အပြုံးမပျက် ... ။
Vol. 172 Ch. 2397
လင်းယွန်၏ တည်ငြိမ်လွန်းသော အမူအရာက လူတိုင်းကို အသံတိတ်သွားစေသည်။
ချီလင် နတ်သားသည် ပိုင်ရီထက် ပို၍ ကျော်ကြားသောကြောင့် လင်းယွန် စကားမှာ မည်မျှ မာန ထောင်လွှားလွန်းသည်ကို မြင်သာစေသည်။
၎င်းသည် တတိယ စမ်းသပ်ကွင်း၏ ချန်ပီယံဖြစ်သည် သာမကဘဲ ချီလင်တောင်၏ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်သည်။
နယ်ပယ်သုံးထောင် အတွင်း သူ့ကဲ့သို့ ပါရမီရှင် အများကြီး မရှိချေ။ သူတော်စင် သခင် နယ်ပယ် အထွတ်အထိပ်၌ ဖြစ်ကာ အာကာသ တာအိုကိုလည်း ဆုပ်ကိုင်ထားသည်။
တစ်ဖက်တွင် လင်းယွန်ဟူသည် အဋ္ဌမအဆင့် သူတော်စင်သခင် တစ်ဦးမျှသာ ဖြစ်ပြီး ပိုင်ရီကို အနိုင်ယူနိုင်လျှင်ပင် မည်သူမျှ အကောင်းမမြင်ကြချေ။
“ မင်းငါ့ကို အရှုံးဆိုတာ ဘာလဲ ... သင်ပေးချင်တာလား တကယ် မာနကြီးတာပဲ ကောင်းပြီ ငါတို့ကြားက အာဃာတတွေကို ဖြေရှင်းဖို့ အချိန်တန်ပြီ ... ။ ”
“ မင်းတော်တော် ယုံကြည်မှု ရှိတာပဲ။ ”
လင်းယွန်က ပြုံးလျက် ပြန်ပြောသည်။
“ မင်းခဏနေ ပြုံးနိုင်မလား ငါကြည့်မယ်။ ”
ချီလင်နတ်သားနောက်တွင် ပန်ချီကား တစ်ချပ်ပေါ်လာသည်။ စိမ်းပြာရောင် သစ်ပင် ဖြစ်၏။ ၎င်းသည် ချီလင်တောင်၏ ထူးခြားသော ကြယ်စု ပေပင်။
သစ်ပင်ကြီး ပတ်ပတ်လည်တွင် စီးဆင်းနေသော အသက် စွမ်းအားများက ပြတ်ထင်စွာ မြင်သာစေ၏။
၎င်းကို ကန့်သတ်ချက်သို့ တွန်းပို့သော် အုပ်စိုးရှင် ကြယ်စုနှင့် ယှဉ်နိုင်၏။ လင်းယွန်က မီတာတစ်ရာ အကွာတွင် ရပ်လျက် ခွန်ပန်ကို ခေါ်ထုတ်လိုက်သည်။
ခွန်ပန်က လျှပ်စီးများ တဖျပ်ဖျပ် ခတ်ပြီးနောက် ကောင်းကင်၌ ကွေ့ပတ် သွားလာနေတော့သည်။
၎င်းထွက်ပေါ်လာသည်နှင့် လင်းယွန်၏ အသွင်အပြင် စိတ်နေစိတ်ထားများသည် ချီလင် နတ်သားထက် သာလွန်သွားချေ၏။
“ ခွန်ပန်လား စိတ်ဝင်စားစရာပဲ … ။ ”
ချီလင်နတ်သားက ပျံထွက်လာသည့် ခွန်ပန်ကို မြင်လိုက်သောအခါတွင် လက်ကို ခါယမ်းလျက်၊
“ ဒါပေမယ့် ဒီလောက်နဲ့ မလုံလောက်ဘူး။ ”
-ဟု ဆိုကာ တံဆိပ်တစ်ခု ဖန်တီးလိုက်တော့သည်။
ဤသည်မှာ လက်ဟန် တစ်ခု မျှသာ ဖြစ်သော်လည်း စင်မြင့် တစ်ခုလုံး မိုးကြိုးများ ဖုံးလွှမ်းလျက် ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာစေ၏။
လင်းယွန်က လေးနက်သော အမူအရာဖြင့် ပန်းသင်္ချိုင်းကို လှည့်ပတ်ကာ ဝှေ့ယမ်းပစ်သည်။ သူ့ထံမှလည်း လျှပ်စီးကြောင်းများ ပေါက်ကွဲ ထွက်လာ၏။
တစ်ယောက်က ဓားကို ဝှေ့ယမ်းပြီး မိုးပြာနဂါး အားကိုးဖြင့် မိုးကြိုး မုန်တိုင်းကို ဆင့်ခေါ်သည်။
နောက်တစ်ယောက်မှ တံဆိပ်ဖြင့် မိုးကြိုးတိမ်တိုက်များကို ဖိတ်ခေါ်ကာ ချီလင် သစ်ပင်ဖြင့် ထိန်းချုပ်၏။
“ ဂျိန်း ... ။ ”
ထို့ကြောင့် မိုးကြိုးများ ကောင်းကင်ဘုံ မြင့်မြတ်သော ပြိုင်ပွဲစင်မြင့်ကို လွှမ်းခြုံထား၏။
“ သူတို့က တကယ်ကို အစွမ်းထက်တယ် ... ။ ”
“ ချီလင် နတ်သားက မိုးကြိုးကို နိုင်နင်းတယ် ... ဒါပေမယ့် လင်းယွန်လည်း မိုးကြိုးကို ဆင့်ခေါ်နိုင်လိမ့်မယ်လို့ ... သူ ထင်ထားမယ် မထင်ဘူး။ ”
“ နှစ်ယောက်လုံးက မိုးကြိုး စွမ်းရည်ကို သုံးနေတာ တစ်ယောက်ယောက် ရှုံးသွားရင် ရှက်စရာ ကောင်းလိမ့်မယ်။ ”
များမကြာမီ လူများစွာက ဖြစ်ပျက် နေသည်ကို သတိ ပြုမိပြီး စိတ်လှုပ်ရှားလာ တော့သည်။
ချီလင်တောင်၏ ကျွမ်းကျင် ပညာရှင်များသည် ဤမြင်ကွင်းကြောင့် ပြုံးရွှင် ကုန်၏။
မိုးကြိုး စွမ်ရည်တွင် ချီလင် နတ်သားတော်၏ အောင်မြင်မှုသည် လူတိုင်း၏ စိတ်ကူးစိတ်သန်းထက် များစွာ ကျော်လွန်ချေပြီ။
“ ဝှစ် ... ။ ”
စိမ်းပြာရောင် သစ်ပင်ကြီး ကြီးထွား လာသည်နှင့်အမျှ လျှပ်စီးများက လှံအလား ကောင်းကင်မှ ဆင်းသက်လာသည်။
“ ဖျစ် ... ဖျစ် ... ဖျစ် ... ။ ”
လျှပ်စီးလှံ ပစ်မှတ်သည် လင်းယွန်ဖြစ်၏။ တစ်ချိန်တည်းမှာပင် စင်မြင့် ကြမ်းပြင်၌လည်း လျှပ်စီး ကွင်းပြင်ကြီး ဖြစ်ပေါ်လာသည်။
“ ရွှပ် ... ။ ”
လင်းယွန်က မျက်နှာ ပြောင်းလဲမှု မရှိဘဲ မိုးပြာနဂါးအတွင်း ဓားကို လောင်းထည့်လိုက် တော့၏။
“ ဂျိန်း ... ။ ”
မိုးပြာနဂါးက မိုးကြိုး မုန်တိုင်းများကို ထိန်းချုပ်လျက် လျှပ်စီးလှံနှင့် ထိပ်တိုက်တွေ့ဆုံ ချိန်တွင် ကောင်းကင်တခွင် ကြောက်မက်ဖွယ် အက်ကြောင်းများ ဖြစ်ပေါ်လာသည်။
လျှပ်စီးလှံများက မည်မျှ ကြောက်စရာ ကောင်းမှန်း မြင်သာ၏။ ထို့နောက် ကောင်းကင် ကွဲလျက် လှံတစ်စင်းကိုင်ထားသော နတ်ဘုရား ပုံရိပ်ကြီး ထွက်ပေါ်လာသည်။
“ ချီလင်နတ်သားရဲ့ အဖေက ... တန်ခိုးကြီးတဲ့ မိုးကြိုး နတ်ဘုရား တစ်ပါးပဲ ... မယုံနိုင်စရာ ... ။ ”၏
ဤသည်မှာ ချီလင် နတ်သားမှ သူ၏နတ်ဘုရား တန်ခိုးကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။
သို့သော် ကောင်းကင်မှ လျှပ်စီးလှံများကို လင်းယွန်က ခုခံနေသဖြင့် လူတိုင်း အံ့ဩသွား ကြ၏။
“ ဘယ်လောက် အစွမ်းထက် လိုက်တဲ့ ဓားရည်ရွယ်ချက်လဲ။ ”
ထက်ရှလွန်းသော မိုးပြာနဂါးဓား ရည်ရွယ်ချက်ကြောင့် လူတိုင်း တုန်လှုပ်ကုန် တော့သည်။
နတ်ဘုရား မျိုးဆက်သွေးသားကို မကြောက်ရွံဘဲ ပြန်လည် တိုက်ခိုက်နေသည့် သေမျိုးသွေးသား ဓားသမား ဖြစ်ချေပြီ။
မြင့်မြတ်မှုအရ ချီလင် နတ်သားနှင့် မယှဉ်နိုင်သော်လည်း လင်းယွန်၏ နှလုံးသားမှာ ဓားတစ်လက်ကဲ့သို့ မာကျော၏။
ချီလင် နတ်သားတော်သည် အမည်ခံ သူတော်စင် ဘုရင်တစ်ပါး ဖြစ်ပြီး အဋ္ဌမအဆင့် သူတော်စင်သခင်ကို မနှိမ်နင်းနိုင်သဖြင့် မျက်မှောင်ကြုတ် လိုက်မိသည်။
သူ့နောက်ရှိ စိမ်းပြာရောင် သစ်ပင်အောက်တွင် တံဆိပ်များ ပြောင်းလဲကာ စွမ်းအားကို ပို၍ တိုးမြှင့်လိုက်၏။
ထို့ကြောင့် သစ်ပင်ကြီး တစ်ပင်လုံး တုန်လှုပ်သွားသည်။ ဤမြင်ကွင်းက လင်းယွန် အတွက် ဆရာသခင်ကို ပြန်၍ သတိရလာ စေ၏။
သက်တံဓား သူတော်စင် ဟူသည် ဧကရာဇ်နယ်ပယ်သို့ လွယ်ကူစွာ တက်နိုင်ခဲ့ သော်လည်း ဧကရာဇ် ကိုးပါးနှင့် ယှဉ်နိုင်သော ဘုရင်တစ်ပါး၏ လမ်းကို ရွေးချယ်ခဲ့သည်။ ဤသည်မှာ ဓားသမား ဖြစ်၏။
“ ..... ။ ”
ပန်းသင်္ချိုင်း တုန်ခါလျက် ပဲ့တင်သံက လျှပ်စီးလှံများ ကျဆင်း လာမှုကို ရပ်တန့်ပစ် လိုက်သည်။
ဤအခြေအနေကို ဖြေရှင်းရန် နည်းလမ်းများစွာ ရှိသော်လည်း ကစားရန် စိတ်ကူးရလာသည်။
“ မင်း ... သေပြီ။ ”
ချီလင်နတ်သား၏ လက်များ တုန်ယင်လာကာ ဒေါသတကြီး အော်ငေါက် လိုက်တော့၏။
လျှပ်စီးများ လက်လျက် ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာချိန်၌ လင်းယွန်ဦးခေါင်း အထက်တွင် ဖြစ်၏။
“ ဝှစ် ... ။ ”
ကောင်းကင်ရှိ မျိုးဆက်သွေးဖြင့် ဆင့်ခေါ်ထားကာ နတ်ဘုရားက လှံတစ်စင်းနှင့် လှမ်းပစ်၏။
“ ဝုန်း ... ။ ”
ဤတစ်ကြိမ်တွင် ချီလင်နတ်သား၏ လက်ဖဝါးသည် မိုးပြာနဂါးကြီး၏ ဦးခေါင်းကို အပေါက် တစ်ပေါက် ဖြစ်စေခဲ့သည်။
သူ စွန့်လွှတ်လိုက်သော ရောင်ဝါမှာ ကွဲပြားသွားပြီး ဓာမြည်သံအပေါ် ပိတ်ဆို့လျက် မိုးပြာနဂါးကို ပေါက်ကွဲသွားစေ၏။
အရာအားလုံး ငြိမ်သက်သွားသော အခါ ယခင်လင်းယွန် ရပ်နေသည့် နေရာ၌ သွေးလှံ တစ်စင်း စိုက်ဝင်နေ၏။
ချီလင် နတ်သားက ဖြစ်စဉ်နှင့် ရောယှက်ကာ လှံတစ်စင်းကို ထုတ်ယူ ပစ်ခတ် လိုက်ခြင်း ပေပင်။
မြန်လွန်းသဖြင့် လက်ဖဝါးနှင့် ရိုက်လိုက်သည်ဟုသာ ထင်မိခဲ့ကြခြင်း ဖြစ်၏။ အဝတ်အစားများ တဖျပ်ဖျပ် ခတ်လျက် လေထဲပျံဝဲ နေသည်။
အခြားတစ်ဖက်တွင် နှုတ်ခမ်းမှ သွေးများ စီးကျလာသော်လည်း လင်းယွန်က အပြုံးဖြင့် ခြေလှမ်းဆယ်လှမ်း ဆုတ်ခွာလိုက်သည်။
သူ့ပြိုင်ဘက်သည် အမည်ခံ သူတော်စင် ဘုရင် ကျင့်ကြံမှုကို ထုတ်ဖော်ကာ အာကာသ တာအိုနှင့် နတ်ဘုရားမျိုးဆက်သွေး စွမ်းအား အသုံးပြုခဲ့သည်။
ဆိုလိုသည်မှာ ချီလင် နတ်သားသည် မိုးကြိုးတာအိုခြင်း ယှဉ်ရာ၌ သူ့ကို ရှုံးနိမ့်သွားပြီ ဟူသော အဓိပ္ပါယ်ဖြစ်၏။
“ မင်းငါ့ကို ဒီအဆင့်ထိ ... တွန်းပို့နိုင်တဲ့ အတွက် အထင်ကြီးစရာပါပဲ ... ဒါပေမယ့် အခု ပြီးသွားပြီ။ ”
ချီလင် နတ်သားတော်က ညာလက်ကို ဒေါင်လိုက် ထောင်လိုက်ရာ သူ့နောက်ကျော၌ အာကာသတာအို ပွင့်လာ၏။
ဤသည်မှာ သူ့ဝှက်ဖဲ ဖြစ်သည်ကို လူတိုင်းသိချေပြီ။ ၎င်းနှင့် ပြိုင်ဘက်အနားသို့ အကွာအဝေးကို ဆွဲယူနိုင်၏။
ထို့ကြောင့် နယ်ပယ်တူ ပြိုင်ဘက် တစ်ယောက်သည်ပင် အာကာသ တာအိုကြောင့် သူ့ထံ လက်နက်ချရပေသည်။
ဤမတိုင်မီ အဋ္ဌမအဆင့် သူတော်စင် သခင်အဖြစ် စွမ်းရည် ပြထားသော လင်းယွန်၏ လုပ်ရပ်များမှာ မြောင်းထဲ ရောက်သွားချေပြီ။
သို့သော် လင်းယွန်က အပြုံးမပျက်ဘဲ ချီလင်နတ်သားထံ ကြည့်ကာ ဘယ်လက်ကို မြှောက်လိုက်သည်။
“ ထာဝရ တာအိုလား ... တိုက်ဆိုင် လိုက်တာ ... ငါလည်း နည်းနည်း သိတယ်။ ”
-ဟု ဆိုလျက် အဖြူ-အမည်း တာအို ပန်းတစ်ပွင့်ကို ထုတ်ဖော်လိုက်သည်။ ၎င်းသည် ယင်-ယန် တာအို ဖြစ်ချေ၏။
လူတိုင်း တိတ်ဆိတ်သွားသည်။ အသက် (၃၀)မတိုင်မီ ထာဝရတာအိုကို ဆုပ်ကိုင်နိုင်ခြင်း ဟူသည် မည်မျှ ထိတ်လန့်စရာ ကောင်းမှန်း လူတိုင်းနားလည်ထားချေ၏။
***