မီးတောက်ပန်းက လက်ထဲရောက်နေပြီ
Vol. 80 Ch. 1592
နျဲဖေး၏လှုပ်ရှားမျုကိုကြည့်ပြီး ယန်းမင်နှင့် ရှဲပုတို့လည်း မသာ၍မဖြစ် ပေ။ သူတို့ သည်တစ်ခေါက်ထွက်လာချိန်တွင် ယခုလိုဖြစ်မည်ဟုမထင်ပေ။ အိုးရန်မိုအားသတ်ပြီး ဂိုဏ်းအဖွဲ့ဝင်များအတွက် လက်စားချေပေးခြင်းသည် အကောင်းဆုံး ဝန်ခံခြင်းဖြစ်လိမ့်မည်။
ထိုအချိန်တွင် စက်ဝန်းပုံစံချောက်သည် မည်သူမှမသိလိုက်ခင်မှာပင် ပုံသဏ္ဍာန်ပြောင်းသွားလေသည်။ နွယ်ပင်တစ်မျိုးသည် တဖြည်းဖြည်းပေါက် လာကာ နွယ်ပင်များအထက်တွင် မရေတွက်နိုင်သော အဖြူရောင်မွေးပွလုံး များ ကခုန်နေသည်။ အနက်ရောင်မျက်လုံးဝိုင်းဝိုင်းလေးနှစ်လုံးသည် အားလုံး အား သတိဝီရီယဖြင့် စိုက်ကြည့်နေသည်။ ထိုလူများလှုပ်ရှားသည်နှင့် သူတို့ကို နွယ်ပင်များမှ တိုက်ခိုက်လိမ့်မည်။
ပေထင်းဟွမ်သည် စစ်မြေပြင်မှ တပ်ဆုတ်သွားပြီဖြစ်သည်။ သူမသည် လေပေါ်တွင်ရပ်ပြီး ချောက်ကမ်းပါးအထက်မှ ဂူထဲရှိ သားရဲကို အတန်ကြာ အောင် စောင့်ကြည့်နေသည်။ သူမဘေးတွင် သံချပ်ဝတ်သည် အကောင်သေး အဖြစ်ပြောင်းကာ ပခုံးပေါ်တွင်လှဲပြီး ဂူထဲမှမီးတောက်သားရဲကိုကြည့်ကာ ပြောလေသည် “သခင်၊ ရေက မီးကိုနိုင်တယ်၊ ဒီမီးတောက်သားရဲကို ငါ့ကိုသာ အပ်ထားလိုက်တော့၊ မင်းက စိတ်အေးအေးနဲ့ ပန်းသွားခူးလိုက်တော့”
မီးတောက်ပန်းသည် အသံမထွက်ဘဲ ပွင့်နေပြီဖြစ်ကာ ရနံ့ခပ်ပြင်းပြင်း သည် စက်ဝန်းပုံစံချောက်ထဲတွင် စတင်ပျံ့နှံ့နေပြီဖြစ်သည်။ ထိုရနံ့ကို ရှူရှိုက်မိ ပါက မည်သည့်ဆေးမိထားစေကာမူ လွင့်ပြယ်သွားစေနိုင်သည်။ နွယ်ပင်များ သည် ချောက်ကိုရစ်ပတ်ထားကာ ထိုရနံ့များအားလုံးကို စုပ်ယူနေသဖြင့် နွယ် ပင်များ၏ခွန်အားသည် တဖြည်းဖြည်းတိုးလာသည်မှာတော့ နှမြောစရာပင်။
နွယ်ပင်များအထဲတွင် တိုက်ခိုက်မှုမှာ ပြင်းထန်ဆဲပင်။
“ဖြည်းဖြည်း”
အိုးရန်မိုသည် တိုက်ခိုက်သည့်အထဲမှ ခုန်ထွက်ကာ ချောက်ကမ်းပါးဆီသို့ ဓားဖြင့်ညွှန်ပြလေသည် “ကြည့်လိုက်”
“ဘာတွေကြည့်နေတာလဲ” နျဲဖေးပြောလိုက်သည် “ငါ မင်းကို ဒီနေ့ မသတ်ရရင် ငါ့မျိုးရိုးနာမည်က နျဲမဟုတ်တော့ဘူး”
ယန်းမင်နှင့် ရှဲပုတို့သည် တည်ငြိမ်သင့်သည်။ အိုးယန်မိုသည် သေရေး ရှင်ရေးကြုံနေရသည့်အခိုက်တွင် မည်သည့်မှားယွင်းမှုမှ မလုပ်ပေ။ သူတို့နှစ် ယောက်သည် တစ်ယောက်ပြီးတစ်ယောက် ခုန်ထွက်ကာ အိုးရန်မိုညွှန်ပြသည့် နောက်သို့လိုက်ကာ ချောက်ကမ်းပါးဆီသို့ ကြည့်လေသည်။ ချောက်ကမ်းပါး ပေါ်တွင် ခက်ထန်သောမိချောင်းသည် မီးတောက်သားရဲနှင့် မခွဲခြားနိုင် လောက်အောင် တိုက်ခိုက်လေသည်။ မီးတောက်သားရဲသည် ဂူဆီသို့ အကြိမ် ပေါင်းများစွာပြန်သွားချင်သော်လည်း မိချောင်းမှတားထားလေသည်။
မိချောင်း၏ခွန်အားသည် အလွန်သန်မာသည်။ မီးတောက်သားရဲသည် အားမနည်းသော်လည်း မိချောင်းလောက် မကောင်းပေ။ မီးတောက်သားရဲ၏ ဂူဘေးတွင် သစ်ကိုင်းနှင့်သစ်ရွက်များကြားတွင် ပွင့်ဖတ်များကွာကျပြီး မီးတောက်ကဲ့သို့ အနီရဲရဲပန်းသည် တဖြည်းဖြည်း ပွင့်လာသည်။ ထိုဘေးတွင် ငွေရောင်မျက်နှာဖုံးအုပ်ထားသည့် အနက်ရောင်ဝတ် လူငယ်တစ်ယောက်ရှိနေ သည်။
ဒါက ခုနက ဂိုဏ်းသုံးဂိုဏ်းနဲ့ ထျဲဖုန်းရှန့်တို့ကို ရန်တိုက်ပေးခဲ့တဲ့ လူ မဟုတ်လား။
ထိုလူသည် ဝူလင်းဂိုဏ်းမှ အသစ်ရှာတွေ့ထားသည့် ဒုသခင်လေးဖြစ် သည်။ ကျန်းရှီညီအစ်ကိုကိုသာ မှီခိုပါက ဤကဲ့သို့ဖြစ်လာမည်မဟုတ်ပေ။
ထိုအချိန်တွင် အိုးရန်မိုနှင့်တခြားသူများသည် ဝူလင်းဂိုဏ်း၏ အရူးလုပ် ခြင်းခံနေရသည်ကိုမသိလျှင် ထိုလူများသည် အီးစားပြီးကြီးလာခြင်းဖြစ်မည်။ သူတို့သည် သူတို့၏ဂိုဏ်းအသီးသီး၏ ဆက်ခံသူဖြစ်ရန် အရည်အချင်းမရှိပေ။
သို့သော် ဤအခိုက်အတန့်တွင် နွယ်ပင်သည် တိတ်တိတ်လေး ရစ်ပတ် နေကာ သူတို့လေးယောက်အား ခပ်ပြင်းပြင်းရိုက်ချလေသည်။ သတိလက်လွတ်ဖြစ်သွားသဖြင့် သူတို့လေးယောက်သည် အခြေမခိုင်ဘဲ အဆွဲ ခံလိုက်ရတော့သည်။ အိုးရန်မို၏ နည်းလမ်းသည် ပို၍ပါးနပ်သည်။ သူသည် နွယ်ပင်များကို လက်ပြန်ရိုက်ချသည်။ ချောက်ကမ်းပါးတစ်ခုလုံးတွင် နွယ်ပင် များ ချက်ချင်းပင် သုတ်သင်ခံလိုက်ရသည်။
“ကျန်းရှီ မင်းက သေချင်နေတာပဲ” အိုးရန်မိုသည် ဓားရှည်ကိုကိုင်ထား ကာ ဒေါသကြောင့် တစ်ကိုယ်လုံးတုန်ယင်နေသည်။ ထိုအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားသည် တဖြည်းဖြည်း ခမ်းနေသည်ကိုခံစားမိ လိုက်သည်။ သူ၏ရင်ထဲတွင် စိတ်လေးလာသည်။
ရှဲပုနှင့်တခြားသုံးယောက်သည် ချောက်ကမ်းပါးကိုကြည့်လိုက်ကြသည်။ လူငယ်သည် သူတို့၏အကြည့်ကို အာရုံခံမိသည်နှင့်တူသည်။ သူတို့အား ပြုံးပြ လေသည်။ ထို့နောက် တွေဝေခြင်းမရှိဘဲ အမြစ်ပါနှုတ်ပြီး မီးတောက်ပန်းကိုယူ ကာ လက်ဖဝါးထဲထည့်ပြီး နေရာသိုလှောင်သည့်ထဲထည့်လိုက်လေသည်။