြွှာရှိတယ်၊ အစ်ကိုကြီး...”

All Chapters