← Chapters

ယင်ယန် တာအို။

Vol. 172 Ch. 2398

ယင်ယန် တာအို။

Vol. 172 Ch. 2398

လင်းယွန်၏ လုပ်ရပ်နှင့် စကားများက ချီလင်တောင်မှ တပည့်တိုင်း၏ မျက်နှာကို အေးခဲ သွားစေခဲ့သည်။

သူတို့ နတ်သားသည် မိုးကြိုး တာအိုနှင့် တိုက်ခိုက်သောအခါတွင် မိုးပြာနဂါးတာအိုဖြင့် ပြန်၍ တိုက်ကာ အနိုင်ယူပြ၏။

ယခု နတ်သားသည် အမည်ခံ သူတော်စင်ဘုရင် ကျင့်ကြံမှုဖြင့် အာကာသ တာအိုကို ထုတ်ယူလိုက်သော အခါတွင် ယင်ယန်တာအို ပေါ်လာသည်။

ချီလင်နတ်သား အတွက်မူ ဤအချင်းအရာအပေါ် မမျှော်လင့်ထားသဖြင့် မျက်နှာမည်းမှောင်သွား၏။

ယွဲ့ဝေဝေက ချစ်စရာကောင်းသော အပြုံးများဖြင့် ကြည့်နေသည်။ ရှန်းထျန်းနန် သည်သာ အံ့အားသင့် သွားပြီး ပြုံး၏။

ဤလင်းယွန်သည် တစ်စုံတစ်ယောက်ထက် မည်သို့ ဝံ့ကြွားရမည်ကို ကောင်းကောင်း သိနေ ချေပြီ။

လောထျန်းရှီးက ပြုံး၏။ လင်းယွန်သည် မာနကြီးပြီး ကောင်းကင်ဘုံ သူတော်စင် ခြံဝင်း တပည့်ကြီးကို လူမြင်ကွင်း၌ ပါးရိုက်သည်။

သို့သော် လုံလောက်သော ခွန်အားနှင့် အလားအလာမျိုး ပြသနိုင်သရွေ့ ထိုအပြစ်ကို မေ့ပစ်နိုင်မည်။

“ ဒါဆို မင်းရဲ့ ယင်-ယန်တာအိုကို တွေ့ကြုံ ခံစားခွင့်ပေးပါ။ ”

ချီလင် နတ်သားက မည်းမေှာင်သော မျက်နှာဖြင့် လက်ဝှေ့ယမ်းကာ စိမ်းပြာရောင် သစ်ပင်ကို ကြီးထွားစေလိုက်၏။

“ ဝှစ် ... ။ ”

နတ်ဘုရား တစ်ပါးမှ ကောင်းကင်ကို ဖြိုခွဲလိုက်သကဲ့သို့ ကြမ်းပြင်ရှိ စိုက်ဝင်နေသော သွေးလှံက လက်ထဲ ပျံတက်လာသည်။

“ ဟမ့် ... ဒီလှုပ်ရှားမှုပဲလား။ ”

ကောင်းကင်၌ ပြန်ပေါ်လာသော လျှပ်စီးလှံကိုင်ထားသည့် နတ်ဘုရားအရိပ်ထံ မော့ကြည့်ကာ လင်းယွန်က ရယ်မော၏။

“ ဘာဖြစ်လဲ ... ၊ ဒါက တူညီတဲ့ လှုပ်ရှားမှုတစ်ခု ဆိုရင်တောင် နတ်ဘုရားရဲ့ သားတော် တစ်ယောက်ဖြစ်တဲ့ အတွက် နတ်ဘုရား ရောင်ဝါကို ငါသုံးနိုင်တယ် ...

... မင်း မကျေနပ်ဘူးလား ... မကျေနပ်လည်း သည်းခံလိုက် ... ငါ့ခန္ဓာထဲမှာ မြင့်မြတ်တဲ့ နတ်သွေးတွေ စီးဆင်းနေပြီး ... မင်း မပျော်ရင်တောင် လက်ခံရမယ်။ ”

“ ဟုတ်လား ... ဒါဆို နတ်ဘုရား မျိုးဆက်သွေး ရောင်ဝါကို ငါဖြတ်ပြမယ်။ ”

“ ဝှစ် ... ။ ”

ပြိုင်ဘက်သည် သူ့၌ စွမ်းအား မရှိဟု ထင်နေပုံရ၏။ လင်းယွန်က ပြုံးလျက် စိမ်းပြာ သစ်ပင်ထံသို့ ပန်းသင်္ချိုင်းဖြင့် ပစ်ပေါက် လိုက်တော့သည်။

ကောင်းကင်မှ နတ်ဘုရားအရိပ်မှာ နာကျင်စွာ အော်ဟစ်လျက် ပြိုကျပျောက်ကွယ် သွားသည်။ အသက် တရှိုက်စာအတွင်း မှာပင် နတ်ဘုရား ရောင်ဝါဟူသော အရာသည် ပျက်ဆီးသွားတော့၏။

ချီလင် နတ်သားက အံကြိတ်လိုက်သည်။ လင်းယွန်၏ လှောင်ပြုံးကို မြင်ချိန်၌ ရှက်လွန်း သဖြင့် ရိုက်သတ်ရန် ဆုံးဖြတ်လိုက်တော့၏။

“ ငါမင်းကို သတ်မယ် ... ။ ”

“ ခရစ် ... ။ ”

ရွံ့မုန်းစရာ ကောင်းသော ဓားသမားများ ပေပင်။ အာကာပြင် ကွဲအက်လျက် တည်နေရာ ရွေ့ပြောင်းလိုက်သကဲ့သို့ ပေါ်ထွက်လာ၏။

စင်မြင့် တစ်ခုလုံး ချက်ချင်း တုန်ယင်သွားသည်။ အာကာပြင် ပုံပျက်ခြင်း ဟူသည် ပြိုင်ဘက်အပေါ် ချုပ်နှောင်ရန်သာ အကျိုးသက်ရောက်သည်မျိုး မဟုတ်ချေ။ တစ်စုံတစ်ဦးကို ထိုအက်ကြောင်းဖြင့် အပိုင်းပိုင်း ဖြတ်တောက် နိုင်၏။

ထိုအချိန်တွင် လင်းယွန်ခြေထောက်၌ ယင်ယန် ပန်းချီကား ပေါ်လာပြီး မကြောက်မရွံ့ ခြေတစ်လှမ်း လှမ်းတက်လာသည်။

“ ဝှီး ... ။ ”

နှေးကွေးလွန်းသော လက်သီး တစ်လုံးနှင့်အတူ ပတ်ဝန်းကျန်ရှိ အရာအားလုံး လေးလံသွား၏။

“ ယင်ယန် လက်သီးတာအို။ ”

ဤသည်မှာ ဧည့်ခံပွဲတစ်လျှောက် ယင်ယန်တာအို စွမ်းအားကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်း ဖြစ်သည်။

ထို့ကြောင့် သူတို့အားလုံး ပန်းသင်္ချိုင်း၏ အရည်အချင်းကို လျှော့တွက်ထားမိခဲ့ကြောင်း သဘောပေါက် သွား၏။

လင်းယွန်နှင့် ချီလင်နတ်သား အကြား တိုက်ပွဲသည် လူတိုင်းအတွက် အမြင်ကျယ်စေ ခဲ့သည်။

တစ်ယောက်သည် ကြွေကျနေသော သစ်ရွက်များ ကဲ့သို့ နှေးကွေး လေးလံလွန်း၏။ လက်သီးကို ထိုးနှက်လိုက်တိုင်း ယင်ယန် ပန်းချီကား လည့်ပတ်လာသည်။

ခန္ဓာကိုယ်အတွင်းမှ နဂါးသွေးများ ပွက်ပွက်ဆူလျက် မိုးပြာနဂါး နက္ခတ်ကိုပင် မှုန်ဝါးဝါး မြင်လာရသည်။

ထို့ကြောင့် ပြိုင်ဘက်၏ အာကာပြင် အက်ကြောင်းများ မည်မျှ ထက်ရှစေကာမူ သူ့ထံ မရောက်နိုင်ခြင်း ဖြစ်၏။

ဤသည်မှာ ထာဝရတာအို နှစ်ပါး၏ ကြောက်မက်ဖွယ် ကောင်းသော ဖြစ်ရပ်များ ပေပင်။ လူတိုင်းကို တုန်လှုပ်စေခဲ့၏။

“ ဟိတ် ... ။ ”

ချီလင်နတ်သားက ကောင်းကင်မှ နတ်ဘုရားတန်ခိုးကို ချေးငှားလျက် လှံဖြင့် လှမ်းထိုးသည်။

လင်းယွန်က ပြုံးလျက် စိမ်ပြာရောင် သစ်ပင်ကြီးထံမှ ပန်းသင်္ချိုင်းကို ပြန်ယူလိုက်၏။

“ မကောင်းတော့ဘူး။ ”

နှေးကွေးစွာ ရွေ့လျားနေသော လင်းယွန် လက်များတွင် အားကောင်းသည့် ရောင်ဝါများ စုစည်းလာကြောင်း လူတိုင်း ခံစားနိုင်သည်။

ထိုသို့ စုဆောင်းထားသော စွမ်းအင်များအားလုံးကို ဓားနည်းစနစ်အဖြစ် ပြောင်းလဲလိုက်၏။

ဤတစ်ကြိမ်၌ လက်သီးများနှင့် သိသိသာသာ ကွာခြားသော မယုံနိုင်ဖွယ် အမြန် နှုန်းမျိုး ဖြစ်ချေပြီ။

ယင်ယန် လက်သီးသည် လိပ်ဖြစ်သော် ယင်ယန်ဓားသည် သိမ်းငှက် ဖြစ်၏။ ကမ္ဘာကြီး တစ်ခုလုံးကို ဓားရောင်ဝါများဖြင့် ဖုံးလွှမ်း ထားပြီး အာကာသ အက်ကွဲကြောင်းများက ဓားရောင်ဝါအတွင်း ပိတ်မိသွားသည်။

ဤအရာသည် ကြောက်စရာ ကောင်း၏။ လူတိုင်း လိုက်မမီနိုင်သော အဟုန်မျိုးဖြင့်ပင် လင်းယွန်က ရွေ့လျားနေသည်။

ဆန့်ကျင်ဘက် အနေဖြင့် ဤတစ်ကြိမ် ချီလင်နတ်သားသည် များစွာ နှေးကွေးသွား တော့သည်။

ဆိုလိုသည်မှာ ဓားရောင်ဝါများက ပိတ်ဆို့နေသောကြောင့် အာကာပြင် ခွဲကာ ရွေ့ရှားမှု မလုပ်ဝံ့ခြင်း ဖြစ်၏။

မဟုတ်သော် တည်နေရာ ရွေ့ပြောင်း လိုက်ခြင်းဖြင့် ထိုဓားရောင်ခြည်ထံ တည့်တည့် တိုးဝင်မိနိုင်မည်။ ယင်းက အဆင်ပြေမည် မဟုတ်ချေ။

“ ဘယ်လောက်တောင် မြန်လိုက်လဲ။ ”

လူတိုင်း အထိတ်တလန့်ဖြစ်နေစဉ် ကြယ်တစ်လုံး ပေါက်ကွဲ သကဲ့သို့ လင်းယွန်၏ ယင်ယန် တာအိုပန်းက ပွင့်လာခဲ့သည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ချီလင် နတ်သားသည်ပင် လျှို့ဝှက် နည်းစနစ်မျိုးစုံကို သုံးကာ ဆုတ်ခွာလိုက်ရ၏။ သို့သော် အချည်းနှီး ပေပင်။

ဓားရောင်ဝါများ လေထုအတွင်း ဆက်၍ တိုးလာနေသည်။ အခြေအနေသည် သူ့အတွက် မကောင်းကြောင်း နားလည်လာ၏။

အမည်ခံ သူတော်စင် ဘုရင် ကျင့်ကြံမှုကို ကန့်သတ်ချက်သို့ တွန်းပို့ကာ ရလာဒ်ပြောင်းရန် စဉ်းစားမိသေးသည်။

သို့သော် သူ့ကျင့်ကြံမှု မြင့်တက်လာ သည်နှင့် လင်းယွန်မှ ရုတ်တရက် နှေးကွေးလာ သဖြင့် ပတ်ဝန်းကျင် သည်လည်း လေးလံလာတော့သည်။

ဤအရာက သူ ထုတ်လွှတ် လိုသော အမည်ခံ သူတော်စင် ဘုရင်၏ ရောင်ဝါကို ချက်ချင်း ချိုးနှိမ်သွား၏။

“ ဝေါ့ ... ။ ”

ရုတ်တရက် ဖြစ်လေရာ သူတော်စင် စွမ်းအင်လည်ပတ်မှု ကမောက်ကမ ဖြစ်လာပြီး သွေးအန်လိုက်ရသည်။

လင်းယွန်က ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေ သောကြောင့်၊

“ လမင်း ရှိနေသရွေ့ ... ဓားဂိုဏ်း ဘယ်တော့မှ မရွေ့ ... ။ ”

-ဟု ကြွေးကြော်ကာ ဤဓားဖြင့် ထိုးသွင်းလိုက်သည်။

အာကာပြင်ခွဲပြီး ရှောင်တိမ်းရန် မဝံ့သဖြင့် ယင်ယန်စွမ်းအား အပြည့်ပါသော ဓားက ချီလင် နတ်သားအပေါ် ထိမှန်သွားသည်။

အာကာသ တာအိုပန်း ကွဲသွားပြီး လွင့်စဉ်သွားတော့၏။ စိမ်းပြာရောင် သစ်ပင် ကြီးလည်း ပျောက်ကွယ်သွားသည်။

လင်းယွန် တစ်ဦးတည်းသာ လေထဲပျံဝဲ ကျန်ရစ်ခဲ့၏။ ဤမြင်ကွင်းက လူတိုင်းအတွက် ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။

တတိယ စမ်းသပ်ကွင်း ချန်ပီယံသည် ထာဝရတာအိုကို ဆုပ်ကိုင်ထားပြီး နတ်ဘုရားမှ ဆင်းသက်လာ လျှင်ပင် ရှုံးနိမ့်နေဆဲဖြစ်၏။

ရှယွမ်က လင်းယွန်ထံ ငေးကြည့်ပြီး ရင်တဒိတ်ဒိတ် ခုန်လာတော့သည်။ ယနေ့မှစပြီး သူမ၏ မင်းသားလေးသည် ပန်းသင်္ချိုင်း ဖြစ်လာချေပြီ ဖြစ်၏။

ချီလင်နတ်သားသည် မင်းသားကို ဒုက္ခပေးလိုသော လူယုတ်မာ တစ်ယောက် မျှသာ ပေပင်။

လင်းယွန်က ကုန်းရုန်း ထရပ်နေသော ချီလင်နတ်သားကို ကြည့်ကာ၊

“ အရှုံးဆိုတာ ဘာလဲ သိအောင် မင်းကိုငါသင်ပေးမယ်လို့ ... ပြောခဲ့တယ် မဟုတ်လား ... ။ ”

-ဟု ပြောကြားလိုက်သည်။

ချီလင်နတ်သားခမျာ မျက်နှာ ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး တောင့်တင်း လာ၏။ သို့သော် အံကြိတ်လျက်၊

“ ငါ ရှုံးသွားပြီ ... ဒါပေမယ့် ချီလင်ဓားတန်ခိုးရှင် လက်အောက်မှာ ငါမင်းကို အနိုင်ပြန်ယူဖို့ တစ်နှစ်ပဲ အချိန်ယူပြမယ်။ ”

-ဟု ကြွေးကြော်လိုက်သည်။

“ ဟား ဟား ဟား ... ။ ”

လင်းယွန်က ရယ်မောတော့၏။

“ မင်း ဘာရယ်နေတာလဲ။ ”

“ ဟား ဟား ဟား ... သဘောကျလို့ပါ ... မင်းတစ်ကိုယ်လုံးမှာ အသုံးဝင်တဲ့ အရာဆိုလို့ မင်းပါးစပ်ပဲ ရှိပုံရတယ်။ ”

***

All Chapters