← Chapters

ဘိုးဘေး နတ်ဘုရား။

Vol. 173 Ch. 2411

ဘိုးဘေး နတ်ဘုရား။

Vol. 173 Ch. 2411

ဤအရာသည် အပျက်အစီးနယ်မြေ၌ အနှစ်တစ်ရာ အကျဉ်းချရန် အမိန့်ပေးခြင်းမည် ချေပြီ။

ထိုနေရာတွင် ကောင်းကင် တံခါး၏ ပြစ်မှုကြီးမားသော ရာဇ၀တ်ကောင်များကို ထောင်ချရာ နေရာ ဖြစ်၏။

ဝိညာဉ် စွမ်းအင်များ ပါးလျပြီး လေထုမှာ ကြမ်းတမ်းလေသည်။ ကျင့်ကြံရန် မဖြစ်နိုင်ချေ။ အနှစ်တစ်ရာ မကျင့်ကြံ နိုင်ခြင်းသည် ဖုန်ယွမ်၊ ကျန်းရီနှင့် ပိုင်ချန်ကဲ့သို့သော ထူးချွန်သူများ အတွက် အကြပ်ရိုက်စေမည် ဖြစ်၏။

၎င်းတို့ ထောင်ကျနေချိန် မျိုးဆက် တစ်ခုတည်းမှ အခြားသော ပါရမီရှင်များက ကြီးထွားလာမည် ဖြစ်သည်။

“ ဘယ်လောက်တောင် ... ရက်စက်လိုက်လဲ။ ”

“ မြင့်မြတ်မြေ သုံးပါး နောင်တရ ကြလိမ့်မယ် ထင်တယ် ကောင်းကင် တံခါးက နတ်သား မရသေးချိန်မှာ ... လင်းယွန်ကို အကြောင်းပြချက် အဖြစ် ...

... အသုံးပြုပြီး ချိုးနှိမ်နိုင်မယ် ထင်နေကြတယ် ဒီရလဒ်ကို သေချာပေါက် မျှော်လင့်ထားမယ် မထင်ဘူး။ ”

“ ဒါတော့ အပြစ်တင်လို့ မရဘူး လင်းယွန်သာ မရှိရင် သူတို့ သုံးယောက်က ကောင်းကင် တံခါးရဲ့ ပွဲကို ရှုပ်ယှက်ခတ် စေလိမ့်မယ်။ ”

“ မှန်တယ် ... အနည်းဆုံးတော့ ကောင်းကင်တံဆိပ် ဧကရာဇ်က မျိုးဆက်တူ မဟုတ်တော့ သူတို့ကို ကြည့်နေရလိမ့်မယ်။ ”

“ သူတို့နဲ့ ထိုက်တန်ပါတယ် ... ။ ”

“ ဘယ်သူက စာနာမှာလဲ ... ဘာလို့လဲ ဆိုတော့ သူတို့က ကောင်းကင်တံခါးကို နင်းပြီး နာမည်ကြီးချင် နေကြတာကိုး။ ”

လူတိုင်းက အမြင်များ ထုတ်ဖော် လိုက်ကြသည်။

“ မင်းတို့ သုံးယောက်က အဲဒါကို ကန့်ကွက်စရာရှိလား။ ”

လောထျန်းရှီက သူတို့ သုံးယောက်ထံ အေးစက်စွာ ကြည့်လိုက်သည်။ ပိုင်ယုချန်နှင့် ကျန်းရီက ကောင်းကင်တံခါးမှ လူအများ၏ ဒေါသကို မြင်ပြီးနောက် ပါးစပ်ပိတ်ထားရန် ရွေးချယ်ခဲ့ကြ၏။

၎င်းတို့သည် အစောပိုင်း မောက်မာမှုဒဏ်ကြောင့် ကန့်ကွက်သော် လှောင်ပြောင်ခံရ မည်မှာ သေချာချေပြီ။

ဖုန်ယွမ်က ပြတ်သွားလက်ကို ကောက်ယူလိုက်ပြီး၊

“ ငါတို့ ရှုံးပြီးကတည်းက ဘာမှ ပြောစရာ မရှိတော့ဘူး။ ”

-ဟု တုန့်ပြန် လိုက်၏။

ကျန်နှစ်ယောက်နှင့် ယှဉ်သော် ဖုန်ယွမ်မှာ ပိုတည်ငြိမ်ချေပြီ။ သို့သော် ၎င်းက လင်းယွန်ထံ လှမ်းကြည့်ပြီး

“ မကျေနပ်ချက်တွေ ရှိခဲ့ရင်တောင် ... ပန်းသင်္ချိုင်းဆီကိုပဲ ဦးတည်ရမယ် ... မင်းမှာ နိဗ္ဗာန်တာအို ရှိလိမ့်မယ်လို့ မျှော်လင့် မထားမိဘူး ... ငါ ... ”

“ ငါမနေနဲ့ ... မင်းသူ့ကို ဘယ်တော့မှ မမီဘူး။ ”

တုကုကြွယ်က စကားဖြတ် ပြော၏။ ယင်းကြောင့် ဖုန်ယွမ်က တုကုကြွယ်ထံ လှည့် ကြည့်သည်။

“ မင်းတို့ သုံးယောက်က ... သူ့ကို ရှုံးပြီးတာတောင် ဒီလို ပြောဖို့ မျက်နှာ ဘယ်က ရခဲ့တာလဲ ... ငါသာ မမှားရင်​ လင်းယွန်မှာ ဝှက်ဖဲတွေ ရှိ​သေးတယ်​။ ”

“ မင်းက ဘယ်သူလဲ ... မင်းငါ့ကို ဒီလိုစကားပြောဖို့ ... အရည်အချင်း ရှိတယ်များ ထင်နေတာလား။ ”

“ ငါဘယ်သူလဲ ဟုတ်လား ... ငါက ပန်းသင်္ချိုင်းကို သရေကျအောင် တိုက်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော လူပဲ ...

... မင်းတို့က သုံးယောက် ပေါင်းပြီးတောင် သူ့ကို အနိုင် မယူနိုင်ဘူး ... ဒါဆို အရည်အချင်း မရှိတာက ဘယ်သူလဲ ... မင်းတို့လား ငါလား။ ”

တုကုကြွယ်၏ ရင်ကော့ကာ ပြန်ဖြေလိုက်သည့် စကားကြောင့် လူအုပ်ကြီး ခမျာ မျက်ခုံးပင့် သွားတော့သည်။

“ ဒီလူက ... အရှက် မရှိဘူး။ ”

လင်းကျန်းရှန့်မှ မှတ်ချက်ပေးလိုက်၏။

“ သူပြောတာ အမှား မရှိပါဘူး ... သူနဲ့ငါက သရေကျခဲ့တာ အမှန်ပဲလေ။ ”

လင်းယွန်က ပြုံးပြီး အတည်ပြုလိုက်၏။ ယင်းကြောင့် ပတ်ဝန်းကျင်၏ အကြည့်များကို ခံယူလျက် တုကုကြွယ်မှ၊

“ ဖုန်ယွမ် ... အခု မင်းကိုယ်မင်း ငါနဲ့စကားပြောဖို့ အရည်အချင်း ပြည့်မီပြီလို့ ထင်သေးလား ... အရှုံးသမားတွေ။ ”

လင်းယွန်၏ အရှက်ခွဲခြင်းကို ခံရသည် ဟူသော ခံစားချက်သည် သူ့အတွက် ကောင်းချီး တစ်ပုဒ် ဖြစ်လာလိမ့်မည်ဟု လုံးဝ မျှော်လင့် မထားမိချေ။

နောင်တွင် လင်းယွန်ကို ထောင်နှင့်ချီသော လှုပ်ရှားမှုများအပြီး နောက်ဆုတ် သွားခဲ့အောင် ဖိအားပေးနိုင်သည်ဟု ကြွားလုံး ထုတ်နိုင် တော့မည် ဖြစ်သည်။

“ ရှုပ်မနေနဲ့ အောက်ဆင်းတော့ ... ။ ”

​လောထျန်းရှီက အော်ငေါက်လိုက်သည်။

“ ပန်းသင်္ချိုင်း ... ငါတို့ နှစ်တစ်ရာပြီးရင် ပြန်ဆုံကြမယ် ... ဒီရန်ငြိုးကို ငါမမေ့ဘူး။ ”

ဖုန်ယွမ်က လင်းယွန်ကို စူးစူး စိုက်စိုက် ကြည့်ကာ တော်ဝင် ကောင်းကင် သခင်နောက် လိုက်ပါသွားတော့သည်။

လင်းယွန်က ခေါင်းယမ်းလျက် ပြန်မပြောတော့ချေ။ ဤတိုက်ပွဲတွင် အုပ်စိုးရှင် နက္ခတ်နှင့် နိဗ္ဗာန်ဓား ပညာရပ်ကို အသုံး မချခဲ့ရသဖြင့် နှမျောသွားသည်။

နိဗ္ဗာန်ဓားဟူသည် သူ နားလည်ထား သမျှသော ဓားပညာရပ် အားလုံး၏ အဆီအနှစ် ဖြစ်သည်။ စွမ်းအင် ကုန်ဆုံးမှု များချေ၏။

အုပ်စိုးရှင် နက္ခတ်သည်လည်း ပြိုင်ဘက်အပေါ် လျင်မြန်စွာ အနိုင်ယူ နိုင်သည်။ သို့သော် မအောင်မြင်ပါက သူ့အတွက် အန္တရာယ် ရှိမည် ဖြစ်၏။

ထို့ကြောင့် ၎င်းအစား ကနဦး ကျွမ်းကျင်မှု ရရှိထားသည့် တောက်ပသော ရောင်ခြည်တော် ဓားကို ရွေးချယ်လိုက်ခြင်း ပေပင်။

ဤနည်းလမ်းသည် အထက်ပါ ဝှက်ဖဲ နှစ်ချပ်ထက် ဘေးကင်းသော နည်းလမ်းတစ်ခု ဖြစ်လေသည်။

“ အစ်ကိုကြီးလင်း ... ဘာတွေ စဉ်းစားနေတာလဲ။ ”

ကျိရှစ်ရှီက မေးလာသည်။

“ ငါ့မှာ ဝှက်ဖဲနှစ်ချပ် ကျန်သေးတယ်။ ”

လင်းယွန်မှ ပြန်ဖြေ၏။

“ ဘာလဲ ... မင်းမှာ ဝှက်ဖဲတွေ ရှိနေတုန်းလား။ ”

လင်းယွန်ပြောသည့် စကားကို ကြားသောအခါ ရှန်းထျန်းနန် အပါအဝင် အားလုံးက အံ့သြသွားကြသည်။

“ သုံးယောက် တစ်ယောက် ... နှိမ်နှင်းပြီး တာတောင် မင်းမှာ ဝှက်ဖဲတွေ ရှိသေးတာလား။ ”

ဖန်ပုမြောင်က အံ့သြသွားသည်။

“ အင်း၊ အတိအကျတော့ မဟုတ်ပါဘူး ... ငါ့ရဲ့ သူတော်စင် စွမ်းအင်တွေ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ ... ဒါကြောင့် ဝှက်ဖဲတွေရှိလည်း ထုတ်ဖို့ မလွယ်တော့ပါဘူး။ ”

လင်းယွန်သည် အမှန်ပြော နေခြင်း ဖြစ်ကြောင်း နားလည်မိသဖြင့် ဖန်ပုမြောင်၏ နှုတ်ခမ်းများ လှုပ်ယမ်းသွားတော့၏။

တစ်ဖက်လူသည် သူတော်စင် စွမ်းအင်ကို အလွန်အကျွံ သုံးစွဲမိသည့် ပြဿနာ တစ်ရပ်သာ ရှိချေပြီ။

ဆိုလိုသည်မှာ ပြိုင်ဘက်များကို သူ့၌ အနိုင်ယူရန် အနည်းဆုံး နည်းလမ်း (၃)ခု ရှိနေ သည်ဟု အဓိပ္ပါယ်ရ၏။

“ လင်းယွန် ... မင်းဟာ မျိုးဆက် တစ်ခုလုံးကို ဖိနှိပ်ချုပ်ချယ်နိုင်တဲ့ ဉာဏ်ကြီးရှင် တစ်ယောက် ဖြစ်ပုံပဲ။ ”

လောထျန်းရှီက ကျေနပ်စွာ ပြုံးပြီး ပြောကြား လိုက်သည်။

“ ဒါတော့ ဖြစ်နိုင်ပါတယ်။ ”

“ ဟား ... ဟား ... ဟား ... တကယ့်ကို မလျော့တဲ့ လူငယ်ပဲ ကောင်းပြီ ... မင်းတို့တွေ ဆရာနဲ့ တွေ့ဖို့ သွားရအောင် ... ။ ”

လောထျန်းရှီက ဝှေ့ယမ်းလိုက်ပြီး၊

“ ဒီနေ့ ငါပျော်တယ် ... ဧည့်ခံပွဲကြီး ပွဲပြီးသွားပေမယ့် သိမ်းထားတဲ့ ဝိုင်တွေကို ထုတ်ပြီး ထပ်သောက်ကြပါ ... အဆုံးမရှိ။ ”

-ဟု အမိန့်ပေးလာတော့သည်။

“ ချက်ချင်း လာခဲ့။ ”

ထိုစဉ် အေးစက်သော အသံ ထွက်ပေါ် လာပြီးနောက် သူတို့ ငါးယောက်ကို လက်ကြီး တစ်ဖက်ဖြင့် လှမ်းဆွဲသွား၏။

ထိုလက်ကြီးသည် လေဟာနယ်ကို ခွဲကာ အချိန်နှင့် အာကာသအပေါ် ဆုပ်နယ်နိုင်မည်ဟု ခံစားရစေသည်။ လူတိုင်း အသက်ရှူကြပ် ကုန်တော့၏။

“ ဘိုးဘေး နယ်ပယ် ... ။ ”

ဖန်ချင်းယုက သက်ပြင်းချလျက် ပျောက်ကွယ်သွားသည့် လက်ကြီးထံ ငေးကြည့် နေခဲ့သည်။

“ မင်းဘယ်တုန်းက ရောက်နေတာလဲ ... ။ ”

သို့မှသာ ရှန်ထျန်းနန်နှင့် အောင်းကြွယ် တို့က အံသြစွာ လှည့်ကြည့်သည်။ ဖန်ချင်းယုမှ ပြုံးပြီး၊

“ ငါရောက်နေတာ ကြာပြီ ... သောက်ချင်လား ... ကောင်းကင်တံခါးမှာ အဖိုးတန် ဝိုင်တွေ ရှိတယ်၊ လာ ငါနဲ့လိုက်ခဲ့။ ”

ထို့နောက် သုံးယောက်သား ချက်ချင်း ပျောက်ကွယ် သွားတော့သည်။ တစ်ဖက်တွင် ဘိုးဘေး နတ်ဘုရားမှ လင်းယွန်တို့ကို ကိုယ်တိုင် ဆောင်ကြဉ်းသွား၏။

ကြမ်းပြင်ပေါ်​ ခြေချမိချိန်တွင် ကြီးကျယ် ခမ်းနားသော နန်းတော် တစ်လုံးကို မြင်လိုက်ရ လေသည်။

နန်းတော် အပြင်၌ ရောင်စုံ မီးအိမ်များ ချိတ်ဆွဲထား၏။ မီးအိမ်တိုင်းသည် တာအိုကို ကိုယ်စားပြုသည်။

“ ဒီနေရာက ဘာလဲ ... ။ ”

ပတ်ဝန်းကျင်၌ ကြမ်းကြုတ်သော စွမ်းအင်ရေဝဲကြီးကို မြင်နေရသည်။ လူတိုင်း ထိတ်လန့်သွား ကြ၏။

“ ဒါက ကောင်းကင်တံခါး ဘိုးဘေး နန်းတော်ပဲ ... ငါ့ဆရာ လေ့ကျင့်တဲ့ နေရာ ဒီနေရာကို မူလဖရိုဖရဲ လျှို့ဝှက်နယ်မြေလို့ ခေါ်တယ် ... ငါအများကြီး မသိဘူး။ ”

ဤနေရာတွင် လျှို့ဝှက်ချက်များစွာ ရှိနေခဲ့ပြီး လောထျန်းရှီသည်ပင် သုံးကြိမ်သာ ရောက်ရှိဖူး၏။

ဆိုလိုသည်မှာ သူတို့သည် ဤတစ်ကြိမ်၌ ဘိုးဘေး နတ်ဘုရားကို လူကိုယ်တိုင် မြင်ခွင့် ရနိုင်သည်ဟူသော အဓိပ္ပါယ်ပေပင်။

“ ကျွီ ... ။ ”

နန်းတော်တံခါး ပွင့်လာပြီး အဖြူဝတ် လူငယ်တစ်ယောက် လှမ်းထွက်လာတော့၏။ ကြည့်လင် တောက်ပသော ကြယ်များကဲ့သို့ အသားအရေနှင့် မျက်လုံးများ ရှိသည်။

ထိုမျက်လုံးများကို ကြည့်မိသော် တောင်ကြီးတစ်လုံး ကျောပေါ် ပြုတ်ကျလာ သကဲ့သို့ ဖိအားများ ခံစားရချေပြီ။

“ ဆရာ ... ။ ”

လောထျန်းရှီက ဦးညွှတ်လိုက်သည်။ ဤလူငယ်သည် ကောင်းကင်ဘုံ ဖျက်ဆီးခြင်း ဘိုးဘေး နတ်ဘုရား ဖြစ်၏။

“ မင်္ဂလာပါ ဘိုးဘေး ... ။ ”

လင်းယွန်နှင့် အဖွဲ့မှလည်း ဦးညွှတ်သည်။ သူတို့သည် ဘိုးဘေး နတ်ဘုရား၏ တပည့်များ တရားဝင် မဖြစ်သေးသောကြောင့် ဆရာအဖြစ် ခေါ်ဆိုစရာ မလိုသေးချေ။

​ဘိုးဘေးက ပြုံးပြီး၊

“ မင်းတို့ လေးယောက် ခဏနေဦး ... ငါထျန်းရှီနဲ့ ပြောစရာ ရှိတယ် ... ။ ”

-ဟု လှမ်းပြောသည်။

လောထျန်းရှီ တစ်ယောက် ချက်ချင်း ဒူးထောက်ချလိုက်၏။ ဘိုးဘေး နတ်ဘုရားက အံကြိတ်လျက်၊

“ တာအိုဂိုဏ်းက ဘယ်အချိန်က စလို့ ... ဒီမှာ လာရှုပ်ဝံ့တာလဲ ခွန်လွန်က ငါ့မိတ်ဆွေကို ခေါ်သွားချင်လား ... ဘယ်လိုများ ဝံ့သလဲ။ ”

လောထျန်းရှီ တစ်ယောက် မျက်နှာ ဖြူဖျော့လျက် ခေါင်းမော့လာခြင်း မရှိတော့ချေ။ သူ ဘိုးဘေးထံ မလာခင် အဆင်သင့် ဖြစ်နေသော်လည်း ဆရာသခင်နှင့် တွေ့ပြီးနောက် ထိတ်လန့်နေဆဲ ဖြစ်၏။

“ တပည့်မှာ အပြစ် ရှိပါတယ် ... အပြစ်ဒဏ်ကို ခံယူပါ့မယ်။ ”

“ အခု ... မင်းကို ငါ အပြစ်ပေးဦးမှာ မဟုတ်ဘူး ... အဲဒီမြင့်မြတ်မြေတွေရဲ့ ဂိုဏ်းချုပ် သုံးဦးလုံး (၆)လအတွင်း ... တောင်းပန်တာ ငါ မြင်ချင်တယ် ... မဟုတ်ရင် မင်းကို ခွင့်မလွှတ်ဘူး။ ”

“ ကျေးဇူးတင်ပါတယ် ဆရာ ... ။ ”

လောထျန်းရှီက စိတ်သက်သာရာ ရသွားသည်။

“ သွားတော့ ... ။ ”

ဘိုးဘေးက လက်ဝှေ့ယမ်းပြီး ချက်ချင်း ပြန်ပို့လိုက်သည်။ လင်းယွန်တို့ လေးယောက်မှာ မျက်နှာများ မသာယာ ဖြစ်ကုန်၏။ အသံ မထွက်ဝံ့တော့ချေ။

အထူးသဖြင့် ဤဇာတ်ဝင်ခန်းသည် ကြီးမားသော ထိုးနှက်ချက် တစ်ခု ဖြစ်လာခဲ့ ချေပြီ။

လူတိုင်းသည် သက်တံဓား ကဲ့သို့ သူတို့၏ တပည့်များကို ခွင့်လွှတ်ကြမည် မဟုတ်ကြောင်း လင်းယွန်က သိရှိလိုက်၏။

သူ သည်သာ ယနေ့တွင် ပေါ်လွင် ထင်ရှားခြင်း မရှိခဲ့ပါက ဘိုးဘေး နတ်ဘုရား မျက်နှာပျက်သွားမည် ဖြစ်သည်။

လောထျန်းရှီကို ပြစ်တင်ရှုတ်ချပြီးနောက် ဘိုးဘေး နတ်ဘုရားက သူတို့လေးယောက်ထံ လှည့်ကြည့်ကာ ပြုံးပြ၏။

အဆုံးတွင် လင်းယွန်ကို စိုက်ကြည့်လျက်၊

“ ပန်းသင်္ချိုင်း ... မင်း ငါ့နောက်လိုက်ခဲ့ ကျန်တဲ့သုံးယောက် ဒီမှာနေပြီး ... ဒီမီဂေါ့ဝိုင် သောက်နေပါ ... ။ ”

-ဟု မိန့်ကြားလိုက်သည်။

လက်ဝှေ့ယမ်းကာ ဝိုင်ပုလင်း၊ ဖန်ခွက် သုံးခွက်နှင့် ကျောက်စားပွဲ တစ်လုံးကို ထုတ်ယူ ပေးတော့၏။

ထို့နောက် ဘိုးဘေး နတ်ဘုရားက လင်းယွန်ပခုံးကို ပုတ်လျက် နန်းတော်အတွင်း လှည့်ဝင်သွားလေသည်။

***

All Chapters