← Chapters

မဟာ အတုမဲ့ ပညာရပ်။

Vol. 172 Ch. 2404

မဟာ အတုမဲ့ ပညာရပ်။

Vol. 172 Ch. 2404

ကျန်းရီ စကားကြောင့် လူတိုင်း တုန်လှုပ် သွားသည်။ လောထျန်းရှီသည်ပင် လက်သီးများ ဆုပ်လျက် အေးစက်လာ၏။

လင်းယွန်ကို ခေါ်ဆောင်ရန်သည် ရိုးရှင်းသော အကြောင်းပြချက်ဖြစ်သည်။ အချိန် အကြာကြီး ဖိနှိမ်ခံရ သဖြင့် ဤလူများသည် သည်းမခံနိုင်တော့ဟု ပြောချင်နေပုံရ၏။

ထိုအတွေးကြောင့် လောထျန်းရှီ၏ မျက်လုံးထဲ အေးစက်သော အလင်းရောင်များ တောက်ပလာတော့သည်။

“ တစ်ခုခုတော့ မှားနေပြီ။ ”

အောင်းကြွယ်မှ ပြောသည်။

“ ဘာကိုလဲ။ ”

ရှန်ထျန်းနန်က နားမလည်ချေ။

“ သူတို့ သုံးယောက်က ... မောက်မာလွန်းတယ် ... လင်းယွန်အတွက် ဒီမှာ ရှိနေတယ်လို့ ပြောပေမယ့် ကောင်းကင် တံဆိပ် ဧကရာဇ်ကို အရင်ဆုံး ရန်စပြီး အခု ဘိုးဘေး နတ်ဘုရား ကိုတောင် ရန်နေစတယ်။ ”

ရှန်းထျန်းနန်က ခေါင်းကုတ် လိုက်၏။ သူသည် ခွန်အားအပေါ် အားပြုသူ တစ်ယောက် ဖြစ်ပြီး ထိုမျှလောက် မတွေးချေ။

သူ နားမလည် သေးသည်ကို မြင်သဖြင့်၊

“ သူတို့ရဲ့ ရည်ရွယ်ချက် အမှန်က ကောင်းကင် တံခါး ဖြစ်နိုင်တယ် လင်းယွန်က အကြောင်းပြချက်ပဲ။ ”

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ကောင်းကင် တံခါးကို ရန်စဝံ့ကြသလား။”

ရှန်းထျန်းနန်က အံ့သြသွားသည်။ အောင်းကြွယ်သည် နတ်ဆိုးဂိုဏ်းမှ ဆင်းသက် လာသူ ဖြစ်သဖြင့် စေ့စပ် သေချာသော နှလုံးသား ရှိသည်။

သူက ပြုံးလိုက်ပြီး၊

“ ရှင်းရှင်း ပြောရရင် တာအိုဂိုဏ်း၊ ကောင်းကင်ဓား ခန်းမနဲ့ အရိပ် နတ်ဘုရား နန်းတော်က သူတို့ရဲ့ တပည့်ကြီးတွေကို ဆုံးရှုံးခဲ့တယ် ... ဒါက ရှက်စရာ ဆိုပေမယ့် ဒီကိုလာစရာ မလိုပါဘူး ...

... တကယ်တော့ လင်းယွန်ကို ဖမ်းပြီး ကောင်းကင်တံခါးရဲ့ ဂုဏ်သတင်းကို ချိုးနှိမ်ဖို့ ကြိုးစားနေကြတာ ...

... နှစ်တွေ ကြာလာတာနဲ့အမျှ ဒီပွဲက လူစည်လာပြီး ဘိုးဘေးရဲ့ တပည့်တွေလည်း များလာတယ် ... ဘုံသုံးထောင်မှာ ကြီးမားတဲ့ ဆက်သွယ်မှုတွေ ဖြစ်လို့ တာအိုဂိုဏ်းက အဲဒါကို မနာလို ဖြစ်နေပုံရတယ်၊ ...

... သူတို့မှာ ဘိုးဘေးအဆင့် ကျွမ်းကျင်သူလည်း ရှိတယ် ... ပြီးတော့ ကောင်းကင်တံခါးမှာ နတ်သား မရှိတဲ့အတွက် အတွင်းတပည့်တွေ အားလုံးကို အနိုင်ယူ လိုက်ရင် အနာဂါတ်မှာ ဒီပွဲမျိုး ဘယ်လိုလုပ် ကျင်းပနိုင်တော့မှာလဲ။ ”

နောက်ဆုံးဝင် ရှန်းထျန်းနန်က သဘောပေါက် လာပြီး ‘အခု ငါတို့ ဘာလုပ် သင့်လဲ’ -ဟု မေးမြန်းလိုက်သည်။

“ ဘာမှ မလုပ်နိုင်ဘူး ... ဧကရာဇ်နဲ့ အကြီးအကဲတွေက မလှုပ်ရှား နိုင်တော့ ဒီအတိုင်း စောင့်ကြည့်ရမှာပဲ။ ”

လူတိုင်း အောင်းကြွယ် ပြောပြသည့် အကြောင်းအရာအပေါ် နားလည်ထားကြသည်။ ကျန်းရီက မောက်မာစွာဖြင့်၊

“ အခြား တစ်ယောက် မရှိဘူးလား ... မင်းတို့မှာ ရှိတာ အကောင်းဆုံးလား ... ။ ”

-ဟု ထပ်မံ စိန်ခေါ်ထုတ်သည်။

မောက်မာမှုသည် ကောင်းကင် တံခါးမှ တပည့်များကို ဒေါသ ထွက်စေကာ အံကြိတ် မိစေ၏။

သို့သော် ကျန်းရီသည် ကြောက်မက်ဖွယ် ကောင်းသော ခွန်အားကို ပြသခဲ့သောကြောင့် မည်သူမျှ ထွက်မလာဝံ့ချေ။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် နေခဲ့သည်။

လူအများက ဖန်ပုမြောင်၊ ရှချင်းယွင်၊ ယဲ့ဝူရှန်နှင့် အခြားသော ဘိုးဘေး နတ်ဘုရား၏ တပည့်များထံ ကြည့်ကြ၏။

ယဲ့ချင်းရှန်က တိုက်ချင်သော်လည်း ရှချင်းယွင်က ကျန်းရီခွန်အားကို မမြင်နိုင်သဖြင့် တားထားနေဆဲဖြစ်သည်။

ဤလူငယ်သည် အနာဂါတ်တွင် နတ်သားရာထူး ရယူကာ ဘုံသုံးထောင်ကို ဩဇာ ဖြန့်ကျက်မည့်သူ ဖြစ်သည်။

ထို့ကြောင့် မကြီးပြင်းခင် လဲကျသွား နိုင်သည့် အချင်းအရာများကို ရှောင်ရှားမည်မှာ သဘာဝ ပေပင်။

လင်းယွန်၏ မျက်လုံးများ မှေးစင်းသွားသည်။ ဤလူများသည် သူတို့ကိုယ် သူတို့ ပြိုင်ဘက်ကင်း သည်ဟု ထင်နေကြ ပုံရလေသည်။

သို့မဟုတ် ဆန္ဒရှိသလို ဆုပ်ကိုင်နိုင် လောက်အောင် သူသည် အားနည်းသည်ဟု ယူဆထားခြင်းလည်း ဖြစ်ပေမည်။

သေချာသည်မှာ သူ့ကို အကြောင်းပြပြီး ကောင်းကင်တံခါးအတွက် ရောက်ရှိလာခြင်း ပေပင်။ ကျန်းရီက ပြုံးလျက်၊

“ ကောင်းကင် တံခါးတစ်ခုလုံး ငါ့ကို တိုက်ခိုက်နိုင်တဲ့ သူတောင် မရှိတော့ဘူးလား။

-ဟု ညည်းတွားလိုက်သည်။

ထိုအချိန်တွင် အသွင်အပြင် တစ်ခုပေါ်လာပြီး၊

“ ကောင်းကင် တံခါးမှာ ... ဘယ်သူမှ မရှိဘူးလို့ ဘယ်သူပြောလဲ မင်းလိုနတ်သားကို ငါအနိုင်ယူနိုင်မှာ မဟုတ်ပေမယ့် တိုက်ပွဲကို ငါတို့ မကြောက်ဘူး။ ”

-ဟု တုန့်ပြန် လာတော့၏။

“ ဟုတ်တယ် ... ငါလည်း အမြင်တူတယ်။ ”

ကောင်းကင် တံခါးရှိ လူတိုင်း၏ မျက်လုံးများ တောက်ပလာသည်။ ဤနှစ်ဦးမှာ ကျော်ကြားသူများ မဟုတ်ကြသော်လည်း အားမနည်းကြချေ။

ဘိုးဘေး၏ တပည့်များကြားတွင် နိမ့်ကျသော ကိုယ်ရည်ကိုယ်သွေးမျိုး ရယူထား သူများ ဖြစ်ကြသည်။

“ ဟား ဟား ဟား ... ။ ”

ကျန်းရီက ရယ်မောလျက်၊

“ မင်းတို့ နှစ်ယောက်လုံး ... ငါ့ဆီ လာလို့ရတယ် ... မဟုတ်ရင် ငါသွေးတောင် ပူလိုက်မှာ မဟုတ်ဘူး။ ”

“ ကောင်းကင်ဘုံ ဘုန်းတန်ခိုး လက်သီး။ ”

ဟွာဝူဟု ခေါ်သော ပထမဆုံး ထွက်လာသည့် တပည့်က သူတော်စင်စွမ်းအင် စုစည်းလျက် လျှပ်စီးကြောင်း တစ်ခုလို ရွေ့လျားလိုက်၏။

“ ကောင်းလိုက်တာ ... ဟား ဟား ဟား။ ”

ကျန်းရီက လက်ဖဝါးဖြင့် ပြန်၍ တွန်းထုတ်လျက် ရယ်သည်။ လက်သီးနှင့် လက်ဖဝါး ထိပ်တိုက် တွေ့သော အခါတွင် လှိုင်းလုံးကြီး ထွက်ပေါ်လာ၏။

စင်မြင့်တစ်ခုလုံး တုန်လှုပ်သွားသည်။ ထိပ်တိုက် တွေ့ဆုံမှုအတွင်း ဟွာဝူတစ်ယောက် ခြေလှမ်း အနည်းငယ် ပြန်ဆုတ်သွားသည်။

ကျန်းရီက အံ့အားသင့်သွားကာ လှောင်ပြုံးဖြင့်၊

“ မဆိုးဘူး ... အနည်းဆုံးတော့ ငါ့ဆီက လက်ဖဝါးတစ်ချက် ... မင်းခံနိုင်တယ် ဒါပေမယ့် အထင် ကြီးစရာတော့ မဟုတ်သေးပါဘူး။ ”

“ ငါ မစရသေးဘူး ... ။ ”

“ ဟုတ်လား ... ဒါဆို မင်းခွန်အားကို ငါကြည့်ပါရစေ။ ”

ဟွာဝူက ကောင်းကင်ဘုံ ဘုန်းတန်ခိုး လက်သီးကိုပင် ထပ်မံ မြှင့်တင်လိုက်သည်။

ဤတစ်ကြိမ်တွင်လည်း ကျန်းရီက လက်တစ်ဖက်တည်း ကိုသာ အသုံးပြု၍ ပြန်လည် ရင်ဆိုင်ခြင်း ဖြစ်သည်။

ရွှေရောင် အလင်းတန်းများ ဖြာထွက်ပြီး ဟွာဝူ၏ သူတော်စင်စွမ်းအင်များ တဖြည်းဖြည်း ဝါးမျိုခံလာရ၏။

လှုပ်ရှားမှု ဆယ်ကြိမ် အပြီးတွင် သူတော်စင်စွမ်းအင်များ ကုန်ဆုံးကာ ဟွာဝူ မျက်နှာ ပြောင်းသွားသည်။

သူသည် သာမန်ထက် ပိုသော သူတော်စင်စွမ်းအင် ဆယ်ဆခန့် ထုတ်လွှတ် နိုင်သည့် နည်းစနစ်ကို သုံးနေခြင်း ဖြစ်၏။

ထူးခြားသော ကိုယ်လုံးကိုယ်ပေါက် ရှိသူများသာ ကျင့်ကြံနိုင်သည့် နည်းစနစ်ပေပင်။ ဤအခြေအနေသည် အန္တရာယ်များပြီး မျက်နှာ ဖြူဖျော့လျက် အဝေးသို့ မောင်းထုတ်ခံ လိုက်ရ၏။

ဆံပင်ဖြူများပင် ချက်ချင်း ပေါက်လာပြီး အသက်အရွယ် ကြီးရင့်သွားပုံ ပေါ်လာချေပြီ။ ဆန့်ကျင်ဘက်တွင် ကျန်းရီသည် ကျင့်ကြံမှု အနည်းငယ် တိုးတက် လာခဲ့သည်။

“ ဒါဟာ အရိပ် နတ်ဘုရား နန်းတော်ရဲ့ မဟာအတုမဲ့ ပညာရပ်ပဲ ဝါးမြိုခြင်း တာအိုထက် ပိုလေးနက်တယ်။ ”

“ ဒါက သတိ မထားမိရင် ... လူကို ရူးသွပ်သွားစေမယ့် နတ်ဆိုး စွမ်းအင် ကျင့်ကြံမှု နည်းစနစ် တစ်ခုပဲ ... ။ ”

ဟွာဝူ အလွယ်တကူ ရှုံးနိမ့်သွားသည်ကို မြင်သောအခါ ယန်ရှုက ဓားထုတ်ပြီး ချက်ချင်း ခုတ်ချလိုက်သည်။

သူသည် ဓားသမားဖြစ်၏။ ထို့ပြင် မတူညီသော အုပ်စိုးရှင် တာအို (၁၈)ပါးကို ဆုပ်ကိုင်ထားပြီး ကောင်းကင်တံခါးတွင် ကျော်ကြားခဲ့ဖူးသည်။

ဓားဖြင့် ခုတ်ချလိုက်သော အခါ အုပ်စိုးရှင်တာအို ဆယ့်ရှစ်ပါး ပေါင်းစပ်ကာ ထူးခြားသော ဓားဒိုမိန်း ဖြစ်ပေါ်လာ၏။

ဓားဒိုမိန်းသည် ကောင်းကင်နှင့် မြေကြီးကို ဝါးမြိုရန် ကြိုးစားသည်။ ကျန်းရီ၏ ရွှေအဆင်း သဏ္ဍာန်မှာ ဆုတ်ဖြဲခံလိုက်ရပြီး ခြေလှမ်း အနည်းငယ် ဆုတ်ခွာလိုက်ရ၏။

ဓားသမားသည် ဓားသမား ပေပင်။

“ ရှစ်ကွက်ဓား ... ။ ”

ယန်ရှုက လေထဲ လှည့်ပတ်လျက် ဓားရိပ်များ လွှမ်းခြုံလိုက်သည်။ ဤအရာက ကျိကျန်းကောင်ထက် များစွာ အားကောင်း၏။ ရောင်ဝါအရ လင်းယွန်ထက်ပင် သန်မာနေသည်။

“ ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့ ဓားရောင်ဝါလဲ ဓားရည်ရွယ်ချက်က လင်းယွန်ကို မမီပေမယ့် ... ရောင်ဝါအရတော့ ပိုပြင်းနေတယ်။ ”

လူတိုင်းက တိုက်ပွဲကို ကြည့်ကာ ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။ သို့သော် ရလာဒ်ကို ကောက်ချက် မချဝံ့ချေ။

အဘယ့်ကြောင့်ဆိုသော ကျန်ရီသည် တစ်ချိန်လုံး သူ့ဘယ်လက်ကို နောက်ပို့ကာ တိုက်ခိုက်နေခြင်း ဖြစ်သည်။

“ မဟာ အတုမဲ့ ပညာရပ်။ ”

ရုတ်တရက် ကျန်းရီက ဘယ်လက်ကို ထုတ်ကာ တံဆိပ်တစ်ခု ဖန်တီးလိုက်တော့၏။ အလင်းတန်းများ ဖြာထွက်လာပြီး ယန်ရှု၏ ဓားရောင်ဝါမှာ လုံးလုံးလျားလျား ဝါးမြိုခံ လိုက်ရသည်။

“ ဘောင်း ... ။ ”

တစ်ဆက်တည်းမှာပင် လက်ဖဝါးကို တွန်းထုတ်လိုက်သောအခါ (卍) သင်္ကေတ ပေါ်လာပြီး ဓားဒိုမိန်း ပျက်စီးသွားသည်။

သို့တိုင် ယန်ရှုက ခြေတစ်လှမ်းမျှ ပြန်မဆုတ်ဘဲ ပျံ့ကျဲနေသော ဓားရောင်များကို ပန်းချီကား တစ်ချပ်အဖြစ် ဖွဲ့စည်းကာ ပစ်ထုတ်လိုက်၏။

ဤမျှ အန္တရာယ်များသော အခြေအနေ ဖြင့်ပင် ကြောက်မက်ဖွယ် ဓားပန်းချီတစ်ချပ်ကို ထုတ်ဖော် နိုင်ခဲ့သဖြင့် လူတိုင်းက လေးစား သွားတော့သည်။

ကျန်းရီက သူ့လက်များကို ကောင်းကင်ပေါ် မြှောက်လျက်၊

“ အနန္တ ပေါင်းစည်းခြင်း။ ”

-ဟု ရွတ်ဆိုလိုက်သော အခါတွင် ယန်ရှု၏ ဓားပန်းချီ ဖြစ်စဉ်မှာ ဝါးမြိုခြင်း ခံလိုက်ရသည်။

“ ဒါ … ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … ။ ”

ယန်ရှုတစ်ယောက် အံ့ဩသွား၏။

“ မဖြစ်နိုင်တာ မရှိပါဘူး ... ဓားတာအို ဆိုတာ ကောင်းကင်နဲ့ မြေကြီးကြားမှာ ထာဝရ မတည်ဘူး ... အခု မင်း ရှုံးနေပြီ ဆက်တိုက်ချင် သေးလား ... ဟမ့် ... ဓားသမားတွေကို မုန်းတာ အဲဒါကြောင့်ပဲ။ ”

ကျန်းရီက နှာခေါင်းရှုံ့ကာ လက်ဖဝါးဖြင့် လှမ်းရိုက်လိုက်သည်။ ယန်ရှုခမျာ နံရိုးများစွာ ကျိုးလျက် ပြုတ်ကျသွားတော့၏။

***

All Chapters