← Chapters

မပျော်ရင် ငါတို့ကို သတ်နိုင်တယ်။

Vol. 172 Ch. 2402

မပျော်ရင် ငါတို့ကို သတ်နိုင်တယ်။

Vol. 172 Ch. 2402

လူတိုင်း အနည်းငယ် အံ့အားသင့် သွားတော့သည်။ ကျိကျစ်ရှီသည် ကောင်းကင် ဖီးနစ်သမီးတော် ဖြစ်ပြီး မည်သူမဆို သူမ၏ အရည်အချင်းကို မြင်နိုင်၏။

ကြံ့ခိုင်မှုအရ ဤနေရာ ရှိလူများစွာထက် အားနည်းနေသော်လည်း အလားအလာတွင် အားလုံးထက် မြင့်မားသည်။

လင်းယွန်က ရွှင်မြူးသွားခဲ့သည်။ မဟုတ်သော် ဘိုးဘေး နတ်ဘုရားထံ သူမကို လက်ခံရန် တောင်းဆိုရပေမည်။

“ ဆန္ဒရှိပါတယ် ... ။ ”

ကျိကျစ်ရှီက မျက်ရည် ကျလုမတတ် ပြုံးရယ်လိုက်မိသည်။ စင်မြင့်ပေါ်ရှိ လူတိုင်း အတွက် လက်ခံနိုင်၏။ သို့သော်။

“ ဘာကြီးလဲ ... ဒီကောင်မလေးက ငါနဲ့ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ ... ငါ သူ့ကို လက်တစ်ချောင်းတည်းနဲ့ ... အလွယ်တကူ နှိပ်စက်နိုင်တယ်။ ”

ချီလင်နတ်သားတော်က ဒေါသတကြီး ကန့်ကွက်လိုက်သည်။

“ ဒါဆို ... မင်းငါနဲ့ ဘာလို့ မတိုက်ကြည့်တာလဲ ... ငါ့ဓားကို မသုံးဘဲ လက်တစ်ဖက်တည်းနဲ့ တိုက်ခိုက်မယ်။ ”

လင်းယွန်က လှမ်းထွက်ကာ စိန်ခေါ် လိုက်သည်။ ယွဲ့ဝေဝေနှင့် လင်းကျန်းရှန့်က သူ့တစ်ဖက် တစ်ချက်စီတွင် ဝင်ရပ်၏။

ဤအရာက လူအုပ်ကို တိတ်ဆိတ် သွားစေသည်။

“ ကြည့်စမ်း လင်းယွန် အဖွဲ့က ထိပ်ဆုံးလေးနေရာကို ရထားတာပဲ ငါခုမှ သတိထားမိတယ်။ ”

“ ကောင်းကင်ဘုံ ဖီးနစ် သမီးတော်၊ ကောင်းကင် ရနံ့ သင်းသင်း နတ်သမီးလေး၊ ဒြပ်စင်ငါးပါး ဓားသမား ... သူတို့အားလုံးက တကယ် သန်မာကြပါပေတယ်။”

“ ရိုးရိုးသားသား ပြောရရင် ... လင်းကျန်းရှန့်ရဲ့ အလားအလာတောင် ချီလင် နတ်သားထက် သာလွန်တယ်လို့ ခံစားရတယ်။ ”

“ သူ့မျက်နှာ ဘယ်က ရလာတာလဲ ... ဘိုးဘေးနတ်ဘုရားက တခြားတပည့်တွေကို ရွေးရင်တောင်မှ သူ့အတွက် ပြောစရာ စကားမရှိပါဘူး။ ”

“ ကောင်းကင် တံဆိပ် ဧကရာဇ်က ... သူ့ကို အဆင့်(၁၀) ဘာကြောင့် သတ်မှတ် လိုက်ရလဲ ဆိုတာကို သူ စဉ်းစားသင့်တယ်။ ”

“ လင်းယွန်က လက်တစ်ဖက်တည်းနဲ့ တိုက်မယ် ဆိုရင်တောင် ... သူ မတိုက်ဝံ့ဘူးလို့ ငါပြောရဲတယ်။ ”

ရုတ်တရက် လူထုရန်သူ ဖြစ်လာသဖြင့် ချီလင်နတ်သားခမျာ သဘာဝအတိုင်း ရှက်ရွံ့ ထိတ်လန့်သွား၏။

သူသည် ချန်ပီယံ ရာထူးအတွက် ရေပန်းစားခဲ့သော ကိုယ်စားလှယ်လောင်း တစ်ဦးမှသည် လူယုတ်မာအဖြစ် လျှော့ချ ခံလိုက်ရသည်။

“ ချီလင်နတ်သား ... ဒါက ဘိုးဘေးရဲ့ သဘောထားပဲ ... ငါတို့ ဂိုဏ်းချုပ်တောင် ဘာမှ မလုပ်နိုင်ဘူး၊ မင်းရဲ့ ပင်ကိုယ်စွမ်းရည်ကြောင့် အနှေးနဲ့ အမြန် နတ်ဘုရား ဖြစ်လာမှာပါ ဘာကိုစိုးရိမ်နေတာလဲ။ ”

ဖန်ပုမြောင်က လောထျန်းရှီ ကိုယ်စား ဝင်ပြောပေးသည်။ ဤသည်မှာ ချော့မော့ခြင်း မည်၏။

“ တောင်းပန်ပါတယ် ငါအရမ်း စိတ်လှုပ်ရှားသွားတယ်။ ”

“ အဆင်ပြေပါတယ် ... ချီလင်တောင်ရဲ့ အခြေခံအုတ်မြစ်က မပျော့ညံ့ပါဘူး ... ဘိုးဘေး အဆင့် နတ်ဘုရား မရှိပေမယ့် မင်းရဲ့ အရည်အချင်း အရ ...

... နတ်ဘုရားဖြစ်လာဖို့ အချိန်တစ်ခုပဲ လိုပါလိမ့်မယ်၊ အရင်းအမြစ်တွေ အကြောင်းကို ဂရုစိုက်စရာ မလိုပါဘူး။ ”

လောထျန်းရှီမှ စိတ်သဘောထား ကြီးစွာ တုန့်ပြန်လိုက်သည်။ ၎င်းကပင် ဆက်လက်ပြီး၊

“ ပွဲပြီးရင် ဘိုးဘေး နတ်ဘုရားက ခုနစ်ရက်အတွင်း ... ကောင်းကင် ကံကြမ္မာ ကျောက်တိုင်ကို စိုက်ထူပေးမယ် ... ဒီအချိန်မှာ မင်းတို့ နာမည်တွေကို ထားခဲ့လို့ရတယ်။ ”

“ ဘိုးဘေးကို ကျေးဇူးတင်ပါတယ်။ ”

လူတိုင်း ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်ပြီး ဦးညွှတ်တော့၏။ လက်ရှိ အချိန် အထိ လူတိုင်း ရတနာများ ရရှိထားသော်လည်း ဤကျောက်တိုင်သည်သာ စစ်မှန်သော အခွင့်အရေး တစ်ခု ဖြစ်သည်။

ဘိုဘေး ကံကြမ္မာဖြင့် ကောင်းချီးပေးခံရ သောကြောင့် ဧကရာဇ်အဖြစ် ချောချောမွေ့မွေ့ တက်လှမ်းနိုင်ပေမည်။

ကံကြမ္မာကို မမြင်နိုင်သော်လည်း ဘိုးဘေး အငွေ့အသက်ကြောင့် မျိုးဆက်ဟောင်း များမှ သူတို့ကို လက်တင်ဝံ့မည် မဟုတ်ချေ။

“ လင်းယွန်၊ တုကုကြွယ်၊ ယွဲ့ဝေဝေ၊ ကျိကျစ်ရှီ ... မင်းတို့ လေးယောက် ငါနဲ့လိုက်ခဲ့ ကျန်တဲ့လူတွေ အတွက်တော့ ခုနစ်ရက် နေရင် ဘိုးဘေးက ကိုယ်တိုင် ဟောပြော ပို့ချပေး လိမ့်မယ်။ ”

အားလုံးက ခေါင်းညိတ်ပြကြသည်။ အထူးသဖြင့် လင်းယွန်တို့ လေးယောက်၏ ကံကြမ္မာအပေါ် မနာလိုကြချေ။

ဘိုးဘေးအဆင့် ဟောပြောပွဲတစ်ခုသည် ရှားပါးသော အခွင့်အရေးဖြစ်သည့်တိုင် အဝေးမှ မှုန်ဝါးဝါးသာ မြင်ရခြင်း ဖြစ်၏။

ယင်းကြောင့် ကျိကျစ်ရှီက စိတ်လှုပ်ရှား နေခဲ့သည်။ ဆိုလိုသည်မှာ နတ်ဖီးနစ်တောင်၏ ဆန္ဒများ နောက်ဆုံး၌ ပြည့်ဝပြီ ဖြစ်သည်။

လင်းယွန်ထံ ခိုးကြောင်ခိုးဝှက် လှမ်းကြည့်ကာ ကျေးဇူးတင်မိသည်။ သို့သော် လင်းယွန်သည် ခွန်လွန်သို့ ပြန်မည်ကို တွေးမိ ချိန်၌ ရင်ထဲ ဗလာကျင်းသွား၏။

မည်သည့်အချိန်မှ ပြန်ဆုံနိုင်မည်ကို နတ်ဘုရားများသာ သိပေမည်။ ယွဲ့ဝေဝေမှ သူမ လက်ကိုကိုင်ကာ ပြုံးပြ၏။

“ တိုက်ပွဲတွေ ပြီးသွားပေမယ့် ... ကောင်းကင် သူတော်စင် ခြံဝင်းမှာ ပွဲကတော့ ရှိနေဦးမှာပါ ... မင်းတို့ စောင့်နေရတဲ့ ခုနစ်ရက် အတွင်း စိတ်ကြိုက် သုံးဆောင်နိုင်ပါတယ်။ ”

လောထျန်းရှီက နိဂုံးချုပ်လိုက်သည်။ လူတိုင်းက လက်သီးဆုပ် အရိုအသေပေးလိုက် တော့၏။ ထိုစဉ် ကောင်းကင်မှ လူရိပ်သုံးရိပ် ဆင်းသက် လာသည်ကို မြင်လိုက်ရသည်။

“ ဝှစ် ... ။ ”

ရုတ်တရက် ဖြစ်သဖြင့် ဘိုးဘေးတပည့်များက ချက်ချင်း ထရပ်လိုက် ကြ၏။ ဤလူများကို သူတို့သိ၏။

ဘုံသုံးထောင်တွင် ကျော်ကြားသော လူငယ်များပေပင်။ ၎င်းတို့ နောက်ခံသည် ကောင်းကင် တံခါးကို ယှဉ်နိုင်ပေ၏။

အထူးသဖြင့် အလယ်မှ လူငယ် ဖြစ်သည်။ ထိုလူငယ်သည် တာအိုဂိုဏ်း၏ နတ်သားတော် ဖုန်ယွမ်ပေပင်။

တာအိုဂိုဏ်းသည် ထာဝရ မြင့်မြတ်မြေ ဖြစ်ပြီး ကောင်းကင် တံခါးနှင့် ယှဉ်နိုင်ခဲ့သော ဘိုးဘေးအဆင့် တန်ခိုးရှင် တစ်ဦး ရှိသည်။

ထို့ကြောင့် သူတို့ နတ်သားကို ဘုံသုံးထောင်၏ မျိုးဆက်သစ် လူငယ်များ ခေါင်းဆောင်အဖြစ် သတ်မှတ်ကြ၏။

ယဲ့ဝူရှန်ကို ထိုဖုန်ယွမ်နှင့် ယှဉ်ပြိုင်ရန် ကောင်းကင် တံခါးမှ ပျိုးထောင်ပေးနေခဲ့ခြင်း ဖြစ်သည်။

ကျန်နှစ်ယောက်၏ နောက်ခံသည် ဘိုးဘေးအဆင့် တန်ခိုးရှင်များ မရှိသော်လည်း အားမနည်းချေ။

ဖုန်ယွမ် ဘယ်ဘက်ရှိ အဖြူရောင် ဝတ်စုံဖြင့် လူငယ်က ခေါက်ယပ်တောင် တစ်ချောင်းကို တဖျပ်ဖျပ် ခတ်နေသည်။

သူ့အမည်သည် ပိုင်ယုချန် ဖြစ်ပြီး ကောင်းကင်ဓားခန်းမ၏ သခင်ငယ် ဖြစ်ချေ၏။ သို့သော် သူသည် ဓားသမားနှင့် မတူချေ။ စာပေသမား တစ်ယောက် အဖြစ်သာ ထင်မိစေမည်။

ဖုန်ယွမ် ညာဘက်ရှိ လူငယ်ကို ကျန်းရီဟု ခေါ်ကာ အရိပ်နတ်ဘုရား နန်းတော်မှ နတ်သား ဖြစ်သည်။

“ တာအိုသားတော် .. သခင်ငယ် ... နတ်သားတော် ... ဒါ ... ဒါက တကယ့်ကို ကြောက်စရာ ကောင်းတဲ့ အင်အားပဲ ... သူတို့ ဘာလာလုပ်တာ ဖြစ်မလဲ။ ”

“ စိတ်ဝင်စားစရာပဲ ... ကလဲ့စားချေဖို့ လာတာနေမယ် လင်းယွန်က သူတို့ လူတွေကို သတ်ခဲ့တယ်။ ”

“ ဟုတ်တယ် ... သူတို့ တပည့်ကြီး သုံးယောက်ဖြစ်တဲ့ ချင်းယွင်၊ ကျန်းဇီဟွာနဲ့ ကောင်းကင် စာအုပ်ပဲ။ ”

လင်းယွန်က ဤလူများကို မသိသော်လည်း တီးတိုးပြောဆိုသံကို ကြားပြီးနောက် နားလည် သွားသည်။

ယွဲ့ဝေဝေနှင့် လင်းကျန်းရှန့်က သတိကြီးစွာဖြင့် လင်းယွန်အနား တိုးကပ် လိုက်တော့သည်။

သူတို့သည် ဘဝနှင့်သေခြင်းဆိုင်ရာ အခြေအနေ များစွာကို အတူတကွ တွေ့ကြုံခဲ့ဖူး သဖြင့် ဆုတ်ခွာရန် ဆန္ဒ မရှိကြချေ။ တည်ငြိမ် လွန်းချေ၏။

ထိုမြင်ကွင်းကို အနီးကပ် မြင်နေရသော တုကုကြွယ်က မနာလို ဖြစ်သွားသည်။ သို့သော် လင်းယွန်နှင့် သရေပွဲ ရလာဒ်သည် သူ့အတွက် ဂုဏ်ယူဖွယ် အခိုက်အတန့် ဖြစ်မည်ကို မသိခဲ့သည်မှာ သဘာဝ ပေပင်။

အနာဂါတ်သို့ ကြိုမြင်နိုင်ခဲ့ပါက ပန်းသင်္ချိုင်းနှင့် သရေရလာဒ် ရယူ နိုင်ခဲ့သည့် အခိုက်အတန့်အပေါ် ဂုဏ်ယူဝံ့ကြွားစွာ ပြောဆို နေသည့် သူ့အသွင်အပြင်ကို မြင်ရပေလိမ့်မည်။

တစ်ဖက်တွင် ကျိကျန်းကောင်နှင့် ချီလင်နတ်သားက ရွှင်မြူးလာ၏။ လောထျန်းရှီ သာလျှင် မျက်မှောင်ကြုတ်ပြီး အပြုံးများ အေးစက်သွားသည်။

တစ်ဖက်တွင် ဘိုးဘေး နတ်ဘုရား၏ တပည့်များ အားလုံးက ၎င်းသုံးဦးထံ သတိဖြင့် စိုက်ကြည့်နေ၏။

“ မင်းတို့ သုံးယောက်က နာမည်တွေ မဖော်ပြတဲ့အပြင် ကောင်းကင် တံခါးကို ဝင်ပြီး ဧကရာဇ်အပေါ် လျစ်လျူရှု နေတာလား ... ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ”

ဖန်ပုမြောင်က အေးစက်စွာ မေးခွန်း ထုတ်လိုက်သည်။ ဤမြင်ကွင်းက ကောင်းကင် တံခါးမှ လူတိုင်းကို မပျော်မရွှင် ဖြစ်စေကာ နတ်အစောင့်များ အားလုံး ကောင်းကင်ပေါ် ခုန်တက်လာကြ၏။

၎င်းတို့ ရောင်ဝါတွင် ကောင်းကင်ကို ကွဲအက်သွားစေသည့် ပြင်းပျသော ဆန္ဒများ ပါဝင်ချေပြီ။

မည်သည့်အတွက် လာသည် ဖြစ်စေ လေးစားမှု မရှိသော် သင်ခန်းစာ ပေးရပေမည်။ ကောင်းကင် တံခါးကို မည်သူမျှ ဤသို့ မစော်ကား ဝံ့ကြချေ။

ဖုန်ယွမ်က ဖန်ပုမြောင်ကို တစ်ချက် ကြည့်ကာ လောထျန်းရှီဘက် လှည့်လိုက်သည်။

“ ဧကရာဇ်ကို မရိုမသေ ပြုလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး ဒါပေမယ့် ဧကရာဇ်က ငါတို့ လိုချင်တဲ့လူကို မပေးသရွေ့ ဦးညွှတ်မှာ မဟုတ်ဘူး ... မပျော်ရင် သတ်နိုင်တယ်။ ”

***

All Chapters