← Chapters

ကောင်းကင် တာအို ဗတ္တိဇံ ... ။

Vol. 173 Ch. 2412

ကောင်းကင် တာအို ဗတ္တိဇံ ... ။

Vol. 173 Ch. 2412

ဘိုးဘေး နန်းတော်သို့ လှမ်းဝင်လိုက် သည်နှင့် တောက်ပနေသော အလင်းများက မျက်စိကို စူးရှစေသည်။

ခေါင်မိုး၌ ကြယ်ရောင်စုံသော ကောင်းကင်ကြီးဖြစ်ပြီး အတွင်းပိုင်းသည် စာကြည့်တိုက်တစ်ခု ဖြစ်၏။

လူပေါင်းများစွာက စာဖတ်ခြင်း၊ စစ်တုရင်ကစားခြင်း၊ ပန်းစိုက်ခြင်း၊ ငါးဖမ်းခြင်း၊ သုံးသပ်ခြင်း၊ ကျင့်ကြံခြင်းနှင့် တိုက်ခိုက်ခြင်း စသည်တို့ကို ပြုလုပ်နေကြသည်။

“ ဒါတွေက … ကိုယ်ပွားတွေလား။ ”

လင်းယွန်က မေးသည်။ ဘိုးဘေး နတ်ဘုရားက ခေါင်းညိတ်ကာ၊

“ ဟုတ်တယ် ... တစ်ယောက်တည်း ကျင့်ကြံရတာ ပျင်းစရာ ကောင်းပြီး ငြီးငွေ့စရာ ကောင်းတယ် ... ဒီကြားထဲ ကိုင်တွယ်ရတဲ့ အရေးအရာတွေလည်း ရှိသေးတယ် ...

... ငါ့မှာ ကိုယ်ပွား မထားရင် ... တပည့်တောင် မွေးဖို့ အချိန်ရှိမှာ မဟုတ်ဘူး လူတစ်ယောက်တည်းက အရာအားလုံးကို မလုပ်နိုင်တာ သဘာဝပဲ။ ”

ထိုကြောင့် လင်းယွန်က စိတ်လှုပ်ရှား သွားသည်။

“ လာ ... စိတ်မပူပါနဲ့ ... ငါက ကိုယ်ပွား မဟုတ်ပါဘူး ... မူလပါ အဲဒါကို အရမ်းမတွေးနဲ့ ကိုယ်ပွားနဲ့ မူလခန္ဓာက ကွာခြားချက် မရှိဘူး ... တကယ်လို့ ခြားနားချက် ရှိလာရင်လည်း အဲဒါက ငါ့အတွက် မကောင်းဘူး။ ”

ထို့နောက် ဘိုဘေးပေါင်း များစွာကို ဖြတ်ကျော်ကာ ခန်းမတစ်ခုထဲ ခေါ်သွားခဲ့သည်။

“ စကားစမြည်​ပြောပြီး ​သောက်​ရ​အောင်။ ”

ဘိုးဘေး နတ်ဘုရားက ဒီမီဂေါ့ဝိုင်ကို ထုတ်လိုက်၏။ လင်းယွန်အတွက် တစ်ခွက်ငှဲ့ ပေးလိုက်ပြီးနောက်၊

“ မင်း ဘာတောင်းဆိုစရာ ရှိလဲ ... မတောင်းခင် သေချာစဉ်းစားပါ။ ”

-ဟု စကား စလာခဲ့သည်။

“ ဆရာ အဖြစ် ခံယူဖို့ ... ။ ”

လင်းယွန်က စကားကို ဆုံးအောင် မပြောနိုင်ဘဲ တုံ့ဆိုင်းသွားသည်။ ဘိုးဘေး နတ်ဘုရားမှ ပြုံးပြီး၊

“ ခွန်လွန်ရဲ့ ... ကံကြမ္မာက မင်းကို ချည်နှောင်ထားတာ ငါမြင်တယ် ... ဒါကြောင့် ငါ့ကိုဆရာအဖြစ် ခံယူဖို့ အလျင်လိုနေစရာ မလိုဘူး ... မင်းတောင်းဆိုမှု အကြောင်း အရင်ပြောရအောင်။ ”

-ဟု လမ်းဖွင့်ပေး၏။

လင်းယွန်က သက်ပြင်းချ လိုက်သည်။ ဘိုးဘေးအဆင့် တန်ခိုးရှင် တစ်ပါး ရှေ့တွင် အများကြီး ဖုံးကွယ်ထား၍ မရနိုင်မှန်း နားလည်လိုက်တော့၏။

“ လောထျန်းရှီက ... သိပ်အများကြီး မတောင်းဆိုပေမယ့် တောင်းဆိုမှုတိုင်းကို ငါက ဆောင်ရွက်ပေးပါတယ် ... ဒီလောကကြီးမှာ ငါ မပြီးမြောက်နိုင်တဲ့ အရာတွေ အများကြီး မရှိတော့ပါဘူး။ ”

ဘိုးဘေးက ဆက်ပြော၏။

“ ကျွန်တော် ခွန်လွန်ကို ပြန်ချင်တယ်။ ”

“ အခြားတစ်ခု တောင်းဆိုပါ၊ ”

“ လုပ်ပေးလို့ မရဘူးလား ။ ”

ဘိုဘေး နတ်ဘုရားက အဆင်မပြေ ဖြစ်လာပြီး၊

“ နဂါးပြာ ဘိုးဘေး နတ်ဘုရား ချမှတ်ထားတဲ့ စည်းမျဉ်း တစ်ခုကြောင့် ငါ လုပ်ပေးလို့ မရဘူး ... ဘိုးဘေးအဆင့် တန်ခိုးရှင်တွေက တစ်ပါးသူရဲ့ နယ်မြေတွေကို ဝင်ရောက်ခွင့် ပိတ်ပင်ထားတယ်၊ ...

... သူက ငရဲကမ္ဘာမှာ ကံကြမ္မာ နတ်နန်းတော်ရဲ့ ဖိနှိပ်ခြင်းကို ခံနေရပေမယ့် ဒီစည်းမျဉ်းကို ... ငါတို့ လိုက်နာကြတယ် ဘယ်သူမှ မလွန်ဆန်ဝံ့ဘူး ...

... ဒီလိုမှမဟုတ်ရင် ငါတို့လိုပဲ ဝိညာဉ် နတ်မိစ္ဆာ မျိုးနွယ်က ခွန်လွန်နယ်မြေကို သွားပြီး သိမ်းပစ်လိုက်တာ ကြာပြီပေါ့။ ”

လင်းယွန်က ဝိုင်တစ်လုတ် သောက်လျက် တည်ငြိမ်နေသည်။ မျှော်လင့်ထားပြီး ဖြစ်သဖြင့် စိတ်မပျက်ခဲ့ချေ။ သူ့ကို ကူညီရန် လင်းကျန်းရှန့် ရှိသည်။

“ လူကို သေခြင်းကနေ ပြန်ရှင်နိုင်လား ကျွန်တော့်မှာ အစ်ကိုကြီး တစ်ယောက် ရှိတယ်၊ တစ်ချိန်တုန်းက ကျွန်တော့်ကို အသက်ပေးပြီး ကာကွယ်သွားခဲ့တယ်။ ”

ဤသည်မှာ ရှင်းယန်၏ အစ်ကို ရှင်းဂျူကို ရည်ရွယ်ခြင်း ဖြစ်၏။

“ ခုနှစ်ရက်အတွင်း ဆိုရင် ... ရတယ် ခုနစ်ရက် ပြည့်ပြီးရင်တော့ ဝိညာဉ်ပျောက်ကွယ် သွားတော့မှာမို့ ဘယ်သူမှ မကယ်တင်နိုင်ဘူး ... မင်းမှာ ပိုပြီး လက်တွေ့ကျတဲ့ တောင်းဆိုမှု မရှိဘူးလား။ ”

“ နဂါးပြာ နတ်ဆေးအိုး လိုချင်ပါတယ်။ ”

“ နဂါးပြာ နတ်ဆေးအိုးက ... သာမန် အုပ်စိုးရှင် လက်ရာမျိုး မဟုတ်ဘူး ... ကျင့်ကြံမှု နည်းစနစ်တွေနဲ့ တာအို စည်းချက်ပါတယ်။ ”

“ ဒါလည်း အဆင်မပြေဘူးလား ... ။ ”

လင်းယွန်က စိတ်ပျက်သွား၏။ ဘိုးဘေး နတ်ဘုရားက မျက်ခုံးပင့်ကာ ကူကယ်ရာမဲ့စွာ ပြုံးလျက်၊

“ ကောင်းပြီ ... နဂါးပြာ နတ်ဆေးအိုးနဲ့ ထားလိုက်ရအောင် နဂါးပြာ ဘိုးဘေးက ငါ့ကို ပေးထားတာမို့ ... ဒီကျေးဇူးကို ပြန်ဆပ် ရတော့မယ် ဒါပေမယ့် ...

... မင်းရဲ့ ခွန်အားနဲ့ မသုံးနိုင်ဘူး ... လိုချင်ရင် သူတော်စင် ဘုရင် နယ်ပယ် ရောက်မှ ရမယ် ... ဒီကာလအတွင်း ကောင်းကင်တံခါးမှာ ထားခဲ့ပါ။ ”

“ ဒါဆို ခွန်လွန်ကို ပြန်ယူလို့ မရတော့ဘူးပေါ့။ ”

လင်းယွန်မှ အရေးကြီးသည့် အရာကို မေးလိုက်မိသည်။ ဘိုးဘေး နတ်ဘုရားက လက်ဝှေ့ယမ်းပြီး၊

“ မင်း ... လုံးဝ ထိန်းချုပ်နိုင်ရင် ဘုံအတားအဆီးကို ကျော်ဖြတ်ပြီး ခွန်လွန်ကို ခေါ်နိုင်လိမ့်မယ် ... နဂါးပြာ နတ်ဆေးအိုးက ငါ့အမြင်အရ လက်နက် မဟုတ်ဘူး ...

... ဂိုဏ်းအတွက် အမွေတစိတ်တပိုင်းပဲ ... ဒါကြောင့် မင်းခေါ်လို့ ရခဲ့ရင်တောင် အသုံးမဝင် နိုင်ဘူး ... အခု နဂါးပြာဘိုးဘေးက မင်းအပေါ် ငါ့ကို တွန့်တိုနေတယ်လို့ ပြောမလာအောင် တစ်ခု ထပ်ပေးပါရစေ။ ”

စကား ပြောပြီးသောအခါ ဘိုဘေး နတ်ဘုရားက မတ်တပ်ထရပ်ပြီး လင်းယွန် ဦးခေါင်းပေါ် သူ့လက်ကို တင်လိုက်သည်။

အလင်းရောင်များ လင်းလက် တောက်ပလျက် အကန့်အသတ် မရှိသော စွမ်းအင်များ လင်းယွန် ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာ၏။

စွမ်းအင် စီးဆင်းရာ လမ်းကြောင်းများ လျင်မြန်စွာ ပျက်စီးကုန်သည်။ ကျင့်ကြံမှုလည်း ကျဆင်း သွားတော့၏။

ထိတ်လန့်နေစဉ် သူတော်စင် သခင် ပထမအဆင့် ရောက်ရှိလာသည်။ များမကြာခင် လက်ကြီးတစ်ဖက်က အုတ်မြစ် အပေါ် ဆုပ်နယ် ပြုပြင်နေခဲ့၏။

ထို့နောက် ပြန်လည် ကောင်းမွန်လာပြီး အဆုံး၌ နဝမအဆင့် သူတော်စင်သခင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိလာတော့သည်။

သူ့ခန္ဓာကိုယ်မှ ကွဲအက်နေသော အသံများဖြင့် အိပ်မက်မက်နေသကဲ့သို့ ခံစား လိုက်ရ၏။

“ ဒါက ... ။ ”

လင်းယွန်မှ လက်ဖမိုးထံ ကြည့်ပြီး သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းနေသည့် အဆုံးမရှိ သူတော်စင်စွမ်းအင်များကို ခံစားလိုက်ရ၏။

သန်မာရုံမျှမက၊ သူတော်စင် ဝိညာဉ်၊ သူတော်စင် သလင်းကျောက်နှင့် သူတော်စင် မူလ တို့သည် ကြီးမားသော အသွင်ကူးပြောင်းမှု ကြုံတွေ့လိုက်ရသည်။

“ နှစ်ခြင်းလား ... ။ ”

လင်းယွန်က မေးမြန်းလိုက်၏။ ဤအရာအတွက် ဘိုးဘေးသည် ကြီးမားသော စျေးနှုန်း ပေးဆောင် ရပေမည်။

“ ဒါဟာ သာမန် နှစ်ခြင်း မဟုတ်ဘူး ... ကောင်းကင်တာအိုရဲ့ ဗတ္တိဇံပဲ ဘိုးဘေး အဆင့် တန်ခိုးရှင် တစ်ဦးတောင် ကြီးစွာသော နစ်နာမှု ရှိတယ် ... ပုံမှန်ဆို ငါ့ရဲ့ သားစဉ်မြေးဆက် အတွက်သာ အသုံးပြုတယ် ...

... ဘာလို့လဲဆိုတော့ ကုန်ဆုံးသွားတဲ့ ကောင်းကင် တာအိုက မင်းထင်တာထက် ပိုပြီး တန်ဖိုးရှိတယ် ... မင်းကို ခွန်လွန်ဆီ ပြန်ပို့ပေးဖို့ ဒီထက် မကတဲ့ စွမ်းအင်ကို ...

... ကုန်ဆုံးစေရတယ် ... ကောင်းကင် တာအိုက ... ပြန်လည် ဖြည့်တင်းဖို့ ခက်ခဲလှပြီး ငါတို့တောင် နာကျင်မှုကို ခံစားရတယ်။ ”

“ ကျေးဇူးတင်ပါတယ် ဘိုးဘေး။ ”

လင်းယွန်က ပြန်ပြောလိုက်၏။

“ ငါ့စကား မပြီးသေးဘူး ... ဒါဆို မင်းက ဘာအတွက် ... ငါ့ကို ကျေးဇူးတင် နေရတာလဲ စကားကို ဆုံးအောင် နားထောင် ... ဖြတ်မပြောနဲ့ ။ ”

လင်းယွန် တစ်ယောက် ပါးစပ်ပိတ် သွားသည်။ ဤအဘိုးကြီးသည် သူ မြင်ဖူးသော စီနီယာများ ကဲ့သို့ မဟုတ်ချေ။ ဇာတ်ကောင် စရိုက်ကို ကြိုက်နှစ်သက်ချေပြီ။

“ မင်းရဲ့ ကျင့်ကြံမှုက သူတော်စင် နယ်ပယ်မှာ အရမ်းမြန်နေတယ် ... သူတော်စင် ဘုရင် နယ်ပယ် ရောက်ပြီးရင် အနှစ်ငါးဆယ် ဒါမှမဟုတ် ဒီထက်ပိုကြာအောင် ...

... ရပ်နေလိမ့်မယ် ... တကယ်တော့ နတ်သားတော်သာ ကောင်းကင်တာအို နှစ်ခြင်း ခံယူခွင့်ရှိတယ် ... လောထျန်းရှီတောင် ချွင်းချက် မရှိဘဲ ...

... အခု မင်းရဲ့အုတ်မြစ်ကို ငါ ပြုပြင် ပေးလိုက်တဲ့အတွက် ဒီပြဿနာတွေ ဖြစ်လာ တော့မှာ မဟုတ်ဘူး ...

​... မင်းရဲ့ ကျင့်ကြံမှုကို သူတော်စင် ဘုရင် အဆင့် တိုက်ရိုက် မတွန်းပို့ခဲ့တာ ဘာကြောင့်လဲ ဆိုတာ တွေးနေလား ။ ”

“ မတွေးပါဘူး … ။ ”

လင်းယွန်မှ ချက်ချင်း ပြန်ဖြေ၏။ သို့သော် ဘိုးဘေး နတ်ဘုရားက သူ့ထံ စိုက်ကြည့်လျက်၊

“ တွေးတယ် ... ။ ” -ဟု အတည်ပြု လိုက်သည်။

“ ဟုတ်ကဲ့ ... တွေးမိပါတယ်။ ”

လင်းယွန်က ထိတ်လန့်စွာ ခေါင်းညိတ် လိုက်ရ၏။

“ ကောင်းတယ် ... မင်းရဲ့အတွေးကို ငါမြင်ရတယ် လိမ်ညာနေတာ အလုပ် အဖြစ်ဘူး သူတော်စင် သခင်နဲ့ ... ဘုရင် အဆင့်ကို တက်လှမ်းတာက ...

... အသွင် ပြောင်းလဲခြင်း ဖြစ်စဉ် တစ်ခု ဖြစ်ပြီး ... ကိုယ်တိုင် နားလည်မှုကိုရှာရလိမ့်မယ် ပြင်ပ အကူအညီအပေါ် အားကိုးလို့ မရဘူး။ ”

“ နားလည်ပါပြီ ... ။ ”

ဤအရာသည် နားလည်မှု ဟူသော ခေါင်းစဉ်အောင်တွင် ရှိနေနိုင်ကြောင်း သံသယ ဝင်နေမိသည်မှာ သေချာသွားတော့၏။

“ အစကတော့ မင်းနက္ခတ်ကို ပြုပြင် ပေးမလို့ပဲ ... ဒါပေမယ့် မယုံနိုင်စရာ ကောင်းနေ တာက ... မင်းနက္ခတ်က ကိုယ်ပိုင် အုပ်စိုးရှင် ဖြစ်နေတယ် ... ဒါကို ငါ မမျှော်လင့်ခဲ့ဘူး။ ”

ဘိုးဘေး နတ်ဘုရားက သက်ပြင်းချ လိုက်ပြီး၊

“ ကောင်းကင်လမ်းကို ဖြတ်တောက် လိုက်တဲ့အခါ ... အုပ်စိုးရှင် နက္ခတ် တစ်လုံးကို ဖန်တီးဖို့ ခက်တယ် ... မင်းက အနာဂတ်မှာ ဘိုးဘေးအဆင့် ရောက်ဖို့ လွယ်လိမ့်မယ်။ ”

“ ဘိုးဘေးအဆင့် ဆိုတာက ဘာလဲ။ ”

လင်းယွန်က အခွင့်အရေး ရှိတုန်း မေးလိုက်သည်။

“ တာအိုသခင်ပဲ ... တာအိုတိုင်းမှာ ပိုင်ရှင် နှစ်ဦးကနေ သုံးဦးအထိပဲ နေနိုင်တယ် ဘိုးဘေး အဆင့် ရောက်ဖို့ ... အဲဒီတာအိုသခင် တွေကို အနိုင်ယူရတယ် ... ဒါပေမယ့် မင်းကတော့ ကိုယ်ပိုင် အုပ်စိုးရှင် နက္ခတ်ကို ...

... ဖန်တီးထားတဲ့ အတွက် မတူဘူး ... အနာဂတ်မှာ မင်းရဲ့ ကိုယ်ပိုင်နေရာကို ရှာဖွေ နိုင်ပြီး ... ယခင် မျိုးဆက်ဟောင်းတွေနဲ့ နေရာလုစရာ မလိုဘူး။ ”

ဘိုးဘေးနတ်ဘုရားက ပေါ့ပေါ့တန်တန် ပြောကြားနေခြင်း ဖြစ်သော်လည်း တိုက်ပွဲတိုင်း အသက်ပေါင်းများစွာ ပါဝင် ပတ်သက်နေ သည်ကို မှန်းဆနိုင်၏။

နှစ်ယောက်သား နန်းတော်အတွင်း အရက်သောက်ပြီး ဆက်၍ စကားစမြည် ပြောမိ ကြသည်။

အထူးသဖြင့် လင်းယွန်၏ ကျင့်ကြံမှုနှင့် ပတ်သက်သော မေးခွန်းများအပေါ် ပြန်လည် ဖြေကြားခြင်းသာ ဖြစ်၏။

“ ကောင်းပြီ ... မင်းထွက်သွားလို့ ရပြီ ... နောက်လူတွေ ဝင်လာပါစေ။ ”

ဘိုးဘေး နတ်ဘုရားက ဒီမီဂေါ့ဝိုင်ကို သောက်လျက် ပြောကြား လိုက်လေသည်။ လင်းယွန်မှ ဦးညွှတ်လျက် ထွက်ခွာရန် ပြင်နေစဉ်၊

“ လင်းယွန် ... ခွန်လွန်ရဲ့ ကောင်းကင် လမ်းကို ပြုပြင်ပြီးရင် ငါမင်းကို ကူညီပေးမယ် ခွန်လွန်မှာ မသေစေနဲ့။ ”

လင်းယွန်တစ်ယောက် တွေဝေသွား၏။ ဘိုးဘေးအဆင့် တန်ခိုးရှင်တစ်ဦးမှပင် သတိ ပေးရသော အန္တရာယ်အချို့ ခွန်လွန်ဘုံ၌ ရှိနေပုံရလေသည်။

***

All Chapters