← Chapters

ဟွမ်ကျို့၊ မင်းကိုအောင်မြင်ခွင့်မပေးဘူး

Vol. 80 Ch. 1598

ဟွမ်ကျို့၊ မင်းကိုအောင်မြင်ခွင့်မပေးဘူး

Vol. 80 Ch. 1598

နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် တောင့်မခံနိုင်တော့ဘဲ မတ်တပ်ရပ်ကာ ပြောလေသည် “သခင်ဟွမ်ကျို့ ငါတို့တွေ မင်းကိုခစားဖို့ ဆန္ဒ ရှိပါတယ်” ထိုလူပြောပြီးသည်နှင့် ပေထင်းဟွမ်ငြင်းဆန်မည်ကို ကြောက် သဖြင့် ချက်ချင်းပင် သစ္စာဆိုလေသည်။

ထိုလူသည် နတ်ဘုရားအဆင့်သာရှိသည်။

ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းဆင်းသက်လာပြီး ပေထင်းဟွမ်သည် သူ၏အတွေးကို ခေါင်းညိတ်ပြလေသည်။ ဓားပိုက်ကွန်သည် အနည်းငယ်ပွင့်ဟ သွားကာ ထိုလူသည် ပျော်ရွှင်စွာပင် ထွက်လာလေသည်။ တခြားတစ်ယောက် သည် အခွင့်အရေးယူပြီး ထွက်ရန်ကြိုးစားသော်လည်း ဓားပိုက်ကွန်ကြောင့် အပိုင်းပိုင်းပြတ်သွားလေသည်။

ဒဲ့တိုးပင် ရက်စက်လွန်းသည်။

အားလုံးကို ထိတ်လန့်သွားစေ၏။

ဤကောင်လေးသည် ငယ်ရွယ်သော်လည်း သူ၏နည်းလမ်းများသည် တခြားသူများထက် ပိုရက်စက်သည်။ ဘေးတွင်စောင့်ကြပ်နေသော ဝူလင်းဂိုဏ်းမှလူများပင်လျှင် ထိုအခိုက်အတန့်တွင် အပြစ်မကင်းစိတ်ကိုခံစား ရလေသည်။ သူတို့ရဲ့ ဒုသခင်လေးက ရက်စက်လွန်းတာမဟုတ်ဘူးလား။ အားလုံး၏ရင်ထဲတွင် အကြောင်းအရင်းမရှိ ပေထင်းဟွမ်အား လေးစားမိကြ လေသည်။

ဒုသခင်လေး... နောက်ဆိုရင် သူ့ကိုရန်စလို့မဖြစ်ဘူး။

ကျန်းရှီသည် ခေတ္တမျှကြောက်လန့်သွားသည်။ ဟွမ်ကျို့သည် ငယ်ရွယ် သေးသဖြင့် စိတ်သဘောထားနုသည့် စရိုက်ကိုအခွင့်ကောင်းယူကာ ဖခင်၏ နတ်ဆိုးစိတ်နှင့် မိခင်၏ဖျားနာမှုတို့ ပျောက်ကင်းအောင် သူမအား ဝူလင်းဂိုဏ်း သို့ပြန်ခေါ်သွားချင်ခဲ့သည်။ ယခုအခါ သူ၏ကံသည် မကောင်းသည့်ပုံပင်။

ပေထင်းဟွမ်သည် ဤနည်းလမ်းဖြင့် သူ့ကိုသုတ်သင်ပါက သူ သေသွားလောက်ပြီဖြစ်သည်။

“သူက ငါတို့ကို ကောင်းကောင်းဆက်ဆံပေးတာ၊ ငါတို့က အခု တစ်ယောက်နဲ့တစ်ယောက် အသုံးချနေတယ်ဆိုပေမဲ့၊ အဲထက်ပိုပြီး မဆက်ဆံ တာကောင်းမယ်” ကျန်းရှီသည် သူ့ကိုယ်သူ နှစ်သိမ့်နေလေသည်။

လူများသည် တစ်ယောက်ပြီးတစ်ယောက် ထရပ်ကာ ပေထင်းဟွမ်အား သစ္စာစောင့်သိရန်ကျိန်ဆိုကြလေသည်။ အများစုမှာ ပြိုကွဲသွားသောတပ်သား များဖြစ်ပြီး သူတို့၏ခွန်အားမှာ မဆိုးလှပေ။ တခြားအင်အားစုမှလူများသည် တခြားလူအား အလွယ်တကူ မခိုလှုံတတ်ပေ။

မီးတောက်သားရဲသည် တဖြည်းဖြည်း ရုန်းကန်နေရသည်။ ကျောက်တုံး သည် အရည်ပျော်သွားပြီး ချော်ရည်များစီးကျလာကာ တစ်ခါတစ်ခါ ညှော်နံ့ များထွက်လာသည်။ ထိုအရာကိုကြည့်ပြီး အိုးရန်မိုနှင့်တခြားသူများသည် ရုတ်တရက် တက်ကြွလာကာ အော်လေသည် “ဟွမ်ကျို့ မင်းကို အောင်နိုင်ခွင့် မပေးနိုင်ဘူး”

သူသည် သူ့ကိုယ်သူ ဖောက်ခွဲတော့မည်ကို အားလုံးသိလိုက်ကြသည်။ ပေထင်းဟွမ်သည် နှာမှုတ်နေတုန်းပင်။

သို့သော် အတန်ကြာအောင်စောင့်ပြီးနောက်တွင် အိုးရန်မို၏ခန္ဓာကိုယ် သည် ချော်ရည်ထဲတွင် နစ်မြုပ်သွားသည်အထိ သူ့ကိုယ်သူ မဖောက်ခွဲခဲ့ပေ။ အကြောများသည် အဆိပ်အတောက်များ၏ တိုက်စားခြင်းကိုခံရပြီး သူ၏ ထိန်းချုပ်မှုအောက်တွင်မရှိတော့ပေ။ ကြီးကျယ်သောအရှင်အဆင့် သခင်သည် နောက်ဆုံးတွင် ကြေကွဲဖွယ်ရာ သေဆုံးသွားလေပြီ။

စက်ဝိုင်းပုံချောက်တစ်ခုလုံးသည် ချော်ရည်ထဲတွင် စုံးစုံးမြုပ်သွားလေ သည်။ ပေထင်းဟွမ်အား သစ္စာစောင့်သိရန် ကျိန်ဆိုသည့် လူအနည်းငယ်သာ လွတ်မြောက်လေသည်။ အနာဂတ်တွင် သူတို့သည် ဝူလင်းဂိုဏ်းမှ စာရင်းရှင်း မည်ကိုကြောက်သဖြင့် ကြိုတင်နှုတ်ဆက်ကာ ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ရန် ကြိုးစားကြလေသည်။

တခြားသူများသည် အရည်ပျော်သွားကြလေပြီ။

ပေထင်းဟွမ်သည် မမှုသလိုကြည့်လေသည်။ ကျန်းရှီပြောသလိုပင် တခြားသူများလွတ်လာသည်နှင့် သူတို့သည် တိုက်တစ်ခုလုံး လိုက်ခြင်းကိုခံရ လိမ့်မည်။ ထိုလူများကို သူ မဖြေရှင်းနိုင်ခြင်းမဟုတ်ဘဲ အဆိုးဆုံးမှာ ဟွမ်ယန်းတောင်တွင် ခေတ္တမျှနေခြင်းပင်။ သို့သော် အချိန်အကန့်အသတ်ရှိ သည်။ သူ့ကိုယ်သူ ယခုလို မဖြုန်းတီးနိုင်ပေ။ ဤအရာလုပ်မည့်အစား ထိုလူ များ ပြန်ဝင်စားခိုင်းလိုက်သည်က ပိုကောင်းမည်။

ပေထင်းဟွမ်သည် မီးတောက်သားရဲဆီသို့ ပျံသွားလေသည်။ သူမ၏ ခန္ဓာကိုယ်ကို ချပ်ဝတ်တန်ဆာအလား ကိုးရောင်မီးတောက်အလွှာဖြင့် ဖုံးအုပ် ထားရာ ချော်ရည်မှအပူကို လုံးဝမခံစားရပေ။

“မင်းက သေဖို့ဆုံးဖြတ်ထားတဲ့ပုံပဲ”

ပေထင်းဟွမ်၏အသံသည် အလွန်ပင်အေးစက်ပြီး ရက်စက်သည်။ မီးတောက်သားရဲသည် နှစ်ကြိမ်မျှနှာမှုတ်ပြီး မျက်လုံးများကို ခက်ခက်ခဲခဲဖွင့် ကာ ပေထင်းဟွမ်အားကြည့်လေသည်။ သူ သေချင်တယ်လို့ ဘယ်သူပြောတာ လဲ။ သူသည် မြေကြီးကြာပန်းဝိညာဉ်မီးမှ စုစည်းထားသည့် ဝိညာဉ်အသိဉာဏ် ဖြစ်သည်။ နှစ်အနည်းငယ်အတွင်းတွင် သူသည် ဤတိုက်ကြီးတွင် ထိပ်ဆုံး တည်ရှိမှုဖြစ်ခဲ့သည်။ ဘာလို့ သူ သေချင်ရမှာလဲ။

“ငါ ငါ အညံ့ခံချင်ပါတယ်” မီးတောက်သားရဲ နှာမှုတ်လေသည်။

“ငါ ကောင်းကောင်းမကြားရဘူး” ပေထင်းဟွမ်သည် အေးစက်စွာပင် ပြောလေသည်။ ပြောပြီးနောက်တွင် လှည့်ထွက်မည်ပြုသည်။ သို့သော် သူမ၏ လက်ထဲတွင် ကိုးရောင်မီးတောက်လုံးကို ကိုင်ထားသည်။ ထိုအချိန်တွင် ကိုးရောင်မီးတောက်လုံးကို ဓားရှည်အဖြစ်ပြောင်းလိုက်သည်နှင့် သူ့ကို အလွယ်တကူသတ်နိုင်မည်ဖြစ်သည်။

All Chapters