Chapters

လုယောင်ဖုန်း၊ ဧကရာဇ်ဖုန်း

Vol. 80 Ch. 1586

လုယောင်ဖုန်း၊ ဧကရာဇ်ဖုန်း

Vol. 80 Ch. 1586

လုယောင်ဖုန်း၏ ရက်စက်ကြမ်းကြုတ်သောနည်းလမ်းများကြောင့် ထိတ်လန့်ခဲ့ရသူ မည်မျှရှိသနည်း။ လုယောင်ဖုန်း၏နာမည်ကို မန္တလာမြေတစ် ခုလုံးမှကြားရသည့်အချိန်တွင် ထွက်ပြေးကြချည်းသာ။ ကောင်းကင်ဘုံမှဆင်း သက်လာသလိုထင်ရသည့် ထိုလူသည် အလွန်ရက်စက်လိမ့်မည်ဟု မည်သူမှ တွေးမိကြမည်မဟုတ်ပေ။

နျဲဖေး၏ဖခင်သည် ကျုံလီမှရှင်သန်သူများနှင့်အတူ ဟွာယန်းတောင်တွင် ပုန်းနေခဲ့ရပြီး လုံးဝမထွက်ရဲခဲ့ပေ။ လုယောင်ဖုန်းသာ ၃၃ ကောင်းကင်ဘုံသို့ မသွားဖြစ်ခဲ့ပါက နျဲဖေး၏ဖခင်သည် ဟွာယန်းတောင်တွင် အစာအတွက် သားရဲများနှင့် တိုက်ခိုက်နေရဆဲဖြစ်နိုင်သည်။

“ဒါပေမဲ့... ပြီးတော့ အဲလူကဘယ်သူလဲ” နျဲဖေးသည် ပေထင်းဟွမ်၏ သရုပ်မှန်ကို အလွန်သိချင်စိတ်ဖြစ်မိသည်။

အိုးရန်မို ပေထင်းဟွမ်အကြောင်းတွေးမိသည်နှင့် အလွန်ဒေါသဖြစ်မိလေ သည်။ သို့သော် ယခုအချိန်ထိ ဤလူငယ်၏သရုပ်မှန်ကိုမသိသေးသဖြင့် ခါးသီး စွာပြောလေသည် “ဘယ်သူလဲဆိုတာ ဘယ်သူသိမှာလဲ၊ ကမ္ဘာကနေ လွတ်လာ ပြီး နူးညံ့ပြီးဟန်များတဲ့ မှင်စာအိုကြီးနေမှာပေါ့”

မေးစရာမရှိတော့ပေ။

အိုးရန်မို ဒေါသထွက်နေသည်ကို နျဲဖေးသည်လည်း သိသည်။ ထိုကဲ့သို့ စရိုက်ရှိပါက တိုက်ခိုက်မှုသည် အိုးရန်မို၏ယပ်တောင်ကို ကျိုးသွားစေနိုင်ရုံ သာမက လည်ပင်းပင်ပြတ်သွားနိုင်သည်။

“ဒီတစ်ခေါက် ပင်မတိုက်ကြီးက အဓိကဂိုဏ်း ၅ ဂိုဏ်းအကုန်ရောက်လာ တယ်လို့ကြားတယ်၊ မင်းနဲ့ငါအပြင် ကျန်းညီအစ်ကို၊ ယန်တန်လင်က ယန်မင်နဲ့ ချင်းချန်းဂိုဏ်းက ရှဲပူအပြင်ကို တခြားဂိုဏ်းတွေလည်းရှိသေးတယ်၊ တချို့ အင်အားစုအဖွဲ့တွေက မီးတောက်ပန်းထူးခြားတာထက် အထွတ်အထိပ်သားရဲ မွေးဖွားခြင်းကြောင့် ဖြစ်လာတဲ့ ရိုက်ခတ်မှုကပိုကြီးတယ်”

ထိုစဉ်က ကွေ့ရှိုဂိုဏ်းသည် ချေမှုန်းခြင်းဒဏ်ကိုခံခဲ့ရသည်။ ဟွာရှားမှ လုယောင်ဖုန်းကို ရှားချွင်းရန်စခြင်းမှလွဲ၍ အဓိကအကြောင်းအရင်းမှာ ဟွာယန်းတောင်တွင် အထွတ်အထိပ်ဘုံသားရဲဥ ပေါက်လာခြင်းပင်ဖြစ်သည်။ ထိုသားပေါက်ကို မည်သူ့ကိုမှ လုခွင့်ပေးမည်မဟုတ်ပေ။

အထွတ်အထိပ်ဘုံသားရဲဥ... မိသားစု၏ လူငယ်မျိုးဆက်နှင့် စာချုပ် တည်ထောင်ရန် ထိုဥကို မည်သူမလိုချင်ဘဲနေမည်နည်း။ သည်လိုနှင့် ထိန်းကျောင်းရန်မလိုဘဲ အထွတ်အထိပ်ဘုံသားရဲကို ရနိုင်သည်။

လုယောင်ဖုန်းသည် သူ၏ဇနီးဖြစ်သူအတွက် ထိုဥကိုယူမည်ဟု ပြောခဲ့ သည်။

သူ၏ဇနီးဖြစ်သူသည် ကိုယ်ဝန်ရှိနေသည်ကို အားလုံးသိကြသည်။ ထိုလူ သည် မယားချစ်သူပင်။ သူ၏အသက်တမျှ ဇနီးဖြစ်သူကို ချစ်သည်။ ဇနီးဖြစ်သူ သာ ထိုဥကိုစားချင်သည်ဟုဆိုလာပါက မဖြစ်နိုင်ခြင်းမရှိပေ။

ရှားချွင်းသည် လုယောင်ဖုန်းနှင့်ဇနီးဖြစ်သူတို့နှင့် ဟွာရှားတွင် တိုက်ခိုက် ဖူးသည်။ ထို့ကြောင့် သူတို့၏ခွန်အားကို အထင်သေးသည်။ သို့သော် သူ မစဉ်း စားမိပေ။ လုယောင်ဖုန်း၏ခွန်အားသည် တရုတ်ပြည်တွင် မည်သည့်ခွန်အားရှိ သနည်း။ လက်ရှိတွင် မည်သည့်ခွန်အားရှိသနည်း။

လုယောင်ဖုန်း မန္တလာမြေသို့ ပထမဆုံးအကြိမ်လာစဉ်က ဇနီးဖြစ်သူအား မတော်တရော်ကြည့်ပြီး ဆွေးနွေးသည့်အဖွဲ့ရှိခဲ့ဖူးသည်။ သို့သော် သူသည် ထိုအဖွဲ့အား ကိုယ်တိုင်ပင် ချေမှုန်းပြီး အလောင်းများကို စုပုံထားခဲ့သည်။ ထို အလောင်းပုံသည် ၁၀ မီတာမြင့်မားကာ ကြောက်ခမန်းလိလိဖြစ်သည်ဟုဆို ကြသည်။

ရှားချွင်းသည် လုယောင်ဖုန်းဆီမှ ဥကိုလုရန် စေခိုင်းခဲ့သည်။ သို့သော် သူပြောသလိုပင် လုယောင်ဖုန်းသည် ရန်ငြိုးထားခဲ့သည်။ နောက်ဆုံးတွင် လုယောင်ဖုန်းသည် ဥကိုပြန်လုကာ ဇနီးဖြစ်သူအတွက် ချက်ပြုတ်ပေးခဲ့သည်။ ဇနီးဖြစ်သူမှ မွေးဖွားသည့်ကလေးဝဝလေး ၃ နှစ်ပြည့်ချိန်တွင် လုယောင်ဖုန်းသည် ကွေ့ရှိုဂိုဏ်းအား သူကိုယ်တိုင်ပင် အပြတ်ရှင်းခဲ့သည်။

အရူးရှားချွင်းသည် လုယောင်ဖုန်း၏ ဇနီးနှင့်သားဖြစ်သူကို ကျိန်စာတိုက် ခဲ့သည်ဟု မန္တလာမြေမှလူများတွေးကြသည်။ မဟုတ်လျှင် လုယောင်ဖုန်းသည် ကလေး ၃ နှစ်ပြည့်သည်အထိစောင့်ပြီး ကွေ့ရှိုဂိုဏ်းကို ဖျက်ဆီးမည်မဟုတ် ပေ။

သည်းခံနိုင်သူတစ်ယောက်သည် ရက်စက်ပါက မန္တလာမြေမှ မည်သူမှ သူ့အား မနိုင်တော့ပေ။

“မီးတောက်ပန်းက အထွတ်အထိပ်ဘုံကကျင့်ကြံသူတွေကို အဆင့်တက် ဖို့ ကူညီပေးနိုင်တယ်၊ ပြီးတော့ လာတဲ့သူတွေက ပင်မတိုက်က ဂိုဏ်းပေါင်းစုံက လူငယ်မျိုးဆက်တွေပဲ” အိုးရန်မိုသည် တည်ငြိမ်အောင်ကြိုးစားပြီး ဂရုတစိုက် နှင့်ပြောလေသည် “ဖုန်းရှန်၊ မင်းတို့ကွေ့ရှိုဂိုဏ်း၊ ယန်တန်လင်နဲ့ ချင်းချန်းမန့် ကလွဲပြီး ဝူလင်းဂိုဏ်းက ငါတို့နဲ့ ပြိုင်ဖို့ ခွန်အားရှိမယ်မထင်ဘူး”