အကျဉ်းသား ...
Vol. 173 Ch. 2410
လင်းယွန်က ကောင်းကင်ပေါ် ပျံတက်ပြီး သူ့နောက်၌ ထာဝရတာအို ပန်းနှစ်ပွင့် ပွင့်ကာ ထာဝရတာအို သုံးပါးကို ရင်ဆိုင်လိုက်၏။
ယင်းကြောင့် ဖုန်ယွန်၊ ပိုင်ယုချန်နှင့် ကျန်းရီကို ကြီးမားသော ဖိအားအောက်တွင် ရှိစေခဲ့သည်။
ဤအရာသည် လူတိုင်း၏ စိတ်ကူးယဉ်မှုအပေါ် ကျော်လွန်သွားခဲ့ပြီး ဖြစ်ချေပြီ။
လင်းယွန်သည် ဓားတာအိုဖြင့်ပင် သစ္စာတရားကို ဖြိုခွင်းနိုင်၏။ ထာဝရ တာအို နှစ်ပါး ပေါင်းထည့်ပြီးနောက် မည်မျှ အစွမ်း ထက်မည်ကို တွေးမရတော့ချေ။
လင်းယွန်ထံမှ ရောင်ဝါသည် သူတို့ကို အသက်ရှူကြပ်စေ၏။ သေးငယ်သော အက်ကွဲ ကြောင်းများပေါ်လာကာ ပေါက်ကွဲတော့မည့် အရိပ်အယောင်များ ပြသလာသည်။
သုံးယောက်သား အကြည့်ချင်း ဖလှယ် လိုက်ကြသည်။ သူတို့ သုံးယောက် အနက်တွင် ဖုန်ယွမ်သည် အသန်မာဆုံး ဖြစ်၏။
လင်းယွန်၏ တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိသော် သူသည် အပြင်းထန်ဆုံး ဒဏ်ရာများ ရရှိမည့် လူပေပင်။
“ ဘုန်း ... ။ ”
လင်းယွန်နှင့် ဖုန်ယွမ်တို့က ကောင်းကင်၌ လက်ဖဝါးချင်း ဖလှယ်လိုက်ကြပြီး အားလုံးကို တုန်လှုပ် ချောက်ချားစေသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာစေ၏။
“ ခရစ် ... ။ ”
“ ဝေါ့ ... ။ ”
ဖုန်ယွမ်၏ ယင်-ယန် ပန်းချီကား ပြိုကျသွားကာ အက်ကြောင်းများ ပြန့်ကျဲလျက် သွေးအန်သွားတော့သည်။
သို့သော် ဒဏ်ရာ မပြင်းထန်သဖြင့် ပြုံးလိုက်မိ၏။ လင်းယွန်က ကြမ်းပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်ကာ ပြိုင်ဘက်ထံ အေးစက်စွာ လှမ်းကြည့်သည်။
“ ထာဝရ တာအို နှစ်ပါး ရှိပေမယ့် အထင်ကြီးစရာ ဘာမှ မရှိပါဘူး ... ဒါမှမဟုတ် မင်းနိဗ္ဗာန်တာအို တံခါးခုံကို မတော်တဆ ရောက်ခဲ့တာလား။ ”
ဖုန်ယွမ်က လှောင်ပြောင်လျက် ယုံကြည်မှု တိုးလာခဲ့သည်။ ကောင်းကင်ပေါ် ပျံတက်ကာ လင်းယွန်အနား ရွေ့လျားလိုက်၏။
“ တော်ဝင် ရွှေခန္ဓာ ကိုးပါး — ကောင်းကင်ဘုံ သူတော်စင် ချပ်ဝတ်။ ”
ဆယ်ကြိမ် ထပ်မံ ဖလှယ်ပြီးနောက် နှစ်ယောက်သား မီတာ ရာဂဏန်း အကွာသို့ ပြန်၍ ဆုတ်ခွာမိသည်။
ဖုန်ယွမ်နဖူးတွင် ချွေးများ ဖုံးလွှမ်းလျက် လဲလှယ်မှုသည် သူ့အတွက် တန်ဖိုးကြီးကြောင်း မည်သူမဆို ပြောနိုင်၏။
သို့တိုင် နောက်ဆုတ်ရန် ဆန္ဒမရှိဘဲ စွမ်းအင်ကို ဆက်လက်စုဆောင်းပြီး သူတော်စင် ချပ်ဝတ်အပေါ် မြှင့်တင်လိုက်၏။
“ ဟိတ် ... ။ ”
ပိုင်ယုချန်နှင့် ကျန်းရီက လင်းယွန်ကို အနားမပေးလိုသဖြင့် ပြေးဝင် တိုက်ခိုက်လိုက် လေသည်။
လင်းယွန်က ယင်ယန်လက်သီးနှင့်ပင် သူတို့နှစ်ဦးထံ မျက်နှာချင်းဆိုင် လိုက်သည်။ များမကြာခင် ဖုန်ယွမ်သည်လည်း တိုက်ပွဲ အတွင်း ဝင်လာခဲ့၏။
“ ဝုန်း ... ။ ”
ခွန်အားကို စုဆောင်းထားသဖြင့် လင်းယွန်ခမျာ လွင့်စဉ်သွားရသည်။ စင်မြင့်ကြီး ပေါက်ကွဲကာ တရွတ်တိုက်သွားသောကြောင့် စွပ်ကြောင်း တစ်ခု ထွက်ပေါ်လာ၏။
“ သတ် ... ။ ”
ဖုန်ယွမ်တို့ သုံးယောက်က ဤအခွင့်အရေးကို လက်လွှတ်မခံဘဲ ပြေးဝင် လိုက်တော့သည်။
“ ဟား ဟား ဟား ... ကောင်းလိုက်တာ ... ။ ”
လင်းယွန်က အဝတ်အစားနှင့် ဆံပင်များ တဖျပ်ဖျပ် လွင့်မျော နေလျက်မှ ရယ်မောလိုက် မိ၏။
ပန်းသင်္ချိုင်းဓားကို လက်လှိုင်းဖြင့် ပြန်လည်ခေါ်ယူကာ ဝင်လာသော သုံးယောက် ထံ မော့ကြည့်လိုက်သည်။
ထိုအကြည့်သည် ဖုန်ယွမ်တို့ သုံးဦးကို ကျောရိုးများ အေးစက်သွားစေ၏။ ချက်ချင်းရပ် လိုက်ပြီး အမြန် ပြန်ဆုတ်လိုက်ကြသည်။
“ ဝှစ် ... ။ ”
သို့သော် လင်းယွန်က ပန်းသင်္ချိုင်းကို ပစ်ထုတ်ကာ အဝေးကနေ ထိန်းလျက် ဖဲကြိုး ကိုးထောင်ဖြင့် ပစ်ထုတ်လိုက်၏။
ဖဲကြိုးများက ဓားအဖြစ် ပြောင်းလဲ သွားသည်။ ယင်းကြောင့် ပိုင်ယုချန်နှင့် ကျန်းရီမှ မျက်နှာများ ဖြူဖျော့လျက် ကြမ်းပြင်ပေါ် ပြန်ဆင်းကာ အဆက်မပြတ် ခုခံနေရ၏။
“ ထန် ... ထန် ... ။ ”
ဖုန်ယွမ်သည်သာ ပန်းသင်္ချိုင်းဓား၏ တိုက်ခိုက်ခြင်းကို တိုက်ရိုက် ဖြေရှင်းနေရသည်။ သူတော်စင် ချပ်ဝတ် ရှိသော်မှ သူ့အတွက် ကံမကောင်းလှချေ။
ထို့ကြောင့် သေစေနိုင်သော အစိတ်အပိုင်းများကို ထိမှန်ခြင်းမှ ရှောင်ရှား ရန်သာ အာရုံစိုက်လိုက်ရသည်။
ဤတိုက်ပွဲသည် စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းသောကြောင့် ပရိသတ်အားလုံးကို အသက်ရှူ ကြပ်သွားစေ၏။
၎င်းတို့လေးယောက်မှ ထာဝရတာအို ငါးပါးကို ပြသထားသည်။ သူတော်စင် ဘုရင် အောက်၌ အပြင်းထန်ဆုံး တိုက်ပွဲ ဖြစ်ချေ၏။
ထို့ကြောင့် သူတို့သည် ဤတိုက်ပွဲ၏ အသေးစိတ် အချက်အလက်များကို လက်လွတ် မခံချင်ကြဘဲ စိုက်ကြည့်နေကြသည်။
“ ဒီလူကို ... ငါ သရေရလာဒ် ရခဲ့တာလား။ ”
တုကုကြွယ်က အကြောက်တရားဖြင့် သူ့ယုံကြည်ချက် ပျောက်ဆုံး သွားခဲ့လေသည်။ လင်းယွန်ကို ထပ်မတိုက်မိသည်မှာ ကံကောင်း သွား၏။
အဆုံးတွင် ဖုန်ယွမ်ခမျာ မယုံနိုင်လောက်အောင် လျင်မြန်လွန်းသော အဟုန်ဖြင့် ပန်းသင်္ချိုင်း ဖမ်းယူလိုက်ရသည်။
ပန်းသင်္ချိုင်းထံမှ ပြိုကျလာသော ရောင်ဝါကြောင့် ဖုန်ယွမ်က ညည်းတွားသံ ပြုပြီး ယိုင်ထိုးသွား၏။
“ သတ် ... ။ ”
ကျန်းရီနှင့် ပိုင်ယုချန်က ထာဝရ တာအိုပန်းများ ပွင့်စေလျက် ချက်ချင်း ခုန်ဝင် လိုက်တော့သည်။
လင်းယွန်အတွက် အခြေအနေက နောက်တစ်ကြိမ် ဆိုးရွားလာ သောကြောင့် လူတိုင်း ထိတ်လန့် ကုန်၏။
“ ရွှပ် ... ။ ”
လင်းယွန်က ဓားရည်ရွယ်ချက်ကို ပန်းသင်္ချိုင်းအတွင်း ထပ်မံလောင်းထည့်လိုက် ပြန်သည်။ ဖုန်ယွမ်ခမျာ အံကြိတ်ပြီး လက်ထဲမှ ဓားကို ဆုပ်ကိုင်ထားရ၏။
ထိုအချိန်တွင် ပိုင်ယုချန်နှင့် ကျန်းရီ ရောက်ရှိလာပြီဖြစ်သဖြင့် နိဗ္ဗာန် တာအိုကို လောင်ကျွမ်း စေလိုက်သည်။
“ ဖျပ် ... ။ ”
ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သော အခါတွင် ပိုင်ယုချန်နှင့် ကျန်းရီမှာ အတိတ်သို့ ပြန်ရောက်သွားတော့၏။
“ ဝှစ် ... ။ ”
“ ဘုန်း ... ။ ”
“ ဘုန်း ... ။ ”
တစ်ဖက်တွင် ပိုင်ယုချန်နှင့် ကျန်းရီ သည်လည်း လင်းယွန် ပြေးတက်လာသည်ကို မြင်ပြီး ချက်ချင်း ရပ်တန့်သွားသည်။
“ ဘာဖြစ်တာလဲ။ ”
ပြင်းထန်သော စွမ်းအားတစ်ခုက သူ့တို့နှစ်ဦးကို နောက်သို့ ဆွဲခေါ်သွားသည်ဟု ခံစားလာရပြီး လက်သီးဖြင့် ထိုးနှက် ခံလိုက်ရ၏။
သူတို့နှင့် တချိန်တည်းမှာပင် ဖုန်ယွမ် သည်လည်း လင်းယွန်ကို ရိပ်ခနဲ မြင်လိုက်ရကာ ဓားကိုင်ထားသော ညာလက်ကောက်ဝတ် အေးခနဲ ပေါ့ပါးသွားသည်။
ကမ္ဘာကြီး တစ်ခုလုံး တိတ်ဆိတ်သွားကာ အရာရာပုံမှန် ပြန်ဖြစ်သွားချိန်၌ ပန်းသင်္ချိုင်းကို ကိုင်ထားသည့် လက်ပြတ်ကြီးနှင့် လင်းယွန်က မူလနေရာ၌ ရပ်နေသည်ကို မြင်လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်း ပြိုင်ဘက် နှစ်ယောက်အပေါ် လက်သီးဖြင့် ထိုးကာ ကျန် တစ်ယောက်ကို လက်နှစ်ချောင်းနှင့် လက်ကောက်ဝတ် ဖြတ်သွား၏။
“ ဒါဆို ... မင်းတို့ ငါ့ကို ခေါ်သွားချင်သေးလား။ ”
လင်းယွန်က မေးသည်။ ပိုင်ယုချန်နှင့် ကျန်းရီက နာကျင်လွန်းသဖြင့် စကားမပြောနိုင် ခဲ့ကြချေ။ ဖုန်ယွမ်အတွက်မူ ရှက်လွန်းလှပြီး ခေါင်းငိုက်စိုက်ချသွား၏။
“ ဗုံအတွက် ကျေးဇူးတင်ပါတယ် ဧကရာဇ်လော ... ငါ မင်းကို စိတ်မပျက်စေဘူး မဟုတ်လား။ ”
အံ့အားသင့်နေသော လောထျန်းရှီကို လှည့်ကြည့်ကာ လင်းယွန်မှ ပြုံးပြလိုက်သည်။ လောထျန်းရှီက သက်ပြင်းချလျက်၊
“ နိဗ္ဗာန်မရောက်ခင် အရာအားလုံးက ဘာမှမဟုတ်ပါဘူး မင်းက မျိုးဆက်တစ်ခုလုံး အပေါ် ဖိနှိပ်နိုင်တဲ့ ပါရမီရှင် တစ်ယောက်ပဲ။ ”
-ဟု ညည်းတွား လိုက်သည်။
သူ့အတွက် ဤအရှုပ်အထွေးကို အဆုံးသတ်ရန် အချိန်လည်း ရောက်လာချေပြီ။
“ ပိုင်ယုချန်၊ ကျန်းရီနဲ့ ဖုန်ယွမ် ... မင်းတို့သုံးယောက်က ကောင်းကင်တံခါးကို လာရှုပ်ခဲ့တယ် ... အခု ငါတို့ စကားပြောဖို့ အချိန်ကျပြီ။ ”
လောထျန်းရှီက တော်ဝင် ကောင်းကင် သခင်ထံ လှည့်ကြည့်ပြီး၊
“ တော်ဝင် ကောင်းကင် ... ။ ”
“ ကျွန်တော် ဒီမှာရှိပါတယ်။ ”
“ သူတို့ကို သွေးသန့်စင်ခြင်း နယ်မြေမှာ ထားလိုက်ပါ ဘိုးဘေးအဆင့် တန်ခိုးရှင် တစ်ပါး လာရင်တောင် မလွတ်စေနဲ့။ ”
“ ဟုတ်ကဲ့ ... နားလည်ပါပြီ ။ ”
လူတိုင်း အသက်ပြင်းပြင်း ရှူလျက် ထိတ်လန့် သွားကြသည်။ နောက်ဆုံးတွင် မာန ကြီးသော ဘုံသုံးထောင်၏ ကျော်ကြားသော ပါရမီရှင် သုံးပါးသည် ကောင်းကင် တံခါး၏ အကျဉ်းသားများ ဖြစ်သွားချေပြီ။
***