← Chapters

လာ ... မင်းကို အရှုံးဆိုတာ ဘာလဲ ငါသင်ပေးမယ်။

Vol. 172 Ch. 2396

လာ ... မင်းကို အရှုံးဆိုတာ ဘာလဲ ငါသင်ပေးမယ်။

Vol. 172 Ch. 2396

ရှန်းထျန်းနန်က အံ့ဩစွာဖြင့် လှည့်ကြည့်လိုက်ရာ လင်းယွန် မရှိတော့ သည်ကို သတိထားမိလိုက်၏။

ထိုအချိန်တွင် ကျိကျစ်ရှီက သူ့ကို ကန့်သတ်လာသော ဓားရောင်ဝါကြောင့် ဖီးနစ် ဘုရင် သရဖူ သုံးရန်ကြံရွယ်မိသည်။

“ ဖျပ် ... ဖျပ် ... ဖျပ် ... ။ ”

သို့သော် လင်းယွန်က ရုတ်တရက် ရောက်ရှိလာပြီး သူမကို ရင်ခွင်ထဲ ဆွဲသွင်းကာ နောက်ပြန် ဆုတ်လိုက်၏။

“ ဝုန်း ... ။ ”

ပိုင်ရီမှ ထုတ်လွှတ်သော ဓားရောင်ခြည်များက ကြမ်းပြင်ပေါ် ကျရောက်သွား၏။

ပြိုင်ပွဲစင်မြင့်ကို နတ်နဂါးသစ်သားဖြင့် ပြုလုပ်ထားသောကြောင့် ပြတ်ရှရာများသာ ဖြစ်ပေါ်လာသည်။

“ အစ်ကိုကြီးလင်း ... ။ ”

ကျိကျစ်ရှီက သတိဝင်လာပြီး လင်းယွန်ကို မော့ကြည့်ကာ မျက်ရည်များ ဝဲလာတော့သည်။ သူမသည် အသက် ဆယ့်ရှစ်နှစ်မျှသာ ရှိသေးပြီး ပိုင်ရီစကားကြောင့် ခံစားချက်များကို မထိန်းနိုင်ခဲ့ချေ။

ထိုမြင်ကွင်းကြောင့် ပိုင်ရီက မောက်မာစွာဖြင့်၊

“ ကောင်းပြီ ... မင်းတို့ နှစ်ယောက်လုံး အတူတူ လာလို့ရတယ် ကောင်းကင်ဘုံ ဖီးနစ် သမီးတော်က ငါ့ကို သွေးတောင်မပူဘူး။ ”

-ဟု ဖိတ်ခေါ်လိုက်သည်။

“ အစ်ကိုကြီး လင်း ... ငါရှုံးသွားပြီ။ ”

“ အဆင်ပြေတယ် ... ပြန်သွား ... ။ ”

လင်းယွန်က ပြုံးလိုက်ကာ သူမကို နှစ်သိမ့်ပေးသည့် အနေဖြင့် ဦးခေါင်းအပေါ် ပွတ်သပ်ပေးလိုက်၏။

အဆိုပါ အပြုအမူက ပိုင်ရီကို သဘာဝ အတိုင်း မျက်မှောင်ကြုတ် စေသည်။ ကျိကျစ်ရှီ ဆင်းသွားသောအခါ လင်းယွန်က ပိုင်ရီထံ လှည့်ကြည့်ပြီး။

“ မင်း အသက် ဘယ်လောက်ရှိပြီလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

“ ဒါက မင်းနဲ့ ဘာဆိုင်လဲ။ ”

လင်းယွန်က လူသတ်လိုသော ရည်ရွယ်ချက်ကို ပြသကာ၊

“ ကလေးမလေး တစ်ယောက်ကို အနိုင်ကျင့်ပြီး ... မင်းကိုယ်မင်း သူရဲကောင်း တစ်ယောက်လို့ ထင်နေတာလား ...

... ကောင်းကင် သူတော်စင် ခြံဝင်းက မင်းလိုမျိုး အသုံးမဝင်တဲ့ အမှိုက်တွေ အတွက် အရင်းအမြစ်တွေ ဖြုန်းတီးနေတာလား ... ဘယ်လို သင်ပေးလိုက်တာလဲ ... ဟမ့်။ ”

ထိုစကားကြောင့် ပိုင်ရီမျက်နှာ ရဲတက်လာ၏။

“ မင်းက ဘာဖြစ်နေတာလဲ ... ငါပြောတာ ဘာများမှားလို့လဲ။ ”

“ အဟက် ... ဒီလို ပြန်ပြောဖို့ ... မင်းမှာ မျက်နှာရှိသေးလား ... ဒါဆို မင်းအသက်ကို (၁၈)နှစ်အရွယ် ကန့်သတ်ပြီး ... ဘာလို့ မတိုက်ရတာလဲ ... အခု မင်းအသက်က တစ်ရာနား ကပ်နေပြီ၊ ...

... ဒါတောင် (၁၈)နှစ်အရွယ် ... ကောင်မလေး တစ်ယောက်ကို မင်းအနား ခြေ ဆယ်လှမ်းကပ်နိုင်ရင် အနိုင်လို့ ... မင်းမို့ ပါးစပ်က ပြောရဲသေးတယ်၊ ...

... ကိုယ့်ကိုကိုယ် ရှက်ရမှန်း မသိဘူးလား ... ဒီလိုအမှိုက်က ဘိုးဘေးရဲ့ တပည့် ဖြစ်ချင်နေ တာလား။ ”

ကောင်းကင် သူတော်စင် ခြံဝင်း၏ တပည့်ကြီးကို ထိုစကားမျိုး ပြောဝံ့သည့် တစ်စုံ တစ်ယောက် ရှိလိမ့်မည်ဟု မည်သူမျှ မျှော်လင့် မထားကြချေ။ ထို့ကြောင့် လူတိုင်း မျက်လုံးပြူးကုန်၏။

“ မင်း ... သေချင်နေတာပဲ။ ”

တောင်ပံများခတ်ပြီး အားကောင်းသော လေစုပ်ဝဲကို ဖန်တီးလျက် ပိုင်ရီက လင်းယွန်ထံ ဦးစွာ ပြေးဝင် တိုက်ခိုက်တော့သည်။

တစ်ချိန်တည်းမှာပင် သူ့နောက်မှ ဓားကြီးကလည်း တောက်ပသော အလင်းကို ထုတ်ပေးလာသည်။

၎င်းသည် ကောင်းကင်ဘုံ သူတော်စင် ခြံဝင်း၏ နာမည်ကြီး ပညာရပ် ဖြစ်သော မူလ ကောင်းကင်ဘုံ ဖန်တီးခြင်း မှလာသည့် ဓားရေးတစ်ရပ် ဖြစ်သည်။

ထို့ကြောင့် ဓားရည်ရွယ်ချက်သည် တောက်ပသော ရောင်ခြည်တော် ဓား၏ နယ်နိမိတ်နှင့် ထိစပ်သွား၏။

“ မင်းကို ရင်ဆိုင်ဖို့ ... ဒီပညာရပ်ကို ငါသုံးစရာ မလိုဘူး ... ဒါပေမယ့် ကောင်းကင် သူတော်စင် ခြံဝင်းကို စော်ကားနေတဲ့ အတွက် ဘိုးဘေး ကိုယ်တိုင် ဖန်တီးထားတဲ့ ...

... ဒီပညာရပ်နဲ့ သင်ခန်းစာတစ်ခု သင်ပေးမယ် ... ပြိုင်ဘက်ကင်း ဓားသမားရဲ့ အဓိပ္ပါယ်ကို ငါပြောပြမယ်။ ”

သူ့ စကား မဆုံးခင်မှာပင် လင်းယွန် ရင်ဘတ်ကို ချိန်ရွယ်ပြီး ဓားဖြင့် လှမ်းထိုး၏။ ကောင်းကင်၌ ဖြစ်ရပ်ဆန်းများ ပေါ်လာသည်။

ဓား မရောက်မီတွင် တုန်ခါသော ဆူညံသံကြောင့် လူတိုင်း၏ နားစည်များ တုန်ခါ ကုန်၏။

တိုက်ပွဲစင်မြင့်၌ပင် အက်ကြောင်းများ ထွက်ပေါ်လာသည်။ ဤမူလ ကောင်းကင်ဘုံ ဖန်ဆင်းခြင်း၏ စွမ်းအားသည် အသက်ရှူ မှားစဖွယ် ပေပင်။

“ ပန်းသင်္ချိုင်း ပြီးသွားပြီ။ ”

ပတ်ဝန်းကျင်မှ အာမေဋိတ်သံများ ထွက်ပေါ်လာပြီး လူတိုင်း ဤဓားဖြင့် လင်းယွန် ဆုံးပါးသွားပြီဟု ယူဆကြသည်။

“ ဖျပ် ... ။ ”

သို့သော် လင်ယွန်က ဂရုမစိုက်ဘဲ လက်ဓားဖြင့် ပိုင်ချီထံ လှမ်းတက်ကာ တုန့်ပြန် လိုက်သည်။

ဓားနှင့် လက်ချောင်း ထိပ်တိုက် တွေ့သောအခါတွင် ကောင်းကင်နဂါးနှင့် နတ်ဖီးနစ် ထွက်ပေါ်လာသည်။

“ ထန် ... ထန် ... ။ ”

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ပြိုင်ဘက် ဓားရောင်ဝါက လျင်မြန်စွာ တိုးလာသဖြင့် ပိုင်ရီခမျာ မယုံကြည်နိုင်စွာဖြင့် နောက်ပြန်ဆုတ် လိုက်ရသည်။

“ မူလ ကောင်းကင် ဖန်တီးခြင်း ပညာရပ်လား ... ဒါက သိပ်လည်း အထင်ကြီး စရာ မကောင်းပါဘူး ... ။ ”

လင်းယွန်က ပြုံးသည်။ ၎င်းသည် စွမ်းအင်ကျင့်ကြံမှုနှင့် အခြားသော လှုပ်ရှားမှု နည်းစနစ်များ ပါဝင်သည့် ပညာရပ်ဖြစ်၏။

သို့သော် ဘိုးဘေး နတ်ဘုရားမှ ဖန်တီးထားလျှင်ပင် နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း၏ (၁၁)ဆင့်က ယှဉ်နိုင်ပေသည်။

“ မင်းကို ငါလျှော့တွက်ထားမိပုံပဲ … ။ ”

“ ဘာလဲ ... မင်းရဲ့ခွန်အား တစ်ဝက်တောင် မသုံးခဲ့ဘူးလို့ ငါ့ကို ပြောဦးမလို့လား ... ငါလည်း ငါ့ခွန်အားရဲ့ ဆယ်ပုံတစ်ပုံကိုတောင် မသုံး ထားခဲ့ဘူး ဆိုရင် ... မင်းယုံမလား။ ”

ဤသည်မှာ ကျိကျစ်ရှီကို ပြောသည့် စကားအတိုင်း ပြန်၍ ရည်ညွန်း လှောင်ပြောင် လိုက်ခြင်း ဖြစ်၏။

“ မင်း ... ။ ”

ပိုင်ရီတစ်ယောက် ဒေါသထွက်လာသည်။ ရွှေရောင်အဆင်းများ ဖြာလျက် ကောင်းကင် အက်ကွဲပြီး စစ်မှန်သော စွမ်းအားအချို့ တဖြည်းဖြည်း ထွက်ပေါ်လာ၏။

“ ရွှပ် ... ။ ”

ထိုဖိအားကြောင့် လင်းယွန်တစ်ယောက် ဓားကိုဆွဲကာ နောက်ပြန်ဆုတ်လျက် ငြိမ်သက် သွားသည်။

ထို့နောက် လှုပ်ရှားမှုများ ဖလှယ် လိုက်ကြသည်။ မူလ ကောင်းကင် ဖန်တီးခြင်း ပညာရပ်သည် မည်မျှပင် အစွမ်းထက်လွန်း စေကာမူ လင်းယွန်က ဖြေရှင်းနိုင်ခဲ့၏။

အပြစ်အနာအဆာ မရှိခဲ့ချေ။ သို့သော် နောက်ဆုတ်ပေးနေရ သဖြင့် ပြိုင်ပွဲစင်မြင့်၏ အစွန်းကို နင်းမိသွား၏။

“ အခွင့်အရေးပဲ ... ။ ”

ပိုင်ရီတစ်ယောက် မျက်လုံးများ တောက်ပလျက် ပတ်ဝန်းကျင် တစ်ခုလုံးကို ပြိုကျလာစေသည့် ဓားအလင်းနှင့် ပစ်လွှတ် လိုက်တော့သည်။

ပြိုးပြက် လင်းလက် တောက်ပနေသော အလင်းတန်း ထွက်ပေါ်လာ၏။ ယင်းသည် မူလ ကောင်းကင် ဖန်တီးခြင်း ပညာရပ်မှ လှုပ်ရှားမှု တစ်ရပ်ပေပင်။

ယင်းကို ကောင်းစွာ နားမလည်သေး သော်လည်း မူလ ကောင်းကင် ဖန်တီးခြင်း စွမ်းအင်ဖြင့် ထူးခြားသော အကျိုး သက်ရောက်မှု ရှိချေ၏။

ထိုစွမ်းအားအောက်တွင် လင်းယွန်၏ ခန္ဓာကိုယ်သည် အချိန်များ ရပ်တန့်သွားသလို နှေးကွေးသွားသည်။ ပိုင်ရီ မျှော်လင့်ထားသော အခြေအနေမျိုး ပေပင်။

ရုတ်တရက် ဓားမြည်သံ ပဲ့တင်ထပ်ကာ အက်ကွဲနေသော ကောင်းကင်ထံ အလင်းများ ထိုးတက်သွားသည်။

ထိုဓားအလင်းက လင်းယွန်ထံမှ လာ၏။ ပိုင်ရီတစ်ယောက် ဓားရောင်ဝါ ကျဆင်းလာကာ ကန့်သတ်ချုပ်ချယ်မှု ပျက်ပြယ်သွားသည်။

အချိန်နှင့် အာကာသ ပုံမှန်အတိုင်း ပြန်လည်ပတ်လာပြီး ပိုင်ရီ၏ ဓားရည်ရွယ်ချက် ကျဆင်းလာ၏။

“ အခု ငါ့အလှည့်ရောက်ပြီ။ ”

“ ဝှစ် ... ။ ”

“ ဘုန်း ... ။ ”

“ ဝေါ့ ... ။ ”

လင်းယွန်က အဓိပတိ နဂါးတံဆိပ်ကို ဖန်တီးကာ ရင်ဘတ်ပေါ် ထိုးနှက်လိုက်သည်။ ပိုင်ရီခမျာ သွေးအန်လျက် လွင့်ပျံသွား၏။

“ ဟား ဟား ဟား ... ပိုင်ရီ ... ဒါ မင်းလုပ်နိုင်တာ အကောင်းဆုံးပဲလား ... ငါဒီမှာ သွေးတောင် မပူသေးဘူး။ ”

“ ဖြန်း ... ဖြန်း ... ဖြန်း ... ။ ”

လင်းယွန်က ရယ်မောလျက် ပိုင်ရီနောက် လိုက်ပါသွားပြီး ပါးပြင်အပေါ် ဆယ်ချက် တိတိ ရိုက်ချပစ်လိုက်တော့သည်။

လွင့်စဉ်သွားပြီး မြေပြင်ပေါ် ဆင်းသက်လိုက်သောအခါတွင် နှုတ်ခမ်းမှ သွေးများ စီးကျလာခဲ့၏။

လောထျန်းရှီ အပါအဝင် ဘိုးဘေး နတ်ဘုရား၏ တပည့်များ အားလုံး မျက်နှာ ပျက်သွားလေသည်။

ပိုင်ရီသည် ကောင်းကင် သူတော်စင် ခြံဝင်း၏ တပည့်ကြီးဖြစ်ပြီး လင်းယွန်လုပ်ရပ် များမှာ အနည်းငယ် ရက်စက်လွန်းလှသည်။

“ မင်းကို ငါသတ်မယ် ... ။ ”

ပိုင်ရီက ပြန့်ကျဲနေသော ဆံပင်များဖြင့် ရူးသွပ်သွားကာ မူလ ကောင်းကင် ဖန်တီးခြင်း ပညာရပ်ကို ကန့်သတ်ချက်သို့ တွန်းပို့ လိုက်သည်။

ဓားရည်ရွယ်ချက် တဖန် ပြန်၍ မြှင့်တက်လာပြီး စင်မြင့်တစ်ခုလုံး တုန်ခါ သွားတော့၏။

သို့သော် လင်းယွန်၏ အကြည့်များက အေးစက်နေကာ၊

“ ဓား ... ။ ”

-ဟု ခေါ်ယူလိုက်သည်။

ပန်းသင်္ချိုင်းက ရင်ဘတ်ထဲမှ ထွက်လာပြီး သူ့လက်ထဲ ဝင်လာခဲ့၏။ နဂါးနှင့် ဖီးနစ်သည် ဟောက်သံများ ပြုတော့သည်။

“ ထန် ... ။ ”

ဓားနှစ်လက် ထိပ်တိုက် တွေ့ဆုံသွား ပြီးနောက် ပိုင်ရီ လက်ထဲမှ ဓားလွတ်ကျသွား ခဲ့၏။

“ ဟမ့် ... ဓားတစ်လက်ကိုတောင် မြဲမြံအောင် မကိုင်နိုင်သေးဘဲ ဘိုးဘေးကိုယ်စား ငါ့ကို သင်ခန်းစာပေးချင်နေတာလား ဘယ်လို လူပြက်လဲ။ ”

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားတော့၏။ ပိုင်ရီသည် ဝှက်ဖဲများ အားလုံးကို ထုတ်ခဲ့သော်လည်း အရှက်ခွဲ ခံနေရဆဲ ဖြစ်သည်။

“ ထွက်သွားစမ်း အမှိုက် ... ။ ”

“ ဖြောင်း ... ။ ”

လင်းယွန်က ဘယ်လက်ကို ဝှေ့ယမ်းပြီး ပိုင်ရီပါးပြင်ကို နောက်ဆုံးအကြိမ် ရိုက်ချလိုက် လေသည်။ အဝတ်အစားများ စုတ်ပြဲလျက် လွင့်ပျံ မေ့လဲသွားတော့၏။

ထို့နောက် လင်းယွန်က ၎င်းကို လျစ်လျူရှုလိုက်ပြီး ရန်လိုသည့် အကြည့်ဖြင့် ပြိုင်ဘက်များထံ ဝေ့ကြည့်သည်။

“ ပန်းသင်္ချိုင်း ... မင်းငါ့ကို ရွေးဖို့ သတ္တိရှိလား။ ”

ရုတ်တရက် ကောင်းကင်ဘုံ ချီလင် နတ်သားက ဆက်၍ ဟန်မဆောင်နိုင်တော့ဘဲ ကောင်းကင်ပေါ် ခုန်တက်ကာ သူ့ရှေ့ ဆင်းသက် လာ၏။

“ ကောင်းပြီ ... လာခဲ့ မင်းကို အရှုံးဆိုတာ ဘာလဲသိအောင် ငါသင်ပေးမယ်။ ”

လင်းယွန်က ချက်ချင်း ခေါင်းညိတ်ကာ လက်ခံလိုက်သည်။ ဤနတ်သား ထွက်မလာခဲ့ လျှင်ပင် သူ ခေါ်ထုတ်တော့မည် ဖြစ်၏။

***

All Chapters