အိုးရန်မို၊ လူယုတ်မာ
Vol. 80 Ch. 1590
အဖြစ်အပျက်များမှာ ရုတ်တရက်ဆန်လွန်းရာ သုံးဖွဲ့လုံးသည် သတိလက် လွတ်ဖြစ်နေကြသည်။ သူတို့ရောက်လာသည်နှင့် သုံးဖွဲ့လုံးသည် ကြီးမားသော သေကျေမှုကိုခံရလေသည်။ အထူးသဖြင့် အစကတည်းက မသန်မာသော ကွေ့ရှို့ဂိုဏ်းအဖွဲ့ဝင်များဖြစ်ကြသည်။ နျဲဖေးမှလွဲ၍ မည်သူမှ မရှောင်ရှားနိုင် ကြပေ။
ယန်တန့်လင်းနှင့် ချင်းချန်ဂိုဏ်းမှလူများလည်း မထူးမခြားနားပင်။ ထို စခန်းသုံးခုသည် ချောက်တစ်ခုလုံး၏ ထက်ဝက်ကျော်ကို သိမ်းပိုက်ထားသည်။ သူတို့သည် ချောက်ဝင်ပေါက်တွင်ရှိရာ ဒဏ်အများဆုံးခံရသည်။ ယန်တန့်လင်း တွင် ယန်းမင်အား ကာကွယ်နေသည့်သန်မာသောလူနှစ်ယောက်ရှိပြီး တဖြည်း ဖြည်းနှင့် ချောက်ကမ်းပါးဆီသို့ တပ်ဆုတ်လေသည်။ ချင်းချန်ဂိုဏ်းသည်လည်း ထိုနည်းလည်းကောင်းပင်။ ချောက်ကမ်းပါးဆီသို့ တစ်ယောက်ပြီးတစ်ယောက် ရှောင်သွားကြပြီး တခြားသူများသည် ခုခံရန်ပြင်ဆင်လေသည်။ သို့သော် ထို သားရဲအုပ်သည် စိတ်ရူးပေါက်နေပြီဖြစ်သည်။ နှစ်ဖွဲ့လုံးမှာ အရှင်အဆင့် ကျွမ်းကျင်သူများရှိလျှင်တောင် အတန်ကြာပြီးတိုင်အောင် အောင်နိုင်မည့်ပုံ မပေါ်ပေ။
“သံမဏိလေတောင်က ကျွမ်းကျင်သူတွေ မြန်မြန်လုပ်ကြ မီးတောက် ပန်းကိုယူပြီး ခွဲယူကြမယ်”
စခန်းတစ်ခုလုံး ဝမ်းနည်းစရာအခြေအနေတွင် ရုတ်တရက် လူတစ်စု သည် အမှောင်ထဲမှထွက်လာလေသည်။ သူတို့ထဲမှတစ်ယောက်သည် လူသား များကို ကူညီရန် အောမည့်အစား သားရဲများနှင့်အတူ အဖွဲ့သုံးဖွဲ့ကို အတူသတ် ကြလေသည်။
သံမဏိလေတောင်မှလူများသည် ခေတ္တမျှမှင်တက်သွားပြီး လက်နက် များကို တင်းတင်းဆုပ်ကိုင်ထားကာ အချိန်မရွေးပြေးဝင်ရန် အသင့်ပြင်ထားကြ သည်။ သို့သော် ထိုအချိန်တွင် သူတို့၏ခသင်လေးသည် စကားမပြောသဖြင့် တိုက်ပွဲတွင် ပါဝင်သင့်မသင့်ကို မသိတော့ပေ။
ထိုအရာအားကြားပြီးနောက် နျဲဖေးနှင့်တခြားသုံးဖွဲ့သည် တစ်စုံတစ်ခုကို နားလည်သွားပုံပေါက်သဖြင့် အိုးရန်မိုအားကြည့်လေသည်။ သူတို့၏မျက်လုံး များထဲမှ နာကြည်းမှုသည် အိုးရန်မိုအား ဝါမျိုနိုင်လောက်သည်။
အိုးရန်မိုသည် လည်ချောင်းရှင်းလိုက်သည်။ တစ်ဖက်မှလူအားလုံးသည် မျက်နှာများကို ဖုံးအုပ်ထားကြသည်။ သူ၏စိတ်ထဲတွင် ထိုလူများဖြစ်သည်ဟု သိနေသော်လည်း မသေချာပေ။ သို့သော် တည်ငြိမ်စွာဖြင့်ပြောလေသည် “မိတ်ဆွေတို့ ဘာတွေပြောနေကြတာလဲမသိဘူး၊ ငါ မင်းတို့ကိုမသိသလိုပဲ”
“သခင်လေးက တကယ်ကို မေ့တတ်တဲ့လူကြီးပဲ” တစ်ဖက်လူမှ ခေါင်းဆောင်သည် လက်ထဲတွင် ဓားမြှောင်ကိုကိုင်ထားပြီး ချလိုက်သည်နှင့် ယန်တန့်လင်းသည် သားရဲအုပ်ထဲသို့ကျကာ ချက်ချင်းပင် ဝါးမျိုခံလိုက်ရတော့ လေသည်။ ထိုလူသည် မျက်နှာတွင် ငွေရောင်မျက်နှာဖုံးအုပ်ထားပြီး ခေါင်းလှည့်လာသည် “ငါတို့ကြားက သဘောတူညီချက်ကို သခင်လေး မေ့များ နေတာလား၊ ဟား ဟား သခင်လေးက ကြင်နာတတ်တဲ့လူပါ၊ ဒီအခွင့်အရေး လွတ်သွားရင် ငါ့ဆီကနေ မီးတောက်ပန်းကိုလာမလုနဲ့”
“အိုးရန်မို လူယုတ်မာ” နျဲဖေးသည် ဒေါသကိုမအောင့်နိုင်တော့ပေ “မနေ့က ဝူလင်းဂိုဏ်းကို အတူရှင်းမယ်လို့ သဘောတူပြီးသားလေ၊ အခုက ဘာအဓိပ္ပာယ်လဲ”
အိုးရန်မိုသည် မန္တလာမြေတစ်ခုလုံးရှေ့တွင် အပြစ်တင်ပြီးအရှက်ခွဲခံ လိုက်ရသဖြင့် ချက်ချင်းပင် ဒေါသထွက်လေသည်။ သူသည် ထိုကိစ္စများလုပ်ပြီး အပြစ်တင်ခံရလျှင် ထားတော့။ အဓိကအချက်မှာ သူ ထိုအရာများမလုပ်ခဲ့ပေ။ နျဲဖေးသည် တုံးအလွန်းပြီး သူတို့စီစဉ်ထားသည့်အတိုင်း ပြောလာလိမ့်မည်ဟု ထင်မထားပေ။
သေချာပေါက်ပင်။ မိန်းကလေးများနှင့် အလုပ်တွဲမလုပ်သင့်ပေ။ နျဲဖေး အားမှီခိုနေရသည့် ကွေ့ရှိုဂိုဏ်းသည် အရင်ဂုဏ်သရေကို ပြန်ဆယ်ချင်သည်။ ၎င်းသည် ဖြစ်လိုသည့်အရာသာဖြစ်သည်။
“နျဲဖေး မဟုတ်တာမပြောနဲ့” အိုးရန်မို အော်လေသည်။
သို့သော် သသည် တစ်ဖက်အဖွဲ့သုံးဖွဲ့ကို ပူးပေါင်းလိမ်လည်သည့်ကိစ္စကို မငြင်းနိုင်ပေ။ ကျန်းရှီသည်လည်း ငတုံးမဟုတ်ပေ။ ဤအဆင့်ထိစဉ်းစားပြီး ရုတ်တရက် ဒေါသထွက်လေသည်။ သူသည် ဓားကိုယမ်းကာ ယန်တန့်တောင်ရိုးမှလူကို ခုတ်ချလေသည်။ သူသည် ရင်ထဲတွင် ဝန်လေးနေ ခြင်းမရှိပေ။ ပေထင်းဟွမ်၏ စွပ်စွဲချက်သည် လွန်ကျူးသည်ဟုမထင်ပေ။ “အိုးရန်မို လူယုတ်မာ မင်းဘာမှမလုပ်ရင် ဒီအတိုင်းထိုင်ပြီး အောင်မြင်မှုကို ခံစားမလို့လား”
ထိုအချိန်တွင် အိုးရန်မိုသည် ထိုလူများနှင့် မဟာမိတ်ဖွဲ့ပြီး နောက်ကျော ဓားနှင့်ထိုးမည်ဟု ရှဲပုနှင့်ယန်းမင်တို့ပင် မယုံနိုင်ပေ။ သူတို့စခန်းသုံးခုဆီသို့ သားရဲများဝင်လာပြီး သူတို့မိသားစုသုံးခုကိုသာ တိုက်ခိုက်နေသည်ကိုမြင်နေရ သည်။ ထိုအချိန်တွင် သူတို့သည် ရောင်းစားခံလိုက်ရပြီး ပိုက်ဆံရေတွက်ရန် ကူညီနေရတုန်းဟု တွေးနေကြသည်။