← Chapters

မီးတောက်သားရဲ

Vol. 80 Ch. 1593

မီးတောက်သားရဲ

Vol. 80 Ch. 1593

ဟင်း

သူတို့သုံးယောက်သည် ပင့်သက်ရှိုက်မိကြသည်။ ဤလူငယ်သည် သူ၏ အလုပ်တွင်လွန်လွန်ကျူးကျူးလုပ်နေသည်မဟုတ်ပါလား။ သူသည် မီးတောက်ပန်းကို အမြစ်မှနှုတ်နိုင်သည်။ သူ မည်သူနည်း။ သဘာဝပစ္စည်းနှင့် ကမ္ဘာမြေကြီးရတနာကို မည်သို့များ ဖြုန်းတီးပစ်နေသနည်း။

ပေထင်းဟွမ် မီးတောက်ပန်းကိုအမြစ်မှနှုတ်လိုက်သည်နှင့် မီးတောက် သားရဲသည် အလွန်ဒေါသထွက်ကာ သံချပ်ဝတ်ဆီသို့ အမြန်ပြေးဝင်လေသည်။ ကောင်းကင်တွင်မီးတောက်များပြည့်သွားကာ သံချပ်ဝတ်ကြောင့် ဖြစ်ပေါ်လာ သည့် ရှည်လျားသောမြစ်သည် တစ်ခါတည်းနှင့် အငွေ့ပျံသွားလေသည်။ အရေး အကြီးဆုံးမှာ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်လောင်မြိုက်လိုက်ခြင်းပင်။

သံချပ်ဝတ်သည် ရုတ်တရက် ကောင်းကင်နှင့်မြေကြီးမီးဖြင့် လွှမ်းမိုးခံ လိုက်ရသည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီး၏မီးဖြစ်သည်။ သံချပ်ဝတ် အတွက် ဤသားရဲကို အထွတ်အထိပ်ဘုံခွန်အားဖြင့် ဖိနှိပ်ရန်မခက်ပေ။ သို့သော် ဤမှော်သားရဲသည် သူ၏ခွန်အားကိုအမြင့်ဆုံးအဆင့်ထိရုတ်တရက် မြှင့်လိုက်ရာ သံချပ်ဝတ်တန်ဆာသည် မရှောင်နိုင်တော့ပေ။

ဤမီးတောက်သားရဲသည် အမှန်တကယ်ပင် အားကောင်းလှသည်။

ဤလူငယ်ကို သူတို့မကိုင်တွယ်နိုင်လည်းရသည်။ မီးတောက်သားရဲသာ ဤလူငယ်ကို သတ်နိုင်လျှင် ကောင်းမည်။

ယခုအခါ သူတို့သည် မီးတောက်ပန်းကို မျှော်လင့်၍မရတော့ပေ။ သို့သော် ဤလူငယ်ကို မီးတောက်ပန်းမှဖျက်ဆီးသည်ဖြစ်စေ၊ သို့မဟုတ် မီးတောက်သားရဲမှ ဝါးမျိုသွားသည်ဖြစ်စေ လိုလားကြသည်။

အဘက်ဘက်မှ အင်အားစုများသည် ထိုအကြံမျိုး စိတ်ထဲတွင်ပေါ်လာကြ လေသည်။ ထိုအချိန်တွင် သူတို့သည် ဒဏ်ရာရထားကြသလို တချို့မှာ မသန်စွမ်းဖြစ်ကာ အားလုံးနီးပါးသည် တိုက်ခိုက်နိုင်သည့်စွမ်းအားမရှိတော့ပေ။ နွယ်ပင်များ၏ အဆိပ်မမိသောလူများသည်လည်း မီးတောက်ပန်းကို လုယူရန် မျှော်လင့်ချက်အပိုမရှိတော့ပေ။ သူတို့သည် ဤနေရာသို့ လာကြည့်ရုံသာဖြစ် သည်။ သူတို့သည် အလစ်တွင် လုနိုင်လောက်အောင် ကံကောင်းချင်ကောင်း လိမ့်မည်။

ဤနေရာအထိရောက်သွားလိမ့်မည်ဟု မည်သူမှထင် မထားကြပေ။ ဝူလင်းဂိုဏ်းသည် သူတို့အတွက် အသက်ရှင်ရန်လမ်းဖွင့်ပေး မလားဟု သိချင်စိတ်ဖြင့် ဝူလင်းဂိုဏ်းမှလူများကို ကြည့်ကြလေသည်။

“ဟင်း ကောင်းကင်ပစ္စည်းနဲ့ မြေကြီးရတနာကို အစွမ်းအစရှိတဲ့လူတွေပဲ ရနိုင်တာ၊ ဒီမီးတောက်ပန်းက မင်းဟာလို့များထင်နေတာလား” ပေထင်းဟွမ် သည် ချက်ချင်းပင် သံချပ်ဝတ်ကိုပြန်ခေါ်လိုက်သည်။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်၌ မီးတောက်ပင်လယ်ပြည့်နေပြီဖြစ်သည်။ ညတွင် ကိုးရောင်မီးတောက်များသည် ကောင်းကင်တစ်ဝက်ကို တောက်ပစွာ ရောင်ထင်ဟပ်နေသည်။

ကိုးရောင်မီးတောက်ထွက်လာသည်နှင့် မီးတောက်သားရဲသည် ရုတ်တရက် အားအင်လျော့နည်းသွားလေသည်။ သူ၏မီးတောက်သည် ကိုးရောင်မီးတောက်အား အညံ့ခံသကဲ့သို့ အညွှန့်ကျိုးသွားလေသည်။

ထိုမြင်ကွင်းကိုမြင်ပြီး အိုးရန်မိုနှင့်တခြားသူများသည် ဒေါသကြောင့် နောက်ပြန်လဲကျလုနီးပါးပင်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ မီးတောက်သားရဲက အရှင်ကြီးအဆင့် ထိပ်ဆုံးမလား၊ သူ့ကိုအပြတ်ရှင်းဖို့ ဘာလို့နည်းလမ်းမရှိရတာလဲ” နျဲဖေးသည် ဒေါသကြောင့် ထခုန်လုမတတ်ပင်။

အိုးရန်မိုသည် ထိုဂိုဏ်းသုံးဂိုဏ်းကို မကျေမချမ်းခံစားချက်များဖြင့် အေးစက်စွာနှာမှုတ်လိုက်သည်။ သို့သော် ဤအချိန်တွင် ပြောနေလျှင်လည်း အသုံးမဝင်တော့ပေ။ ပို၍စိတ်တိုစရာပင်ဖြစ်လိမ့်မည် “ယာယီပဲ မီးတောက်ကို ဖိနှိပ်လိုက်တာပဲနေမှာပေါ့၊ ဘာတွေလောနေတာလဲ”

သို့သော် သူတို့လေးယောက်သည် ချွေးအေးများပြန်နေပြီဖြစ်သည်။ သူတို့ မည်သည့်အဆိပ်အမျိုးအစား မိထားသည်ကို မည်သူမှအတိအကျမသိ ပေ။ သူတို့၏ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအားသည် ကန်ဘောင်ကို ရေစိမ့် သကဲ့သို့ မိုင်ပေါင်းထောင်ချီ ပျံ့သွားသလိုပင်။

ဤလူငယ်တွင် အပင်သားရဲရှိသည်။ အရှင်အဆင့်ကျွမ်းကျင်သူများနှင့် အရှင်ကြီးအဆင့်ကျွမ်းကျင်သူများကို အဆိပ်ထည့်နိုင်သည့် သားရဲပင်။

အပင်သားရဲများသည် ရှားပါးသည်။ ဤကဲ့သို့ အားကောင်းသော အပင် သားရဲဆိုလျှင် ပိုရှားသည်။ ထို့ကြောင့်ပင် သူတို့ သတိလက်လွတ်ဖြစ်သွားခြင်း ပင်။ ဤအရာသည် သူတို့မစဉ်းစားရဲသည့် အရာပင်။

ဝူလင်းဂိုဏ်း၏ ဒုသခင်လေး... ဤနှစ်များတွင် မည်သည့်အတွေ့အကြုံ များရှိခဲ့သနည်း။

ကိုးရောင်မီးတောက်သည် မီးတောက်သားရဲဆီသို့ ပျံ့သွားပြီး မီးတောက် သားရဲသည် သတ်သက်လွတ်သမားမဟုတ်သဖြင့် ဒေါသထွက်လေသည် “လူသား ဒီဘုရင်က မီးတောက်ပန်းကို နှစ်ပေါင်းထောင်ချီစောင့်ကြပ်လာတာ၊ မင်းလိုချင်တယ်ဆိုတာနဲ့ ယူသွားလို့ရမှာတဲ့လား”

သူသည် အထွတ်အထိပ်ဘုံသို့တက်ရန် ဤမီးတောက်ပန်းကို မှီခိုနေတုန်း ပင်။ ပေထင်းဟွမ်သာ ယူသွားပါက သူသည် နှစ်ပေါင်းထောင်ချီကြာပြီးသည့် တိုင် အထွတ်အထိပ်ဘုံသို့ တက်နိုင်မည်မဟုတ်ပေ။ အထွတ်အထိပ်ဘုံပြီးသည့် နောက် ဒြပ်စင်ဥပဒေကိုနားလည်သွားလျှင် တောင်နှင့်ပင်လယ်ကို ပြောင်းပြန် လှန်ပြီး ကောင်းကင်နှင့်မြေကြီးကို ခွဲပစ်နိုင်မည်။ ထိုအရာကို အရှင်ကြီး အဆင့်လောက်ရှိသူသည် မယှဉ်နိုင်ပေ။

All Chapters