← Chapters

ငါ့သခင်က မင်းကိုထွက်ပြေးခွင့်ပြုလို့လား

Vol. 80 Ch. 1595

ငါ့သခင်က မင်းကိုထွက်ပြေးခွင့်ပြုလို့လား

Vol. 80 Ch. 1595

ဘုန်း...

ကျယ်လောင်သောအသံထွက်ပေါ်လာပြီး အားလုံး၏ ကြောက်လန့်နေ သော မျက်လုံးထဲတွင် ဖန်ထျန်းလှံတံသည် မီးတောက်သားရဲ၏ပုံရိပ်ကို ရိုက်ချ လိုက်သည့်အတိုင်း ကိုးရောင်ဖန်ထျန်းလှံတံသည် လေထဲမှအနီရဲရဲမီးတောက် သားရဲဖြင့် ခပ်ကြမ်းကြမ်းတိုက်မိလေသည်။ ထို့နောက်တွင် အနီရဲရဲမီးတောက် သည် လေထဲတွင် ရုတ်ခြည်းနောက်ပြန်ကျသွားကာ လူငယ်သည် ဖန်ထျန်းလှံ ကို မြောက်ကာ အားပါပါလွှဲလိုက်လေသည်။

မီးတောက်သားရဲ၏ပုံရိပ်သည် ကောင်းကင်တစ်ဝက်ကို သိမ်းပိုက်ထား ကာ ရေလှိုင်းကွဲသွားသကဲ့သို့ ကောင်းကင်ပေါ်တွင် မီးတောက်များ ပွင့်ထွက် ပျောက်ကွယ်သွားလေသည်။

စက်ဝိုင်းပုံချောက်ရှိသည့် ကောင်းကင်နှင့်မြေကြီးအကြားတွင် အပ်ကျသံ မကြားရလောက်အောင်တိတ်ဆိတ်နေလေသည်။

အိုးရန်မိုနှင့်တခြားသူများသည် အတန်ကြာသည်အထိ သတိပြန်ဝင် မလာသေးပေ။ သူတို့သည် ကောင်းကင်ပေါ်တွင် ရပ်နေသော လူငယ်အား ကြောက်လန့်သောမျက်လုံးများဖြင့် ကြည့်နေကြသည်။ ဖန်ထျန်းလှံတံသည် သူမ၏လက်ထဲသို့ ပြန်ရာက်လာသည်။ ဖန်ထျန်းလှံတံကို လက်တစ်ဖက်တည်း နှင့်ကိုင်ထားပြီး မျက်နှာပေါ်တွင် မောက်မာသောအပြုံးဖြင့် မီးတောက်သားရဲ ဂူထဲသို့တဖြည်းဖြည်း နောက်ဆုတ်သွားသည်ကိုကြည့်ပြီး နှာမှုတ်လေသည် “ပြေးချင်တာလား၊ ငါ့သခင်က မင်းကိုထွက်ပြေးခွင့်ပြုလို့လား”

မဟုတ်ဘူး...

မီးတောက်သားရဲသည် ခေါင်းခါယမ်းလိုက်သည်။ ဤလူငယ်သည် ဤမျှ အားကောင်းလိမ့်မည်ဟု သူ ထင်မှတ်မထားပေ။ သူသည် ကောင်းကင်နှင့် မြေကြီးမီးဖြင့် ဖန်တီးထားသော ဝိညာဉ်သတ္တဝါဖြစ်ကာ ထိုးထွင်းအသိဉာဏ် သည် အလွန်ပင်ပါးနပ်သည်။ ပေထင်းဟွမ်ကို တစ်ချက်ကြည့်လိုက်သည်နှင့် ၁၅ နှစ် ၁၆ နှစ်အရွယ် လူငယ်ဖြစ်သည်ကို သေချာပေါက်ပင် သူ ပြောနိုင်သည်။

သူ့ကိုယ်သူလည်း ထွက်ပြေးခွင့်မပေးနိုင်ပေ။ သူသည် မီးတောက်ပန်းကို လုယူပြီး သူ့ကိုယ်သူ သတ်သေတော့မည်လား “ဘာလိုချင်သေးတာလဲ”

“အညံ့ခံမလား အသေခံမလား” ပေထင်းဟွမ်သည် အေးစက်စွာပြောလေ သည်။

“အညံ့ခံရမယ်ဟုတ်လား” မီးတောက်သားရဲသည် ဟာသတစ်ခုကို ကြား လိုက်ရသလိုခံစားရလေသည် “မင်းက တော်တော်စိတ်ကူးယဉ်တာပဲ”

“စိတ်ကူးယဉ်တယ်ဟုတ်လား၊ ကြိုးစားကြည့်ရင်သိလိမ့်မယ်” ပေထင်းဟွမ်ပြောပြီးနောက်တွင် လက်ထဲမှဖန်ထျန်းလှံတံကိုမြှောက်ကာ မီးတောက်သားရဲအား ချွန်ထက်သောအသွားဖြင့်ချိန်ရွယ်ကာ ရက်စက်စွာပြော လိုက်သည် “လာလေ မင်းတို့နတ်မိစ္ဆာသားရဲတွေက အခေါင်းကိုမမြင်ခင်အထိ မျက်ရည်မကျဘူးဆိုတာသိတယ်”

ဒေါသထွက်သွားလေပြီ။

မီးတောက်သားရဲသည် ဒေါသထွက်သွားသည်။ ၎င်းသည် မီးတောက် ကဲ့သို့ လောင်မြိုက်အက်ကွဲသည့်အသံဖြင့် အော်လိုက်ကာ မီးတောက်ပုံရိပ် နည်းပညာကို အသုံးမပြုတော့ပေ။ ကြီးမားသောလှုပ်ရှားမှုလုပ်ပြီးဖြစ်သော် လည်း ပေထင်းဟွမ်သည် သူ့အား တစ်ချက်တည်းနှင့် သတ်မလိုဖြစ်ခဲ့သည်။ သူ၏ ခြေထောက်လေးချောင်းသည် လေထဲတွင် လေးကြိမ်မျှအရှိန်ယူပြီး ပေထင်းဟွမ်ဆီသို့ အားပြင်းပြင်း ပြေးဝေင်လေသည်။

ကောင်းကင်တစ်ဝက်သည် ရွဲ့စောင်းနေသည်ကို အားလုံးမြင်လိုက်ရ သည်။ ဤမီးတောက်သားရဲသည် မြေကြီးကြာပန်းဝိညာဉ်မီး၏ အသိဉာဏ်မှ ဖြစ်ပေါ်လာခြင်းပင်။ တိကျသည့်အချိန်တစ်ခုပေးလိုက်သည်နှင့် သူသည် နဂါးတစ်ကောင်ကဲ့သို့ မကြီးမြတ်လျှင်တောင် ကောင်းကင်နှင့်မြေကြီးသားရဲ အဖြစ် ကြီးထွားနိုင်သည်။ နတ်မိစ္ဆာသားရဲသည် ရှေးဟောင်းသွေးသားနတ်မိစ္ဆာ သားရဲတချို့ထက်ပင် အထက်၌တည်ရှိသည်။

ပေထင်းဟွမ်သည် ဤသားရဲနှင့် ဆန့်ကျင်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

မီးတောက်သားရဲသည် အားကောင်းသော ကောင်းကင်နှင့်မြေကြီး စွမ်းအားကို သယ်ဆောင်လာသည်။ သူ ကဆုန်ပေါက်ပြေးချိန်တွင် မြေပေါ်၌ မလှုပ်မယှက်လှဲနေကြသောလူများသည် မြေကြီးတစ်ခုလုံး တုန်ခါသွားသည် ကို ခံစားမိကြလေသည်။

ကျန်းရှန်သည် ရှေးသစ်ပင်အကိုင်းတစ်ခုကို တင်းတင်းဆုပ်ကိုင်မိသည်။ သူသည် ကောင်းကင်မှ တိုက်ပွဲအခြေအနေကို စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့် ပြီး ပေထင်းဟွမ်အတွက် ချွေးပြန်မိသည်။ ဤမီးတောက်သားရဲသည် လှုပ်ရှား လိုက်ချိန်တွင် အံ့ဩစရာကောင်းလောက်သော စွမ်းအင်ပိုင်ဆိုင်သည်။ အစ်ကို ၂ နိုင်ပါ့မလားမသိပေ။

“သခင်လေး၊ ဒုသခင်လေး အဆင်ပြေပါ့မလားမသိဘူး” အစောင့်အကြပ် တစ်ယောက်လည်း အလွန်စိုးရိမ်လျက်ရှိသည်။ အောက်တွင် လူအများအပြား စောင့်နေကြသည်။ မီးတောက်သားရဲကို တစ်ယောက်တည်း ကိုင်တွယ်ရသည် မှာ ဒုသခင်လေးအတွက် အမှန်တကယ်ပင် သင့်တော်သည်လား။

ကျန်းရှီလည်း ပေထင်းဟွမ်ကို စိတ်ပူမိသည်။ သို့သော် သူသည် ခေါင်းခါ မိသည် “သူပြောတာကို ငါတို့တွေ နာခံဖို့လိုတယ်၊ ငါတို့တွေ အဲဒီလူတွေကို အကောင်းမြင်သရွေ့ ဘယ်သူမှထွက်မသွားရဲသရွေ့ သူတို့ကို နေရာမှာတင် သတ်မယ်”

All Chapters