← Chapters

လင်းယွန် ရှိတယ်။

Vol. 172 Ch. 2395

လင်းယွန် ရှိတယ်။

Vol. 172 Ch. 2395

ဤသည်မှာ ရီဝူရှောင် ဖြစ်လေသည်။ သူတော်စင်သခင် အထွတ်အထိပ်တွင် ရှိနေပြီး လေတာအို ကျွမ်းကျင်၏။

သူ့ အရှိန်အဟုန်မှာ တုနှိုင်း မမီချေ။ သာမာန်အခြေအနေများဆိုက ကျိကျစ်ရှီကို တိုက်မည် မဟုတ်ဘဲ လေးစားမှု ပြမိပေမည်။

“ တောင်းပန်ပါတယ် ... ငါက အသက် ကြီးပြီး ပိုမြင့်တဲ့ ကျင့်ကြံမှုရှိတယ် ... ဒါပေမယ့် ဒါက ပြိုင်ပွဲတစ်ခုမို့ နားလည်ပေးပါ။ ”

ရိုးသားပြီး သူ့ရည်ရွယ်ချက်ကို ဖုံးကွယ်မထားချေ။

“ တောင်းပန်စရာ မလိုပါဘူး ... စလိုက်ကြရအောင်။ ”

ကျိကျစ်ရှီက ပြောပြီး နက္ခတ်ကို ဆင့်ခေါ်လိုက်သည်။ တောက်ပသော မီးလျှံများ ထွက်ပေါ်လာ၏။

၎င်းသည် ရှေးခေတ် ဖီးနစ် မျိုးနွယ်စု၏ နက္ခတ် ဖြစ်ပြီး ကောင်းကင် လွင်ပြင်ရောက်ပြီး နောက်တွင် ပထမဆုံး အကြိမ် ဆင့်ခေါ်ခြင်း ပေပင်။

ပန်းချီကားထွက်ပေါ်လာသော အခါ အကန့်အသတ်မဲ့ ဖီးနစ်မီးလျှံများ လောင်ကျွမ်း လာတော့၏။

သူမ ဦးခေါင်းပေါ်တွင် သရဖူ တစ်ခု ပေါ်လာသည်။ ဤသည်မှာ အုပ်စိုးရှင် ဖီးနစ် သရဖူ ဖြစ်၏။

ဖီးနစ် ဘုရင် သရဖူ ဟုလည်း ခေါ်သည်။ နဖူးပေါ် ရောက်သွားသော အခါ ရောင်ဝါများ မြင့်တက်လာ၏။

ရီဝူရှောင်က အဝေးမှပင် ကြောက်မက်ဖွယ် အပူလှိုင်းကို ခံစားရသဖြင့် မျက်မှောင်ကြုတ် မိသည်။

“ ဒါ အုပ်စိုးရှင် နက္ခတ်ပဲ။ ”

“ သူက အရမ်း ငယ်သေးတယ် ... နောက်ထပ် နှစ်နည်းနည်းနေရင် ကြောက်စရာ ကောင်းအောင် ကြီးထွားလာနိုင်တယ်။ ”

ရီဝူရှောင်သည် ခက်ခဲသော ပြိုင်ဘက်ကို ရွေးချယ်ခဲ့မိကြောင်း နားလည် လိုက်ကြသည်။ ကျိကျစ်ရှီမှာ ထင်သလောက် အားမနည်းချေ။

“ မျှော်လင့်ထားသလိုပါပဲ။ ”

ရီဝူရှောင်က နက္ခတ် ဆင့်ခေါ်ပြီး၊ သူ့ကျင့်ကြံမှုကို ကန့်သတ်ချက်သို့ တွန်းပို့ပစ် လိုက်ရသည်။ လေပြင်းများ တိုက်ခတ်လာကာ ချက်ချင်း ပျောက်ကွယ်သွား၏။

“ ဝှီး ... ။ ”

သူ့အရှိန်ကို ကန့်သတ်ချက်သို့ တွန်းပို့လိုက်ခြင်းပေပင်။ ထို့နောက် ထိပ်တိုက် တွေ့တော့၏။ စင်မြင့်ပေါ်၌ ပုံရိပ်များ ရောထွေး ကုန်သည်။

အရှိန်နှင့် ပတ်သက်ပြီး ရီဝူရှောင်ကို မယှဉ်နိုင်သောကြောင့် ကျိကျစ်ရှီမှ ကာကွယ်မှု အပေါ် ဦးစားပေးခဲ့၏။

သို့သော် ရီဝူရှောင်ခမျာ ဖီးနစ်ဘုရင်သရဖူ နက္ခတ်နှင့် ပေတစ်ရာ အကွာ ၌သာ မြန်နေခြင်း ဖြစ်သည်။

အတွင်းသို့ ဝင်ရောက်မိပါက အရှိန်ကို သိသိသာသာ ကန့်သတ်ခံရပေမည်။ အသက် တစ်ရှိုက်စာအတွင်း ရာဂဏန်းမျှသော လှုပ်ရှားမှုများ ဖလှယ်မိကြ၏။

ဖီးနစ်မီးလျှံကြောင့် ရီဝူရှောင် ခမျာ ဒုက္ခရောက်ရသည်။ ၎င်းကို ဖယ်ရှားရ ခက်ပြီး အချိန် ကြာလာသည်နှင့်အမျှ အန္တရာယ်ရှိမည် ဖြစ်၏။

“ ဝှစ် ... ။ ”

ထို့ကြောင့် ဝှက်ဖဲကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ လေသံများ ကျယ်လာပြီး လေဓားများ ပျံထွက်သွား၏။

သို့သော် ဖီးနစ် ဘုရင် သရဖူထဲမှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။

၎င်းက ဖီးနစ်အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာကာ ရီဝူရှောင်၏ လေဓားများကို ဝါးမြိုတော့၏။ အဆုံးတွင် အအေးလှိုင်း တစ်ခုက ဖြတ်ခနဲ ပြေးထွက်လာသည်။

“ မရဏ ရေခဲဖီးနစ်။ ”

ကျိကျစ်ရှီက ပြိုင်ဘက်၏ ဆုတ်ခွာရာ လမ်းကြောင်းကို ပိတ်ပြီး ဖီးနစ်သွေးသားအပေါ် အသက်သွင်းပစ်၏။

အအေးလှိုင်းက လျင်မြန်စွာ ပြန်လည် ဆုတ်ခွာနေသော ရီဝူရှောင်ကို ဖမ်းမိသွားကာ ရေခဲရုပ်တု အဖြစ် ပြောင်းလဲတော့သည်။

ဤအရာက လူတိုင်းကို အကြီးအကျယ် ထိတ်လန့်သွားစေသည်။ အမြန်ဆုံး လူသားကို ရေခဲဖြင့် ဖမ်းဆီးလိုက်ခြင်း မည်၏။

မြင့်မြတ်သော ခရမ်းရောင် ရေခဲ မီးတောက်သည် အထွတ်အထိပ် သူတော်စင် သခင် တစ်ပါးကို ကောင်းစွာ ချုပ်နှောင် ထားနိုင်သည်။

“ ပေါက်ကွဲ ... ။ ”

ကျိကျစ်ရှီက ဟောက်လိုက်သောအခါ ရေခဲရုပ်ထု ပေါက်ကွဲသွားပြီး ယဲ့ဝူရှောင် ခမျာ မျက်နှာ ဖြူဖျော့လျက် ဒူးတစ်ဖက် ထောက်ကျလာတော့၏။

“ နင် ... ရှုံးပြီ ။ ”

ကျိကျစ်ရှီက ပြောကြားလိုက်သည်။ ဤရလာဒ်ကို မည်သူမျှ မမျှော်လင့်ထားသဖြင့် လူတိုင်း ရပ်တန့်ကုန်၏။

လင်းယွန်က ပြုံးသည်။ သူနှင့်အတူ ကောင်းကင် လွင်ပြင်သို့ ရောက်ရှိပြီးနောက် သူမအတွက် များစွာ ကြုံတွေ့ခဲ့ရ၏။

ဤသတင်းသည် နတ်ဖီးနစ်တောင်တန်း သခင်အတွက် စိတ်သက်သာရာ ရရှိနိုင်ပေမည်။ လောထျန်းရှီက မျက်လုံးများ တောက်ပ လာသည်။

“ ဒီကောင်မလေးက ... သူ့အသက်အရွယ်နဲ့ အသန်မာဆုံး မဟုတ်ပေမယ့် ... ကောင်းမွန်တဲ့ အလားအလာတွေ သူ့မှာ ရှိတယ်။ ”

သူ့တင်မက ကျွမ်းကျင်သူ များစွာမှလည်း ကျိကျစ်ရှီထံ စိတ်ဝင်တစား ကြည့်လာခဲ့ကြ၏။

“ ငါ ... ရှုံးနိမ့်တာကို ဝန်ခံပါတယ်။ ”

ရီဝူရှောင်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်လေသည်။ သူ့တွင် အသုံး၀င်သော နည်းလမ်းများ ရှိနေသေးသော်လည်း လက်လျော့လိုက်၏။

ထိပ်တန်း ဆယ်ယောက် အတွင်း ဝင်နိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် သူ့ကိုယ်သူ လှောင်ပြောင်သော အသံဖြင့်၊

“ ပန်းသင်္ချိုင်းကို ရင်ဆိုင်ချင်ပေမယ့် သူ့ဘေးက ကလေးမလေး ... တစ်ယောက် ကိုတောင် အနိုင် မယူနိုင်သေးပါဘူး ... ဘယ်လောက်တောင် ရှက်စရာ ကောင်းလိုက်လဲ ... ။ ”

-ဟု ညည်းတွား လိုက်တော့သည်။

သူ့စကားကြောင့် ပိုင်ရီက နှစ်သိမ့်စကား ဆိုသည်။ သူတို့သည် သူငယ်ချင်းများ ဖြစ်ပြီး ပန်းသင်္ချိုင်းကို မကျေမနပ် ဖြစ်နေသည်မှာ ကြာပြီဖြစ်၏။

“ မင်းကို မျက်နှာချင်း ဆိုင်ပါရစေ။ ”

ထို့ကြောင့် ပိုင်ရီက ကျိကျစ်ရှီကို သင်ခန်းစာပေးချင်လာသည်။ ကောင်းကင်ပေါ် ပျံတက်ကာ စင်မြင့်ပေါ် ဆင်းသက်လိုက်၏။

“ စည်းမျဉ်းအရ ... မင်းရဲ့ ပြိုင်ဘက်ကို ကိုယ်တိုင် ရွေးချယ်နိုင်တယ် ... ငါ့စိန်ခေါ်မှုကို ရှောင်နိုင်သလို တခြားလူကို ရွေးခွင့်လည်း ရှိတယ် ဒါပေမယ့် ...

... မင်းသိထားရမှာက မျိုးဆက်သွေးတစ်ခုက စစ်မှန်တဲ့ အရည်အချင်း မဟုတ်ဘူး ... ပြီးတော့ အုပ်စိုးရှင် နက္ခတ်ကို ဖီးနစ်သွေးကြောင့် မင်းရလာတာ ...

... အခြားလူတွေလို မင်းကိုယ်တိုင် လေ့ကျင့်ထားနိုင်တာ မဟုတ်တော့ ပြိုင်ဘက် ရွေးတဲ့အခါ သတိထားပါ။ ”

ဖီးနစ်သွေးသည် သူမအတွက် အားသာချက်များစွာ ရရှိစေသည်မှာ အမှန် ပေပင်။

ထို့ကြောင့် ပိုင်ရီ၏ စကားများက ကျိကျစ်ရှီကို မျက်နှာ နီရဲကာ ရှက်ရွံ့စေ တော့၏။

“ မင်းငါ့နဲ့ တိုက်ခိုက်ချင်လား ... တခြား တစ်ယောက်ကို စိန်ခေါ်မလား မင်းရွေးချယ်လို့ ရတယ် ... ငါအတင်းအကြပ် လုပ်မှာ မဟုတ်ဘူး။ ”

ပိုင်ရီက ထပ်ပြောသည်။ အရှက်မဲ့ လွန်းသော ထိုလုပ်ရပ်များကြောင့် လင်းယွန်က မျက်မှောင်ကြုတ် လိုက်၏။

ကျိကျစ်ရှီကို ရွေးခွင့်ပေးသည်ဟု ဆိုနေသော်လည်း ဖြည်းညှင်းစွာ တွန်းပို့ နေခြင်း ဖြစ်သည်။

ကျိကျစ်ရှီ ဟူသည် အသက် ဆယ့်ရှစ်နှစ်ခန့်သာ ရှိသေးပြီး ထိုစကားများက သူမအတွက် နာကျင်စေ၏။

“ ဒါက ဆိုးတယ် ... ။ ”

ယွဲ့ဝေဝေက ပြောသည်။

“ ငါ တိုက်မယ်။ ”

ကျိကျစ်ရှီက အံကြိတ်ကာ ပြောသည် ။ အထူးသဖြင့် အုပ်စိုးရှင် ကြယ်စုကို ဆုပ်ကိုင်ရန် သူမ၌ ခွန်အားမရှိဘဲ သွေးသားကြောင့်သာ ပိုင်ဆိုင်ခြင်း ဖြစ်ကြောင်း ဝေဖန်ခံရသော အခါတွင် နာကျင်လာ၏။

လင်းယွန် မျက်လုံးထဲ အေးစက်သော အလင်းရောင်တစ်ခု လင်းလက် လာခဲ့သည်။ ဒေါသများ တောက်လောင်နေခြင်း ဖြစ်၏။

ချီလင် နတ်သားတော်က လင်းယွန်၏ အမူအရာကို မြင်သောအခါ ပြုံးရယ်လိုက်သည်။ ထိုအချိန်တွင် ကျိကျစ်ရှီက အုပ်စိုးရှင် နက္ခတ် ပြန်သိမ်းလိုက်ပြီး ဖီးနစ်ဘုရင်သရဖူကို ပျောက်ကွယ်စေလိုက်၏။

ဆိုလိုသည်မှာ မျိုးဆက်သွေး မပါဘဲ ပြိုင်ဘက်ကို ရင်ဆိုင်ရန် ကြံရွယ်လိုက်ခြင်းမျိုး ပေပင်။

“ ကောင်းပြီ ငါ့ဆီလာ ... မင်း ငါ့အနား ဆယ်လှမ်း အကွာထိ လှမ်းလာနိုင်ရင် အနိုင်လို့ မှတ်ယူပါ။ ”

ပိုင်ရီက ပြုံးလျက် နောက်မှ ကြီးမားသော ဓားတစ်လက် ကောင်းကင်ပေါ် ထိုးတက်လာ တော့သည်။

ကောင်းကင်နှင့် မြေကြီး တုန်ယင်ပြီး မီးတောက်နေသော အတောင်ပံ တစ်စုံလည်း ထွက်ပေါ်လာ၏။

ကျိကျစ်ရှီက ဓားတစ်လက်ကို ဆွဲကိုင်လျက်၊

“ လေပြေတိုးသံကို နားထောင်ခြင်း။ ”

-ဟု အော်ဟစ်လိုက်သည်။

ဤသည်မှာ နတ်ဖီးနစ် တောင်တန်း သခင်၏ ကိုယ်ပိုင်ဓား နည်းစနစ် ဖြစ်ပြီး သူမထံ လက်ဆင့်ကမ်း ပေးထားပုံရ၏။

“ အူး ... ။ ”

ပိုင်ရီက ဝင်လာသော ဓားရိပ်ကို မီးလက်ဖဝါးဖြင့် ပိတ်ဆို့လျက် လေဓားများ အပေါ် ပြန့်ကားစေလိုက်သည်။

ကျိကျစ်ရှီ တစ်ယောက် ရွှင်မြူးသွား၏။ ပြိုင်ဘက်အား နတ်ဖီးနစ်သွေးနှင့် အုပ်စိုးရှင် နက္ခတ် မသုံးဘဲ ရင်ဆိုင်နိုင်ပြီ ဖြစ်သည်။

သို့သော် ကြောက်စရာ ကောင်းသော ဓားရောင်ဝါတစ်ခု ပေါက်ကွဲလာပြီး၊

“ မျှော်လင့်ထားသလို ပါပဲ မင်းသာ မျိုးဆက်သွေးကို မသုံးရင် ပန်းသင်္ချိုင်းလိုမျိုး ဘာမှ ပြီးမြောက်မှာ မဟုတ်ဘူး ... မင်းက ခွန်အားအပြည့် သုံးပေမယ့် ငါက (၅၀) ရာခိုင်နှုန်းတောင် မသုံးရသေးဘူး။ ”

-ဟု လှောင်ပြောင်လျက် ပိုင်ရီက ဓားဖြင့်ခုတ်လျလာတော့သည်။

ဤသည်မှာ ကောင်းကင်ဘုံ သူတော်စင် ခြံဝင်း၏ တပည့်ကြီး ဖြစ်၏။ ထို့ကြောင့် ၎င်း၏ ဓားတစ်ချက်သည် ရှန်းထျန်းနန်ကို စိုးရိမ်သွားစေသည်။

“ မင်းတို့ ... ဘာလို့ ရပ်ကြည့်နေတာလဲ ... စိတ်မပူဘူးလား။ ”

ဘေးတွင် ငြိမ်သက်နေဆဲဖြစ်သော လင်းကျန်းရှန့်ကို လှည့်ကြည့်ကာ အော်ငေါက် လိုက်တော့သည်။

“ စိတ်မပူနဲ့ ... လင်းယွန် ရှိတယ်။ ”

***

All Chapters