သရေပွဲ ... ။
Vol. 172 Ch. 2400
“ တုကုကြွယ် မင်းဝံ့သလား ... ။ ”
တိုက်ပွဲ သုံးပွဲပြီးသည့်တိုင် ရပ်တန့်ရန် ရည်ရွယ်ချက်မရှိဘဲ တုကုကြွယ်ကို လင်းယွန်က ရွေးချယ်ခဲ့သည်။
သူ့တွင် အခြားသူများ မြင်သကဲ့သို့ စမ်းသပ်ကွင်း (၈)ခု၏ ချန်ပီယံ ရှစ်ဦးစလုံးကို တိုက်ခိုက်ရန် ရည်ရွယ်ချက်မျိုး မရှိခဲ့ချေ။
ဤလူသည် သန်မာသောကြောင့် ရွေးချယ်ခြင်း ဖြစ်သည်။ ၎င်းအပေါ် အနိုင်ယူ နိုင်သော် မည်သူမျှ သူနှင့် ပြိုင်ရဲတော့မည် မဟုတ်ချေ။
ထို့အပြင် လင်းကျန်းရှန့်နှင့် ယွဲ့ဝေဝေ အတွက်လည်း ပြိုင်ဘက်များကို ရှင်းထုတ်ပြီး ဖြစ်ပေမည်။ ကျိကျစ်ရှီကဲ့သို့သော ဖြစ်စဉ်မျိုး မလိုလားမိချေ။
လင်းယွန်သည် သူ့ကို လျော့တွက် နေသည်ကို သိသဖြင့် တုကုကြွယ်က မျက်နှာ ပျက်ယွင်းသွားသည်။
သုံးကြိမ် တိုက်ပြီးချိန်၌ လူတိုင်း ပင်ပန်းနွမ်းနယ်နေမည်မှာ သဘာဝ ပေပင်။ ထိုအခြေအနေဖြင့် သူ့ကိုစိန်ခေါ်ခြင်းသည် စော်ကားရာ ကျပေ၏။
“ ဝှစ် ... ။ ”
စကားမပြောတော့ဘဲ စင်မြင့်ပေါ် ပျံသန်းကာ နက္ခတ်ကို ချက်ချင်း ခေါ်မိသည်။ ဤသည်မှာ ချီလင် သစ်ပင်ထက် မနိမ့်ကျသော သစ်ပင်တစ်ပင် ဖြစ်သည်။
လင်းယွန် အတွက် ရင်းနှီးနေသော နတ်ဖီးနစ်သစ်ပင် ပေပင်။ နတ်ဖီးနစ်သစ်ပင်မှ ပြင်းထန်သော အရှိန်အဝါများ ကောင်းကင်သို့ ပျံတက်လာ၏။ လက်တွေ့ဆန်သော ဖီးနစ် တစ်ကောင် ပေါ်လာသည်။
“ ကျီး ... ။ ”
ဖီးနစ်က သစ်ပင်ပေါ် ဆင်းသက်လာချိန်၌ အော်မြည်သံပြု၏။ တစ်ချိန်တည်းမှာပင် မဟာ တာအိုကို သစ်ပင်ဖြင့် ပေါင်းစပ်လိုက်သည်။
ဤနတ်ဖီးနစ် သစ်ပင်သည် အုပ်စိုးရှင် နက္ခတ် တစ်ပါး ဖြစ်၏။ ထိုအရာ တစ်ခုတည်း ကပင် လင်းယွန်အပေါ် လုံလောက်သော ဖိအားများ ဖြစ်စေသည်။
“ စမယ် ... ။ ”
“ ဝှီး ... ။ ”
တော်ဝင် ကောင်းကင် သခင်က ကြေငြာလိုက်သည်နှင့် နတ်ဖီးနစ် သစ်ပင်မှ အကိုင်း အခက်များ ဆန့်ထွက်လာပြီး လင်းယွန်ကို လှမ်းရိုက်တော့၏။
သစ်ကိုင်းများ၌ နတ်ဖီးနစ် မီးလျှံများ တောက်လောင်နေသဖြင့် ထိမှန်သော် မီးစွဲ ပေမည်။ ဖီးနစ်မီးသည် ဖြေရှင်းရ ခက်ချေ၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ထို့ကြောင့် လင်းယွန်ခမျာ ဆုတ်ခွာလျက် ခွန်ပန်အပြင် နတ်မိစ္ဆာ ဖီးနစ်ကို ဆင့်ခေါ်လိုက် ရလေသည်။
“ နက္ခတ် နှစ်လုံးလား ... ။ ”
“ လင်းယွန်မှာ ... ဝှက်ဖဲတွေ အများကြီးရှိတာပဲ နက္ခတ်နှစ်လုံးက အုပ်စိုးရှင် နက္ခတ်တွေထက် အားမနည်းဘူး။ ”
ဤသည်မှာ ကမ္ဘာဦး ဖျက်ဆီးခြင်း သားရဲများ ဖြစ်သောကြောင့် လူတိုင်း အံ့ဩ ကုန်သည်။ သို့သော် ထိုသားရဲ နှစ်ကောင်သည် ကောင်းကင်သင်္ချိုင်း၏ တစိတ်တပိုင်းမျှသာ ဖြစ်မှန်းသိပါက သာ၍ ထိတ်လန့်သွားနိုင်၏။
“ ထန် ... ထန် ... ။ ”
လင်းယွန်က ယင်ယန် ပန်းချီကား ပြန်ခေါ်ကာ ဓားဖြင့် သစ်ကိုင်းများကို ခုခံလိုက် ရသည်။
“ ထန် ... ထန် ... ။ ”
ဓားရောင်ခြည်များနှင့် သစ်ပင် အကိုင်းအခက်များ တိုက်မိသောအခါ သတ္တုသံ ထွက်လာသည်။
အမည်ခံ သူတော်စင် ဘုရင် တစ်ပါးကို အနိုင်ယူရန် ဓားတာအိုကို အားကိုး၍ မရမှန်း လင်းယွန် သိရှိလာ၏။
ဓားတာအိုသည် အုပ်စိုးရှင် ဖြစ်သော်မှ အားနည်းနေဆဲ ဖြစ်သည်၊။ နတ်နဂါး ဘုရင်၏ ရုပ်ခန္ဓာသာ မပိုင်ဆိုင်သော် ၎င်းတို့နှင့် တိုက်ရန် အရည်အချင်းပင် ပြည့်မီမည် မဟုတ်ချေ။
တုကုကြွယ်က နက္ခတ်ထဲ သူတော်စင် စွမ်းအင်များ သွန်းလောင်းပစ်ရာ သစ်ကိုင်းများ တိုးပွားလာပြီး လင်းယွန် ရွေ့လျားနိုင်သည့် နေရာကို ဖြည်းဖြည်းချင်း ကန့်သတ်လာ တော့သည်။
“ ..... ။ ”
လင်းယွန်က ဂရုမစိုက်ချေ။ ဓားရောင်ဝါများသည် ရေတံခွန်အလား အကိုင်းအခက်များကို ပြန်၍ ခုခံနေခဲ့သည်။
( ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ဓားရည်ရွယ်ချက်လဲ။ )
တုကုကြွယ်က ဓားရောင်ခြည်များကို ဟန့်တားနေရာမှ စိတ်ထဲ တုန်လှုပ်သွားသည်။ သူ၏ အုပ်စိုးရှင် နက္ခတ်နှင့် သူတော်စင် စွမ်းအင်သည် အဆုံးမရှိချေ။
သို့သော် လင်းယွန်ဓားကို ခံယူပြီးနောက် သက်ရောက်မှု ရှိလာခဲ့သည်။ အချိန်ကြာသည် နှင့်အမျှ ဖီးနစ်သစ်ပင်အတွင်းမှ မထွက်ရဲ တော့ချေ။
ထို့ကြောင့် တိုက်ပွဲသည် ငြီးငွေ့ဖွယ် အသွင်အပြင် ဖြစ်လာသည်။ တစ်ဖက်တွင် လင်းယွန်က သစ်ကိုင်းများနှင့် မီးတောက်ကို ရှောင်ရှားကာ ခုခံနေခဲ့သည်။
ရံဖန်ရံခါတွင် သူ့ဓားကို လွှဲကာ ပြန်၍ တိုက်ခိုက်၏။ ထို့ကြောင့် ဓားရည်ရွယ်ချက်များ တဖြည်းဖြည်း အားကောင်းလာသည်ကို မြင်နေရသည်။
အဆုံးတွင် တစ်ဖက်လူသည် ဓားကို ဖြတ်ကျော်ရန် အုပ်စိုးရှင် နက္ခတ်အပေါ် အသုံးချ နေကြောင်း ကျိကျန်းကောင်မှ သိလာ၏။
ဤသည်မှာ အမှန်ပင်။ သို့သော် တုကုကြွယ်သည် လိပ်ကဲ့သို့ ဖီးနစ်သစ်ပင်ဖြင့် ပေါင်းစပ်ကာ ထွက်မလာခဲ့သောကြောင့် လင်းယွန်က စိတ်ပျက်လာသည်။
ဆိုလိုသည်မှာ ချီလင်နတ်သားမှ မည်သို့မည်ပုံ ရှုံးနိမ့်သွားသည်ကို မြင်ပြီးနောက် သူနှင့် တိုက်ရန် ဆန္ဒမရှိတော့ဘဲ သရေပွဲအဖြစ် ရယူရန်သာ ဆန္ဒ ရှိနေပုံရသည်။
တုကုကြွယ် မျက်နှာက မည်းမှောင် လာသည်။ သတိထားလွန်းသဖြင့် ပြိုင်ဘက်မှ ဓားသွေးကျောက် ကဲ့သို့ သူ့အပေါ် ဆက်ဆံ နေချေ၏။
“ ကျီး ... ။ ”
ထို့ကြောင့် ဖီးနစ်မှန်း သိအောင် ပြသရပေမည်။ ကောင်းကင်ပေါ် ပျံတက်ကာ လင်းယွန်ရှေ့တွင် ရွေ့လျားလိုက်၏။
“ ဟိတ် ... ။ ”
လက်ဖဝါးကို တွန်းထုတ်လိုက်သော အခါတွင် နတ်ဖီးနစ်တစ်ကောင် ပေါ်လာပြီး အတောင်ပံ ဖြန့်တော့၏။
“ ကောင်းလိုက်တာ ... ။ ”
လင်းယွန်က ပြုံးလျက် ထိုလက်ဖဝါးကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ တုကုကြွယ်ခမျာ မျက်နှာပြောင်းလဲလာပြီး သူ့ဆုံးဖြတ်ချက်ကို ချက်ချင်း နောင်တရလာ၏။
ရွေးချယ်စရာ မရှိတော့သဖြင့် ဝှက်ဖဲများ ထုတ်ကာ တိုက်ခိုက် လိုက်ရသည်။ လက်ဝါးက ရံဖန်ရံခါ ငှက်လက်သည်းများ အဖြစ်သို့ ပြောင်းလဲသွား၏။
“ ထန် ... ထန် ... ။ ”
ကောင်းကင်တခွင် ကြောက်မက်ဖွယ် မီးတောက်များ ဖုံးလွှမ်းလာသည်။ လင်းယွန်က ပိုးစုန်းကြူး နတ်ဓားကို သုံးနေခြင်း ပေပင်။
ထိုစဉ် ဓားပင်လယ်၌ စုစည်းနေသော ဓားရောင်ဝါသည် လွတ်မြောက်ချင် သကဲ့သို့ တုန်ခါလာ၏။
ဤသည်မှာ တောက်ပသော ရောင်ခြည်တော်ဓား ရည်ရွယ်ချက်ကို အပြည့် အဝ ဖန်တီးနေခြင်း ပေပင်။
အလွန်ကြောက်စရာ ကောင်းပြီး ၎င်းကို လုံးလုံးလျားလျား မထိန်းနိုင်သော် သူ့ကိုယ်သူ မီးလောင်တိုက်သွင်းမိ နိုင်၏။
“ ကောင်းလိုက်တာ ... ။ ”
ကံကောင်း ထောက်မစွာဖြင့် နတ်ဖီးနစ် မီးတောက်သည် သူ့ဓားပင်လယ်ကို ဖိနှိမ်ထား နိုင်သည်။
ထို့ကြောင့် သတ္ထုကို မီးပြင်းပေးကာ ပုံသွင်းနေသကဲ့သို့ ဓားရည်ရွယ်ချက် အတွက် အကျိုးရှိလာတော့၏။
“ လူယုတ်မာ ... ။ ”
တုကုကြွယ် တစ်ယောက် အသိစိတ် ဝင်လာသောအခါ နှုတ်ခမ်းများ တုန်ယင်လျက် နာကျင်သွားသည်။
သူ့သည် ဓားသွေးကျောက်မှသည် ဓားမီးဖိုအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်ချေပြီ။ ကျိန်ဆဲလျက် နောက်ဆုတ်ရန် ပြင်မိ၏။
“ ဟား ဟား ဟား ... မင်းမှာ ထွက်သွားခွင့်မရှိဘူး။ ”
လင်းယွန်က ရယ်သည်။ အုပ်စိုးရှင် နက္ခတ်များအနက် ဖီးနစ် သစ်ပင်နှင့် နတ်ဖီးနစ် မီးတောက်သည် သူ့ဓားကို သန့်စင်ရန် အသင့်လျော်ဆုံး ဖြစ်နေ၏။
ယနေ့ ကနဦး ကျွမ်းကျင်မှုကို မရမခြင်း ၎င်းကို လွှတ်ပေးဦးမည် မဟုတ်ချေ။ ထို့နောက် ယင်-ယန် ပန်းချီကားကို လည်ပတ်စေလိုက်ပြီး တုကုကြွယ်အပေါ် ဆွဲငင်ထားမိသည်။
“ မင်း ... ။ ”
ယင်းကြောင့် တုကုကြွယ် တစ်ယောက် ဒေါသထွက်ပြီး မျက်ရည်များပင် ကျချင်လာခဲ့ သည်။ ဓားရောင်ဝါသည် အားကောင်းလွန်း သဖြင့် သတိထားကာ ချေဖြတ် နေရ၏။
အများအမြင်တွင် ထာဝရတာအိုနှင့် အုပ်စိုးရှင် နက္ခတ်ဖြစ်နေသောကြောင့် ကြည့်ရ ကောင်းနေခဲ့သည်။
တုကုကြွယ် တစ်ယောက်တည်းသာ ခါးသီးသောကမ္ဘာကြီး ဖြစ်နေ၏။ လှုပ်ရှားမှု တစ်ထောင်ခန့် ဖလှယ်ပြီးနောက် ဓားရောင်ဝါ အပေါ် လုံးလုံး မထိန်းချုပ် နိုင်တော့ချေ။
“ ဘုန်း ... ။ ”
သစ်ပင်၏ အကိုင်းအခက်များ အားလုံး ပြတ်တောက်ကုန်ကာ တုကုကြွယ် ရင်ဘတ်ပေါ် ဓားအလင်း ကျရောက်လာသဖြင့် လွင့်စဉ်သွား ရသည်။
ဒူးတစ်ဖက် ထောက်လျက် မျက်နှာပြင် ဖြူဖျော့သွားကာ ပါးစပ်ထဲမှ သွေးများ စီးကျ လာတော့၏။
“ တိုက်ပွဲအတွက် ကျေးဇူးတင်ပါတယ် ... ပထမ စမ်းသပ်ကွင်း ချန်ပီယံက မျှော်လင့်ထား သလိုပဲ ... ဒါကြောင့် ငါတို့ကြားမှာ သရေပွဲလို့ သတ်မှတ်ရအောင် ဟား ဟား ဟား ။ ”
လင်းယွန်က သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ဦးညွှတ်ပြီး အရူးတစ်ယောက်လို ရယ်မောလျက် ချက်ချင်း ခုန်ဆင်း သွားတော့သည်။
တိုက်ပွဲများ ဆက်တိုက် ဖြစ်ခဲ့သဖြင့် လင်းယွန်တစ်ယောက် အနားယူချင်နေသည်ဟု ထင်မှားမိကြ၏။
အမှန်တွင် ဓားရည်ရွယ်ချက်ကို စုစည်းရန် လင်းယွန်က မျက်လုံးမှိတ် ချလိုက်ခြင်း ပေပင်။ ချက်ချင်း ဓားပင်လယ်၌ နစ်မြုပ်သွား၏။
တုကုကြွယ်သည်သာ ပျက်ယွင်းသော မျက်နှာဖြင့် ထရပ်လာသည်။ ဖြစ်စဉ်အပေါ် ကောင်းကောင်း နားမလည်သော်မှ တစ်ဖက် လူသည် အကျိုး ရှိသွားမှန်း ပြောနိုင်၏။
တော်ဝင် ကောင်းကင် သခင်မှ အံ့အားသင့်သွားပြီး၊
“ တုကုကြွယ် ... ဒီရလာဒ်ကို မင်း လက်ခံလား။ ”
-ဟု မေးလိုက်လေသည်။
“ အရူးလား ... ။ ”
“ မင်း ... ဘာပြောလိုက်တယ် ... ။ ”
“ မဟုတ်ပါဘူး ... ပန်းသင်္ချိုင်းက သရေပွဲဆိုမှတော့ ... ပြောစရာ မရှိတော့ပါဘူး ... ဒါက သရေပွဲပဲ။ ”
တုကုကြွယ်က ချက်ချင်း ခုန်ဆင်း သွားသည်။ ကောင်းကင် သူတော်စင် ခြံဝင်းမှ လူများအတွက် စဉ်စားစရာများ ကျန်ရစ်ခဲ့၏။ သူတို့တွင် ကွဲပြားသော အမြင်များ ရှိချေပြီ။
***