ငါ အညံ့ခံချင်တယ်လို့ ပြောနေတယ်လေ
Vol. 80 Ch. 1599
မီးတောက်သားရဲသည် ကြောက်လန့်သွားသည်။ အသက်ကိုပြင်းပြင်းရှူ ပြီး ခွန်အားကုန်သုံးကာ အော်လိုက်သည် “ငါ အညံ့ခံချင်တယ်လို့ ပြောနေတယ် လေ”
သူသည် ထိုအသံနှင့်အော်ပြီးနောက် တစ်ကိုယ်လုံးသည် လဲကျမလိုဖြစ် သွားလေသည်။ ပေထင်းဟွမ်သည် နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်သည်။ ထို့နောက် လှည့်ကာ လက်မြှောက်ပြီး မီးတောက်သားရဲအား ထိန်းကျောင်းလေ သည်။ ထိုမီးတောက်သားရဲသည် မြေကြီးကြာပန်းဝိညာဉ်မီးဖြင့် ပြုလုပ်ထား သည့် ဝိညာဉ်အသိဉာဏ်ဖြစ်ထိုက်သည်။ မြေကြီးကြာပန်းဝိညာဉ်မီးသည် ကမ္ဘာမြေကြီးဗဟိုရှိ ချော်ရည်မှ ပေါက်ဖွားလာသော ကြာပန်းဖြစ်သည်။ လွန်ခဲ့ သည့်နှစ်တစ်သောင်းက ယန်ယဲ့သည် ပတ္တမြားကမ္ဘာကို သုံးပိုင်းခွဲပစ်ခဲ့သည်။ ကုန်းမြေထုသည် တိုက်မိပြီး ကမ္ဘာမြေကြီးဗဟိုမှ ကြာပန်းသည် ဟွာယန်း တောင်ထဲသို့ ပြုတ်ကျသွားခဲ့သည်။
လောကဓံတရားကိုခံပြီးနောက် နောက်ဆုံးတွင် မီးတောက်သားရဲအဖြစ် စုစည်းခဲ့သည်။
၎င်းတွင်ပါဝင်သည့်စွမ်းအင်သည် မည်မျှအားကောင်းသည်ကို မပြောနိုင် ပေ။
ပေထင်းဟွမ်သည် သူ့အား ထိန်းကျောင်းချိန်တွင် ကစဥ့်ကလျားနတ် အရင်းအမြစ်ကို တွန့်တိုခြင်းမရှိပေ။ ထို့ကြောင့်ပင် ထိုမီးတောက်သားရဲ၏ ခွန်အားသည် အရှင်ကြီးထိပ်ဆုံးအဆင့်မှ အဆင့် ၂ အထွတ်အထိပ်အဆင့်သို့ ချောမွေ့စွာပင် တက်သွားလေသည်။ ပေထင်းဟွမ် သူနှင့်စာချုပ်တည်ထောင် ချိန်တွင် သူ၏ခွန်အားသည် အရှင်ကြိးအဆင့်မှ ဟိနရဏအလယ်အဆင့်သို့ တက်သွားခဲ့သည်။
တဟုန်ထိုးအဆင့်တက်သွားရသည့်ခံစားချက်သည် ပေထင်းဟွမ်အား ပျော်ရွှင်စေသည်။ သူမသည် ဝိညာဉ်မှဖြစ်ပေါ်လာသည့် တိုက်ခိုက်ရေးဝိညာဉ် ကိုစုစည်းနေသည်မှာကြာပြီဖြစ်သည်။ သူမ၏ခွန်အားသည် ဝင့်ဝါခြင်းမရှိ တိုးတက်လာခဲ့သည်။ သူမသည် စိုးရိမ်မှုမရှိ ထွက်သွားနိုင်မည်ဖြစ်သည်။
ပေထင်းဟွမ်သည် ဤမီးတောက်သားရဲနှင့် စာချုပ်တည်ထောင်ပြီးပြီဟု ခံစားရသည်နှင့် သူမ၏တစ်ကိုယ်လုံး ရုတ်တရက်မြောက်တက်သွားသည်။ ကျန်းရှီသည် ပေထင်းဟွမ်၏ခွန်အားကို မမြင်နိုင်သော်လည်း ဤကောင်လေး ၏ ခွန်အားသည် များစွာတက်သွားသည်ကို ခံစားမိသည်။
ကံကောင်းစွာပင် သူ့ကို ကြာကြာအားမကျစေပေ။ ပေထင်းဟွမ်သည် အသက်ရှိနေသော သားရဲအကောင် ၄၀ ကျော်အားလုံးကို သူတို့အတွက် ထိန်းကျောင်းပေးလေသည်။
“ဒီမှာ ငါ့မှာ အသက်လှောင်အိမ်မရှိသေးဘူး” ကျန်းရှီသည် အလောကြီး နေသည်။ ထို့ကြောင့် သူ့နောက်လိုက်သည့်လူများကို တစ်ယောက်ချင်းစီ စာချုပ်တည်ထောင်ခိုင်းပြီး အရှင်အဆင့် အကောင်းဆုံးသားရဲကို ကျန်းရှန်အား ပေးလိုက်သည်။ ထိုမျသာ သူ၏ခွန်အားသည် ကန့်သတ်တစ်ခုရောက်မည်ဖြစ် သည်။ ချက်ချင်းအဆင့်တက်ကြရာ မကြာမီတွင် ချောက်တစ်ခုလုံးတွင် နှစ်သစ်ကူးအကြိုနေ့သို့ ရောက်နေသလို လှုပ်ရှားလာကြသည်။
ပေထင်းဟွမ်အား သစ္စာခံကြသူများကို ရှောင်ထန်းသည် အဆိပ်ဖြေပေး သည်။ သူမကို အိုးရန်မိုနှင့်တခြားသူများက ခုတ်ထစ်သဖြင့် ဒဏ်ရာအနည်း အကျဉ်းရထားသော်လည်း မမှုပေ။
“မြန်မြန်ထွက်သွားရအောင်” ပေထင်းဟွမ်သည် နောက်ဆုံးတွင် မနေ့က မကောင်းသောအဖြစ်အပျက်များပြီးသည့်နောက် ကပ်ဘေးတစ်ခုကို အာရုံခံမိ လသည်။ အားလုံးကို မြန်မြန်ထွက်ခွာရန် လှုံ့ဆော်လေသည်။
သူတို့ထွက်သွားပြီးမကြာမီတွင် လူတစ်စုသည် ထိုနေရာသို့ရောက်လာခဲ့ ကြသည်။ ခေါင်းဆောင်သည် သန်မာပြီး ယွမ်ကျိယွဲ့အား ရင်ဆိုင်နိုင်သည့် အပြုအမူရှိသည်။ သူတို့တစ်လျှောက်လုံးလျှောက်လာကြသော်လည်း မည်သည့်သားရဲကိုမှမတွေ့ခဲ့ပေ။ တောင်တစ်ခုလုံးတွင် လုံးဝဥဿုံတိတ်ဆိတ် နေသည်မှာ တစ်ခုခုလွဲမှားနေသည်ကို ခံစားမိကြသည်။ ထိုအချိန်တွင် ဟွာယန်းတောင်ကိုမြင်လိုက်ရသည်။ တောင်ထိပ်မှာပဲ့နေပြီး မီးတောက်ပန်း ပေါက်သည့် ချောက်ကမ်းပါးသည် ချောက်ကမ်းပါးပုံမပေါ်တော့ဘဲ ပန်းလည်း မရှိတော့ပေ။ ထိုလူသည် ရင်တုန်လာမိသည်။
သူ အော်လိုက်သည် “သွားမယ် သခင်လေးကိုသွားတွေ့မယ်”
လူတစ်စုံသည် ထျဲဖုန်းရှန့်မှလာခြင်းပင်။ သူတို့သည် အိုးရန်မို၏ မတော်တဆမှုကိုစိုးရိမ်သဖြင့် တစ်လမ်းလုံးလိုက်လာခဲ့ကြသည်။ ထိုအချိန်တွင် လေထုသည် ထူးဆန်းသည်ကိုခံစားမိကြသဖြင့် အားလုံး၏နှလုံးမှာ တင်းမာ သွားကြသည်။ ထျဲဖုန်းတောင်၏ပိုင်ရှင်သည် နှစ်ပေါင်းများစွာကျင့်ကြံခဲ့ပြီး ဝူရန်းမိုသည် သူ၏တစ်ဦးတည်းသောသားဖြစ်သည်။ တစ်စုံတစ်ရာဖြစ်လျှင် တောင်ပိုင်ရှင်သည် ဒေါသကြောင့် သေသွားလိမ့်မည်။
စက်ဝိုင်းပုံချောက်သည် ပြောင်းလဲသွားချေပြီ။ ဟွာယန်းတောင် တစ်လျှောက်တွင် အက်ကြောင်းများပေါ်နေပြီး တောင်အပုံလိုက်ဖြစ်နေချေပြီ။
လူသားအရိပ်အယောင်မရှိဘဲ မြေကြီးပေါ်တွင် တောင်တစ်လုံးကဲ့သို့ပုံနေ သော သားရဲအလောင်းများသာရှိသည်။ ဟွာယန်းတောင်သည် ပဲ့နေသည်။ ဤနေရာတွင် မည်သို့ဖြစ်သွားသည်ကို မည်သူမှမသိကြပေ။
ထျဲဖုန်းတောင်ခေါင်းဆောင်သည် အကြီးအကဲဖြစ်သည်။ ထိုအချိန်တွင် သူ၏စိတ်သည် တောင်အောက်ခြေသို့ နစ်ဝင်ကျသွားလေသည်။ သူသည် တောင်ကမ်းပါးထိပ်ဆီသို့ ပျံသွားပြီး ကြည့်လိုက်သည်။ နှစ်ပေါင်းများစွာ ရလာသော အတွေ့အကြုံကို အခြေခံကာ ချောက်ကမ်းပါးသည် အားကောင်း သော အင်အားတစ်ခုကြောင့် ပျက်စီးသွားသည်ကို သူ မြင်နိုင်သည်။