← Chapters

ရန်စခြင်း

Vol. 80 Ch. 1587

ရန်စခြင်း

Vol. 80 Ch. 1587

နျဲဖေးသည် သဲ့သဲ့သာပြုံးသည်။ သူမသာ အိုးရန်မိုနှင့် ထိပ်တိုက်မတွေ့ခဲ့ ပါက အိုးရန်မိုသည် သူမအားထည့်တွက်မည်မဟုတ်ပေ။ ကွေ့ရှိုဂိုဏ်းသည် အသုံးမဝင်တော့ပေ။ သည်တစ်ခေါက်တွင် သူမသည် လူ ၁၂ ယောက်ခေါ်လာ သည်။ အရှင်ကြီးအဆင့်ဖြစ်သည့်သူမမှလွဲ၍ တခြားသူများအားလုံးသည် ကစဥ့်ကလျားဘုံရောက်နေသည့် အရှင်များဖြစ်သည်။ နှစ်ယောက်သည် နတ်ဘုရားအဆင့်များဖြစ်ကြသည်။

ကွေ့ရှိုဂိုဏ်းသည် ကြည့်စရာ များများစားစားမရှိတော့ပေ။ ဝူလင်းဂိုဏ်း တွင် ထိုလူငယ်အသစ်ရှိနေသည်မဟုတ်ပါလား။

အိုးရန်မိုသည် ထိုလူငယ်အကြောင်းထည့်ပြောသည်ကို မကြိုက်မှန်း နျဲဖေးသိသည်။ ထို့ကြောင့် သူမသည် ခေါင်းငုံ့ကာစားသောက်နေလိုက်သည်။ သို့သော် အိုးရန်မိုသည် ခေတ္တမျှစဉ်းစားနေသည်ကို ကြားလိုက်ရသည် “ငါ တစ်ခုကမ်းလှမ်းဖို့ရှိတယ်၊ ငါတို့အဓိကဂိုဏ်းလေးခုက စည်းလုံးပြီး ဝူမန်းဂိုဏ်း က လူတွေကို အရင်ရှင်းထုတ်ရမယ်၊ မီးတောက်ပန်းကတော့ အချိန်ကျရင် ငါတို့ပေါ်မှာပဲမူတည်တာပေါ့”

နျဲဖေး၏လက်သည် တုန်ယင်သွားသည်။ သူမသည် အိုးရန်မို၏ အကျင့် စရိုက်ကိုသိသည်။ လုယောင်ဖုန်းသည် ကြမ်းကြုတ်သည်ဆိုပါက သူသည် စည်းရှိသေးသည်။ သို့သော် အိုးရန်မိုသည် ထိုသို့မဟုတ်ပေ။ သူသည် နေရာတိုင်းတွင် သူလျှိုအပြည့်နှင့်ပင်။

သူသည် သူ၏ယပ်တောင်ကို ထိုကောင်လေးဖျက်ဆီးသွားသဖြင့် ပြန် လက်စားချေနိုင်သည်။

ကွေ့ရှိုဂိုဏ်းကိုမဆန့်ကျင်သရွေ့ နျဲဖေး သဘောတူရမည်မဟုတ်ပါလား။ ထို့အပြင် ဝူလင်းဂိုဏ်းပျက်စီးသွားသည်နှင့် ကွေ့ရှိုဂိုဏ်းသည် မျှဝေရန်မလို တော့ပေ။ သူမသည် ပြုံးပြီးသဘောတူလိုက်သည် “ယန်းမင်နဲ့ရှဲပူတို့က မငြင်း သရွေ့ ကျွန်မကဘာလို့ သဘောမတူစရာရှိမှာလဲ”

ထိုအခိုက်အတန့်တွင် အိုးရန်မိုသည် ယန်းမင်နှင့် ရှဲပုတို့နှင့် ဆွေးနွေးရန် ထွက်သွားသည်။ သူသည်လည်း ထိုဂိုဏ်းနှစ်ခုသဘောတူလိမ့်မည်ဟု နျဲဖေးနှင့် တူသောအတွေးရှိသည်။

နောက်တစ်နေ့တွင် ပေထင်းဟွမ်သည် ကျန်းရှီတို့ညီအစ်ကိုတို့နှင့် တည်းခိုဆောင်မှထွက်ကာ ဟွာယန်းတောင်သို့ နောက်တစ်ခေါက်ပြန်သွားလေ သည်။ ထိုနေရာရောက်သောအခါ မီးတောက်ပန်းသည် ၃ ရက်အတွင်း ပွင့်လိမ့် မည်ဟု စွန့်စားသူများထံမှ ကြားရလေသည်။ ပန်းပွင့်ချိန်မှာ ၁ နာရီမျှသာဖြစ် သည်။ ထို ၁ နာရီပြီးသည့်နောက် ပန်းအဆီအနှစ်သည် ကောင်းကင်နှင့်မြေကြီး အကြားတွင် ပြန့်ကျဲသွားမည်ဖြစ်သည်။

ကျန်းရှီသည် အားလုံးပေါင်း လူအယောက် ၂၀ ခေါ်သွားသည်။ နတ်ဘုရားအဆင့်ပင်မရှိသည့် ကျန်းရှန်မှလွဲ၍ တခြားသူများအားလုံးသည် အရှင်အဆင့်ကျွမ်းကျင်သူများဖြစ်ကြသည်။ ခွန်အားအဆင့်ကိုမသိသေးသည့် ပေထင်းဟွမ်ကိုပေါင်းလိုက်သောအခါ သူတို့၏တိုက်ခိုက်ရေးသက်ရောက်မှု သည် အားမနည်းလှဟုဆိုနိုင်သည်။

မြို့တံခါးအပြင်တွင် ပေထင်းဟွမ်နှင့်အဖွဲ့သည် တခြားအဖွဲ့လေးဖွဲ့နှင့် တွေ့လေသည်။ မနေ့က တိုက်ခိုက်ခဲ့သည့် အိုးရန်မို၊ ညှို့နိုင်လောက်သည့် အသွင်အပြင်နှင့် အမျိုးသမီးတစ်ဦး၊ အနက်ရောင်ဝတ်ရုံဝတ်ထားသည့် တခြား ယောက်ျားနှစ်ယောက်တို့ အသီးသီးဖြစ်ကြသည်။

“ကောင်မလေးက ကွေ့ရှိုဂိုဏ်းက တခြားနှစ်ယောက်က ရှဲပုနဲ့ယန်းမင်ပဲ”

ကျန်းရှန်၏မိတ်ဆက်ပေးသံကိုကြားပြီးနောက် အနက်ရောင်ဝတ်ရုံဝတ် ဆင်ထားပြီး ချောမောတင့်တယ်သူသည် ရှဲပုဖြစ်ပြီး တခြားတုတ်ခိုင်ကြမ်းတမ်း သည့်လူသည် ယန်းမင်ဖြစ်သည်ကို ပေထင်းဟွမ်သိလိုက်သည်။

ထိုလူလေးယောက်သည် သူတို့အား မတရားသလိုကြည့်လေသည်။

မီးတောက်ပန်းကဲ့သို့ ရတနာများများစားစားရှိရန်မဖြစ်နိုင်ပေ။ အများဆုံး မှ တစ်ပွင့်သာရှိမည်။ ထိုအချိန်တွင် မြို့တံတိုင်းမှ မရေတွက်နိုင်သောအဖွဲ့များ ထွက်လာပြီး ဟွာယန်းတောင်သို့ ဦးတည်လေသည်။ ထိုထဲတွင် တောင်သို့ဝင် သွားသောအဖွဲ့များ မပါသေးပေ။ ထိုအဖွဲ့များသည် ပန်းပွင့်မည့်နေရာတွင် စခန်းချနေလောက်ပြီဖြစ်သည်။

ဆိုလိုသည်မှာ နဂါးနှင့်ကျားများအကြားတွင် တိုက်ပွဲရှိလာတော့မည်။

မန္တလာမြေတွင် ပထမတန်းစားအင်အားစု ၅ စုသာရှိသည်ဟု ကျန်းရှီ ပြောထားပြီးဖြစ်သည်။ ထိုထဲတွင် ကွေ့ရှိုသည် အားအနည်းဆုံးဖြစ်ကာ နောက် တွင် ဝူလင်းဂိုဏ်းလိုက်သည်။

“သခင်ကျန်း မင်းသာဆိုရင် ငါ ဝင်မှာမဟုတ်ဘူး” အိုးရန်မိုသည် ပေထင်းဟွမ်အား အဓိပ္ပာယ်ပါပါကြည့်လေသည် “ဝင်သွားလိုက်ရင် အသေပဲ ဆိုတာသိရဲ့သားနဲ့ ဘာလို့ဝင်နေမှာလဲ၊ မင်းက မင်းညီကို နှစ်ခါသေစေချင်တာ လား”

ကျန်းရှီသည် ဒေါသထွက်လွန်းသဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လေသည် “ဟင်း အဲအခါကျ ဘယ်သူသေမလဲဆိုတာမသိသေးဘူးလေ၊ အိုးရန်မို မင်းလိုလူကသာ သေသင့်တာ”

“ဟားဟားဟား” အိုးရန်မိုသည် ကျန်းရှီအား အထင်သေးစွာကြည့်လေ သည် “အားကောင်းတဲ့လူတွေကြားထဲမှာ လက်သီးက ပိုမြင့်တဲ့နေရာမှာသုံးကြ တယ်၊ ကျိန်ဆဲတာလောက်နဲ့ လက်သာမယ်လို့ထင်လို့ကတော့ အဲဒါမိန်းမတွေ ရဲ့ အစွမ်းအစပဲ”

ပြောပြီးနောက် အိုးရန်မိုသည် တခြားဂိုဏ်းသုံးဂိုဏ်းမှလူများကိုခေါ်ကာ တောင်ဆီသို့ ဝင်သွားလေသည်။

All Chapters