← Chapters

ကောင်းကင်ပစ္စည်း၊ မြေကြီးရတနာ၊ အသက်ရှင်ဖို့ အတွက် အစွမ်းအစ

Vol. 80 Ch. 1594

ကောင်းကင်ပစ္စည်း၊ မြေကြီးရတနာ၊ အသက်ရှင်ဖို့ အတွက် အစွမ်းအစ

Vol. 80 Ch. 1594

“မဟုတ်တာတွေမပြောနဲ့ အရည်အချင်းရှိတဲ့သူက အသက်ရှင်မှာပဲ”

မီးတောက်သားရဲအနောက်တွင် ကောင်းကင်အပြည့်မီးတောက်သည် ကြီးမားသောသားရဲတစ်ကောင်အသွင် ပြောင်းလေသည်။ ၎င်းသည် ပါးစပ်ကို ကျယ်ကျယ်ဟလိုက်သည်နှင့် မီးတောက်လုံးထွဥ◌်လာပြီး ပေထင်းဟွမ်ဆီသို့ အားပြင်းစွာဝင်လာလေသည်။ ကြီးမားသောမီးတောက်သည် ကိုးရောင် မီးတောက်နှင့် ခွန်အားအရာယှဉ်နိုင်လောက်သည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီး၏မီးနှင့်တူညီသော ခွန်အားရှိသည်။ အညံ့ခံလျှင်တောင် တိုက်ခိုက်နိုင် သည့် ခွန်အားရှိတုန်းပင်။

ထို့ကြောင့်ပင် ဤမီးတောက်သားရဲကို အောင်နိုင်ရန် ယန်ယဲ့ပြောခြင်း ပင်။

စက်ဝန်းချောက်တစ်ခုလုံးတွင် အပူလှိုင်းဖြင့် ဖုံးအုပ်လုနီးပါးပင်။ ရှောင်ထင်းသည် အပင်သားရဲဖြစ်သည်။ ဒဏ်ရာမရလျှင်တောင် ဤအချိန်တွင် ချောက်၌မနေသင့်ပေ။ ကျန်းရှီသည် လူများကိုဦးဆောင်ကာ မီးတောက်များကို ရှောင်ရှားရန် တပ်ဆုတ်သွားပြီဖြစ်သည်။ ဂိုဏ်းလေးဂိုဏ်းနှင့် တချို့သော အားနည်းသည့်ဂိုဏ်းများသည် ဒဏ်ရာနှင့်အပျက်အစီးများကြောင့် မရှောင်ရှား နိုင်ပေ။

“အား..”

ကြေကွဲလောက်စရာအော်သံသည် ကောင်းကင်တွင်ပျံ့သွားကာ ချောက် မှမီးတောက်တစ်ခု တက်လာသည်။ ရုတ်တရက်ပင် လောင်ကျွမ်းသည့်အနံ့ ထွက်လာပြီး မီးတောက်လမ်းတစ်လျှောက်တွင် လူအများအပြားသည် ပြာကျ သွားကြလေသည်။

ထိုအရာကိုမြင်ပြီး အိုးရန်မိုနှင့်တခြားသူများသည် မည်မျှပင်သန်မာပါစေ ကြောက်လန့်မိကြလေသည်။ သူတို့၏နောက်ကျောပြင်တွင် ချွေးအေးများ ပြန် လာပြီး တစ်ကိုယ်လုံးတုန်ယင်နေကြသည်။ ဤမီးတောက်သားရဲသည် ဤမျှ အားကောင်းလိမ့်မည်ဟု ထင်မထားပေ။ သူတို့ ဒဏ်ရာမရလျှင် မီးတောက် သားရဲကိုတိုက်ခိုက်နိုင်သည့်ခွန်အားရှိဦးမည်။ သို့သော် ယခုအခါ သူတို့၏ခန္ဓာ ကိုယ်မှ စိတ်ဝိညာဉ်စွမ်းအားသည် ခမ်းနေပြီဖြစ်ကာ ခုခံရန် စိတ်ဝိညာဉ် စွမ်းအားကိုမလှုံ့ဆော်နိုင်တော့ပေ။

ဤကောင်လေး၏ခွန်အားကို မည်သူမှ မမြင်နိုင်ကြပေ။ သူတို့၏မျက်လုံး များပြူးကျယ်လျက်ရှိပြီး လူအများသည် ကောင်လေးရှုံးသည်ကိုသာ ကြည့်ချင် ကြသည်။ သည်လိုမှသာ အပင်သားရဲသေသွားပြီး အပင်သားရဲနှင့်အတူ သူတို့ခန္ဓာကိုယ်ထဲမှ အဆိပ်ပြေသွားနိုင်သည်။

ထိုအချိန်တွင် ကောင်လေးသည် လေပေါ်တွင်ရပ်နေသည်။ သူ၏ဝတ်ရုံ နှင့် ဆံနွယ်ရှည်များကို လေတိုက်လိုက်သဖြင့် လွင့်နေကာ ခန္ဓာကိုယ်တွင် မီးတောက်များကခုန်နေသည်မှာ နတ်သူငယ်ကခုန်နေသလိုပင်။ ကောင်လေး ၏ ရောင်ဝါသည် စစ်နတ်ဘုရား ဆင်းသက်လာသလိုပင်။

သူမသည် လက်ကိုစုပြီး ဖြည်းဖြည်းချင်း ပြန်ခွဲလိုက်သည်။ သူမသည် လက်ထဲတွင် လှပပြီးချွန်ထက်သော ကိုးရောင်ဖန်ထျန်းလှံတံကို ကိုင်ဆောင် ထားသည်။ သူမသည် မီးတောက်များကို ခြေဖျားဖြင့်ထောက်လိုက်သည်။ မီးတောက်များထဲမှ ခုန်ထွက်လာပြီး ကောင်လေးသည် ဖန်ထျန်းလှံတံကို ကိုင်ကာ မီးတောက်သားရဲကို ထိုးစိုက်လေသည်။

“သူက သေမှာမကြောက်ဘူးလား၊ မီးတောက်တွေက သူ့ကိုပြာချလိုက် မှာကိုမကြောက်ဘူးလား” နျဲဖေးသည် ရင်ထဲတွင် မျှော်လင့်ချက်ထားပြီး ကောင်လေးမီးထဲတွင် ပျက်စီးသွားမည်ကို မျှော်လင့်နေသည်။

သို့သော် ထိုအချိန်တွင် ကောင်လေးခန္ဓာကိုယ်ပေါ်မှ ကိုးရောင် မီးတောက်သည် မီးတောက်တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာအလွှာကဲ့သို့ လေဟာနယ်ကို ပုံပျက်သွားစေပြီး လောင်ကျွမ်းဝါးမျိုနေသည်ကို ပိုသန်မာသောရှဲပု မြင်နိုင်သည်။

“ဒီလူငယ်ကလည်း မီးအမျိုးအစားသားရဲများလား” ရှဲပုသည် စိတ်ထဲတွင် ထိုအတွေးတွေးပြီးနောက် ခေါင်းကိုခပ်ကြမ်းကြမ်းခါယမ်းလိုက်သည် “မဟုတ် ဘူးမဖြစ်နိုင်ဘူး၊ သူက သားရဲမဟုတ်ဘူး”

အိုးရန်မိုသည်လည်း မီးတောက်ချပ်ဝတ်တန်ဆာကို မြင်ရသည်။ ဝူလင်းဂိုဏ်းနှင့် တွဲသွားတွဲလာလုပ်နေသော ဤလူငယ်တွင် လှည့်ကွက်များစွာ ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားပေ။ သူသာ စောစောသိခဲ့ပါက ဖုလိုင် တည်းခိုဆောင်ရှေ့တွင် ဤလူငယ်ကို တားပြီးပြစ်မှားမိမည်မဟုတ်ပေ။

ထင်ရှားစွာပင် ပေထင်းဟွမ် ဤကဲ့သို့လှုပ်ရှားမှုလုပ်သည်မှာ အိုးရန်မို၏ လမ်းကိုပိတ်ဖို့လုပ်ရုံသာမကပေ။ သို့သော် အိုးရန်မိုသည် ထိုသို့တွေးသည်။ သူတို့သည် အစကတည်းကပင် မပတ်သက်ခဲ့လျှင် လက်ရှိအခြေအနေရှိလာ မည်မဟုတ်ပေ။

“အစ်ကိုကြီး အစ်ကို ၂ က အားကောင်းလိုက်တာ” ကျန်းရှန်သည် ပျော်လွန်းသဖြင့် ထခုန်မတတ်ပင်။ အစ်ကို ၂ အားကောင်းသည်မှာအမှန်ပင်။ ဤမီးတောက်သားရဲသည် အရှင်ကြီးအဆင့်သားရဲဖြစ်သည်။

ကျန်းရှီ၏မျက်လုံးမှာ ရှုပ်ထွေးလျက်ရှိသည်။ ဤကောင်လေးသည် ငယ်ရွယ်ပြီးအားကောင်းသည်။ သူ၏ဇစ်မြစ်သည် မည်သည့်နေရာကနည်း။

All Chapters