ပြိုင်ဘက်ကင်း လူငယ်
Vol. 173 Ch. 2409
ဖုန်ယွမ်က ရွှေရောင် အဆင်းသဏ္ဍာန်ကို ထုတ်လွှတ်လျက် ခန္ဓာကိုယ်မှ နဂါးဟောက်သံ ပဲ့တင်ထပ်လာသည်။
ဤသည်မှာ တာအို ဂိုဏ်း၏ တော်ဝင် ရွှေခန္ဓာ ကိုးပါး ပေပင်။ ရောင်ဝါအောက်တွင် ပတ်ဝန်းကျင် တစ်ခုလုံး စိမ့်မြေအဖြစ် ပြောင်းလဲလာ၏။
ကျင့်ကြံမှု အားနည်းသူ ဖြစ်သော် ထိုဖိအားတစ်ခုတည်းဖြင့် လုံလောက်ချေပြီ။ ယင်းမှာ နည်းစနစ် ကိုးခုကို ပေါင်းစည်းခြင်း ဖြစ်ပြီး အခြေခံအုတ်မြစ် အဖြစ် ကျားနဂါး လွှမ်းမိုးမှုကို အသုံးပြုထားခဲ့သည်။
နဂါးဟောက်သံသည် လူအများ၏ စိတ်ဝိညာဉ်ကို ပြိုလဲသွားစေသည်။ ထို့နောက် လှုပ်ရှားမှု ဆယ်ကြိမ်ခန့် ဖလှယ်လိုက်ကြ၏။
ဖုန်ယွမ်က လက်တစ်ဖက်ကို နဂါးလက်သည်း အဖြစ် ဖန်တီးကာ ကျန်လက် တစ်ဖက်ဖြင့် လက်သီး ထုတ်ဖော်သည်။
လင်းယွန်သည် သူ့ကဲ့သို့ ရောင်ဝါ ပြင်းထန်ခြင်း မရှိသော်လည်း တောက်ပသော ရောင်ခြည်တော် ဓားနှင့် ဖဲကြိုးကိုးထောင် ကြောင့် လိုက်မီနေသည်။
တော်ဝင် ရွှေခန္ဓာ ကိုးပါးနှင့် ဂိုဏ်း၏ လျှို့ဝှက် နည်းစနစ်များကြောင့် များမကြာခင် ဖုန်ယွမ်မှ အုပ်စီးမိသွား၏။
သူရွေ့လိုက်ချိန်တိုင်း ကောင်းကင်၌ အကန့်အသတ်မဲ့ ကြယ်ရောင်များ လင်းလက် နေခဲ့သည်။
လင်းယွန်က နတ်နဂါး ဘုရင် ခန္ဓာကိုယ် ပြောင်းလဲလိုက်ရသည်။ ထို့ကြောင့် သူ့ဓားသည် ပို၍ အစွမ်းထက်လာ၏။
ခဏအကြာတွင် အားနည်းချက် တစ်ခုကို ရှာတွေ့လာပြီး လင်းယွန်က ဓားဖြင့် လှမ်းထိုး လိုက်သည်။
ဤသည်မှာ ရည်ရွယ်ချက် ရှိရှိ ထုတ်ပြလိုက်သော လှည့်ကွက် ဖြစ်သဖြင့် ဖုန်ယွမ်မှ ပြုံးပြခဲ့၏။
သူသည် ကိုယ်လုံးကိုယ်ပေါက်ဖြင့် သူတော်စင် ဖြစ်လာသူ ဖြစ်သည်။ ထို့ကြောင့် သူ၏ တော်ဝင် ရွှေခန္ဓာ ကိုးပါသည် လူအများ မြင်ရသည်ထက် ပိုမို အားကောင်း၏။
ဗုဒ္ဓ၏ မိုးကြိုး ရှစ်ပါး ရွှေခန္ဓာ သည်ပင် သူနှင့် ယှဉ်၍ မရချေ။ ဤသည်မှာ ပြိုင်ဘက်၏ ဓားကို မကြောက်ရသည့် အကြောင်းရင်းလည်း ဖြစ်ချေပြီ။
“ ရွှပ် ... ။ ”
ပန်းသင်္ချိုင်းက ကျားနဂါး ပုံရိပ်များကို ဖြတ်ကျော်ကာ သူ့ပခုံးပေါ် ကျလာ၏။ ၎င်းကို ရှောင်တိမ်းရန် အချိန်မမီဟန် ဆောင်ကာ ထိမှန်ခံလိုက်သည်။
“ ထန် ... ။ ”
တော်ဝင် ရွှေခန္ဓာ ကိုးပါးကြောင့် ပန်းသင်္ချိုင်းဓားက အရေပြားကိုပင် မဖြတ်နိုင် ခဲ့ချေ။
“ ဟား ဟား ဟား ... ဓားသမား တစ်ယောက်က သူ့ဓားကို ဆုံးရှုံးသွားခဲ့ရင် ဘာဖြစ်မလဲ။ ”
ဖုန်ယွမ်က ရယ်မောလျက် ပန်းသင်္ချိုင်းကို ဆုပ်ကိုင်လိုက်၏။ သို့သော် လင်းယွန်က ဓားကို လွှတ်ပေးပြီး၊
“ ငါ့မှာ ဓားမရှိပေမယ့် ... လက်သီး ရှိသေးတယ်။ ”
-ဟု ပြန်ဖြေသည်။
“ ဝှီး ... ။ ”
“ ဘုန်း ... ဘုန်း ... ဘုန်း ... ။ ”
လေခွင်းသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ လက်သီးပြင်းအားက ဖုန်ယွမ်ကို မျက်နှာ ရှုံ့တွသွားစေ၏။
တော်ဝင် ရွှေခန္ဓာကိုးပါးတွင် ရွှေရောင် လှိုင်းများပျံကားလာသည်။ အဆုံး၌ လက်သီး ခုနစ်ချက် ထိမှန်ပြီးနောက် သွေးအန်လျက် နောက်သို့ ယိမ်းယိုင် သွားတော့၏။
“ မင်း ... ။ ”
ထို့ကြောင့် ဒေါသဖြင့် ပန်းသင်္ချိုင်းကို လွှတ်ကာ လက်ဖဝါးနှင့် လှမ်းရိုက်လိုက်သည်။ လင်းယွန်က မျှော်လင့်ထားပြီး ဖြစ်ပြီးသဖြင့် ကောင်းကင်ပေါ် ခုန်တက်လိုက်၏။
“ ဘုန်း ... ။ ”
တဆက်တည်းမှာပင် ခြေကန်ချက်များ ဆက်တိုက် ပစ်လွှတ်ပေးခဲ့သည်။ ဤသည်မှာ နဂါးအမြီးယမ်းနေသလို ထင်ရစေ၏။
“ ဘုန်း ... ဘုန်း ... ဘုန်း ... ။ ”
ဖုန်ယွမ် ရင်ဘတ်ပေါ်သို့ မရေမတွက်နိုင်သော ကန်ချက်များ ကျရောက် သွားသည်။
ကန်ချက်တိုင်းတွင် နတ်နဂါး၏ ကြောက်စရာ ကောင်းသော စွမ်းအားများ ပါဝင်နေ၏။
“ ရွှပ် ... ။ ”
အဆုံးတွင် ပိုင်ယုချန်က ဆက်ကြည့် မနေနိုင်တော့ဘဲ ဓားရောင်ခြည်ဖြင့် ပစ်ခတ် လာတော့သည်။ မိုးပြာငှက်လေးများ ကိုးထပ် ကျောက်စိမ်းဘုံကျောင်းမှ ပြေးထွက်လာ၏။
“ ရွှပ် ... ။ ”
လင်းယွန်က လှည့်ကြည့်သည်။ ဆံပင်များ လေထဲ၌ တဖျပ်ဖျပ်လွင့်လာကာ ဖဲကြိုး(၉၀၀၀) ပျံထွက်သွားသည်။
မိုးပြာငှက်များ ပေါက်ကွဲကုန်သဖြင့် ပိုင်ယုချန်ခမျာ ထိတ်လန့် တုန်လှုပ်သွား၏။ သို့သော် သူသည် သူရဲဘောကြောင်သူ မဟုတ်ချေ။
“ ရွှပ် ... ။ ”
ဖဲကြိုးများကို ဓားဖြင့် ဦးတည်ကာ ခုတ်ပိုင်းပစ်လိုက်သည်။ သူ့ဓားအလင်းများက လင်းယွန်ရှေ့ လှစ်ခနဲ ရောက်ရှိလာ၏။
“ ဝှစ် ... ။ ”
လင်းယွန်က ညာလက်နှစ်ချောင်းကို ဓားအဖြစ် ခံယူပြီး ဘယ်ဘက် လက်ဖဝါးဖြင့် ဆုပ်ကိုင်လျက် ဝင်လာသော ဓားအလင်းထံ ခုတ်ချပစ်လိုက်သည်။
လက်နှစ်ချောင်းက ဓားနှင့် ထိပ်တိုက်မိသောအခါ ပိုင်ယုချန် တစ်ယောက် ဆက်တိုး မလာနိုင်တော့ချေ။
ထို့ကြောင့် စွမ်းအင်အားလုံးကို သူ့ဓားအတွင်း ထပ်မံ လောင်းထည့်လိုက်သည်။ တစ်ဖက်တွင် လင်းယွန် လက်ချောင်းများ၌ ဓားဝိညာဉ်နှစ်ကောင် ရစ်သိုင်းလာ၏။
ဤနည်းဖြင့် ရှေ့မတိုး နောက်မဆုတ် အခြေအနေ ရောက်ရှိလာသည်။ နှစ်ယောက်လုံး ဘယ်ဘက်လက်ဖြင့် တံဆိပ်တစ်ခု ဖန်တီး၏။
လင်းယွန်က တော်ဝင် ဓားကျမ်းကို အသုံးပြုခဲ့ပြီး ဖုန်ယွမ်မှ ကောင်းကင်ဘုံ ဓား၏ လျှို့ဝှက် နည်းစနစ်ကို ဖြန့်ကျက်ခဲ့သည်။
မရေမတွက်နိုင်သော ဓားရောင်ခြည်များ ပိုင်ယုချန်ထံမှ ထွက်လာစဉ် လင်းယွန်ကလည်း ကမ္ဘာဖျက် ဆေးအိုးကြီးကို ခေါ်ယူ၏။
ဒေါသအိုးကြီးက တော်ဝင်ဓားကျမ်း၏ ထိန်းချုပ်မှုအောက်တွင် အဖျက် စွမ်းအားကို ထုတ်လွှတ် လိုက်သည်။
“ ဝုန်း ... ။ ”
ပိုင်ယုချန် တစ်ယောက် သွေးတစ်လုတ်အန်လျက် အဝေးသို့ လွင့်ထွက် သွားတော့သည်။
တိမ်တိုက်များ တစ်စတစ်စ ပြိုကွဲကာ ပိုင်ယုချန်၏ ဓားရောင်ဝါများ ပြိုပျက်သွားပြီး ကြမ်းပြင်ပေါ် ဆင်းသက်လိုက်ချိန်၌ ခြေလှမ်း အနည်းငယ် ပြန်ဆုတ်သွားမိ၏။
“ ဒါ ... ။ ”
လင်းယွန်သည် ဓားမရှိသည့်တိုင် သူ့ကောင်းကင်ဘုံ နတ်ဓားရောင်ဝါ အပေါ် ဖြိုခွင်း နိုင်ခဲ့သည်။
“ တုံ ... တုံ ... တုံ ... ။ ”
လူတိုင်း တိတ်ဆိတ်သွားပြီး ဗုံသံပင် ခဏရပ်သွားတော့၏။ လင်းယွန်သည် အသာစီး ရခဲ့သော်လည်း မည်မျှ အန္တရာယ် ရှိခဲ့သည်ကို သူတို့သိသည်။
အမှားလုပ်မိပါက အသက် ပေးလိုက် ရနိုင်၏။ ပိုင်ယုချန်၊ ကျန်းရီနှင့် ဖုန်ယွမ် တို့က အံ့အားသင့်စွာ ပြန်ကြည့်မိသည်။
ဤဓားသမားသည် ဉာဏ်ကြီးရှင် မျိုးဆက်တစ်ခုလုံးကို နှိမ်နင်းရန် ခွန်အား ရှိနေ သည်ဟု စတင် တွေးတောမိလာ၏။
“ တုံ ... တုံ ... တုံ ... တုံ ... ။ ”
“ ချလွမ် ... ။ ”
ထိုအချိန်တွင် ဗုံသံများ ဆူညံစွာ ပြန်လည် ထွက်ပေါ်လာသည်။ ဖုန်ယွမ်က ပန်းသင်္ချုင်းကို ပစ်ချလိုက်ပြီး နှုတ်ခမ်းမှ သွေးများ သုတ်ကာ၊
“ ဝှက်ဖဲတွေ ထုတ်ပါ။ ”
-ဟု ပိုင်ယုချန်ထံ လှမ်းပြောလိုက်သည်။
ပိုင်ယုချန်က လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်ပြခဲ့သည်။ သူတို့ သုံးယောက်သည် လင်းယွန်၏ ပြိုင်ဘက် မဟုတ်ကြောင်း သိရှိလာတော့၏။
ဝှက်ဖဲများကို မသုံးခဲ့ကြသော်လည်း ခွန်အားအပြည့်သုံးထားသည်။ နှစ်ယောက်သား တာအိုပန်းနှစ်ပွင့်ကို ခေါ်ယူလိုက်၏။
ယင်-ယန်တာအိုနှင့် ဒြပ်စင်ငါးပါး တာအိုဖြစ်ချေပြီ။ ထာဝရ တာအို နှစ်ခုသည် သဟဇာတ ဖြစ်နေခဲ့သည်။
များမကြာခင် တာအိုများ ပေါင်းစည်း သွားပြီး တုန်လှုပ်ဖွယ် ဖြစ်စဉ်တစ်ခု ပေါ်လာ တော့၏။
ရပ်နေရုံဖြင့် စင်မြင့်တစ်ခုလုံး တုန်ခါလျက်တောက်ပသော ရောင်ခြည်တော် ဓား ပြိုပျက်သွားသည်။
“ မကောင်းတော့ဘူး။ ”
“ တောက်ပသော ရောင်ခြည်တော် ဓားရည်ရွယ်ချက်က ထာဝရ တာအိုနှစ်ပါးကို မခံနိုင်ဘူး ... ။ ”
“ သူ့မှာ ဓားနှစ်လက် ဝိညာဉ် ရှိရင်တောင် ဖိနှိမ်ခံရပြီ။ ”
လင်းယွန်က ယင်ယန် တာအိုကို လွှတ်ပေးလျက်မှ
“ ကောင်းလိုက်တာ ... ။ ”
-ဟု အော်ဟစ်လိုက်သည်။
ထို့နောက် ယင်ယန် လက်သီးဖြင့် ပိုင်ယုချန်တို့ နှစ်ဦးကို ကောင်းစွာ ခုခံပြသည်။ ကြီးမားသောဖိအားကြောင့် စင်မြင့်မှာ ပြိုပျက်လုနီးပါး ဖြစ်လာ၏။
ထိုအချိန်တွင် ထာဝရ တာအိုပန်း နောက်တစ်ပွင့် ထပ်ပေါ်လာသည်။ ကျန်းရီ ဖြစ်ချေ၏။
“ သေစမ်း ... ဒီကောင့်ကို မေ့သွားတယ်။ ”
“ သူ ပြန်ကောင်းလာတာ မြန်တယ်။ ”
ထာဝရ တာအို သုံးပါး ပေါင်းစည်းပြီး ကြောက်စရာ ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။
“ ဟား ... ဟား ... ဟား ... လာခဲ့ ငါမင်းကို စောင့်နေခဲ့တာ။ ”
လင်းယွန်က ကြောက်ရွံ့ခြင်း မရှိချေ။ ရယ်မောလျက် ကောင်းကင်ပေါ် ပျံတက်ပြီး သူ့လက်ဖဝါးကို တွန်းထုတ်လိုက်၏။
တစ်ချိန်တည်းမှာပင် ထာဝရ တာအိုကို ကိုယ်စားပြုသော အခြား ပန်းတစ်ပွင့် ထွက်ပေါ် လာပြန်သည်။
သူ ထုတ်လွှတ်လိုက်သော ရောင်ဝါသည် ဖုန်ယွမ်၊ ပိုင်ယုချန်နှင့် ကျန်းရီတို့ကို ချက်ခြင်း ဖိနှိမ်တော့၏။
“ ဒါက ... ယင်-ယန်တာအို ... ဒြပ်စင် ငါးပါးနဲ့ သစ္စာတရားလား ဒါဆို မင်းတို့အားလုံး နိဗ္ဗာန်ကို မျက်မှောက် ပြုရအောင်။ ”
“ ..... ။ ”
သုံးယောက်သား မျက်လုံးပြူးသွား၏။ တစ်စုံတစ်ယောက်သည် ထာဝရ တာအိုကို နှစ်ပါးအထိ နားလည်ထားနိုင်သည်လော။
“ တုံ ... ။ ”
“ ဒီကောင် ... ။ ”
ယင်းမှာ အဓိပ္ပါယ် မရှိချေ။ အထူးသဖြင့် နိဗ္ဗာန်တာအို ဖြစ်သည်။ လောထျန်းရှီခမျာ လက်ထဲမှ ဗုံရိုက်တံ ပြုတ်ကျသွားတော့၏။
***