← Chapters

ပြိုင်ဘက်ကင်း ... ။

Vol. 172 Ch. 2407

ပြိုင်ဘက်ကင်း ... ။

Vol. 172 Ch. 2407

နေမင်းကြီးကဲ့သို့ တောက်ပနေသော ဓားရည်ရွယ်ချက်ကို မြင်သောအခါ ကောင်းကင် သူတော်စင်ရင်ပြင် တစ်ခုလုံး ဆူပွက်လာ၏။

“ ဟမ့် ... ဓားရည်ရွယ်ချက်က ပြိုင်ဘက်ကင်းတယ်လို့များ မင်းထင်နေလား ... ငါ့လက်ဖဝါးကို ယူ ... အတုမဲ့ နဂါး သတ်ဖြတ်ခြင်း လက်သည်း ...။ ”

သူ့ရောင်ဝါသည် သူတော်စင် ဘုရင် အဆင့်သို့ ရောက်ရှိလာပြီးနောက် အမြန်နှုန်းမှာ အကန့်အသတ်ကို ကျော်လွန်သွားခဲ့၏။

သို့သော် လင်းယွန်က တောက်ပသော ရောင်ခြည်တော် ဓားရည်ရွယ်ချက်ကြောင့် ပြောင်းလဲမှုတိုင်းကို မြင်သည်။

အတုမဲ့ နဂါး သတ်ဖြတ်ခြင်း လက်သည်းသည် ကြောက်မက်ဖွယ် လက်ဖဝါး နည်းပညာ ဖြစ်၏။

စကြာဝဠာ ဖရိုဖရဲ ကာလတွင် ဤလက်ဖဝါး နည်းပညာဖြင့် နတ်နဂါးများကို အနိုင်ယူရန်အတွက် အသုံးပြုခဲ့သည်။

ဗုဒ္ဓ၏ လက်ဖဝါးတော် ကဲ့သို့ ရွှေရောင် အဆင်းများ ပေးစွမ်းသည်။ နှစ်ယောက်သား မျက်နှာချင်းဆိုင် တိုးကပ်သွားစဉ် အချိန်များ ရပ်တန့်သွားသကဲ့သို့ ထင်မိစေ၏။ ကြီးကျယ် ခမ်းနားသော မြင်ကွင်းတစ်ရပ် ပေပင်။

“ သေ လိုက် စမ်း ... ။ ”

“ ချိုးဖြတ် ... ။ ”

လင်းယွန်က နဂါး-ဖီးနစ်ကမ္ဘာဖျက် ဓားကျမ်းဖြင့် သူ့ကိုယ်သူ နှစ်ပိုင်းခွဲလိုက်ကာ လှည့်ခုတ်ပစ်သည်။

ဓားရောင်ခြည် နှစ်စင်း ထွက်လာပြီး ကြီးမားသော လက်ဖဝါးကြီးနှင့် ထိပ်တိုက် တွေ့တော့၏။

တိုက်ခိုက်မှု နှစ်ခု တွေ့ဆုံသော အခါတွင် ဇာတ်ခုံတစ်ခုလုံးကို အားပြင်းသော တုန်လှုပ် ချောက်ချားဖွယ် လှိုင်းများသာ ပြည့်နှက် လာလေသည်။

“ ခရစ် ... ။ ”

များမကြာခင် ရွှေရောင် မီးတောက်များ ပြန့်ကျဲလျက် လက်ဖဝါး ဆယ်ပိုင်း ကွဲသွား၏။ ကျန်းရီတစ်ယောက် နောက်သို့ ခြေလှမ်း အနည်းငယ် ပြန်ဆုတ်လိုက်ရသည်။

“ ဝုန်း ... ။ ”

ကြီးမားသော ပေါက်ကွဲမှုနှင့် အတူ ရင်ဘတ်ပေါ်၌ ကြောက်မက်ဖွယ် ဒဏ်ရာ နှစ်ချက် ရရှိခဲ့၏။

ယင်းက ကျန်းရီ မျက်နှာကို မည်းမှောင် သွားစေသည်။ ဒေါသဖြင့် အငွေ့အသက်များ ပေါက်ကွဲလာ၏။

“ မင်း မသေဘူးလား ... ။ ”

သူနှင့် ယှဉ်သော် လင်းယွန်က စင်မြင့်ပေါ် လှပစွာ ဆင်းသက်လာသည်။ သူ့မေးခွန်းသည် လူအုပ်ကို မျက်ခုံးပင့်မိစေ၏။

မဟာ အတုမဲ့ ပညာရပ်ဖြင့် သန့်စင်ထားသော သူတော်စင် စွမ်းအင်သည် အလွန် အစွမ်းထက်ကြောင်း မည်သူမဆို သတိပြုမိသည်။

တောက်ပသော ရောင်ခြည်တော် ဓားသည်ပင် ကျန်းရီကို အပိုင်းပိုင်း မခွဲပစ်နိုင် သောကြောင့် လင်းယွန်က မျက်ခုံးပင့်မိ၏။

“ ဟမ့် ဓားရည်ရွယ်ချက်က ... ပြိုင်ဘက်ကင်း မဟုတ်ဘူးလို့ မင်းကို ငါ ပြောခဲ့တယ် မဟုတ်လား။ ”

ကျန်းရီက ပြောပြီးသည်နှင့် ထာဝရ တာအိုကို ကိုယ်စားပြုသော ပန်းတစ်ပွင့်ကို ပွင့်စေလိုက်၏။

“ ဒါက ငါ့ရဲ့ ဝှက်ဖဲ ... သစ္စာတာအိုပဲ။ ”

သစ္စာတာအိုသည် ထာဝရ တာအို ကိုးပါးအတွင်း ပါဝင်သည်။ ကောင်းကင်နှင့် မြေကြီးကြား ကျန်းရီ ပုံရိပ်များဖြင့် ပြည့်နှက် လာ၏။

“ ဒါ ... ။ ”

အားလုံး၏ မျက်နှာများ ပြောင်းလဲ သွားသည်။ မဟာ အတုမဲ့ ပညာရပ် သည်ပင် အစွမ်းထက်နေပြီ ဖြစ်ပြီး ထာဝရ တာအိုကို ထပ်မံပေါင်းထည့်ခြင်းဖြင့် ကြောက်စရာ ကောင်းလာချေပြီ။

“ ဓားတာအိုက ဟာသတစ်ခု ပါပဲ ... မင်းရဲ့ဓားနဲ့ ကစားနေတာကို ရပ်ပြီး ယင်ယန် တာအိုကို ထုတ်ပါ မင်းဝှက်ဖဲ အစစ်အမှန်ကို ငါမြင်ပါရစေ ... ။ ”

ကျန်းရီက ပြုံးကာ ပြောကြားလာ၏။ လင်းယွန်ကို သူ့ပြိုင်ဘက် အဖြစ် အသိအမှတ် ပြုကြောင်း မြင်သာစေသည်။

သို့သော် နတ်သား တစ်ပါး အနေဖြင့် သူ့မာနက မြင့်၏။ လင်းယွန်၏ ဓားရောင်ဝါများ ပြိုကျသွားကာ ခြေအနည်းငယ် ပြန်ဆုတ် လိုက်ရသည်။

ဓားတာအိုသည် ထာဝရ တာအိုကို မယှဉ်နိုင်ချေ။ ဖိအားက ပြင်းထန်လွန်းသဖြင့် ဆက်လက် ဆုတ်ခွာပေးခဲ့ရသည်။

“ လင်းယွန် ... ယင်-ယန် တာအို ... ဒါမှမဟုတ် ဓားတာအို မင်းဘယ်ဟာကို သုံးမလဲ ငါသိချင် ... အရာအားလုံးက ထာဝရတာအို ရှေ့မှာ ဘာမှ မဟုတ်ပါဘူး ... ဓားသမား ဖြစ်ရင်တောင် ချွင်းချက် မရှိဘဲ။ ”

သစ္စာတာအိုဖြင့် ခွန်အားပေးထားသော အလင်းတန်း ဆယ်ခုကို လက်ချောင်းများဖြင့် ဆက်တိုက် ပစ်ထုတ်လာ၏။

“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”

တောက်ပသော ရောင်ခြည်တော် ဓားရည်ရွယ်ချက်သည် ပြိုကျလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ဓားတာအိုဟူသည် အုပ်စိုးရှင် တာအို ဖြစ်သောကြောင့် ထာဝရ တာအို၏ ဖိနှိမ်ခြင်းကို ရရချေပြီ။ ဓားသမားများအတွက် ခါးသီးသော အခိုက်အတန့် ဖြစ်၏။

သူတော်စင် နယ်ပယ် အောက်တွင် ဓားတာအိုသည် အဆင်ပြေသည်။ သူတော်စင် ဖြစ်လာပြီးနောက် ကွာခြားချက်သည် ပို၍ သိသာ ထင်ရှားချေ၏။

ခိုင်မာသော အမြင် မရှိသော် ဓားသမား တစ်ယောက် ဟူသော လင်းယွန်၏ ဂုဏ်ယူဖွယ် နှလုံးသားမှာ ကွဲကြေသွားနိုင်မည်။

“ ..... ။ ”

ပိုင်ယုချန်က သက်ပြင်းချပြီး ခေါင်းယမ်းတော့၏။ ဓားသမားသည် ထာဝရ တာအိုနှင့် ဓားတာအိုကြား ကွာခြားချက်ကို သိရှိထားရပေမည်။

ဤသည်မှာ ဓားသမား တစ်ယောက် ရွေးချယ်ရမည့် လမ်းပေပင်။ ပိရမစ် ထိပ်တွင် ဓားသမား တစ်ယောက်မျှ မရှိရခြင်းမှာ ထိုရွေးချယ်မှုကြောင့် ဖြစ်၏။

“ ဟား ဟား ဟား ... အခု ဘာဆက်လုပ်မလဲ။ ”

လင်းယွန်သည် မဖြစ်မနေ ယင်ယန် တာအိုသုံးရမည် ဖြစ်လေရာ ချီလင် နတ်သားက လှောင်ပြောင်လိုက်သည်။

သစ္စာတရားကို ရင်ဆိုင်ရန် ယင်ယန်တာအို သုံးခဲ့ပါက လင်းယွန်၏ ဂုဏ်ယူဖွယ် ဓားတာအို အက်ကွဲသွားမည်မှာ သေချာ၏။

ဓားသမား တစ်ယောက် အနေနှင့် ဓားနှလုံးသားကို ဆုံးရှုံးသော် အကျိုးဆက်မှာ တွေးကြည့်နိုင်မည် မဟုတ်ချေ။

“ မင်းရဲ့ ယင်ယန် တာအိုကို မသုံးသေးဘူးလား ... အုပ်စိုးရှင် တာအိုက ထာဝရ တာအိုကို ယှဉ်နိုင်မယ်များ မင်းထင်နေတာလား ... ဟမ့်။ ”

“ ..... ။ ”

လင်းယွန်က ဓားကို မြှောက်လိုက်ပြီး ကျန်တစ်ဖက်ကို သူ့ဘယ်ဘက်ပါးနား လက်ပုံစံ ယူကာ ပင့်တင်လိုက်သည်။

“ ခရစ် ... ။ ”

ကွဲအက်နေသော အသံတစ်သံ ထွက်ပေါ်လာပြီး ဓားပင်လယ်ရှိ နေမင်းကြီး လောင်ကျွမ်းလာ၏။ ရွှေနဂါးနှင့် ရွှေလူသားမှ မျက်လုံး ဖွင့်ကြည့်တော့သည်။

၎င်းတို့သည် အစွမ်းထက်သော ဓားဝိညာဉ်များ ဖြစ်ကာ ဓားရည်ရွယ်ချက်နှင့် ပေါင်းစပ်ပြီး နဖူးပေါ်၌ တောက်ပလာ၏။

သည့်နောက် ပြင်ပသို့ တိုးထွက်ကာ ပန်းသင်္ချိုင်းဓားအတွင်း ပျော်ဝင်သွားလေသည်။ ကောင်းကင်ကြီး တစ်ခုလုံး မည်းမှောင် သွားတော့၏။

ခန္ဓာကိုယ်မှ တောက်ပသော ဓားအလင်းနှင့် တုန်ခါမှုလှိုင်းများ ပျံ့ကားလာကာ လူများစွာကို သွေးများ ထွက်လာစေသည်။

ဓားရောင်ဝါက မြို့တော် တစ်ဝက်ကို ဖုံးလွှမ်းလျက် ဓားတိုင်းအပေါ် ဆင့်ခေါ်တော့၏။ ဓားသမားများက သူတို့ ဓားများကို ထိန်းချုပ် နိုင်စွမ်း ဆုံးရှုံးသွားသည်။

“ ဘရူး ... ။ ”

“ ဝှီး ... ။ ”

မြည်သံများပြုလျက် ကောင်းကင်ပေါ် ပျံတက်ကာ မြင့်မြတ်သော တိုက်ပွဲ စင်မြင့်ဆီသို့ ဦးတည်လာကြ၏။

“ ဘာဖြစ်တာလဲ ... ။ ”

“ ငါ့ ဓား ... ။ ”

“ ငါ့ဓား ... ငါ့ဓားကို ဘာလို့ မထိန်းနိုင်ရတော့တာလဲ။ ”

သန်မာသော လူများသည်သာ ၎င်းတို့ဓားများကို ပြန်ခေါ်ထားနိုင်၏။ ပျံသန်း လာသော ဓားများအားလုံး လင်းယွန်အနား ဒေါင်လိုက် လှည့်ပါတ်ကာ တံတိုင်းတစ်ခုလို ကာကွယ် ပေးတော့သည်။

“ ဝှီး ... ။ ”

ဤသည်မှာ အဆုံး မဟုတ်သေးချေ။ နတ်ရူရ်ဖြင့် ရေးထွင်းသော ဖဲကြိုးကိုးထောင်က ရေတံခွန်ကဲ့သို့ လွင့်ထွက်လာပြန်၏။

ထိုမြင်ကွင်းက လူတိုင်းကို မယုံကြည် နိုင်စွာဖြင့် မတ်တပ် ရပ်လာစေခဲ့သည်။ လက်ရှိ အချိန်၌ ဓားသမားများအတွက် ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကောင်းချေပြီ။

“ ဟား ဟား ဟား ... တာအို သုံးထောင်မှာ ဘယ်သူက ငါ့ကို တားဝံ့သလဲ ... ။ ”

လင်းယွန်က ဓားသမား တစ်ယောက်၏ မာနကို ထုတ်ပြကာ ရယ်မောလျက် ဓားဖြင့် ခုတ်ချပစ်လိုက်သည်။

“ ရွှပ် ... ။ ”

“ ဖောက် ... ။ ”

ကျန်းရီ ရင်ဘတ်မှတဆင့် ဓားရောင်ခြည် တစ်စင်း ဖောက်ထွက်သွားတော့၏။ ယင်းသည် အရာ အားလုံး မဟုတ်ချေ။

ဓားရောင်ခြည်များက ဆက်တိုးသွား ပြီးနောက် သစ္စာတာအိုအပေါ် ဖြတ်ကျပစ်လိုက် လေသည်။ မြန်လွန်းသဖြင့် သစ္စာတရားမှာ ချက်ခြင်း ကွဲသွားတော့၏။

အဝေးသို့ လွင့်စဉ်ရာမှ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလျက် ကျန်းရီ မျက်နှာ ကြောက်ခမန်းလိလိ ဖြူဖျော့ လာသည်။

“ ငါက ဒေါသထွက်တဲ့ အခါ ... ငါ့ကိုယ်ငါတောင် ပြန်ကြောက်ရတယ် ... မင်းက နတ်သား ဖြစ်နေရင်တောင် ငါ့နှလုံးသားကို မစမ်းသပ်ဖို့ သတိပေးပါရစေ။ ”

လင်းယွန်က နွမ်းနယ်သွားသော်လည်း အသက်ပြင်းပြင်း ရှူလျက် ပြောကြားလိုက် လေသည်။

“ သေစမ်း ... ဒီကောင် ... ။ ”

“ မယုံနိုင်စရာ ကောင်းလွန်းတယ် ... ရှင်းရှင်းလေးပဲ ... ဒါက တကယ့် ဓားသမားပဲ။ ”

ဓားသမား အားလုံး၏ စိတ်ခံစားချက်များ မြင့်မားလာပြီး သတိလက်လွှတ် ဖြစ်ကုန်ကြ လေသည်။

“ တာအို သုံးထောင်မှာ ဓားသာ အမြင့်မြတ်ဆုံးပဲ ... ပန်းသင်္ချိုင်းက တုနှိုင်းမဲ့ ဖြစ်ပြီး မျိုးဆက် တစ်ခုလုံးကို ... အနိုင်ယူ နိုင်တယ် ဟား ဟား ဟား ... ။ ”

တစ်စုံတစ်ယောက်က အော်ဟစ် ရယ်မောလိုက်သည်။ ထိုအသံတွင် အချိန်နှင့် အာကာသကို ထိုးဖောက် နိုင်သည့် နက်နဲမှု အချို့ ပါရှိ၏။

စကားပြောသော ထိုလူတွင် မတွက်ဆ နိုင်သော ကျင့်ကြံမှုရှိသည်။ ထို့ကြောင့် အသံမှာ လူတိုင်း နားစည်သို့ ရိုက်ခတ်ပြီး ရွှင်မြူး လာစေတော့၏။

***

All Chapters