ဒူးထောက်ပါ။
Vol. 172 Ch. 2405
ကျန်းရီက ဖြစ်စဉ်အားလုံးကို ဝါးမြိုပြီးနောက် မောက်မာစွာ ပြောကြား လိုက်သည်။
မြေပြင်ပေါ်တွင် လဲလျောင်းနေသော ယန်ရှုကို ကြည့်လျက် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွား၏။
“ သူ ... အနန္တ နတ်မျက်စိကို လေ့ကျင့်ထားတာပဲ။ ”
ရှချင်းယွင်က ပြောသည်။ ဖန်ပုမြောင်နှင့် အခြားလူများက ကျန်းရီနဖူးရှိ ရွှေရောင်ရူရ်ထံ ကြည့်နေခဲ့သည်။
တံဆိပ်သည် ထင်ရှား ပေါ်လွင်နေပြီး မည်သည့်အရာကို မဆို ဖြတ်၍ မြင်နိုင်သော ကောင်းကင် မျက်လုံးမျိုး ဖြစ်၏။
ဂရုတစိုက် ကြည့်မိသော် ရွှေတံဆိပ်၌ ကမ္ဘာများစွာ ရှိနေကာ ကမ္ဘာတိုင်း၌ လူသား တစ်ဦးက တံဆိပ်တစ်ခု ဖန်တီးနေခဲ့သည်။
ထိုတံဆိပ်များ ပေါင်းခြင်းဖြင့် အနန္တ နတ်မျက်စိကို ရရှိချေမည်။ အရိပ် နတ်ဘုရား နန်းတော်၏ နတ်ဘုရားများပင် နားမလည် နိုင်သော အောင်မြင်မှု ဖြစ်၏။
မဟာ တုနှိိုင်းမဲ့ ပညာရပ်သည် တားမြစ် ပညာရပ်ဖြစ်ကာ စကြာဝဠာ ဖရိုဖရဲအချိန်များ၌ နတ်ဘုရား တစ်ပါးမှ ဤတားမြစ်နည်းပညာကို ဖန်တီးခဲ့သည်။
ထို့နောက် အဆိုပါ နတ်ဘုရားသည် အရိပ်နတ်ဘုရား နန်းတော်ကို တည်ထောင်ခဲ့ လေ၏။ ယင်းကြောင့် မဟာအတုမဲ့ ပညာရပ်နှင့် အနန္တနတ်မျက်စိကို ပေါင်းစပ်ခြင်းဖြင့် ပြိုင်ဘက်ကင်းချေပြီ။
“ အရိပ် နတ်ဘုရား နန်းတော်က ... တကယ်ကို ကြောက်စရာ ကောင်းတယ်။ ”
“ လင်းယွန် အတွက်နဲ့ ဒီလို ဉာဏ်ရည်ထက်မြက်တဲ့ ပါရမီရှင် သုံးဦးကို စေလွှတ်လိုက်တာလား။ ”
“ မဟုတ်ဘူး ... ဒါက အကြောင်းပြချက်ဆိုတာ မင်းသိသင့်နေပြီ။ ”
“ ဒါက ကောင်းကင် တံခါးမှာ နတ်သားတော် မမွေးနိုင်မီ ဖိနှိပ်ဖို့ ကြိုးပမ်း နေကြတာပဲ။ ”
“ သူတို့ သုံးယောက်လုံးက လင်းယွန် မျက်လုံးထဲ မထားမှာကို ငါကြောက်တယ် ကောင်းကင်တံခါး အတွက် ခက်ခဲသွားပြီ။ ”
ကောင်းကင်ဘုံ ဧည့်ခံပွဲသည် ဟာသအဖြစ်သို့ ပြောင်းလဲသွား တော့မည် ဖြစ်သည်။
ဖုန်ပုမြောင်က လက်သီး ဆုပ်ထား၏။ ကျန်းရီ တစ်ယောက်တည်းနဲ့တင် ကြောက်စရာ ကောင်းနေပြီ ဖြစ်သည်။
“ မင်းတို့ သုံးယောက်က ... ငါ့ဆီလာတာ မဟုတ်ဘူးလား ... ဒါဆို ဘာလို့ ငါနဲ့ မတိုက်ရ တာလဲ။ ”
လင်းယွန်က ရပ်ကြည့် မနေနိုင်တော့ချေ။ ကျန်းရီက မျက်ခုံးပင့်ကာ၊
“ ကောင်းကင်တံခါးမှာ ... ဘယ်သူမှ တကယ် မရှိတော့ဘူးလား။ ”
-ဟု ပြန်မေးလိုက်သည်။
“ မလိုဘူး ... မင်းကို တစ်စုံတစ်ယောက် ခေါ်ဆောင် သွားမှာကို ငါ့ကောင်းကင် တံခါးက ခွင့်မပြုနိုင်ဘူး။ ”
ဖန်ပုမြောင်က အေးစက်စွာဖြင့် စင်ပေါ် လှမ်းတက်လာသည်။ မည်သို့ပင် ဆိုစေကာမူ လင်းယွန်ကြောင့် ဤအခြေအနေ ရောက်လာခြင်း ဖြစ်၏။
လင်းယွန်က အံ့အားသင့်သွားသည်။ ကူညီလိုသော်လည်း စေတနာကို တန်ဖိုးမထား ကြချေ။ ထို့ကြောင့် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး၊
“ ငါက အပြစ်သား ဖြစ်သွားပုံရတယ်။ ”
-ဟု ညည်းတွားမိ၏။
“ အစ်ကိုကြီး လင်းက အပြစ်သား မဟုတ်ဘူး ... သူတို့ကို ဂရုစိုက် မနေနဲ့။ ”
ယွဲ့ဝေဝေက ချက်ချင်း နှစ်သိမ့်သည်။ ကျန်းရီက လင်းယွန်ထံ လှည့်ကြည့်ကာ၊
“ စိတ်မပူနဲ့ ... ဖန်ပုမြောင် ပြီးရင် မင်းအလှည့်ပဲ ... ငါတို့ထဲက ဘယ်သူမဆို မင်းလိုလူကို အလွယ်တကူ ရင်ဆိုင်နိုင်တယ်။ ”
-ဟု ပြောကြားလာသည်။
ထို့နောက် ဖန်ပုမြောင်နှင့် မျက်နှာချင်းဆိုင်ကာ တိုက်ခိုက်တော့၏။ လက်ဖဝါးချင်း ထိမိသောအခါ ဖန်ပုမြောင်၏ ကြယ်စု ပွင့်လာသည်။
“ ဘုန်း ... ။ ”
အုပ်စုးရှင် နက္ခတ် ဖြစ်သော နတ်နေလ မီးဖိုဖြစ်၏။ ဤအရာက ကျန်းရီကို အံ့အားသင့် သွားစေသည်။
ထို့ကြောင့် ခြေလှမ်း အနည်းငယ် ဆုတ်ခွာခဲ့ရသည်။ သို့တိုင် ပြုံးလိုက်မိ၏။
“ ကောင်းကင်ဘုံ သူတော်စင် ခြံဝင်းရဲ့ သန့်ရှင်းသော သားတော် ... မျှော်လင့်ထား သလိုပါပဲ။ ”
ဖန်ပုမြောင်က မပြုံးနိုင်ချေ။ သူ့လက်မှ လာသော နာကျင် ကိုက်ခဲမှုကြောင့် မျက်နှာ နီရဲသွား၏။
“ ဝှစ် ... ။ ”
နတ်နေလ မီးဖိုကို လေထဲတွင် ပေါ်လွင်စေလျက် လှစ်ခနဲ ထပ်မံ ရွေ့လျား လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း လက်ဖဝါး သုံးဆယ့်ခြောက်ချက်ကို ထုတ်လွှတ် လိုက်ရာ ကြောက်စရာ ကောင်းသွား၏။
မီးဖိုရှိ နေနှင့်လ တောက်ပလျက် သူ့ရောင်ဝါကို မြင့်မားသော အဆင့်သို့ တွန်းပို့ နိုင်ခဲ့သည်။ သို့သော် ကျန်းရီနှင့် ယှဉ်က သူ့တိုက်ခိုက်မှုမှာ အားနည်းနေ၏။
ကျန်းရီ နတ်မျက်စိ အသက်ဝင်ပြီး လက်ဖဝါးပေါင်း (၃၆)လက်ကို ဖြေရှင်းရန် တော့သည်။ အလင်းတန်းများ ခြုံလျက် ရွှေရောင်တောက်ပနေ၏။
“ ဝေါ့ ... ။ ”
ထို့ကြောင့် ဖန်ပုမြောင် တစ်ယောက် သွေးတစ်လုတ်အန်ကာ ကောင်းကင်မှ ပြုတ်ကျ သွားတော့သည်။
ကျန်ရီက ဤမျှဖြင့် မရပ်သေးချေ။ နတ်နေလမီးဖိုကို သူ့ထံ တွန်းထုတ်လိုက်သည်။
“ ဝှီး ... ။ ”
ထိုမြင်ကွင်းကြောင့် ဖန်ပုမြောင်က တစ်ပါတ်လှည့်ကာ လက်ဖဝါးဖြင့် နတ်မီးဖိုကို ပြန်လည် တွန်းထုတ်လိုက်၏။
နတ်နေလ မီးဖိုက ကောင်းကင်ပေါ် ကန်တက်ကာ ကျန်းရီထံ ပျံသန်းသွားသည်။ ကျန်းရီ မပေါ့ဆဝံ့ဘဲ ရှောင်တိမ်း လိုက်ရ ပြန်၏။
သူရွေ့လိုက်ချိန်တိုင်း လေဟာနယ် အပေါက်တစ်ပေါက် ချန်ရစ်ကာ နတ်နေလ မီးဖို၏ အရှန်ကို ဝါးမြိုသွားသည်။
“ ဟိတ် ... ။ ”
“ ဝှီး ... ။ ”
တစ်ယောက်နှင့် တစ်ယောက် မီးဖိုဖြင့် ရိုက်ပုတ်နေရာမှ တစ်ကြိမ်ပြီးတိုင်း ဖန်ပုမြောင် အငွေ့အသက်များ ကျဆင်းလာ၏။
ဆယ်ကြိမ်တိတိ လှုပ်ရှားပြီးနောက် ဖန်ပုမြောင် မျက်နှာသည် ကြောက်ခမန်း လိလိ ဖြူဖျော့ လာတော့သည်။
“ ပြီးသွားပြီ ... ။ ”
ကျန်းရီက နတ်နေလ မီးဖိုကြီးကို လက်ဖဝါးဖြင့်ရိုက်ကာ ဖန်ပုမြောင်ထံ ပြန်လည် တွန်းပို့လိုက်ပြန်၏။
“ ဝုန်း ... ။ ”
“ ဝေါ့ ... ။ ”
ဤတစ်ကြိမ်၌ အရိုးများ ကွဲကာ သွေးအန်လျက် အဝေးသို့ လွင်စင့် သွားခဲ့သည်။ မြင့်မားသော ကျင့်ကြံမှု မရှိပါက နုတ်နုတ်စဉ်း ထားသော အသားပုံအဖြစ် ပြောင်းလဲသွား နိုင်၏။
သို့သော် လင်းယွန် ဦးတည်ရာသို့ လွင့်စဉ်သွားသည်မှာ သူ့အတွက် ကံကောင်း ချေပြီ။ လင်းယွန်က အဟုန်ကို ဖြေလျော့ပြီး ကြမ်းပြင်ပေါ် ထိန်းမတ်ပေးလိုက်၏။
“ အရိပ် နတ်သား ... မင်းကို ရင်ဆိုင်ပါရစေ။ ”
ထိုအချိန်တွင် ကျိကျန်းကောင်က အလစ်ဝင်တိုက်သည်။ ကျန်းရီတွင် ဒဏ်ရာရ သွားသည်ကို သူ မြင်ခဲ့သည်။
ဤအခွင့်အရေးကို ဖမ်းဆုပ်နိုင်သော် ကျော်ကြားမှု ရရှိလာမည် ဖြစ်၏။ ထို့ကြောင့် သူ့ဓားသည် သူ့စကားထက် မြန်နေ၏။ ကျန်းရီ သတိပြုမိလိုက်ချိန်၌ မျက်နှာနှင့် တစ်လက်မ အကွာသို့ ရောက်ရှိနေချေပြီ။
သို့သော် မဟာအတုမဲ့ ပညာကို ဖြန့်ကျက်လျက် အနန္တ နတ်မျက်စိ ဖွင့်လိုက်၏။ ဓားက ရှေ့ဆက် မတိုးနိုင်တော့ဘဲ တုန်ခါပြီး ရပ်သွားသည်။
“ ဘရူး ... ။ ”
“ ဝေါ့ ... ။ ”
ယင်းကြောင့် ကျိကျန်းကောင် ခမျာ မျက်နှာပြောင်းလဲလျက် သွေးအန်လိုက်ရကာ ချင်ချင်း ဆုတ်ခွာတော့၏။
လုံးဝ မလှုပ်ရှားခဲ့ သကဲ့သို့ မူလ နေရာသို့ပြန်ကာ ငြိမ်သက်စွာ ရပ်နေလေသည်။ ကျန်းရီက လှောင်ပြုံးဖြင့်၊
“ ဘယ်လောက်တောင် အရှက်မဲ့ လိုက်တဲ့ လုပ်ရပ်လဲ ... ဓားသမားတွေက ဒီလို ခိုးကြောင် ခိုးဝှက်တိုက်ပြီး ထွက်ပြေးဖို့ပဲ သိတာလား။ ”
-ဟု ပြောကြားလိုက်၏။
ကျိကျန်းကောင်က သူ့စကားကို မကြားသကဲ့သို့ ပြုမူနေခဲ့သည်။ ထိုအချိန်တွင် ဖန်ပုမြောင်က သူ့ဒဏ်ရာများ လျင်မြန်စွာ သက်သာလာသည်ကို သတိပြုမိ၏။
ထို့ကြောင့် မျက်နှာပြောင်းသွားပြီး လင်းယွန်ကို တောင်းပန်သည့် အကြည့်ဖြင့် မော့ကြည့်လိုက်သည်။
“ ကျေးဇူးတင်ပါတယ်။ ”
“ ဒါက ဘာမှ မဟုတ်ပါဘူး။ ”
လင်းယွန်က ခေါင်းညိတ်သည်။ တစ်ဖက်တွင် ကျန်းရီက ကျိကျန်းကောင်ကို မကြည့်တော့ဘဲ လင်းယွန်နှင် ဖန်ပုမြောင်ထံ လှည့်ကြည့်၏။
“ ပန်းသင်္ချိုင်း ဒူးထောက်ပါ။ ”
နတ်မျက်စိကို ဖွင့်ပြီး အမိန့်ပေးလိုက်ရာ အလင်းမှုန်များက လင်းယွန်ထံ ချဉ်းကပ်နေ သည်ကို လူတိုင်း မြင်လိုက်ရ၏။
အဆုံးတွင် သူ့စကား တစ်ခွန်းဖြင့် ကောင်းကင်ဘုံ ဧည်ခံပွဲ ချန်ပီယံကို ဒူးထောက် စေပြီး အရှက်ခွဲရန် ကြံစည်နေခြင်း ဖြစ်သည်။
ထိုအချိန်၌ ကောင်းကင် တံခါး၏ ဘိုးဘေးနတ်ဘုရား တပည့်ဟူသည့် ဂုဏ်သိက္ခါ ပျက်စီးသွားနိုင်၏။
ဖန်ပုမြောင်က စိုးရိမ်တကြီးဖြင့်၊
“ ငါထိန်းထားမယ် ... မြန်မြန် မင်းထွက်သွား။ ”
-ဟု အော်ဟစ်လိုက်သည်။
“ စိတ်မပူနဲ့ ဒါက မျက်ဝန်း တစ်စုံပါပဲ။ ”
လင်းယွန်က ပြုံးလျက် ဖန်ပုမြောင်ကို နောက်သို့ တွန်းပို့ကာ ရင်ဆိုင်လိုက်တော့သည်။ ဤမြင်ကွင်းက လူတိုင်းကို အံ့သြမိစေ၏။
အလင်းမှုန်များ နောက်၌ လက်ဖဝါး တစ်ချက်ကပ်ပါလာသည်ကို လင်းယွန်သိသည်။ ဤသည်မှာ တစ်ဖက်လူ၏ ဝှက်ဖဲ ဖြစ်ချေ၏။
“ ဝုန်း ... ။ ”
ထို့ကြောင့် ပန်းသင်္ချိုင်းကို ဆွဲထုတ်ကာ ချက်ချင်း ခုတ်ပိုင်းချ လိုက်သည်။ ပေါက်ကွဲသံ ထွက်ပေါ်လာပြီး စင်မြင့် တစ်ခုလုံး တုန်ခါ သွားတော့သည်။
***