← Chapters

ငါ့ကို ဘယ်သူ ယှဉ်လို့ ပြိုင်နိုင်မှာလဲ ... ။

Vol. 172 Ch. 2406

ငါ့ကို ဘယ်သူ ယှဉ်လို့ ပြိုင်နိုင်မှာလဲ ... ။

Vol. 172 Ch. 2406

ကောင်းကင်ပေါ် ပျံတက်လာသော ဓားရောင်ခြည်သည် လူတိုင်းကို အသက်မဲ့သွား စေတော့၏။

လူအများ အမြင်တွင် အကြည့် တစ်ချက်မျှသာ ဖြစ်သော်လည်း အမှန်တွင် ကျန်းရီက လက်ဖဝါး တစ်ချက်ကို နတ်မျက်စိ နောက်တွင် ပူးတွဲ ပို့လွှတ်ပေးခဲ့သည်။

ထို့ကြောင့် ဓားရောင်ခြည်နှင့် လက်ဖဝါးတို့ ထိပ်တိုက်တွေ့ကာ ပေါက်ကွဲမှုကြီး ပေါ်လာခြင်း ဖြစ်ချေ၏။

ဒေသတစ်ခုလုံး စွမ်းအင်လှိုင်းများ ပြည့်နှက်လာပြီး အားကောင်းသော စုပ်ဝဲကြီး တစ်ခု ပေါ်လာသည်။

ဓားရောင်ဝါသည် တစ်လက်မ မျှပင် နောက်မဆုတ်ချေ။ ကျန်းရီသာလျှင် လွင့်စဉ် သွားရ၏။

“ ဒါ ... ဓားသမားလား။ ”

လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားသည်။ ကျန်းရီသည်ပင် တုန်လှုပ်စွာဖြင့် စင်မြင့်ပေါ် ခြေချပြီးသည့်တိုင် ခြေလှမ်း အနည်းငယ် ထပ်မံ ဆုတ်ပေး လိုက်ရ၏။

လက်ဖဝါး၌လည်း သွေးစ စွန်းထင် လာသည်။ တုန်ခါလှိုင်းများ ပျောက်ကွယ်သွား ချိန်၌ လင်းယွန်လက်၌ ဓားတစ်လက် ကိုင်ထားသည်ကို မြင်လိုက်ရ၏။

“ မင်းငါ့ဆီကို လာသင့်တယ် ... ဘာလို့ ကောင်းကင်တံခါးကို ပစ်မှတ်ထားဖို့ ကြိုးစား နေရတာလဲ။ ”

လင်းယွန်က ကျန်းရီကို ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ သူ့နောက်ရှိ ဖန်ပုမြောင်တစ်ယောက် နဖူး၌ ချွေးစေးများ ထွက်ကာ တုန်ယင်သွား၏။

“ အစ်ကိုကြီးလင်း အဆင်ပြေရဲ့လား။ ”

ယွဲ့ဝေဝေက မေးသည်။

“ ပြေတယ် ... ဝေဝေ သန့်ရှင်းသော သားတော်နဲ့ ထွက်သွားလိုက်တော့။ ”

လင်းယွန်က လူတိုင်းကို စင်ပေါ်ကနေ ဆင်းရန် အကြံပြုလိုက်သည်။ ပိုင်ယုချန်နှင့် ဖုန်ယွမ်က လင်းယွန်ကို ပြန်ကြည့်၏။ သူတို့က ကျန်းရီ၏ ခွန်အားကို ကောင်းကောင်း သိထားသည်။

အနန္တ နတ်မျက်စိကို မသုံးလျှင်ပင် မဟာအတုမဲ့ ပညာရပ် စွမ်းအား အပြည့်သုံးကာ မြင့်မားသော ကျင့်ကြံမှု ရှိသူအပေါ် သတ်နိုင်၏။

“ မင်းမှာ ဓားသမားနဲ့ ပတ်သက်ရင် ... ထင်မြင်ချက်တွေ အများကြီး ရှိပုံပဲ ငါ့ကိုလည်း လုပ်ပါဦး။ ”

လင်းယွန်က ကျန်းရီထံ လျှောက်လှမ်း သွားလျက်မှ မေး၏။ ဤမြင်ကွင်းက လူအုပ်ကို သာမက ကောင်းကင် တံခါး အပေါ်သို့လည်း မျှော်လင့်ချက် မြင့်တက် လာစေသည်။

“ ပန်းသင်္ချိုင်းက အရမ်း မောက်မာတယ်။ ”

“ သူ့မှာ ဝှက်ဖဲတွေ ရှိလိမ့်မယ် ... ဓားသမားက မသန်မာဘူးလို့ ... ဘယ်သူ ပြောတာလဲ။ ”

ဓားသမားများက စိတ်လှုပ်ရှား လာကြတော့သည်။ ပတ်ဝန်းကျင်မှ ဆွေးနွေးမှု များကို ကြားသောအခါ တုကုကြွယ်က နာကျင်စွာ ပြုံးလိုက်၏။

တစ်ဖက်လူသည် သူ့အပေါ် လေ့ကျင့်ဖော်အဖြစ် အသုံးပြုခဲ့သည်မှာ သေချာ နေချေပြီ။

“ အထင် မလွဲပါနဲ့ ... ငါ့မှာ ဓားသမားနဲ့ ပတ်သတ်ပြီး အမြင်မရှိဘူး အဲဒီအမှိုက်တွေက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့ပဲ သိကြတယ်။ ”

ကျန်းရီက ပြုံးလျက် ပြန်ပြော၏။ ထိုအချိန်တွင် လင်းယွန်က ၎င်းနဖူးရှိ တံဆိပ်ထံ စူးစမ်းလိုက်သည်။

မဟာအတုမဲ့ ပညာရပ်သည် ဤတံဆိပ် အပေါ် များစွာ မှီခိုချေ၏။ ခရမ်းရောင် နန်းတော် အတွင်းရှိ ကမ္ဘာဖျက် ဆေးအိုးကြီးနှင့်တူသည်။

ကမ္ဘာဖျက် ဆေးအိုးကြီးသည် လူသတ်ရန် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေကာ သူ့ကို လမ်းမှားသို့ အမြဲတွန်းပို့ တတ်၏။

“ မဟာ အတုမဲ့ ပညာရပ်က အားကောင်းပါတယ် ... ဒါပေမယ့် အဲဒါကိုပဲ မင်းအားကိုး မနေနဲ့ ... တာအိုအပေါ် အာရုံစိုက်သင့်တယ် ...

... အခုအချိန်မှာ နတ်မျက်စိကြောင့် မင်းရဲ့ပြိုင်ဘက်တွေကို အနိုင်ယူ နိုင်ရင်တောင် အစစ်အမှန် ခွန်အား မဟုတ်ဘူး ... တာအိုကို လျစ်လျူရှုမှုနဲ့ ... မင်း ပြတ်ကျန်ခဲ့လိမ့်မယ် ကျင့်ကြံခြင်းမှာ တာအိုက အမြဲ ဘုရင်ပဲ။ ”

ဤသည်မှာ လမ်းညွှန်နေသော စီနီယာ တစ်ယောက်နှင့် တူနေသဖြင့် အောင်းကြွယ်က မျက်ခုံးပင့် လိုက်သည်။

ကျန်းရီသည် မည်သည့် အချိန်မှစကာ လင်းယွန်ထက် တစ်ဆင့် နိမ့်သွားခဲ့သည်ကို နားမလည် နိုင်တော့ချေ။

“ မင်းက ငါ့ကို သင်ပေးနေတာလား ခွန်လွန်ဆိုတာ အရိုင်းနယ်မြေ သက်သက်ပါ ... နဂါးပြာ ဘိုးဘေးအတွက် ကတော့ သက်တမ်း ကုန်သွားပြီ ဖြစ်တာမို့ လူတိုင်း မေ့နေပြီ။ ”

ကျန်းရီက လှောင်ပြုံးဖြင့် ပြန်ပြော၏။ ထို့နောက် နှစ်ယောက်သား ပြင်းထန်စွာဖြင့် ထိပ်တိုက် တွေ့တော့သည်။

ကျန်းရီ၏ မဟာ အတုမဲ့ ပညာရပ်သည် ဓားရည်ရွယ်ချက်ကို ဝါးမြိုနိုင်၏။ မိုးပြာနဂါးဓား ဒိုမိန်းသည်ပင် တဖြည်းဖြည်း ကုန်ဆုံးလာ တော့သည်။

လင်းယွန်က မျက်ခုံးပင့် လိုက်မိ၏။ ယန်ရှု တစ်ယောက် အဘယ်ကြောင့် ဤမျှ ဆိုးရွားစွာ ရှုံးနိမ့်သွားရသည်ကို နားလည်လာသည်။

“ မင်း ဘယ်လောက် စားနိုင်တဲ့ ကြည့်ရအောင် ... မိုးပြာ နဂါး လက်သည်း ... ။ ”

လင်းယွန်က နဂါးသွေးကို လောင်ကျွမ်းလျက် ဓားရည်ရွယ်ချက်များ ထပ်မံ လောင်းထည့်လိုက်သည်။

“ ဝှီး ... ။ ”

ကောင်းကင်မှ နဂါးလက်သည်းကြီး ဆင်းသက်လာ၏။ ၎င်းနှင့် ကျန်းရီ၏ လက်ဝါး ထိမိသောအခါ ပေါက်ကွဲသံများ ညံကုန်သည်။

“ မကုန်နိုင်ဘူးလား ... ။ ”

ကျန်းရီက အံသြသွားသည်။ သူ့ ဝါးမြိုခြင်းပညာသည် အကျိုးသက်ရောက်မှု အားနည်းသွား၏။

“ မင်းက ယန်ရှုထက် ပိုသန်မာတယ်။ ”

ထို့ကြောင့် လင်းယွန်ကို ကြည့်ကာ မှတ်ချက်ပေးလိုက်သည်။ ဓားရည်ရွယ်ချက်မှာ မကျဆင်းဘဲ ပို၍တိုးလာခဲ့သည်။ နောက်ပြန် ဆုတ်ကာ လေထဲ တစ်ပါတ်လှည့် လိုက်၏။

သူ့မျက်လုံးများ၌ မီးလျှံများ တောက်လောင်လာသည်။ ရွှေအဆင်းများ ဖြာကျကာ ရုပ်ခန္ဓာ ကန့်သတ်ချက်ကို ကျော်လွန်သွား၏။

ဒဏ္ဍာရီလာ မြတ်ဗုဒ္ဓ၏ ရွှေခန္ဓာဖြစ် ချေပြီ။

“ မင်း ... ဒီတစ်ကြိမ် ငါ့ရဲ့ လှုပ်ရှားမှုကို ခံနိုင်ခဲ့ရင် ... ငါနဲ့တိုက်ဖို့ အရည်အချင်း ပြည့်မီ လိမ့်မယ်။ ”

ဤအရာသည် လူတိုင်း အံသြသွားစေ၏။

“ ဒါက တိုက်ဖို့ ... အဆင့်မီရုံပဲလား သူ့မှာ ဝှက်ဖဲတွေ ရှိသေးတယ်လို့ အဓိပ္ပါယ်ရတယ် မဟုတ်လား။ ”

“ မဟာ အတုမဲ့ ပညာရပ်က အရမ်း ကြောက်စရာ ကောင်းတယ် ... သူ့ကျင့်ကြံမှုက သူတော်စင် သခင် နယ်ပယ်ကို ဖြတ်ကျော်သွားပြီ။ ”

“ ဒါ ... သူတော်စင် ဘုရင်ပဲ ... လင်းယွန်အတွက် ခက်ခဲသွားရပြီ ... အရိပ် နတ်ဘုရား နန်းတော်ရဲ့ နတ်သားက တကယ်ပါပဲ။ ”

“ ဟား ဟား ဟား ... မင်း ဘယ်လို သေမလဲ ငါကြည့်မယ်။ ”

ကောင်းကင်ဘုံ ချီလင် နတ်သားတော်က ပြုံးရွှင်စွာ ရယ်မောလိုက်၏။

“ သေ စမ်း ... ။ ”

တော်ဝင် ကောင်းကင် သခင်က လူသတ်ချင်လာတော့သည်။ ကျန်းရီမှာ လွန်လွန်း ချေပြီ။

လောထျန်းရှီ သည်ပင် ဤတိုက်ပွဲ မည်မျှ အန္တရာယ် ရှိသည်ကို သိကာ မျက်မှောင်ကြုတ် လိုက်မိ၏။

သူတော်စင် ဘုရင် တစ်ပါးမှ အဌမအဆင့် သူတော်စင်သခင်ကို အနိုင်ကျင့်နေခြင်း မည်၏။ သို့သော် ပန်းသင်္ချိုင်းက မကြောက်ချေ။

တုန်ခါသံ ပေးလာသည်။ လင်းယွန်က အသက်ပြင်းပြင်း ရှူလျက် ဓားအရိုးပေါ်သို့ လက်ကို နောက်ဆုတ်ကိုင်၏။

ညာလက်ပေါ် အားပြုကာ ဓားဖျားကို ဖြည်းညှင်းစွာ နှိမ့်ချရာ နဖူးမှ တောက်ပသော အလင်းများ ထွက်လာသည်။

“ ဘရူး ... ။ ”

သည့်နောက် လေထဲ ရွှပ်ခနဲ လွှဲလျက် ကောင်းကင်ပေါ် ညွှန်ပြလိုက်၏။ ဓားရောင်ဝါ ချက်ချင်း ပေါက်ကွဲလာသည်။

ကောင်းကင်ကြီး ကွဲသွားကာ ကြယ်ရောင်များ ဖြာကျလာ၏။ လင်းယွန်ကို ဗဟိုပြုလျက် ကြမ်းပြင်၌ အက်ကြောင်းများ ပေတစ်ရာအထိ ပျံ့နှံ့ကုန်သည်။

ဤသည်မှာ ကျန်းရီ၏ သူတော်စင် ဘုရင်ရောင်ဝါ ဖိအားကို ဓားဖြင့် တွန်းလှန် လိုက်ခြင်း ဖြစ်၏။

တစ်ဖက်တွင် ဖုန်ယွမ်နှင့် ပိုင်ယုချန်က ထိတ်လန့်စွာဖြင့် အကြည့်ချင်း ဖလှယ်လိုက် ကြသည်။

“ တောက်ပသော ရောင်ခြည်တော် ဓားရည်ရွယ်ချက်။ ”

ကနဦး ကျွမ်းကျင်မှု ဖြစ်သည့် နေမင်းကို ဖန်တီးနိုင်မှ သာလျှင် စစ်မှန်သော အဠမတန်း ဓားရည်ရွယ်ချက်အဖြစ် သတ်မှတ်ပေမည်။

“ ဓားနတ်ဘုရား ... ။ ”

စိတ်ပျက် လက်ပျက် ဖြစ်နေသော တော်ဝင်ကောင်းကင် သခင်က အံ့ဩတကြီး အော်ဟစ်လိုက်တော့သည်။

“ ဟား ... ဟား ... ဟား ... တာအို သုံးထောင်မှာ ဓားကဘုရင်ပဲ ... ငါ့ကို ဘယ်သူ ယှဉ်လို့ ပြိုင်နိုင်မှာလဲ ... ။ ”

လင်းယွန်၏ ကျေနပ်အားရ နေသော ရယ်မောသံကြီးက ကျယ်လောင်စွာ ပဲ့တင်ထပ် လာတော့သည်။

***

All Chapters