ရေခဲလိပ်ပြာလား
Vol. 80 Ch. 1591
“မင်းကဘယ်သူလဲ၊ ဘာလို့ငါ့ကို ဒီလိုမျိုး လာစွပ်စွဲနေတာလဲ” အိုးရန်မို သည် ဒေါသဖြင့်ပြောကာ လက်ထဲမှဓားဖြင့်ယမ်းလိုက်သော်လည်း ကျန်းရှီအား တိုက်ခိုက်လိုခြင်းမရှိပေ။
ထိုအချိန်တွင် ပေထင်းဟွမ်သည် ဒေါသထွက်သွားကာ အော်လေသည် “ဟုတ်ပြီ အိုးရန်မို လူယုတ်မာ မင်းက အစတုန်းက ကွေ့ရှိုဂိုဏ်းအပါအဝင် ဂိုဏ်းသုံးဂိုဏ်းကိုရှင်းဖို့ ငါတို့ကိုအသုံးချချင်တာ၊ အဲဒါကိုထိုင်ပြီး အကျိုးအမြတ် ယူချင်တာပေါ့၊ တော်တော်အကြံကြီးတာပဲ”
ဂိုဏ်းသုံးခုတွင် လူများများစားစားမကျန်တော့ဘဲ သားရဲများကလည်း သူမကို ကူညီနေသည်ကို ပေထင်းဟွမ်မြင်နေရသည်။ နောက်ဆုံးတွင် အများ ဆုံးမှ လူတစ်ယောက် နှစ်ယောက်သာကျန်တော့လေသည်။ သူမ မကြောက် ပေ။ ထို့ကြောင့် ဓားမြှောင်ထုတ်ကာ အိုးရန်မိုအား တိုက်ခိုက်လေသည်။
ပေထင်းဟွမ်မဆိုထားနှင့် ရှဲပုနှင့်တခြားသူများသည် မသိသေးပေ။ ထို အခိုက်အတန့်တွင် သူတို့သည် ပေထင်းဟွမ်နှင့်တခြားသူများ၏ သရုပ်မှန်ကို အတည်ပြုပြီးလေသည်။ သူတို့သည် ဝူလင်းဂိုဏ်းမှဖြစ်သည်။ အိုးရန်မိုသည် ဤကဲ့သို့အကြံရှိနေသည်။ လူသုံးယောက်သည် တစ်နေရာတည်းတွင် မတိုက်ခိုက်ပေ။ ပေထင်းဟွမ် အိုးရန်မိုကိုတိုက်ခိုက်ရန်ပင် မခေါ်လိုက်ရပေ။
“ဟေ့လူတေါ ငါ့ကိုမယုံဘူးလား” အိုးရန်မိုသည် ဓားဖြင့်ပြန်တိုက်ခိုက်ရ တော့သည်။
“ယုံရမှာလား” ရှဲပုခေါ်လာသည့် လူ ၁၀ ယောက်မှ ၉ ယောက်မှာ သေဆုံး သွားပြီဖြစ်သည်။ မီးတောက်ပန်းသည် လရောင်အောက်တွင် မှန်ကဲ့သို့ဖြစ်နေ လေပြီ။ သူသည် ဒေါသထွက်လာသည် “အဲဒီသားရဲတွေက ငါတို့ကိုတိုက်ခိုက် ပေမဲ့ ဘာလို့ မင်းကိုမတိုက်ခိုက်တာလဲ”
“သခင်လေး” သူတို့ထဲမှတစ်ယောက်သည် အင်္ကျီများကိုချွတ်ပြီးနောက် အိုးရန်မို၏စခန်းမှ လူတစ်ယောက်ကို လက်ညှိုးထိုးလေသည် “ဒီလူ.. သူက ဒီနေ့ည မအိပ်ဘဲထွက်သွားတဲ့တစ်ယောက်ပဲ၊ သူပြန်လာတော့ ငါတို့ စခန်းသုံး ခု နားမှာပတ်သွားနေသေးတယ် ငါတို့ ငါတို့...”
ထိုလူသည် အတိတ်ကို နောင်တရနေပြီဖြစ်သည် “ငါတို့တွေ တကယ်ပဲ သေဖို့တန်တယ်”
အိုးရန်မိုသည် အဖုအထစ်ဖြစ်အောင်လုပ်နေသည့်လူကို စူးရှစွာကြည့် လေသည်။ စခန်းကို လှည့်ပတ်ကြည့်ပြီးနောက်... တခြားအဖွဲ့မှလူပြောခဲ့သည် များကို ကြားခဲ့သည် “အဲဒီမှာရေခဲလိပ်ပြာ ပျံနေတယ်လို့ကြားခဲ့တယ်”
ရေခဲလိပ်ပြာသည် အရှင်အဆင့်မှော်သားရဲဖြစ်ကာ အားကောင်းသည်။ အေးခဲနိုင်သည့်အစွမ်းရှိပြီး ပါးစပ်မှရေခဲထုတ်နိုင်သည်။ သို့သော် ဤကဲ့သို့ မှော်သားရဲသည် အလွန်ရှားပါးသည်။ နှစ်တစ်သောင်းအတွင်းတွင် တစ်ကောင် မတွေ့နိုင်ပေ။ ၎င်းကိုထိန်းကျောင်းရန်မလိုပေ။ လူသားတစ်ယောက်ကို မြင်မြင်ချင်း သခင်အဖြစ်အသိအမှတ်ပြုပြီး တစ်သက်တာ ပြောင်းလဲမည် မဟုတ်ပေ။
“ရေခဲလိပ်ပြာလား” လွတ်မြောက်လာသော ချင်းချန်ဂိုဏ်းမှလူတစ် ယောက်နှာမှုတ်လေသည် “အဲလိုကောင်းတဲ့ပစ္စည်းနဲ့ဆိုရင် မင်းအလှည့်ရောက် ပါ့မလား၊ စိတ်ကူးယဉ်နေသေးတယ်”
ဂိုဏ်း ၅ ဂိုဏ်းသည် နဂိုကတည်းကပင် ကတောက်ကဆဖြစ်ခဲ့ကာ တိတ်တဆိတ်တိုက်ခိုက်နေခဲ့ကြသည်။ စိတ်ဝင်စားမှုတူညီ၍သာ ယာယီ မဟာမိတ်ဖွဲ့ခဲ့ခြင်းပင်။ ဤအချိန်တွင် စိတ်ဝင်စားမှုကို မျှဝေ၍မရတော့ဘဲ အလှည့်အပြောင်းဖြစ်လာသည်။
အိုးရန်မိုသည် အရူးလုပ်ခံရသည်ကို မသိလျှင် အိုးရန်မိုမဟုတ်တော့ပေ။ ဝူလင်းဂိုဏ်းတွင် ဤကဲ့သို့လူမျိုးရှိပြီး သူ့ကိုတိုက်ခိုက်ရန် တခြားအဖွဲ့သုံးခုကို မီးထဲဆီလောင်းလိမ့်မည်ဟု ထင်မထားရုံသာဖြစ်သည်။ သူသည် ရုတ်တရက် ဒေါသဖြင့်ပြောလိုက်သည် “အဲတော့ ဘာဖြစ်လဲ၊ မင်းတို့အဖွဲ့အစည်းလေးခုက သံလေတောင်နယ်မြေအဖြစ် တည်ဆောက်ဖို့ မစဉ်းစားဖူးဘူးလား”
ဤကမ္ဘာတွင် အရှက်မဲ့လွန်းသည့်လူရှိနေသေးသဖြင့် နျဲဖေးသည် ဒေါသ ဖြင့်ရယ်မောလိုက်သည်။ ကွေ့ရှိုဂိုဏ်းသည် ဂိုဏ်း ၅ ခုအကြားတွင် အားအနည်း ဆုံးဖြစ်ကာ သည်တစ်ခေါက်ခေါ်လာသူများတွင် မည်သူမှ အသက်ရှင်မကျန်ခဲ့ ပေ။ ဤနေရာသည် ဟွာယန်းတောင်အတွင်းနက်ပိုင်းဖြစ်သည်။ အဓိကဂိုဏ်း သုံးခုကို ရုတ်တရက် သားရဲများက လာတိုက်ခိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ သူမ ပြန်သွားချိန်တွင် ဖခင်ဖြစ်သူကို မရှင်းပြနိုင် ပေ။
“အိုးရန်မို မင်းသေမှပဲ ငါတို့ကွေ့ရှိုဂိုဏ်းရဲ့ သားကို လာဂါရဝပြုလိုက် တော့” နျဲဖးသည် ပြောပြီးည်နှင့် အိုးရန်မိုဆီသို့ ပြေးဝင်လေသည်။