အခွင့်အရေးလာပြီ
Vol. 80 Ch. 1589
ဟွာယန်းတောင်၏ညသည် မအေးချမ်းနိုင်ပေ။ သို့သော် ရှေ့တွင် မီးတောက်ပန်းပွင့်သည့် ချောက်ရှိသည်။
မီးတောက်ပန်းသည် ဟွာယန်းတောင်ထိပ်ရှိချောက်တွင်ရှိနေလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။ ဟွာယန်းတောင်၏ အန္တရာယ်အများဆုံးရှိသည့် တောင်ထိပ်ပင်။ မီးတောက်ပန်း၏ဘေးတွင် မီးတောက်သားရဲ၏ဂူရှိသည်။ ထို အကောင်သည် အပေါက်ထဲတွင် ဆောင့်ကြောင့်ထိုင်ပြီး နေရာကို စောင့်ကြည့် နေသည်။ သူ၏လက်အောက်မှ မီးတောက်ပန်းကိုလိုချင်လျှင် ခက်ခဲလွန်းလှ သည်။
ထိုအချိန်တွင် လပြည့်ရောင်သည် ဖြာကျာကာ ချောက်ကမ်းပါးအထက်ရှိ မီးတောက်ပန်း၏ရိုးတံနှင့် အရွက်များကို ထိုးဖောက်နေသည်မှာ ကျောက်စိမ်း တောက်ပနေသလိုပင်။ အဖူးများသည်မပွင့်သေးသော်လည်း လေထဲတွင် မွှေးပျံ့ပျံ့ရနံ့သင်းနေပြီဖြစ်သည်။ အားကောင်းသောရောင်ဝါနှင့် မှော်စွမ်းအင် တို့ ရောနှောလျက်ရှိသည်မှာ အမြန်ရောက်လာသောလူများကို အံ့ဩစရာ ကောင်းလောက်အောင်ပင် ကြီးမားသောစွမ်းအင်ဖြင့် ပြည့်နှက်သွားစေသည်။
ကောင်းကင်နှင့်မြေကြီးရတနာပီသပါပေသည်။
ပေထင်းဟွမ်သည် သစ်ကိုင်းနှင့်သစ်ရွက်များအကြားတွင် နားပြီး မီးတောက်ပန်းနှင့် အဝေးကိုကြည့်ကာ စခန်းအား စတင်စစ်ဆေးတော့သည်။ အမြင့်ဆုံးတောင်ထိပ်ဝန်းရံလျက်ရှိပြီး လက်စွပ်ပုံသဏ္ဍန်ချောက်ထဲတွင် နေရာ လွတ်မရှိပေ။ နေရာတိုင်းတွင် တဲများဖြင့် ပြည့်နေသည်။ မီးပုံမှာအရောင်လင်း နေပြီး မီးတောက်များသည် မန္တလာမြေအထက်မှ ကြယ်များကဲ့သို့ မရေတွက် နိုင်လောက်အောင် ဖြာကျနေသည်။
စက်ဝိုင်းပုံစံချောက်၏ အကောင်းဆုံးအပိုင်းမှာ အနည်းငယ်ကျယ်ဝန်း သော နေရာတွင် တဲလေးတဲရှိပြီး တဲအထက်တွင် အလံလွှင့်ထူထားသည်။ ၎င်းတို့သည် ထျဲဖုန်းရှန့်၊ ကျို့ကျူဇုံ၊ ချင်းချန်ဂိုဏ်းနှင့် ယန်တန်လင်းတို့ အဓိက အင်အားစုလေးခုဖြစ်ကြောင်းကို ပေထင်းဟွမ် ရှင်းလင်းစွာ သရုပ်ခွဲနိုင်သည်။
ထိုအချိန်တွင် တဲတစ်ခုချင်းစီဘေး၌ အစောင့်အကြပ်လေးယောက်သည် ရှေ့နောက် ကင်းလှည့်ကာ လူများကို ဖြန့်ထားသည်။
“ဘယ်လိုလုပ်ရမလဲ” ကျန်းရှီသည် ပေထင်းဟွမ်၏နားနား ကပ်ပြောကာ အနည်းငယ် စိုးရိမ်လျက်ရှိသည်။ သူတို့သည် ဤသစ်ပင်ပေါ်တွင် လဲလျောင်း နေသည်မှာကြာပြီဖြစ်ကာ အခွင့်အရေးရှာမတွေ့သေးပေ။
ကျန်းရှီစကားမဆုံးခင်မှာပင် ထျဲဖုန်းရှန့်၏တဲအစွန်၌ အစောင့်အကြပ် တစ်ယောက်သည် တခြားအစောင့်အကြပ်သုံးယောက်ကို ပြောလိုက်သည်ကို မြင်လိုက်ရသည် “မင်းတို့ အရင်ကြည့်ထားလိုက် ငါ ခဏနေပြန်လာမယ်”
အခွင့်အရေးရောက်လာချေပြီ။
ဤအခိုက်အတန့်တွင် ပေထင်းဟွမ်၏ခန္ဓာကိုယ်မှ မွေးပွလုံးသုံးလုံး ထွက်သွားသည်ကို ကျန်းရှီ မြင်လိုက်ရသည်။ သို့သော် မည်သည့်နေရာသို့ သွား သည်ကိုတော့မသိပေ။ အဖြူရောင်မွေးပွလုံးသည် တခြားတဲသုံးခုပေါ်တွင် ပျံဝဲ ပြီးနောက် ပြန်လာလသေည်။ လှုပ်ရှားမှုသည် ထူးဆန်းကာ အရှိန်သည် လျှပ်စီး ကဲ့သို့မြန်ဆန်လှသည်။ ကျန်းရှီသည် စိုက်ကြည့်သော်လည်း တဲတွင် စောင့်ကြည့်နေသည့်အစောင့်အကြပ်များအပြင် ဘာမှမမြင်ရပေ။
ပေထင်းဟွမ်သည် အနောက်ကိုလက်ဝေ့ယမ်းပြလိုက်သ်ည။ သူမ အနောက်တွင် ပုန်းကွယ်နေသော အစောင့်အကြပ်အယောက် ၂၀ သည် လက်နက်များကို ဆုပ်ကိုင်ကာ ပတ်ပတ်လည်မှအခြေအနေကို အရေးတယူ အာရုံစိုက်ထားသည်။ ခဏအကြာတွင် မြေကြီးပေါ်မှ ငလျင်လှုပ်လိုက်သကဲ့သို့ တုန်ခါမှုဖြစ်ပေါ်လာသည်။
အသံကြားသည်နှင့် စခန်းမှလူများအားလုံး နိုးလာကာ စတင်ထွက်လာ ကြသည်။ ထိုလူများသည် ဟွာယန်းတောင်တွင် တစ်နှစ်ပတ်လုံး ပတ်သွားနေ ကြသူများဖြစ်သည်။ သေချာပေါက်ပင် သူတို့သည်လည်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သားရဲစီးကြောင်းအသံဖြစ်နိုင်သော်လည်း မည်သူမှ မယုံရဲ ကြပေ။
“ဘယ်လိုဖြစ်တာလဲ”
အိုးရန်မိုထွက်လာသည်။ နောက်ဆုံးတွင် ကျိုးပဲ့နေသောယပ်တောင်ကို သိမ်းကာ လက်ထဲတွင်ဓားရှည်ကိုင်ထားသည်။ သူသည် အသားမကျနေသည့် အလား ဓားရှည်ကိုင်သည့်ဟန်ပန်သည် အနည်းငယ် ကိုးရိုးကားယားနိုင်လေ သည် “ဘာဖြစ်တာလဲ”
မည်သူမှ သူ့ကိုပြန်မဖြေကြပေ။
နျဲဖေး၊ ယန်းမင်နှင့် ရှဲပုတို့သည်လည်း ပူပန်စွာဖြင့် လှည့်ပတ်ကြည့်လေ သည်။ ထိုအချိန်တွင် မရေတွက်နိုင်သော သစ်ကိုင်းကျိုးများသည် ကြီးမား သောလေလှိုင်းနှင့်အတူ သူတို့ရှိရာဘက်သို့ ပြေးဝင်လာသည်။ မရေတွက် နိုင်သော သားရဲများသည် ဤနေရာသို့ လှုပ်ရှားတက်ချီလာပြီဖြစ်သည်။ တဲထဲမှလူ သုံးယောက် အူယားဖားယားထွက်လာကြသည်။
အားလုံးမှာ အဆင့်နိမ့်သားရဲများဖြစ်ကာ စိတ်ဝိညာဉ်အထက်ရှိ သားရဲ မပါဝင်ပေ။ သို့သော် အရေအတွက်သည် များပြားပြီးအုပ်လိုက်ဖြစ်ရာ ပုရွက်ဆိတ်အုပ်ကဲ့သို့ လူများကို ကြက်သီးထစေသည်။
ထိုနတ်ဆိုးသားရဲများအားလုံးမှာ မျက်လုံးများနီရဲလျက်ရှိပြီး တစ်စုံတစ်ရာ၏ လှုံ့ဆော်ခြင်းကိုခံနေရသည့်အလား လှုပ်ရှားမှုကို မထိန်းချုပ် နိုင်ဘဲ တဲထဲတွင် စိတ်ဝင်စားစရာ တစ်စုံတစ်ရာရှိသကဲ့သို့ တဲဆီသို့ ပြေးဝင်လာ ပုံရသည်။ သူတို့သည် တစ်စုံတစ်ယောက်ကို ဖမ်းမိသည်နှင့် ကိုက်ဖြတ်ကြရာ လူများစွာသည် အရှင်လတ်လတ်ဝါးမျိုခြင်းခံလိုက်ရလေသည်။