← Chapters

ယောက်ျားတွေက စနောက်တာကို မခံနိုင်ကြဘူး

Vol. 80 Ch. 1585

ယောက်ျားတွေက စနောက်တာကို မခံနိုင်ကြဘူး

Vol. 80 Ch. 1585

ပေထင်းဟွမ်၏အတွေးများကို ယန်ယဲ့ မမြင်ရန်မဖြစ်နိုင်ပေ။ သူမသည် အိပ်ရာဖုံးတွင် မျက်နှာအပ်ထားသည်။ သို့သော် ယန်ယဲ့နှင့် သူမသည် အချိန် တစ်ခုတည်း နေရာတစ်ခုတည်းတွင်မရှိသဖြင့် အိပ်ရာဖုံးသည် သူ၏မြင်ကွင်း ကို မဖုံးကွယ်နိုင်ပေ။ သူသည် သူမ၏မျက်နှာမှ ရှက်သွေးဖြာမှုနှင့် မျက်လုံးထဲမှ ဆွပေးခြင်းများကို မြင်နေရသည်။

“ဒီကောင်မလေးတော့ ယောက်ျားတွေက စနောက်တာကို မခံနိုင်ဘူးဆို တာမသိဘူးလားမသိဘူး” ယန်ယဲ့သည် ရုတ်တရက် အားနည်းလာသလိုခံစားရ သဖြင့် ရွှမ်ဝူတိုင်ကိုမှီလိုက်သည်။ သူ၏ သူရဲကောင်းဆန်သောဝိညာဉ်သည် ရုတ်တရက် သက်ပြင်းအဖြစ်ပြောင်းသွားလေသည် “ဟွမ်အာ ကိုယ်ထွက်လာ တဲ့အထိစောင့်ပါ၊ မင်း မိန်းကလေးအဝတ်အစား ပြောင်းဝတ်နိုင်မှာပါ”

“ဟုတ်ပြီ” ပေထင်းဟွမ်သည် မဆင်မခြင်ပင် ပြန်ဖြေလိုက်သည်။ မည်သို့ ပင်ဖြစ်စေကာမူ သူမတွင် ကစဥ့်ကလျားနတ်အရင်းအမြစ်၊ ရှို့ဟွမ်၊ မင်လင်းကျို့၊ ဘိုးဘေးကျောက်တုံး၊ ရတနာများစွာရှိသော်လည်း သူမဘေးတွင် ယန်ယဲ့ရှိနေသရွေ့ ဘာကိုမှမကြောက်ပေ။ သူမကို မည်သူ ကြံစည်ပါစေ၊ နတ်မိစ္ဆာဝိညာဉ်ထိပ်ဆုံးတွင်ရှိလျှင်တောင် သူမ မကြောက်ပေ။

ယန်ယဲ့သည် သူမအား အထိခိုက်မခံမည်ကို သူမသိသည်။

ပေထင်းဟွမ်သည် သာမန်ကာလျှံကာပင် ခေါင်းညိတ်လိုက်သော်လည်း ယန်ယဲ့သည် အသည်းယားသွားလေသည်။ အထူးသဖြင့် သူသည် ပေထင်းဟွမ် အား မိန်းကလေးအဝတ်အစားဖြင့်မြင်ချင်သည်။ ထိုအချိန်က ညအရှင်သခင် အိမ်တော်တွင် ပေထင်းဟွမ် မိန်းကလေးအဝတ်အစားဝတ်သည့်အချိန်ကို အတွေးထဲကဖျောက်မရပေ။ ဆွဲဆောင်မှုရှိသည့် သူရဲကောင်း အသွင်အပြင်၊ သူ၏ရင်ခွင်ထဲမှ ညှို့ဓာတ်များသည် သူ၏နှလုံးသားကို ရေကဲ့သို့အရည်ပျော် သွားစေသည်။

ယန်ယဲ့သည် ဘာမှမပြောရဲတော့ပေ။ သူသည် မျက်လုံးမှိတ်ပြီး လည်ချောင်းချောက်သည်ကိုသာ ခံစားနေလိုက်သည်။ သူ စကားပြောလိုက် လျှင် အသံသည် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်။

တစ်ဖက်တွင် နျဲဖေးသည် အိုးရန်မိုအားဖိတ်ကြားရာ သူတို့နှစ်ယောက် သည် ဖုလိုင်တည်းခိုဆောင်မှ တင့်တယ်သောအခန်းထဲတွင် နေရာယူထားပြီး ဖြစ်လေသည်။ နျဲဖေးသည် လက်မြှောက်ကာ အခန်းအား အသံကာလိုက်သည်။ အရှင်အဆင့်ရောက်နေသော သန်မာသောလူတစ်ယောက်အတွက် ဤလှည့်ကွက်သည် ကလေးကစားသလိုပင်။ သည်လိုနှင့် စကားပြောချိန်တွင် အပြင်မှလူများ ကြားတော့မည်မဟုတ်ပေ။

စားပွဲပေါ်တွင် သေရည်နှင့် စားကောင်းသောက်ဖွယ်များရှိနေသည်။

နျဲဖေးသည် အိုးရန်မိုအတွက် သေရည်တစ်ခွက်ငှဲ့ပေးကာ အိုးရန်မို၏ လက်ထဲမှ ကျိုးနေသောယပ်တောင်ကို အလိုလိုကြည့်ကာ သိသိနှင့်မေးလေ သည် “ဘာတွေဖြစ်သွားတာလဲ”

နျဲဖေး၏အသွင်အပြင်သည် တိုက်ဆိုင်သည်ဟု အိုးရန်မို မထင်ပေ။ သို့သော် သူမသည် ဉာဏ်ကောင်းသည့်လူပင်။ အရာအားလုံးအားရှင်းလင်းစွာ မြင်ခဲ့သော်လည်း တစ်ဖက်လူ၏ ဂုဏ်သိက္ခာဏကို ကယ်တင်ရန် အမှန်မပြော ပေ။

“ဟား ဟား ဒီတစ်ခေါက်က ငါတို့တွေ မီးတောက်ပန်းယူဖို့ တောင်ကိုဝင် ဖို့ လွယ်မှာမဟုတ်ဘူး” အိုးရန်မိုသည် တစ်ယောက်တည်း စိုးရိမ်နေမည့်အစား ပေထင်းဟွမ်ကဲ့သို့ သန်မာသောလူကို ရင်ဆိုင်ရန် နျဲဖေးကို အတူဆွဲခေါ်လိုက် သည်က ပိုကောင်းသည်ဟု ခံစားမိသည်။

နျဲဖေးသည် တုံးအသူမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် ဉာဏ်ထက် သည်။ သူမသည် အိုးရန်မို၏ လက်ထဲမှယပ်တောင်ကို အဓိပ္ပာယ်ပါပါကြည့်ပြီး မတတ်သာသောအသံဖြင့် ပြောလိုက်သည် “အဲဒီကွေ့ရှိုဂိုဏ်းက အရင်ကွေ့ရှို ဂိုဏ်းမဟုတ်တော့တာကိုလည်းသိတာပဲ၊ အပြစ်တင်မယ်ဆိုရင် ရှားချွင်းကိုပဲ အပြစ်တင်နိုင်တော့မယ်၊ သူက ဟွာရှားက လုယောင်ဖုန်းလိုလူမျိုးကြောင့် ပြဿနာတက်ပြီး ကွေ့ရှို့ဂိုဏ်းကို အန္တရာယ်ထဲရောက်အောင်လုပ်ပြီး ကွေ့ရှို့ ဂိုဏ်းရဲ့ခွန်အားကို အများကြီးထိခိုက်စေခဲ့တယ်၊ အဲတုန်းက ငါ့အဖေသာ လူ တစ်ယောက်ကို ခေါ်မလာခဲ့ရင် ဒီနေ့မှာ ကွေ့ရှို့ဂိုဏ်းက ရှိတော့မှာမဟုတ်ဘူး”

နျဲဖေးသည် ပေါ့ပါးစွာပြုံးလိုက်သည် “ဘာတွေတွေးတောလဲ ရှင့်ကို အခက်တွေ့အောင်လုပ်တဲ့သူက ဘယ်သူဖြစ်ဦးမှာလဲ”

အိုးရန်မိုသည် ရင်ထဲမျကျိန်ဆဲမိသည်။ နျဲဖေးကဲ့သို့ မိန်းကလေးသည် အမြီးကိုးချောင်းကောင်းကင်မြေခွေးလားဟု သံသယဝင်မိသည်။ သူသည် ကွေ့ရှို့ဂိုဏ်းနှင့် မဟာမိတ်တည်ထောင်ရန် ပါးစပ်ပင်မဟခဲ့ပေ။ သို့သော် နျဲဖေး သည် ထိုစကားများကိုပြောရင်း သနားသလိုဟန်ဆောင်နေခဲ့သည်။

သို့သော် နျဲဖေးပြောသည့်စကားများသည် မှန်သည်ကို အိုးရန်မိုလည်း သိသည်။ ထို့အပြင် လုယောင်ဖုန်းသည် ကွေ့ရှို့ဂိုဏ်းထဲသို့ လုဟန်ရှောင်ဆို သည့်မိန်းကလေးကိုခေါ်လာပြီး အဆင့် ၇ အထွတ်အထိပ်ခွန်အားကိုမှီခိုကာ ကွေ့ရှို့ဂိုဏ်းမှ အကြီးအကဲ အထွတ်အထိပ် ၅ ယောက်ကို တစ်ယောက်တည်း နှင့်စိန်ခေါ်ရာမှ နောက်ဆုံးတွင် ကွေ့ရှိုဂိုဏ်းပျက်စီးသွားခဲ့သည်ကို မန္တလာမြေမှလူများသိကြသည်။

နျဲဖေး၏ဖခင်ကြောင့်သာမဟုတ်လျှင် ကွေ့ရှိုဂိုဏ်း၏လက်ရှိအခြေအနေ သည် အပြင်တွင် လေ့ကျင့်နေရသည့် လူတစ်စုသာဖြစ်သွားပြီး မန္တလာမြေမှ ကွေ့ရှိုဂိုဏ်းသည် ပျောက်ကွယ်သွားနိုင်သည်။

All Chapters