ဘယ်သူမှ မဝံ့တော့တဲ့အထိ ငါစိန်ခေါ်မယ်။
Vol. 172 Ch. 2399
လင်းယွန် စကားကြောင့် အမျိုးသား ပြိုင်ပွဲဝင်များထံမှ ရယ်မောသံများ ထွက်ပေါ် လာလေသည်။
“ ဟား ဟား ဟား ... ဒီကောင်က အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်။ ”
ကောင်းကင် တံခါး၏ ယဲ့ဝူရှန်က မှတ်ချက်ပေး၏။ လင်းယွန်ကို လောထျန်းရှီမှ ပြိုင်ဘက်ကင်း ဓားသမား အဖြစ် ရည်ညွှန်းစဉ် သဘောထား ကွဲလွဲမှု ရှိခဲ့သည်။
သို့သော် ခွန်အားကို မြင်ပြီးနောက် စိတ်ပြောင်းသွား၏။ ထို့ကြောင့် လင်းယွန် ပြောစကားကို ကြားချိန်၌ ရွှင်းမြူးလာ တော့သည်။
“ အဲဒါ ... ဘာကို ဆိုလိုတာလဲ ... ။ ”
ရှချင်းယွင်က ထိုဟာသကို နားမလည်သောကြောင့် ပြန်မေးလိုက်၏။
“ ဘာမှ မဟုတ်ပါဘူး ... မသိချင်နဲ့ ။ ”
ယဲ့ဝူရှန်တစ်ယောက် ပါးစပ် အမြန်ပိတ်လိုက်ရသည်။ ရှန်းထျန်းနန်က စားပွဲခုံကို ရိုက်ကာ၊
“ ဖြန်း ... ။ ”
“ ဟား ဟား ဟား ... ဒီကောင်က တကယ်ရက်စက်တဲ့ လူပဲ ... ဒါပေမယ့် ငါ ကြိုက်တယ်။ ”
-ဟု အော်ဟစ်လိုက်၏။
လူအုပ်ကြီးထံမှ ရယ်မောသံများကြောင့် ချီလင်နတ်သားခမျာ မျက်နှာ ပျက်ယွင်းသွား တော့သည်။
“ မင်းငါ့ကို ဘယ်လို အရှက်ခွဲရဲလဲ။ ”
“ ဟမ့် ... ငါပြောတာ ဘာမှားလို့လဲ ... အဋ္ဌမအဆင့် သူတော်စင် သခင်ကို အမည်ခံ သူတော်စင် ဘုရင်က ရှုံးပြီးတာတောင် ... ဘာလို့ လက်မခံချင်ရတာလဲ ...
... ဒါဆို ငါမင်းကို အရှက်ခွဲရင် ... ဘာဖြစ်မလဲ ... ချီလင်ဓား တန်ခိုးရှင် ဆီကနေ သင်ယူပြီး ငါ့ကို အနိုင်ယူမယ် မဟုတ်လား ... ငါ့ထာဝရတာအိုက ဘယ်လောက် အထိ သန်မာတယ်ဆိုတာ မင်းသိရဲ့လား။ ”
“ ဟမ့် … ငါက နတ်ဘုရားရဲ့ သားပဲ မင်းဘယ်လို သတ္တိ ... ။ ”
“ ဖြောင်း ... ။ ”
သို့သော် သူ့စကားမဆုံးခင်မှာပင် လင်းယွန်က ချီလင်နတ်သားကို ပါးရိုက်ချလိုက် တော့သည်။
“ မင်း သွားသေလိုက်တော့ ... ။ ”
ထို့နောက် လင်းယွန်က လျစ်လျူရှု လိုက်၏။
“ ဒီကောင်က မာနကြီးတယ်။ ”
ဖန်ပုမြောင်က သက်ပြင်းချလိုက်သည်။ ခွန်လွန် နယ်ပယ်မှ တစ်စုံ တစ်ယောက်သည် ဤမျှ အားကောင်းနေသည်ကို ယုံနိုင်စရာ မရှိချေ။
နောက်ဆုံးတွင် ဤသည်မှာ ချီလင် နတ်သားတော် ဖြစ်သည်။ အရှက် ရစေသော နည်းလမ်းဖြင့် ရှုံးနိမ့်သွားသဖြင့် ဘိုးဘေး နတ်ဘုရား တပည့် ဖြစ်ရန် ရာခိုင်နှုန်း နည်းသွားချေပြီ။
“ လူငယ်တွေ မာနကြီးတာ ကောင်းပါတယ်။ ”
လောထျန်းရှီက ပြုံးပြီး ကြည်နူးမှု အပြည့်နှင့် လင်းယွန်ထံ ကြည့်၏။ လင်းယွန်က တော်ဝင် ကောင်းကင် သခင်ထံ လှည်ကြည့် လိုက်ကာ၊
“ ဆက်ပြီး ... စိန်ခေါ်လို့ ရမလား။ ”
-ဟု မေးမြန်းလိုက်သည်။
“ ရတယ် ... ဒါပေမယ့် အဲဒါကို သေချာစဉ်းစားပါ ... တစ်စုံတစ်ယောက်နဲ့ မတိုက်ခင် အနားယူနိုင်တယ်။ ”
“ မလိုတော့ပါဘူး ... လူတော်တော် များများက ငါ့ခွန်အားကို သံသယ ဖြစ်နေတာ မဟုတ်လား ဒါကြောင့် သူတို့ကို လက်ခံလာတဲ့ အထိ တစ်ယောက်ပြီး တစ်ယောက် ခေါ်ထုတ်မယ်။ ”
ထို့နောက် လင်းယွန်က ကျန်ပြိုင်ပွဲဝင်များထံ လှည့်ကြည့်ကာ၊
“ ကျိကျန်းကောင် ... မင်းငါ့ကို တိုက်ရဲလား။ ”
-ဟု မေးမြန်းလိုက်သည်။
ထိုလူသည် ချီလင် နတ်သားတော်၏ သူငယ်ချင်းဖြစ်ပြီး ညစာစားပွဲ၌ သူ့ကို အရှက်ရ စေရန် ကြိုးပမ်းခဲ့ဖူးသည်။
ဆဋ္ဌမမြောက် စမ်းသပ်ကွင်း၏ ချန်ပီယံဖြစ်ပြီး ဓားသမားတစ်ယောက်လည်း ဖြစ်ချေ၏။
ချီလင် နတ်သားတော်ကို အနိုင်ယူပြီး ချန်ပီယံနောက် တစ်ဦးအပေါ် စိန်ခေါ်ခြင်းသည် လူတိုင်းကို အံ့အားသင့်သွား စေခဲ့သည်။
ကျိကျန်းကောင်သ်ညလည်း ချွင်းချက် မရှိချေ။ ချီလင် နတ်သားတော်မှ လင်းယွန်၏ ခွန်အားကို တွန်းထုတ်နိုင်ခဲ့သည်မှာ သူ့အတွက် ကံကောင်းချေ၏။
“ ဝှစ် ... ။ ”
မဟုတ်သော် ပေါ့ဆမှုကြောင့် ရှုံးနိမ့်သွားနိုင်မည်။ ထို့နောက် စင်မြင့်ပေါ်သို့ ခုန်လွှား ဆင်းသက်လိုက်၏။
သူ ဆင်းသက်လိုက်သော အခါတွင် နှလုံးသားက မီးဖိုကြီးတစ်ခုလို တောက်လောင် လာသည်။
“ ငါ ... ဒီနေ့အထိ ... သူတော်စင် ဓားတစ်သောင်းလောက် ကိုက်စားဖူးတယ်၊ အဲဒီထဲမှာ အုပ်စိုးရှင် သူတော်စင်ဓားတွေ အများကြီးပါတယ် ...
... ချီလင် နတ်သားက မာကျောလား မကျောလား ငါ ... မသိပေမယ့် ငါ့တစ်ကိုယ်လုံး ကတော့ မာကျောတယ်။ ”
ကျိကျန်းကောင်က စကားပြောလျက် မီးတောက် ယင်-ယန် ပန်းချီကား နယ်နိမိတ်ထဲ ဝင်ရောက်လာသည်။
ဆယ်ကြိမ်အတွင်း လင်းယွန်ကို အနိုင်ယူရမည် ဖြစ်၏။ မဟုတ်သော် လင်းယွန် ဓားရောင်ဝါကြောင့် သူ ရှုံးနိမ့်မည် ဖြစ်သည်။
“ ခရစ် ... ။ ”
နောက်တစ်လှမ်း လှမ်းလိုက်ရာ မီးတောက် ယင်ယန် ပန်းချီကားပေါ်တွင် အက်ကြောင်းများ ပေါ်လာတော့၏။
သူက ဓားတစ်လက်ကို ထုတ်လျက်၊
“ မင်းရဲ့ ယင်-ယန်တာအိုက အားနည်းနေသေးတယ်။ ”
-ဟု ဆိုကာ လှမ်းထိုးလိုက်သည်။
ဓားသွားရာ လမ်း၌ အာကာပြင် တစ်ခုလုံး ရေခဲကဲ့သို့ ခဲသွား၏။ ဓားရေးတွင် အားသာချက် မရှိသည်ကို သူ သိသည်။ ထို့ကြောင့် လူရိုင်း ကဲ့သို့ ပြုမူလိုက်ခြင်း ဖြစ်၏။
လင်းယွန်က အသက်ပြင်းပြင်း ရှူပြီး ပန်းသင်္ချိုင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ထိုဓားထံ ထိပ်တိုက် တွေ့ပေးလိုက်သည်။
“ ထန် ... ထန် ... ။ ”
ဓားနှစ်လက် ထိပ်တိုက်တွေ့ချိန်၌ လင်းယွန်တစ်ယောက် ဓားလွတ်ကျလု နီးပါး ဖြစ်သွားသည်။ ထို့နောက် ယင်ယန် တာအိုကို လျင်မြန်စွာ လှည့်လိုက်ပြီး ကျိကျန်းကောင်၏ နဖူးထံ ပြန်၍ လှမ်းထိုးလိုက်၏။
သို့သော် သတ္ထုသံနှင့်အတူ သွေးထွက်မလာခဲ့ဘဲ မီးပွားများသာ ပျံထွက် လာတော့သည်။
“ ဟား ဟား ဟား ငါ့တစ်ကိုယ်လုံး မာကျောတယ်လို့ ပြောထားတယ် မဟုတ်လား။ ”
ကျိကျန်းကောင်က ရယ်မောလျက် လှည့်စားခြင်းမရှိဘဲ သူ့ဓားကို လွှဲလိုက်သည်။ ဓားရောင်ခြည် တစ်စင်း လွင့်ထွက်လာသော အခါတွင် မီးတောက် ယင်ယန် ပန်းချီမှာ ဖြတ်တောက် ခံရလုနီးပါး ဖြစ်သွား၏။
ဤမျှ နီးကပ်သော အကွာအဝေးဖြင့် လှုပ်ရှားမှု ငါးကြိမ်ခန့် ဖလှယ်လိုက်ကြသည်။ လှုပ်ရှားမှုတိုင်းသည် တောင်တန်းများကိုပင် ခွဲထုတ်နိုင်၏။
“ ကျိကျန်းကောင်က ဉာဏ်ကောင်းတယ် ... ဓားရေး ကျွမ်းကျင်မှုမှာ ... မယှဉ်နိုင်တဲ့ အတွက် ရက်စက် ကြမ်းကြုတ်တဲ့ နည်းလမ်းကို ရွေးချယ်ထားတယ်။ ”
“ ဒါက မလွယ်ဘူး ... ဒါပေမယ့် ကျိကျန်းကောင်က ယင်ယန် ပန်းချီကားကို ခွဲထုတ်နိုင်တော့မယ် ထင်တယ်။ ”
ကျိကျန်းကောင် တစ်ယောက် တိုက်ပွဲ၌ အသာစီးရနေသောကြောင့် စိတ်လှုပ်ရှား သူများ ရှိလာကြသည်။
“ ခရစ် ... ။ ”
ကိုးကြိမ် ဖလှယ်ပြီး ယင်-ယန် ပန်းချီကား ကွဲထွက်သွား၏။
“ မင်းမှာ ... နောက်ထပ် ဝှက်ဖဲတွေ ရှိသေးလား ငါကြည့်မယ်။ ”
လင်းယွန်ကို အဝေးသို့ ပျံသန်းစေရန် ဓားတစ်ချက်သာ လိုသည်ဟု ကျိကျန်းကောင် ယုံကြည်လာသည်။
ထိုအချိန်တွင် လင်းယွန်က နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းနှင့် တော်ဝင် ဓားကျမ်းကို ဖြန့်ကျက်လိုက်သည်။
နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကြီး ခရမ်းရောင် နန်းတော်ထဲ ပျံဝဲလာကာ ကြယ်ဓား နှစ်လက်နှင့် ပေါင်းစပ်တော့၏။
ခန္ဓာကိုယ်မှ အကန့်အသတ်မဲ့ ဓားရောင်ခြည်များ ပြန်လည် တောက်ပလာ ခဲ့သည်။
တစ်ပတ် မျှသာ နားလည်ထားသော ယင်ယန် ဓားကို စွန့်လွှတ်လိုက်ပြီး ပိုးစုန်းကြူး နတ်ဓား ပြောင်းလဲလိုက်၏။
ဓား၏ စွမ်းအားက ဆက်လက် တိုးလာနေသည်။ ကမ္ဘာဖျက် ဆေးအိုးကြီးထဲမှ အဖျက်စွမ်းအားသည် သူ့ကိုပင် ထိတ်လန့် လာစေသည်။
ရွေးချယ်စရာ ရှိသော် မသုံးလိုချေ။ ဓားရောင်ဝါက မြစ်တစ်စင်း ကဲ့သို့ မြင့်တက် လာပြီး မျက်လုံးများက သွေးကို မြင်ချင်လာ၏။
“ ဝှစ် ... ။ ”
သည့်နောက် လင်းယွန်ပေါင်းများစွာ ကွဲထွက်လာပြီး ပုံရိပ်တိုင်းက ဓားတစ်ချက်စီ ဆွဲချလိုက်သည်။
စက်ဝိုင်းများ ထပ်လာကာ ဓားရောင်ဝါ မြင့်တက်လျက် အဆုံးတွင် ဓားတစ်လက်တည်း အဖြစ် ပေါင်းစည်းသွား၏။
ဖြစ်စဉ်များနှင့်အတူ ဓားပန်းတစ်သောင်း ပွင့်လာပြီး ကျိကျန်းကောင်ထံ ထိမှန်ကာ လွင့်ပျံ သွားစေသည်။
“ ဘုတ် ... ။ ”
ဒဏ်ရာများ ဖုံးလွှမ်းလျက် မြေပြင်ပေါ် ပြုတ်ကျလာစဉ် လင်းယွန်က လိုက်ပါလာပြီး ရင်ဘတ်ထဲဓားဖြင့် လှမ်းထိုးလိုက်၏။
“ ဝှစ် ... ။ ”
နှလုံးသားထဲတွင် မီးလျှံများ လောင်ကျွမ်းလျက် ကျိကျန်းကောင် ခမျာ မျက်နှာ ဖြူဖျော့သွားခဲ့သည်။
“ မင်း တစ်ကိုယ်လုံး မာကျောလား ... ကောင်းပြီ ... ငါမင်းကို ဓားနဲ့ထိုးဖို့ အချိန်ခဏ ယူလိုက်မယ်။ ”
“ ငါ ရှုံးတယ်။ ”
နှလုံးသားဖြင့် အနည်းငယ်မျှသာ ကွာဝေးတော့သည့် အေးစက်မှုကို ခံစားမိကာ အံကြိတ်လျက် ဝန်ခံလိုက်ရသည်။
ဤအရာက လောထျန်းရှီ အပါအဝင် ဘိုးဘေး နတ်ဘုရား၏ တပည့်များကို အသက် ပြင်းပြင်း ရှူမိစေ၏။
တစ်ဖက်လူ ပြသသော ခွန်အားသည် ဘိုးဘေးနတ်ဘုရား တပည့်ဖြစ်ရန် လုံလောက် သည်ထက် ပိုနေခဲ့သည်။
လင်းယွန်က ရပ်တန့်လိုခြင်း မရှိသေးဘဲ ပထမ စမ်းသပ်ကွင်း၏ ချန်ပီယံ တုကုကြွယ်ကို လှည့်ကြည့်လိုက်တော့သည်။
***