← Chapters

မီးတောက် နှင်းဆီ။

Vol. 173 Ch. 2413

မီးတောက် နှင်းဆီ။

Vol. 173 Ch. 2413

ဘိုးဘေး၏ စကားကြောင့် လင်းယွန် မျက်နှာ ပြောင်းသွားသော်လည်း မကြာမီ ပြန်၍ ကောင်းမွန်လာခဲ့သည်။

“ ဘိုးဘေး နတ်ဘုရား တစ်ခုခုကို မင်းမြင်လား။ ”

“ ငါ့ကို စုံစမ်းနေစရာ မလိုပါဘူး ... ငါပြောပြနိုင်ပါတယ် ကံကြမ္မာကို ဘယ်သူမှ မမြင်နိုင်ဘူး ... ခွန်လွန် နယ်မြေမှာ ရှေးရှေးတုန်းက တိုက်ပွဲတွေ ...

... အဆက်မပြတ် ဖြစ်ပွားပြီး ဒုက္ခတစ်ခု ရှိတယ် ... ကောင်းကင် လမ်းကို ပြုပြင်ချင်ရင် အဲဒါကို မင်းရင်ဆိုင်ရလိမ့်မယ်။ ”

“ ကျေးဇူးတင်ပါတယ် ဘိုးဘေး နတ်ဘုရား။ ”

လင်းယွန်က ပြန်လည် ပြောကြားလိုက်၏။

“ ကောင်းပြီ ... မင်းအခု ထွက်သွားလို့ရပြီ စကားမစပ် တုကုကြွယ်ကို အပြင်မှာ စောင့်နေ ခိုင်းပြီး ကြောင်မလေး နှစ်ကောင်ကို အရင် ဝင်ခိုင်းလိုက်။ ”

၎င်း၏ အသုံးအနှုန်းကြောင့် လင်းယွန်က ပြုံးလိုက်၏။ ယွဲ့ဝေဝေ၊ ကျိကျစ်ရှီနှင့် တုကုကြွယ်တို့ထံ ရောက်သော အခါ၊

“ အခြေအနေ ဘယ်လိုလဲ ... ။ ”

-ဟု ယွဲ့ဝေဝေက မေးသည်။

ခွန်လွန်သို့ ပြန်သွားမည့် အကြောင်းအရာအပေါ် လင်းယွန် ဆွေးနွေးမှန်း သူမ မှန်းဆ နိုင်သည်။

“ ပြန်ထွက်လာမှ ပြောရအောင် ... ဘိုးဘေးနတ်ဘုရားက ... မင်းတို့ကို ဝင်ခိုင်း လိုက်တယ် ... ။ ”

အမျိုးသမီး နှစ်ယောက်လုံးက ခေါင်းညိတ်ပြလာ၏။ တုကုကြွယ်မှ လိုက်ပါ ဝင်ရန် ပြင်နေရာ၊

“ မင်း မပါသေးဘူး။ ”

-ဟု တားယူလိုက်သည်။

ထို့ကြောင့် ပြန်ထိုင်ကာ၊

“ မင်းက ပါရမီရှင် သုံးပါးကို ကိုယ်တိုင် နှိမ်နှင်းခဲ့တယ် ဒါကြောင့် ဘိုးဘေးနတ်ဘုရားက တန်ဖိုးထားတယ် မဟုတ်လား ... ပြီးတော့ ကောင်းကင် ဖီးနစ် သမီးတော်၊ ကောင်းကင် ရနံ့သင်းသင်းနတ်သမီး ...

... စတဲ့ သူတို့ရဲ့ အလားအလာကလည်း ငါ့ထက် မြင့်မားကြတယ် ဒါကြောင့် ငါတို့ကြား အဆင့် သတ်မှတ်ချက်တစ်ခု ရှိလာတော့မယ် ထင်တယ် ... ။ ”

-ဟု သူ့ထင်မြင်ချက်ကို တုကုကြွယ်မှ ထုတ်ပြောလာသည်။

“ ပြီးတော့ မင်းရဲ့ စွမ်းဆောင်ချက်အရ ယဲ့ဝူရှန်နေရာမှာ အစားထိုးပြီး ... ကောင်းကင် တံခါးရဲ့ နတ်သား ရာထူးရခဲ့တယ် မဟုတ်လား ဂုဏ်ယူပါတယ်။ ”

“ မင်းတော်တော် တွေးနေတာပဲ။ ”

လင်းယွန်က ဒီမီဂေါ့ဝိုင်ကို ကောက်မော့ကာ ပြုံးလျက် ပြောကြားလိုက်သည်။

“ ဒါက ... ဘယ်ဂိုဏ်းမဆို ဒီလိုပဲ အလုပ်လုပ်တယ် မဟုတ်လား မထူးဆန်းပါဘူး ငါမင်းကို ကြိုပြီး ... သခင်လေးလင်းလို့ ခေါ်ပါရစေ။ ”

တုကုကြွယ်မှ စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင် ထိန်းလျက် ဝိုင်တစ်ခွက် မော့ချလိုက်သည်။

“ ဖြစ်နိုင်တယ် ... ဒါပေမယ့် ငါက ဘိုးဘေးနတ်ဘုရားရဲ့ တပည့် မဟုတ်ဘူး ဒီတော့ မင်းထင်တာ မှားသွားပြီ။ ”

“ ဘာ ... ။ ”

တုကုကြွယ်က တုန်လှုပ်သွားပြီး တစ်စုံတစ်ရာကို စဉ်းစားမိ ဟန်ဖြင့်၊

“ မင်း ... ခွန်လွန်ကို ပြန်မလို့လား။ ”

-ဟု သတိတရ မေးလာ၏။

“ တကယ်တော့ ကောင်းကင်လမ်း ဖြတ်လိုက်တည်းက ခွန်လွန်က အရင်လို တန်ခိုး မကြီးတော့ပါဘူး ကောင်းကင် တံခါးရဲ့ ဘိုးဘေးဆီမှာ ဆက်နေတာက ...

... မင်းအတွက် အကျိုးရှိလိမ့်မယ် ... ရွေးချယ်မှု မှားသွားရင် အကျိုးဆက်က ဖုန်ယွမ် နှစ်တစ်ရာ အကျဉ်းချခံရတာ ထက်တောင် မင်းပိုဆိုးသွားလိမ့်မယ်။ ”

လင်းယွန်က ပြုံးရုံသာ ပြုံးပြီး တုန့်ပြန်စကား မဆိုတော့ချေ။ တစ်ဖက်တွင် ဘိုးဘေးက မိန်းကလေး နှစ်ယောက်ကို ပြုံးပြလိုက်သည်။

“ လင်းယွန်က ခွန်လွန် ပြန်လိမ့်မယ် မင်းတို့နှစ်ယောက်ရော ... ဘာဆက်လုပ် မလဲ ကောင်းကင်တံခါးမှာ နေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”

နှစ်ယောက်သား တုန်လှုပ်သွား သော်လည်း ယွဲ့ဝေဝေက၊

“ ဘိုးဘေး အစ်ကိုကြီးလင်းကို ပြန်ပို့ပေးမှာလား။ ” -ဟု မေးလိုက်သည်။

ဘိုးဘေးမှ ခေါင်းယမ်း၏။

“ သူက ငါ့တပည့် မဟုတ်ဘူး ... သူ့ကို ပြန်ပို့ဖို့ ငါ့ရဲ့ ကောင်းကင်ဘုံ စွမ်းအင်တွေကို ငါ မဖြုန်းတီးနိုင်ဘူး ... ပြီးတော့ ဘုံသုံးထောင် အတွင်း ဘိုးဘေးတွေက အခြားသူရဲ့ နယ်မြေတွေကို ဝင်ခွင့် မရှိဘူး။ ”

“ ဒါဆို အစ်ကိုကြီးလင်း ဘယ်လို ပြန်မှာလဲ။ ”

ကျိကျစ်ရှီက စိုးရိမ်တကြီး မေးလိုက်၏။

“ သူ့မှာ နည်းလမ်းရှိတယ် ... ငါ ငြင်းလိုက်တော့ သူ စိုးရိမ်ပုံ မပြဘူး ဒါကြောင့် အရမ်းကြီး မင်းတို့ စိတ်မပူနဲ့ ... ။ ”

“ ကောင်းပြီ ... မင်းတို့ နှစ်ယောက်ရဲ့ အရည်အချင်းကို ငါ သဘောကျတယ် ... မင်းတို့ ငါ့တပည့်တွေ ဖြစ်လာရင် နတ်ဘုရား နယ်ပယ် ရောက်ဖို့ အခွင့်အရေး ရှိလိမ့်မယ် ... ငါကိုယ်တိုင် လမ်းညွှန်မယ် ...

... ဒါပေမယ့် စျေးနှုန်းတစ်ခု ရှိတယ် ဒါကြောင့် မင်းတို့ နှစ်ယောက်က ကောင်းကင် တံခါးကို ကိုယ်စားပြုပြီး ဘုံသုံးထောင်မှာ အာဏာကို ...

... တည်ဆောက်ဖို့ အချိန်အတော်ကြာ လှည့်လည်ပေးရမယ် ငါက တင်းကြပ်ပေမယ့် မင်းတို့နှစ်ယောက်အပေါ် တစ်သက်လုံး ဒီမှာ ချုပ်မထားပါဘူး ... တစ်နေ့တော့ လွပ်လပ်ခွင့်ပေးမယ်။ ”

ဘိုးဘေး စကားကြောင့် ကျိကျစ်ရှီနှင့် ယွဲ့ဝေဝေက တိတ်ဆိတ်သွား၏။ လောထျန်းရှီ ဒူးထောက်ခဲ့ရပုံကို မမေ့သေးချေ။

ဘိုးဘေးသည် ဆရာနှင့် တပည့်ကြား နက်ရှိုင်းသော ဆက်ဆံရေးမျိုး စိတ်မဝင်စားဘဲ ကောင်းကင် တံခါး၏ အကျိုးစီးပွားကိုသာ ပို၍ အလေးထားနေ၏။

“ မင်းတို့နှစ်ယောက် ... မင်းတို့ရဲ့ အခြေအနေတွေကို ကွဲပြားစွာ သိနေရမယ်၊ အတိတ်က ကောင်းကင် ရနံ့သင်းသင်း ဘိုးဘေးကို ငါအကြွေးတင်ဖူးခဲ့တယ်၊ ...

... သူက ငါ့ကို ဆုံးမ သွန်သင်ခဲ့ဖူးတဲ့ အတွက် မင်းဘာတွေပဲ လုပ်နေ၊ လုပ်နေ မင်း နောက်မှာ ငါအမြဲ ရှိမယ်။ ”

ယွဲ့ဝေဝေက တိတ်ဆိတ်စွာ နားထောင်နေ၏။ ဘိုးဘေးက ကျိကျစ်ရှီထံ လှည့်ကြည့်ကာ၊

“ မင်းကတော့ ကောင်းကင်လမ်းကို ဖြတ်လိုက်တဲ့ အချိန် ခွန်လွန်မှာ ပိတ်မိသွားတဲ့ နတ်သားရဲ အကြွင်းအကျန်ပဲ ... ဒါကြောင့် မင်းတို့က နတ်ဘုရား နယ်ပယ်ကို ...

... မတတ်နိုင်တော့တဲ့ အတွက် ... ခွန်လွန်ဘုံကို စွန့်ခွာလိုတဲ့ အင်အားစု တစ်ခုပါ မင်းသာ နတ်ဘုရား ဖြစ်လာရင် မင်းမျိုးရိုးကို အိမ်ပြန်ခေါ်ဖို့ အခွင့်အရေး ရလိမ့်မယ် ...

... ဒီတော့ မင်းတို့နှစ်ယောက် ဘိုးဘေးနန်းတော်မှာ ကျင့်ကြံပါ ... လာ ငါ့ကို ကန်တော့ပြီး တပည့်အဖြစ် ခံယူလိုက်။ ”

ဘိုးဘေးသည် သူမတို့ နှစ်ဦးကို နှစ်သက်ကြောင်း မည်သူမဆို ပြောနိုင်ချေပြီ။ နဂါးပြာ ဘိုးဘေးကြောင့် လင်းယွန်ကို မခေါ်ယူ နိုင်ခဲ့သော်လည်း ဤနှစ်ယောက်ကို လက်လွှတ်လိုပုံ မပြချေ။

ယနေ့ သင်ခန်းစာ ရရှိခဲ့သည်။ အနာဂါတ်၌ သူ့မျက်နှာကို ရိုက်ဝံ့မည့် တစ်စုံတစ်ဦး ရှိမလာ စေရန် ပြင်ဆင်ရပေမည်။

နှစ်နာရီကုန်လွန်ပြီးနောက် ယွဲ့ဝေဝေနှင့် ကျိကျစ်ရှီ ပြန်ထွက်လာသည်။ လင်းယွန်က၊

“ မင်းတို့နှစ်ယောက်က ဘိုးဘေး နတ်ဘုရားကို ဆရာသခင်အဖြစ် အသိအမှတ်ပြု ခဲ့လား။ ”

-ဟု မေးလိုက်၏။

ကျိကျစ်ရှီက ခေါင်းညိတ်ပြီး၊

“ ဆရာက ကျစ်ရှီတို့ကို ဘိုးဘေး နန်းတော်မှာ ကျင့်ကြံခွင့် ပြုလိုက်တယ် ... အော် ... သခင်လေးတု ... ဆရာက ဝင်လာခိုင်းတယ်။ ”

“ ကောင်းပြီ ... ငါသွားလိုက်ဦးမယ်။ ”

တုကုကြွယ်မှ ထထွက်သွားသည်။ အခန်းထဲရောက်သည်နှင့် ဘိုးဘေးကို တန်းပြီး ကန်တော့လိုက်၏။

ဘိုးဘေး နတ်ဘုရားက သူ့ကို တံဆိပ်တစ်ခု ကမ်းပေးလာကာ၊

“ မင်းက ငါ့ရဲ့ အတွင်းတပည့်ပဲ ... ဒီတံဆိပ်နဲ့ ကျင့်ကြံဖို့ လောထျန်းရှီ နောက်ကို လိုက်နိုင်ပြီ။ ”

-ဟု မိန့်ကြားလိုက်သည်။

ထိုစကားကို ကြားသောအခါ တုကုကြွယ်တစ်ယောက် စိတ်ပျက်သွားမိ၏။ ကျိကျစ်ရှီတို့ ကဲ့သို့ ဘိုးဘေး၏ လမ်းညွှန်မှုကို လိုချင်လေသည်။

“ ဆရာ ... တပည့်ကို ကိုယ်တိုင် လမ်းညွှန်ပေးနိုင်မလားဗျ။ ”

“ ဒါဆို ငါ့ရဲ့ ကိုယ်ပွားတွေ ထဲက ကြိုက်ရာတစ်ယောက်ကို မင်းရွေး ခုနစ်ရက် တိတိ လမ်းပြပေးလိမ့်မယ်။ ”

တုကုကြွယ်က ရွေးချယ်ခြင်း မပြုဘဲ တိတ်ဆိတ်သွားသည်။ ထိုမြင်ကွင်းကြောင့် ဘိုးဘေးက၊

“ ဧည့်ခံပွဲမှာ ... မင်းပြောခဲ့တာကို ငါ ကြားပါတယ် ... မင်းက ပန်းသင်္ချိုင်းနဲ့ သရေကျ ခဲ့တယ် မဟုတ်လား ... ငါမင်းကို ခက်ခဲအောင် ငါမလုပ်ပါဘူး ...

... ပန်းသင်္ချိုင်း လုပ်သလိုမျိုး ဖုန်ယွမ်ကို နှိမ်နှင်းနိုင်ရင် မင်းကို ငါ့အနားမှာ ကျင့်ကြံခွင့် ပြုမယ် ... ဖုန်ယွမ်ကလည်း သွေးသန့်စင်ခြင်း နယ်မြေထဲမှာဆိုတော့ မင်းသွားတွေ့ဖို့ လွယ်ပါတယ်။ ”

ဤစကားက တုကုကြွယ်ကို တုန်လှုပ်သွားစေ၏။ ရင်ထဲ နာကျည်းချက်များ ပြည့်လျှံလာသည်။

“ တစ်လ တစ်ကြိမ် ... ။ ”

“ ဟုတ်ကဲ့ ... ။ ”

အဆုံးတွင် အံကြိတ်ကာ ကတိပေး လိုက်ရ၏။ သူသည် ဖုန်ယွမ်၏ ပြိုင်ဘက် မဟုတ်သည်မှာ သဘာဝအတိုင်း ပေပင်။

တစ်ဖက်တွင် တုကုကြွယ်သည် အလားအလာ ရှိသော်လည်း ဒေါသနှင့် မာန မရှိသည်ကို ဘိုးဘေးက မြင်၏။ ထို့ကြောင့် ဖုန်ယွမ်ဖြင့် သွေးယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“ ကောင်းပြီ ... အခု ထွက်သွားလို့ရပြီ ငါပြောခဲ့တာကို မမေ့နဲ့ ... ။ ”

ဘိုးဘေးက လက်ဝှေ့ယမ်းလျက် သူတို့ လေးယောက်လုံးကို ကောင်းကင် သူတော်စင် ရင်ပြင်သို့ ပြန်ပို့ပေးလိုက်၏။

လူတိုင်းက ဘိုးဘေးနတ်ဘုရားနှင့် ဆက်ဆံရန် မလွယ်ကူသောကြောင့် စိတ် သက်သာရာ ရကုန်သည်။

“ ဘာဖြစ်လို့လဲ မင်းအတွက် တစ်ခုခု ဆိုးရွားတာ ရှိလား။ ”

တံဆိပ်ကို ကိုင်လျက် မျက်နှာ ပျက်ယွင်းနေသော တုကုကြွယ်ပုံစံကြောင့် လင်းယွန်မှ စိုးရိမ်သွား၏။

“ ဆရာက ... ကောင်းကင် တံဆိပ် ဧကရာဇ်နဲ့ ကျင့်ကြံဖို့ ငါ့ကို ပြောတယ် ... ငါတို့ သရေကျခဲ့တဲ့အတွက် တစ်လတစ်ကြိမ် ဖုန်ယွမ်ကို ဖိနှိပ်ရမယ်တဲ့ ...

... ဒါက ငါဘယ်လိုလုပ် သူ့ကို အနိုင်ယူနိုင်မှာလဲ ... ပြီးတော့ အဲဒီလူကို ဆိုးဆိုး ရွားရွား စော်ကားခဲ့သေးတယ် ... အနာဂတ်မှာ တစ်လကို တစ်ကြိမ် ရိုက်နှက်ခံရတော့မယ်။ ”

သူ့အဖြေကို ကြားပြီးနောက် ယွဲ့ဝေဝေနှင့် ကျိကျစ်ရှီက ပြုံး၏။

“ အဲဒါက မင်းအတွက် လုံးဝ မကောင်းတာတော့ မဟုတ်ပါဘူး။ ”

ဘိုးဘေး နတ်ဘုရား၏ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်သော လင်းယွန်က နှစ်သိမ့် လိုက်မိ လေသည်။

“ စီနီယာ အစ်မတွေနဲ့ ... အစ်ကိုလင်း၊ ငါအခု ကောင်းကင် တံဆိပ် ဧကရာဇ်ကို ရှာရ တော့မယ် ... မင်းတို့တွေ ဆက်ပြောကြပါ။ ”

သူသည် ထက်မြက်သူ ဖြစ်ပြီး ဤသုံးယောက်တွင် ပြောစရာများ ရှိနေသည်ဟု မှန်းဆနိုင်၏။ ထို့ကြောင့် ထွက်သွားရန် အကြောင်းပြချက် ရှာခဲ့သည်။

သူ ထွက်သွားပြီးနောက် ကျိကျစ်ရှီကလည်း၊

“ အစ်ကိုကြီးလင်း ... ငါ အစ်မလင်းကို မေးစရာတစ်ခုရှိတယ် ဒါဆို ငါအရင် အနားယူ တော့မယ်။ ”

-ဟု နှုတ်ဆက်သွားတော့၏။

“ စိတ်မပူနဲ့ ... သူ့ကို ဝေဝေ သွားခိုင်းလိုက်တာ ... ။ ”

မျက်ခုံးပင့်သွားသော လင်းယွန် လက်ကို ကိုင်ဆွဲကာ ယွဲ့ဝေဝေက၊

“ အစ်ကိုကြီးလင်း ... ငါတို့ လမ်းလျှောက်ရအောင် ဆရာက ငါတို့ကို တစ်ရက်ပဲ အချိန်ပေးတယ်။ ”

-ဟု ပြောကြားလာ၏။

“ ကောင်းပြီ ... ။ ”

“ ဟီးဟီး ... အစ်ကိုကြီးလင်းက အကောင်းဆုံးပဲ။ ”

ယွဲ့ဝေဝေက လင်းယွန်ကို နမ်းလိုက်၏။ နှစ်ယောက်သား အတိတ်အကြောင်း ပြန်လည် ပြောကြားလာမိသည်။

ညရောက်သောအခါ မြင့်မားသော သစ်ပင်ကြီးပေါ်တွင်ထိုင်လျက် ကောင်းကင်က ကြယ်များထံ ငေးမောလိုက်ကြသည်။

မနက်ခင်း အလင်းရောက်သည်နှင့် သူတို့ လမ်းခွဲရပေမည်။ လင်းယွန်က ပလွေထုတ်ကာ မှုတ်လိုက်၏။

ယွဲ့ဝေဝေက မေးထောက်လျက် ငေးကြည့်ခဲ့သည်။ လင်းယွန် ပလွေသံ ရပ်သွား ချိန်တွင် ပြုံးပြီး၊

“ အစ်ကိုကြီးလင်း ... ဝေဝေနဲ့ မခွဲနိုင်ဘူးလား။ ”

-ဟု မေးလိုက်သည်။ လင်းယွန်က ခေါင်းညိတ်ပြ၏။

“ ဒါဆို ခွန်လွန်ကို ဘာလို့ ပြန်ဦးမှာလဲ ကောင်းကင်လမ်းကို ... ထားခဲ့လိုက် အခုပဲ ဝေဝေ့ကို အဖေ့ဆီ တင်တောင်းပါ ... ဘာလဲ အိမ်ထောင်ရေး လက်ဆောင်တွေ ...

... ခုထိ မရှိသေးဘူးလား ... ဟမ့် အစ်ကိုကြီးလင်း အတွက် ဆုဇီယာက အရမ်း ကောင်းနေတယ် မဟုတ်လား။ ”

“ ဒီစကား အဆိုးရွားဆုံးပဲ ... ။ ”

လင်းယွန်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။

“ ဟမ့် ... ငါ အဲဒါကို ဂရုမစိုက်ဘူး။ ”

ယွဲ့ဝေဝေက သူ့အနား ချဉ်းကပ်လာပြီး လင်းယွန်လည်ပင်းကို လက်နှစ်ဖက်ဖြင့် တွယ် လိုက်သည်။

“ ငါ ကလေးလိုချင်တယ်။ ”

လင်းယွန်က အံ့သြသွားစဉ် ယွဲ့ဝေဝေမှ သူ့မျက်နှာကို ဖမ်းကိုင်လိုက်၏။

“ ကြိုက်သည် ဖြစ်စေ ... မကြိုက်သည် ဖြစ်စေ မင်းသဘောတူရမယ် ဒီနေ့ အစ်ကိုကြီး လင်းကို ဝေဝေပိုင်တယ်။ ”

ထို့နောက် လင်းယွန်ကို ချက်ချင်း နမ်း ပစ်သည်။ မီးတောက် လောင်နေသော နှင်းဆီ တစ်ပွင့်ကဲ့သို့ အကြိမ်ပေါင်း များစွာ ထပ်တလဲလဲ ပြုမူတော့၏။

***

All Chapters