လွတ်မြောက်ခြင်း
Vol. 80 Ch. 1596
“ဒုသခင်လေးက အဲလူတွေ အသက်ရှင်ဖို့ လမ်းမချန်တော့ဘူးလား၊ ဒါက သင့်တော်ရဲ့လား” ဤနေရာတွင် ဤမျှများလှသောလူများကို သတ်ဖြတ်ရမည် ကို ထိုအစောင့်အကြပ်စိုးရိမ်နေသည်။ ဝူလင်းဂိုဏ်းသို့ မည်ကဲ့သို့ကပ်ဘေး ယူ လာမည်နည်း။
မန္တလာမြေတွင် ပြည်သူလူထု၏ဒေါသ ဖြစ်စေမည်လား။
မီးတောက်သားရဲ၏စွမ်းအားနှင့် ကောင်းကင်နှင့်မြေကြီးအကြားတွင် မီးတောက်ဖြစ်ပေါ်လာပြီးနောက် အဓိကအင်အားစုသုံးခု၏ တဲအပေါ်တွင် ဖြူးထားသောရှီဟောက်အမှုန့်သည် ဆေးအာနိသင်မရှိတော့ပေ။ ထိုသားရဲများ ငြိမ်ကျသွားပြီးနောက် သူတို့သည် မီးတောက်သားရဲ၏ခွန်အားကြောင့် ကြောက်လန့်နေရသည်။ မြေပေါ်တွင်လဲနေသော ဒဏ်ရာရ၊ သေဆုံးနေသော သားရဲများမှလွဲ၍ တခြားသားရဲများ ထွက်ပြေးကြလေသည်။
ကျန်းရှီသည် မြေကြီးပေါ်ရှိ အကောင် ၄၀ မျှရှိသော နတ်မိစ္ဆာသားရဲများ ကိုကြည့်လိုက်သည်။ အားလုံးသည် အရှင်အဆင့်ရှိကြသည်။ သူတို့သည် ဒဏ်ရာရထားသော်လည်း မသေသေးပေ။ ထိုဒဏ်ရာရထားသောလူများကို ကယ်တင်နိုင်လျှင် သားရဲများကို ကူပြီးထိန်းကျောင်းပေးမည်ဟု ဟွမ်ကျို့ ပြော ခဲ့သည်။
သည်လိုနှင့် ဝူလင်းဂိုဏ်းတစ်ခုလုံး၏ ခွန်အားမှာ များစွာတိုးတက်လာနိုင် သည်။
သားရဲများသည် ဝိညာဉ်ကျင့်ကြံသူဖြစ်စေ၊ နတ်မိစ္ဆာကျင့်ကြံသူဖြစ်စေ အားအကောင်းဆုံး တွဲဖက်တိုက်ခိုက်ရေးသမားများဖြစ်ကြသည်။ သို့သော် သားရဲထိန်းသည် လူတစ်ထောင်တွင် တစ်ယောက်မရှိလောက်အောင် ရှားပါး သည်။ မထင်မှတ်စွာပင် လှည့်ကွက်များသော ဒုသခင်လေးသည် အားကောင်း သော ရှေးဟောင်းသားရဲထိန်းဖြစ်နေသည်။
“ဒီတစ်ခေါက် ဒုသခင်လေးသာ မီးတောက်ပန်းကို ပြိုင်မယူရင် ငါတို့တွေ အဲဒီဂိုဏ်းလေးဂိုဏ်းဝါးမျိုတာခံရတော့မှာ၊ အခု မင်းတို့က သူတို့ကို သနားနေ ကြတာလား” ကျန်းရှီသည် အလွန်ပင်မရွှင်မပြရှိနေသည် “ဒီကနေထွက်သွား တာနဲ့ ဝူလင်းဂိုဏ်းက ဘယ်လိုဖိအားတွေရင်ဆိုင်ရမလဲဆိုတာ သိထားသင့် တယ်”
အစောင့်အကြပ်သည် ထိတ်လန့်သွားကာ သူ၏တစ်ကိုယ်လုံး ချွေးအေး များပြန်လာသည်။
“လက်အောက်ငယ်သားရဲ့အမှားပါ၊ လက်အောက်ငယ်သားက အတွေး မှားသွားတာပါ” သေချာပေါက်ပင် ကျန်းရှီဒေါသထွက်နေသည်ကို ထိုတပ်သား သိသည်။ သို့သော် ဂရုမစိုက်ပေ။ သူ့တွင် ဝူလင်းဂိုဏ်းသခင်ရှိသည်။ သူသည် သူ၏မှားယွင်းသောအတွေးကြောင့်သာ ကြောက်ခြင်းဖြစ်သည်။ ဒုသခင်လေး သည် ထက်မြက်သည်။ တခြားအင်အားစုတွေကို ထိပ်တိုက်တွေ့မှတော့ ဘယ်လိုလုပ် သနားကြင်နာနေမှာလဲ။
မီးတောက်သားရဲသည် ပေထင်းဟွမ်ဆီသို့ အားကောင်းသောတိုက်ခိုက်မှု ပြုလိုပ်လိုက်သည်။ ဆိုလိုသည်မှာ ပေထင်းဟွမ်သည် သူတို့ကိုဂရုစိုက်နေရန် အချိန်မရှိပေ။
အိုးရန်မိုသည် ဤနေရာတွင်စောင့်ပြီး အသေမခံနိုင်ပေ။ သူသည် သူ့ဘက်မှလူအနည်းငယ်ကိုခေါ်ကာ တိတ်တိတ်လေးထွက်သွားပြီဖြစ်သည်။ သူ သားရဲဗိုက်ထဲရောက်သွားလျှင်တောင် ပေထင်းဟွမ်ဆီအတွင် အဖမ်းခံရ သည်ထက်သာသေးသည်။
ဤလူငယ်သည် ထိုစဉ်က လုယောင်ဖုန်းနှင့်ယှဉ်လျှင် မတိမ်းမယိမ်းပင်။
ထိုအရာကိုမြင်ပြီး ကျန်းရှီနှင့်တခြားသူများသည် လျင်မြန်စွာပင် သစ်ပင် ပေါ်မှဆင်းလာသည်။ ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်၏လက်ထဲမှ ဖန်ထျန်းလှံတံသည် လေထဲတွင် ဖြည်းဖြည်းချင်းယမ်းနေပြီး တစ်ကိုယ်လုံးမှာ မီးတောက်သားရဲဆီသို့ လှံတံကဲ့သို့ပြေးဝင်လေသည်။
ထိုအခိုက်အတန့်တွင် အားလုံး၏နှလုံးခုန် ရပ်တန့်သွားသလိုပင်။ အိုးရန်မိုနှင့်တခြားသူများပင် ထွက်ပြေးရာမှ ခြေလှမ်းများရပ်တန့်ပြီး ကောင်းကင်ပေါ်သို့ ခေါင်းမော့ကြည့်ကြလေသည်။
မီးတောက်သားရဲသည် ကောင်းကင်တစ်ဝက်ကိုသိမ်းပိုက်ထားကာ ပေထင်းဟွမ်သည် သူမရှေ့ကို ခြင်တစ်ကောင်ကဲ့သို့ကြည့်နေသည်။
သို့သော် ထိုအရာသည် ပေထင်းဟွမ်၏အားကောင်းသော စွမ်းအားကို မနှောင့်ယှက်နိုင်ပေ။ ဖန်ထျန်းလှံတံသည် မြောက်သွားပြီး မီးတောက်သားရဲကို ခုတ်ချလေသည်။ ဖန်ထျန်းလှံတံထိပ်မှ မီးတောက်သည် မီးတောက်သားရဲ၏ ခန္ဓာကိုယ်ဆီသို့ ချွန်ထက်သောမြားတစ်စင်းအား ထိုးဝင်သွားလေသည်။
ဝါး
မီးတောက်သားရဲသည် အော်ပြီးနောက် နောက်ပြန်လဲကျလေသည်။ မြေကြီးကြာပန်းဝိညာဉ်မီးဖြင့် စုစည်းထားသော ဝိညာဉ်သားရဲသည် ဟွာယန်း တောင်နှင့်ရိုက်မိပြီး တောင်တစ်ခုလုံးသည် အပိုင်းပိုင်းကြေမွသွားသည်။ ကြီးမားသောတောင်သည် နှစ်ပိုင်းပြိုလဲသွားပြီး မီးတောက်သားရဲသည် ကြိုးပြတ်သွားသည့်စွန်ကဲ့သို့ ပြုတ်ကျလေသည်။
လူငယ်သည် လေထဲတွင် မျောနေပြီး မြေပြင်ပေါ်မှ ဝရုန်းသုန်းကား အဖြစ်ကို အေးစက်သောမျက်လုံးများဖြင့်ကြည့်နေသည်။