← Chapters

ဘယ်တော့မှအလွယ်တကူလက်မလျှော့နဲ့

Vol. 80 Ch. 1584

ဘယ်တော့မှအလွယ်တကူလက်မလျှော့နဲ့

Vol. 80 Ch. 1584

ကျန်းရှီသည် ပေထင်းဟွမ်အား ဇာတ်ကြောင်းကုန်စင်ပြောပြီးနောက် တွင် ပေထင်းဟွမ်ဘာမှမပြောပေ။ သို့သော် ထိုအစား ကျန်းရှီသည် သက်ပြင်း ချလေသည်။ ပေထင်းဟွမ်နှင့် အိုးရန်မိုတို့ တိုက်ခိုက်စဉ်က အိုးရန်မိုထက် ပေထင်းဟွမ် ရက်စက်သော်လည်း ပေထင်းဟွမ်သည် ကျန်းရှန်ကို ကယ်တင် ရန် ဆန္ဒရှိခဲ့သဖြင့် ကျန်းရှီသည် ပေထင်းဟွမ်နှင့် ကျန်းမျိုးနွယ်တို့၏ ကံတရား ကို ယုံကြည်မိသည်။

ကျင့်ကြံသူများ ပထမဆုံးလုပ်ရမည့်အရာမှာ ကောင်းကင်သို့သွားသည့် လမ်းနောက်လိုက်ခြင်းပင်။

ဤကမ္ဘာပေါ်တွင် မတော်တဆဖြစ်လာသည့်ကိစ္စ ဟူ၍မရှိပေ။ အရာအားလုံးသည် ကောင်းကင်မှ သတိပေးခြင်းပင်။ ထိုအရာကို လက်လွှတ် လိုက်ရပါက အခွင့်အရေးကြီးတစ်ခုကို လွတ်သွားခြင်းပင်။ ပေထင်းဟွမ်သည် ဖခင်၏နတ်ဆိုးနှင့် မိခင်၏ဖျားနာမှုတို့အတွက် အခွင့်အရေးတစ်ခုဖြစ်လိမ့်မည် ဟု ကျန်းရှီခံစားရသည်။

သူသည် အလွယ်တကူလက်လျှော့မည်မဟုတ်ပေ။

ပေထင်းဟွမ်သည် ဖုလိုင်တည်းခိုဆောင်တွင် တစ်ညတာတည်းခိုပြီး ဤလေဟာနယ်အား ပိုမိုနားလည်လာခဲ့သည်။ ယန်ယဲ့ လေဟာနယ်ကို ဖြတ်ခဲ့ စဉ်က ထုံရှန်းတောင်သည် နှစ်ပိုင်းပြတ်သွားခဲ့သည်။ ယနေ့ဟွာယန်းတောင် သည် ထုံရှန်းတောင်နှင့် မိုင်ပေါင်း တစ်သိန်းကွာဝေးသည်။ အလျားအနံ မိုင်ပေါင်း ၃ သောင်းကျယ်ဝန်းသည်။

ဟွာယန်းတောင်တွင် သဘာဝအရအားကောင်းသောသားရဲများရှိသည် မှာ ပြောရန်ပင်မလိုတော့ပေ။ မည်မျှများသည်ကိုတော့ မသိပေ။ ကျန်းရှီနှင့် တခြားသူများပြောသည့် မီးတောက်သားရဲသည် အရှင်ကြီးထိပ်ဆုံးအဆင့် သားရဲဖြစ်သည်။ မဟုတ်လျှင် သူသည် မီးတောက်ပန်းကို စောင့်ရှောက်နိုင် မည်မဟုတ်ပေ။ သူသည် အထွတ်အထိပ်အဆင့်သားရဲအဖြစ် အဆင့်တက်ရန် မီးတောက်ပန်းကို အားကိုးရန်စီစဉ်ထားသည့်ပုံပင်။

“မီးတောက်သားရဲက ကမ္ဘာမြေကြီးကြာပန်းဝိညာဉ်မီးကို စုစည်းရာက နေဖြစ်လာတဲ့ မှော်သားရဲပဲ၊ မြေကြီးကြာပန်းဝိညာဉ်မီးက 'ကမ္ဘာမြေကြီး' ဆိုတဲ့ စကားလုံးပါပေမဲ့ တကယ့်မြေကြီးမီးမဟုတ်ဘဲ ကောင်းကင်နဲ့မြေကြီးဝိညာဉ် မီးတွေထဲက ၁၆ ခုမြောက်မီးတောက်ပဲ၊ ဖြစ်နိုင်ရင်တော့ အဲဒီမီးတောက်သားရဲ ကို ဆွဲချရမယ်” ပေထင်းဟွမ်၏ရင်ဘတ်ပေါ်တွင် အဖြူရောင်ပေါ်လာသည်ကို မြင်ပြီးနောက် ယန်ယဲ့၏မျက်လုံးများသည် ပိုမည်းနက်လာသည်။ သူ၏ အသက်ရှူသံပင် အနည်းငယ် မငြိမ်မသက်ဖြစ်လာသည်။

ရှို့ဟွမ်သုံးခုကိုရပြီး ပေါင်းစည်းသွားပြီဖြစ်သည်။

ယန်ယဲ့သည် အသက်ပြင်းပြင်းရှူကာ မျက်လုံးများကိုမှိတ်လိုက်သည် “ဟွမ်အာ မင်းအရှင်ကြီးအဆင့်ဖြစ်လာရင် ရှို့ဟွမ်ကို သန့်စင်ဖို့ကြိုးစားကြည့်ပါ အဲဒါကိုသန့်စင်နိုင်ရင် ကိုယ့်ကို ဝင်လာတွေ့လို့ရတယ်”

ပေထင်းဟွမ်သည် အိပ်ရာပေါ်မှ ထမိတော့မလိုပင်။ သူမ၏အပေါ်ဝတ် ခါးပတ်သည် တင်းကြပ်ခြင်းမရှိသဖြင့် ပခုံးမှာလစ်ခနဲပေါ်သွားလေသည်။ သူမ ၏ ခါးစည်းပြေသွားသဖြင့် နှင်းဖြူရောင်ရတနာနှစ်ခုကို ယန်ယဲ့ ရှင်းလင်းစွာ မြင်လိုက်ရသည်။ ပေထင်းဟွမ် တစ်ရက်ပြီးတစ်ရက် ကြီးထွားလာသည်နှင့် သူမ၏ ကိုယ်လုံးကိုယ်ထည်သည် အချိန်တိုင်း ပိုပိုပြီးပေါ်လာသည်မှာ သူ့ကို အမြဲတမ်းအံ့ဩစေသည်။

ဟွမ်အာသည် ရှို့ဟွမ်ကို စတင်သန့်စင်ပြီး အထဲသို့ဝင်လာသည်နှင့် အလွမ်းဖြေမည်ဟု ယန်ယဲ့တွေးထားသည်။

ထို့အပြင် ရက်ပေါင်းများစွာ အချစ်နာကျသည့်နာကျင်မှုသည် အလွန်ပင် ဝမ်းနည်းစရာကောင်းသည်။

စီဖုန်းနတ်ဘုရားအကျဉ်းထောင်ရှိ အချိန်စီးဆင်းမှုသည် ပတ္တမြားကမ္ဘာ ထက်ပင် ပိုမြန်ဆန်သည်။

သို့သော် ပေထင်းဟွမ်သည် သည်တစ်ကြိမ်တွင် အနည်းငယ်ရှက်ရွံ့မိ သည်။ ပြီးခဲ့သည့်တစ်ခေါက်က ယန်ယဲ့အား ကောက်ကျစ်သည်ဟုပြောခဲ့သည်။ သူမသေသွားလျှင် ရက်ပေါင်းများစွာခွဲခွာရဦးမည်။ သို့သော် မည်သူ သိမည် နည်း။ ရက်အနည်းငယ်အတွင်းမှာပင် သူမသည် အကျဉ်းထောင်သို့ သွားလည် နိုင်လေသည်။ ထိုအရာကိုတွေးမိပြီး ပေထင်းဟွမ်သည် မျှော်လင့်ချက်တချို့ရ လာသည်။

အရင်နှင့်လက်ရှိဘဝတွင် စည်းမျဉ်းကိုကျော်၍ ဘာမှမလုပ်ခဲ့ပေ။ သူမ အရင်ကယန်ယဲ့နှင့်အတူရှိသည့်အချိန်တွင် စနောက်လျှင်တောင် သူသည် လက်လွတ်စပယ်မလှုပ်ရှားရဲပေ။

ရုတ်တရက်ပင် ဤလူသည် သူလိုချင်သည့်အရာကို အရယူနိုင်သည့် အနေအထားရှိရာ ပေထင်းဟွမ်သည် အနည်းငယ်ရှက်ရွံ့မိပြန်သည်။

စိတ်ထဲတွင် မည်သို့တွေးမိသည်မသိပေ။ ပေထင်းဟွမ်သည် ထူးဆန်းစွာ ပြုံးမိပြီး အိပ်ရာပေါ်သို့ ပြန်လှဲလိုက်သည်။ သူမသည် ခန္ဓာကိုယ်ပေါ်သို့ အပေါ်ဝတ်ကိုပြန်ဆွဲလိုက်သည်။ သူမသည် ၁၆ နှစ်မပြည့်သေးသဖြင့် ပတ္တမြား ကမ္ဘာတွင် လက်ထပ်ရမည့်အသက်အရွယ်ပင်မရောက်သေးပေ။ ထိုအချိန်တွင် ယန်ယဲ့ သူမကို မည်သို့ခြိမ်းခြောက်မည်ကိုကြည့်ရမည်။

All Chapters