← Chapters

ဒုသခင်လေးရဲ့အမိန့်ကိုနာခံကြ

Vol. 80 Ch. 1588

ဒုသခင်လေးရဲ့အမိန့်ကိုနာခံကြ

Vol. 80 Ch. 1588

ကျန်းရှန်သည် ဒေါသထွက်လွန်းသဖြင့် ပေထင်းဟွမ်အား မေးရတော့ သည် “အစ်ကို ၂ ငါတို့ဘာလုပ်ကြမလဲ၊ တကယ်မသွားတော့ဘူးလား”

ပေထင်းဟွမ်သည် တဖြည်းဖြည်းနှင့် အန္တရာယ်ဖြင့်ပြည့်နှက်လာသော တစ်ဖက်လူ၏မျက်လုံးများကိုကြည့်လိုက်သည်။ သည်တစ်ခေါက်တွင် သူမ သည် သူမအား အစ်ကို ၂ ဟု ကျန်းရှန်ခေါ်သည်ကို မငြင်းဆန်းတော့ဘဲ ခေါင်းလှည့်ကာ ကျန်းရှီအားပြောလိုက်သည် “ဘာလို့ မီးတောက်ပန်းလိုချင် တာလဲ”

ကျန်းရှီနှင့် ကျန်းရှန်တို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက် ကြသည်။ ကျန်းရှီသည် အနည်းငယ်ရှက်ရွံ့စွာဖြင့် ပြောလေသည် “ငါ့အဖေက အရှင်ကြီးအဆင့် ထိပ်ဆုံးမှာပဲရှိသေးတယ် အထွတ်အထိပ်ဘုံကိုမဝင်သေးဘူး၊ ငါတို့တွေ မီးတောက်ပန်းရပြီးရင် အဖေ့ကိုပေးချင်တာ”

ပေထင်းဟွမ် ခေါင်းညိတ်လိုက်ကာ နောက်မှလိုက်လာသော အစောင့် အကြပ် အယေဦက် ၂၀ ကိုလှည့်ကြည့်လိုက်သည်။ ဝူလင်းဂိုဏ်းသည် ဂိုဏ်း၏ အလုံးစုံခွန်အား နည်းခြင်းကြောင့်မဟုတ်ဘဲ ဂိုဏ်းသခင်၏ခွန်အားနည်းခြင်း ကြောင့် အားနည်းနေပုံရသည်။

ပတ္တမြားကမ္ဘာတစ်ခုလုံးတွင် အဓိကအင်အားစုနှစ်ခုတိုက်ခိုက်လျှင် သူတို့အောက်မှအဖွဲ့များက ရလဒ်ကို ဆုံးဖြတ်ခြင်းမဟုတ်ဘဲ အဆင့်မြင့် ဂိုဏ်း များကသာ ဆုံးဖြတ်သည်။ အနာဂတ်တွင် ပေထင်းဟွမ်နှင့် ဝိညာဉ်နတ်ဘုရား မျိုးနွယ်တို့ တိုက်ခိုက်မည်ဆိုပါက တစ်ဖက်လူသည် မည်မျှအားကောင်းပါစေ ပေထင်းဟွမ်သည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ဧကရာဇ်ကို မသတ်နိုင်ပါက သို့မဟုတ် နတ်ဆိုးဝိညာဉ်ဧကရာဇ်ကို မသတ်နိုင်ပါက အသုံးမဝင်ပေ။

သေချာပေါက်ပင် တိုက်ခိုက်ရေးအဖွဲ့သည် အားနည်း၍မဖြစ်ပေ။ သူတို့သည် အဖွဲ့လိုက်တိုက်ခိုက်လာပါက ပေထင်းဟွမ် မည်မျှပင်အားကောင်း စေကာမူ ရှုံးမည်ဖြစ်သည်။

ထို့အပြင် တစ်ခါတရံတွင် ပုရွက်ဆိတ်များသည် ဆင်ကိုပင်သတ်နိုင် သည်။

“ငါက အဂ္ဂိရတ်ပညာရှင်ပဲ၊ အဲဒီမီးတောက်ပန်းကိုအရယူပေးနိုင်ရင် မင်းတို့ကို မီးတောက်ဆေးပေးမယ်လို့ ကတိပေးတယ်” ထိုစကားကိုကြား သောအခါ ဝူလင်းဂိုဏ်း၏ မျက်လုံးများ အရောင်လက်လာသည်ကိုမြင်နေရ သည်။ ပေထင်းဟွမ်သည် ဆက်ပြောလေသည် “တခြားဂိုဏ်းလေးဂိုဏ်းက ဘယ်လိုရည်ရွယ်ချက်ပဲဖြစ်ဖြစ် မဟာမိတ်ဖွဲ့လိုက်တာကို မင်းတို့လည်း မြင်မှာ ပဲ၊ ဝူလင်းဂိုဏ်းလို မှီခိုကင်းတဲ့အဖွဲ့က သေချာပေါက် သူတို့ရဲ့ပြိုင်ဘက်မဟုတ် ဘူး”

ပေထင်းဟွမ် မပြောသော်လည်း သူတို့ ကောင်းကောင်းသိကြသည်။

“မင်းတို့ တစ်ခုခုလိုချင်ရင် ငါ မီးတောက်ပန်းရဖို့ကို ကူညီပေးကြ၊ ဒါဆိုရင် အခုကစပြီး မင်းတို့က ငါ့ရဲ့ဝေစုရမယ်၊ မင်းတို့လုပ်နိုင်ရင် ငါတို့ ပူးပေါင်းလို့ရတယ်၊ မလုပ်နိုင်ရင် အခုကစပြီး လမ်းခွဲလို့ရတယ်” ပေထင်းဟွမ် သည် အခိုင်အမာပင်ပြောလေသည်။

ကျန်းရှီသည် လမ်းခွဲရန် သဘောတူမည်မဟုတ်ပေ။ ဝူလင်းဂိုဏ်းနှင့် ပေထင်းဟွမ်တို့အကြားတွင် ပို၍လေးနက်စွာရှုပ်ထွေးရန် တောင့်တမိသည်။ ထိုအခိုက်အတန့်တွင် သူ မတ်တပ်ရပ်ကာ ပေထင်းဟွမ် အပြောကိုမစောင့်ဘဲ ပေထင်းဟွမ်အား ညွှန်ပြကာ သူ့အောက်မှ အယောက် ၂၀ ကိုပြောလိုက်သည် “မင်းတို့ သူ့ကိုသိလား၊ သူက သခင်လေး ၃ နဲ့တူတယ်လို့မထင်ဘူးလား၊ မင်းတို့ သိကြလား၊ သူက တံခါးမှာပျောက်သွားခဲ့တဲ့ ဒုသခင်လေးပဲ၊ အခုကစပြီး မင်းတို့တွေ ဒုသခင်လေးရဲ့အမိန့်ကိုနာခံရမယ်”

“အာ”

အားလုံးနီးပါး မှင်တက်သွားလေသည်။ ဒုသခင်လေးနှင့် တ,သခင်လေး တို့သည် အမြွှာများဖြစ်ကြသည်ကို ဝူလင်းဂိုဏ်းတွင် မသိသူမရှိပေ။ ဒုသခင်လေး ပျောက်သွားချိန်မှစ၍ ဂိုဏ်းသခင်ကတော်သည် နှစ်ပေါင်းများစွာ ဖျားနာခဲ့သည်။ ဂိုဏ်းသခင်ပင်လျှင် နတ်ဆိုးနှလုံးရသွားကာ အရည်အချင်းများ တိုးတက်မလာခဲ့ပေ။

ဤအချိန်တွင် ဒုသခင်လေးပြန်လာပြီဟု ကြားလိုက်ရချိန်တွင် အားလုံး သည် ပီတိဖြာမိကြသည်။ ကျန်းရှီ၏စကားများကို မည်သူမှ သံသယမဝင်မိကြ ပေ။ ကျန်းရှီသည် ဂိုဏ်းသခင်လေးဖြစ်သည်ကို သိထားရမည်။ သူသည် အပြင် လူကို ဒုသခင်လေးအဖြစ်ဟန်ဆောင်ခိုင်းပါက အနာဂတ်တွင် သူသည် ဂိုဏ်း သခင်လေးနေရာအတွက် ထိုလူနှင့် တိုက်ခိုက်ရနိုင်သည်။

“လက်အောက်ငယ်သားတို့က ဒုသခင်လေးကိုတွေ့ဆုံပါတယ်” လူ အယောက် ၂၀ တို့သည် ပေထင်းဟွမ်အား ဟွာယန်းမြို့အဝင်တွင် နှုတ်ဆက် ကြလေသည်။

ပေထင်းဟွမ်သည် မငြင်းဆန်တော့ပေ။ သူမသည် ထိုလူများကို ဦးဆောင်သည်။ ဝူလင်းဂိုဏ်းဝင်ဖြစ်ရသည်မှာ အသင့်တော်ဆုံးဖြစ်လိမ့်မည်။ ထိုအခိုက်အတန့်တွင် သူမသည် လက်ဝေ့ယမ်းကာ ပြောလိုက်သည် “သွားမယ်”

ဟွာယန်းမြို့အဝင်မှမြင်ကွင်းသည် လျင်မြန်စွာပင် ဟွာယန်းတောင်တွင် လေနှင့်အတူ လွင့်ပျံသွားလေသည်။ အိုးရန်မိုနှင့် တခြားသူများထိုအကြောင်း ကို ကြားသောအခါ ပြောလေသည် “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ မင်းတို့ ကြား တာမှန်ရဲ့လား”

All Chapters