သက်ရှင်ချင်တာက စိတ်ကူးယဉ်တာသက်သက်ပဲ
Vol. 80 Ch. 1597
“ပြေးတော့”
မည်သူပြောလိုက်သည်တော့မသိပေ၊ အော်သံထွက်လာရာ အိုးရန်မိုနှင့် တခြားသူများသည် ထိတ်လန့်နေရာမှ သတိပြန်ဝင်လာသည်။ ထိုအချိန်တွင် တောင်ပြိုပြီး မရေတွက်နိုင်သောကျောက်တုံးများသည် ချောက်အတွင်းသို့ မိုးရွာသကဲ့သို့ မိုးကြိုးပစ်လိုက်သကဲ့သို့ လိမ့်ကျလေသည်။ ကမ္ဘာအဆုံးသတ်သို့ ရောက်လာချေပြီ။ ကြာကြာထပ်နေလျှင် အဆိပ်သင့်၍မသေဘဲ ကျောက်တုံးပိ ၍သေနိုင်သည်။
အိုးရန်မိုနှင့်တခြားသူများသည် ပေထင်းဟွမ်ပေါ်သို့ အကြည့်ရောက်နေ ကြသည်။ ရှဲပုသည် တံတွေးကို ခက်ခက်ခဲခဲမျိုချကာ သူတို့၏မျက်လုံးထဲမှ အကြောက်တရားသည်လည်း မပြောင်းလဲဘဲရှိနေသည်။ သူသည် အက်ကွဲစွာ ဖြင့်ပြောလိုက်သည် “သန်မာလိုက်တာ”
“မီးတောက်သားရဲက အရှင်ထိပ်ဆုံးအဆင့်ခွန်အားရှိတာပဲ၊ သူ့ရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ဆိုရင် လှုပ်နိုင်မှာတောင်မဟုတ်ဘူး” ယန်မင်းသည်လည်း မယုံကြည်နိုင်ပေ။
“သွားကြမယ် မသွားရင် နောက်ကျလိမ့်မယ်” နျဲဖေးသည် ဤနေရာတွင် အသက်မပေးလိုပေ။ ယခုအချိန်တွင် သူတို့လေးယောက်သည် ဤကဲ့သို့ အခြေအနေအောက်တွင် ဤလူငယ်ဆီမှလွတ်မြောက်ရန်နည်းလမ်းမရှိပေ။
သို့သော် ထိုကောင်လေးသည် သူတို့လေးယောက်ကို အပြတ်ဖြတ်ချင် သည်ဟု မယုံကြည်ပေ။
အိုးရန်မိုနှင့်တခြားသူများ ထွက်ပြေးတော့မည်အပြုတွင် ချောက်တစ်ခု လုံးကို ဓားဖြူပိုက်ကွန်ဖြင့် ဖုံးအုပ်ထားသည်ကို တွေ့လိုက်ရသည်။ ဓားပိုက်ကွန်ပေါ်တွင် ကိုးရောင်မီး တောက်နေပြီး ငွေရောင်လျှပ်စီးရောယှက် နေသည်။ ကြောက်စရာကောင်းသောအလင်းတန်းများသည် ငွေရောင်မြွေ ကဲ့သို့ လိမ်ယှက်နေသည်။ အိုးရန်မိုသည် ဓားရှည်နှင့် ခပ်ပြင်းပြင်းထိမိလိုက်ရာ လျှပ်စီးသည် ဓားရှည်မှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲဿို့ ထိုးဝင်သွားလေသည်။ ရုတ်တရက်ပင် သူ၏ သွေးကြောများသည် မိုးကြိုးအပစ်ခံလိုက်ရသကဲ့သို့ နာကျင်သွားလေသည်။
“ဟွမ်ကျို့ ဘာအဓိပ္ပာယ်လဲ၊ မင်းက ငါတို့အားလုံးကို ဒီမှာထားချင်သေးရဲ့ လား” အိုးရန်မိုသည် ဓားရှည်မှ ခွာလိုက်သည်။ သို့သော် သူမသည် အပြင်ပန်း တွင်မြင်ရသကဲ့သို့ မတည်ငြိမ်တော့ပေ။ ထို့အပြင် ဟွာယန်းတောင်ရှိ ကြီးမား သော ကျောက်တုံးများသည် ဤနေရာတွင် စုပုံနေလေသည်။
ပေထင်းဟွမ်သည် ပျံလာပြီး အားလုံး၏ဦးခေါင်းအထက်တွင် ရပ်နေ သည်မှာ အလွန်ပင် မယဉ်ကျေးသောအပြုအမူပင်ဖြစ်သည်။ သို့သော် မည်သို့ တတ်နိုင်မည်နည်း။ ထိုအချိန်တွင် မည်သူကမှ သူကို ဘာမှမလုပ်နိုင်ကြပေ။
တခြားအင်အားစုများမှလူများသည်လည်း ဒေါသထွက်ကြလေသည် “သခင်ဟွမ်ကျို့ ငါတို့က မင်းရဲ့ရန်သူမဖြစ်ချင်ဘူး”
ပေထင်းဟွမ်၏မျက်လုံးများသည် တဖြည်းဖြည်းနှင့် အားလုံး၏မျက်နှာ များပေါ်တွင် လှည့်ပတ်နေသည်။ သူမ၏လက်ထဲမှ ဖန်ထျန်းလှံတံသည် ထူးခြားပြီးချွန်မြသည်။ သူမသည် ဓားသမားဖြစ်ပြီး ဘဝင်ကျလောက်အောင် အားကောင်းလိမ့်မည်ဟု မည်သူမှ ထင်မထားကြဘူး။ သူတို့ဘာလုပ်နိုင်မှာလဲ။
“မင်း အသက်ရှင်ချင်ရင် ငါ့ကိုသစ္စာစောင့်သိဖို့ ကျိန်ကြပါ၊ မဟုတ်ရင် ဒီနေရာက မင်းတို့အရိုးတွေ မြှုပ်တဲ့နေရာဖြစ်သွားမယ်” ပေထင်းဟွမ်သည် အိုးရန်မိုနှင့်တခြားသူများ ချက်ချင်းပြောင်းသွားသည်ကို ကြည့်ပြီး နှာမှုတ်လေ သည် “ဒါက မင်းတို့ကို သတိပေးတာဆိုလည်းဟုတ်တယ်၊ နောက်ဘဝမှာတော့ မြေမြှုပ်ခံရမှာပေါ့၊ မလှုပ်ရှားခင် သေချာတွက်ချက်သင့်တယ်၊ မဟုတ်ရင် ကြက်ခိုးတာလောက်နဲ့ ပိုက်ဆံမကုန်ဘူး”
အိုးရန်မိုနှင့်တခြားသူများ ဝူလင်းဂိုဏ်းကိုမတိုက်ခိုက်ခင် တွက်ချက်သင့် သည်ဟု ဆိုလိုခြင်းပင်။
ထိုအခိုက်အတန့်တွင် အိုးရန်မိုနှင့်တခြားသူများ၏မျက်နှာများသည် အကျည်းတန်သည်ဟုပင် ဖော်ပြ၍မရနိုင်တော့ပေ။ နျဲဖေးသည် စိတ်ဆိုးဆိုးနှင့် ကျိန်ဆဲလေသည် “မင်းကိုယ်မင်း ဘာထင်နေလဲ၊ မင်းကို မဟာမိတ်အဖြစ် ခစားရမှာလား၊ စိတ်ကူးယဉ်နေလိုက်”
“မင်းက ငါ့လက်ထဲရောက်နေပြီ အသက်ရှင်ချင်တာကမှ စိတ်ကူးယဉ် တာပဲ” ပေထင်းဟွမ်သည် နှာမှုတ်ပြီး ထိုလူများကို လျစ်လျူရှုလိုက်သည်။ သို့သော် တခြားအင်အားစုကိုကြည့်လေသည် “စဉ်းစားကြည့်ပြီး မတ်တပ်ထပြီး သစ္စာဆိုပါ၊ မဟုတ်ရင် ငါနဲ့တိုက်ခိုက်ဖို့ရွေးချယ်လိုက်”
ထိုသို့လုပ်လျှင် မြန်မြန်သေမည်။
ကောင်လေးသည် ရိုးရှင်းစွာပင် နတ်ဆိုးဆန်သည်။
သို့သော် ထိုလူများသည် ဤအချိန်တွင် ရွေးချယ်စရာမရှိပေ။ အစောပိုင်း ကပင် ကောင်လေး မီးတောက်သားရဲကို မည်သို့တိုက်ခိုက်သည်ကို သူတို့ မြင်ခဲ့ ကြသည်။ ဤအခိုက်အတန့်တွင် မီးတောက်သားရဲသည် ကျောက်တုံးကြီးပေါ် တွင်ဆင်းသက်နေသည်။ ကျောက်တုံးသည် မီးတောက်ကြောင့် အရည်ပျော်ပြီး ချော်ရည်များသည် သူတို့ရှိရာဘက်သို့ စီးလာလေသည်။