ခွန်လွန်၏ ရတနာ။
Vol. 173 Ch. 2414
“ အစ်ကိုကြီးလင်း ... ထဖို့ အချိန်တန်ပြီ။ ”
လင်းယွန်က မောပန်း နွမ်းနယ်နေသော မျက်ဝန်းများဖြင့် ယွဲ့ဝေဝေထံ လှမ်းကြည့်မိ၏။ အနည်းငယ် လှုပ်ရှားလိုက်ရာ ခါးတစ်ဝိုက် နာကျင်ကိုက်ခဲမှုကို ခံစားလာရသည်။
ဤတစ်ညတာသည် ကောင်းကင် လွင်ပြင်ခရီးစဉ် တစ်လျှောက် တိုက်ပွဲဝင်ရသည့် အချိန်များထက် ပို၍ ပင်ပန်းနေ၏။
ယွဲ့ဝေဝေက ပြုံးလျက် အနား လျှောက်လှမ်းလာလေရာ သူမခါးကို လှမ်းဆွဲ လိုက်သည်။
“ အစ်ကိုကြီးလင်း ... နေမြင့်နေပြီ ငါတို့ မချိန်မရှိတော့ဘူး။ ”
ထို့နောက် လက်သည်းဖြင့် လင်းယွန် အရေပြားကို ပွတ်ဆွဲလိုက်သည်။ လင်းယွန်က နတ်နဂါး ဘုရင် ခန္ဓာကိုယ်ကို အသက်သွင်းပြီး ပွေ့ယူ၏။
“ အစ်ကိုကြီးလင်း ... ငါတို့ကလေး နာမည်ကို ဘယ်လိုပေးမလဲ။ ”
“ ငါတို့ ကလေးရမှာ သေချာလား။ ”
“ သေချာတယ် ... ။ ”
“ ကောင်းပြီ ... ယောက်ျားလေး ဆိုရင် လင်းဂျူ ... မိန်းကလေး ဆိုရင် လင်းရှင်း ... ။ ”
“ ဘာအဓိပ္ပါယ်လဲ။ ”
“ ဒါက ငါ့အတွက် မျှော်လင့်ချက် တစ်ခုပါပဲ။ ”
စကားပြောနေစဉ် ကျိကျစ်ရှီ ရောက်ရှိလာသဖြင့် ဘိုးဘေး နန်းတော်သို့ အတူ လျှောက်လှမ်း လိုက်တော့သည်။ နှုတ်ဆက် စကားများ ပြောကြားပြီး မွန်းတည့်ချိန်၌ လမ်းခွဲလိုက်ကြ၏။
အနာဂတ်တွင် ကောင်းကင်လမ်းကို ပြန်လည် ပြုပြင်နိုင်မှသာလျှင် သူတို့ ပြန်လည် ဆုံတွေ့နိုင်တော့မည် ဖြစ်သည်။
လင်းယွန်က တည်းခိုခန်းသို့ ပြန်လာပြီး သူ့ကို စောင့်ဆိုင်းနေသော လင်းကျန်းရှန့်နှင့် တွေ့ဆုံ၏။
“ ရှန်းထျန်းနန်နဲ့ အောင်းကြွယ်ရော ... သူတို့ ထွက်သွားကြပြီလား။ ”
လင်းယွန်က မေးမိသည်။
“ ဖန်ချင်းယုက သူတို့နှစ်ဦးကို ခေါ်ပြီး ကောင်းကင်တံခါး ဝိုင်ခန်းမကို နေ့တိုင်း ခိုးဝင် နေတယ် ... ဒီလူတွေ အရမ်း ရဲရင့်တယ် ဒီမီဂေါ့ဝိုင်ကို ကြံစည်နေတာ။ ”
“ ဒီမီဂေါ့ဝိုင်က ကောင်းတယ် ဒါပေမယ့် ... ဘိုးဘေးနတ်ဘုရားနဲ့ ဆက်ဆံဖို့က မလွယ်ဘူး သူ ဒေါသဖြစ်တဲ့အခါ ... အရမ်း ကြောက်စရာ ကောင်းတယ်။ ”
လင်းယွန် သည်ပင် ကောင်းကင်ဘုံ ဖျက်ဆီးခြင်း ဘိုးဘေး နတ်ဘုရားမှ ထုတ်လွှတ် ထားသော လေထုကြောင့် အနည်းငယ် တင်းကြပ်ခဲ့၏။
“ အခြေအနေ ဘယ်လိုလဲ။ ”
လင်းကျန်းရှန့်က မေးသည်။ လင်းယွန်မှ ခေါင်းယမ်းလျက် ပြန်လည် ပြောပြ လိုက်မိ၏။ သူမက မေးစေ့ကို ကိုင်လျက်၊
“ ဘိုးဘေး နှစ်ခြင်းပေးတာကို ခံရတာ တော်တော် ကောင်းပါတယ် ... သူ အသုံးပြုတဲ့ ကောင်းကင် တာအို စွမ်းအင် ပမာဏနဲ့ဆိုရင် နင့်ကို ခွန်လွန် ပြန်ပို့ပေး နိုင်တယ် ...
... ဒါကြောင့် နင့်အတွက် ကောင်းကင် တာအို စွမ်းအင်ကို အကုန် မခံတော့ဘူးဆိုတာ မဖြစ်နိုင်ဘူး ... ကြည့်ရတာ တကယ်ပဲ နဂါးပြာ ဘိုးဘေး ချမှတ်ထားတဲ့ စည်းမျဉ်းကို လေးစားတာနေမယ် ...
... သူ့ပြောသလို ကောင်းကင် တာအို စွမ်းအင် ကုန်ဆုံးမှာ ကြောက်လို့ မပို့တာမျိုး မဟုတ်ဘူး။ ”
လင်းယွန်က ခေါင်းညိတ်လိုက်သည်။ ယဲ့ဝူရှန်သည်ပင် ဆရာ အဖြစ် မခံယူခဲ့ပါက ဘိုးဘေးမှ နှစ်ခြင်းပေးမည် မဟုတ်ချေ။
ယခုမူ သူ၏ အခြေခံအုတ်မြစ်သည် ထိုနတ်ဘုရားများ၏ အမွေခံ သားစဉ်မြေးဆက် များထက် ပိုမိုခိုင်ခံ့နေ၏။
“ နင် ... ခွန်လွန်ကို ပြန်ချင်နေတာ သေချာလား။ ”
လင်းကျန်းရှန်က အဖြေကို သိနေ သော်လည်း နောက်ဆုံးတစ်ကြိမ် အတည်ပြု နေခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ကောင်းကင် လမ်းကို ပြန်လည် ပြုပြင်ရန် မဆိုနှင့် သက်တံဓား ဒုက္ခ သည်ပင် လင်းယွန်အတွက် အန္တရာယ် ရှိနေဆဲဖြစ်၏။
လင်းယွန်သည် မျိုးဆက်တူ အတွင်း ပြိုင်ဘက်ကင်း သော်လည်း သူ့ပြိုင်ဘက်များမှာ မဟာ သူတော်စင်နှင့် ဧကရာဇ်များ ပေပင်။
ဘိုးဘေး နတ်ဘုရားကို ဆရာအဖြစ် ခံယူပါက ၎င်းတို့အပေါ် ကောင်းစွာ ဖြေရှင်းနိုင် ပေမည်။ လင်းယွန်မှ ခေါင်းညိတ်လိုက်၏။
“ ကောင်းပြီ ... ဒါဆို ငါကူညီမယ်။ ”
“ ငါနဲ့မျိုးနွယ်တူတဲ့ ... လင်းမျိုးနွယ်က မိန်းကလေး မျှော်လင့်ထားသလိုပါပဲ။ ”
လင်းယွန်က ပြုံးလိုက်သည်။ ဘုံ သုံးထောင်သို့ ရောက်ရှိပြီးနောက် သူမသည်သာ အရင်းနှီးဆုံး ဖြစ်၏။
“ ဓားသမားက ... ဓားသမားကို ကူညီနေတာပဲ မဆန်းပါဘူး အခု အခြေအနေကို ငါ့ဆရာဆီ ပြောပြပြီးပြီ ... သူက စီစဉ်ပေးတယ်၊ ငါ့ဆရာ သူငယ်ချင်းကလည်း သဘောတူ ပါတယ်။ ”
“ ငါ့ကို ခွန်လွန်နယ်မြေကို ပြန်ပို့ဖို့က မလွယ်ဘူး ... မင်းရဲ့ဆရာနဲ့ အဲဒီလူကြားက ဆက်ဆံရေးက ဘယ်လိုလဲ။ ”
လင်းယွန်က စိတ်ဝင်တစား မေးသည်။
“ သူတို့က တစ်ယောက် အသက်ကို တစ်ယောက်ဆီ ပေးထားတဲ့ အထိ ရင်းနှီးတယ် နင်ဘာတွေ စိတ်ပူနေတာလဲ ငါသိတယ် ...
... စိတ်မပူနဲ့ ... ငါငယ်ငယ်တည်းက ဆရာ့ဆီကနေ ဘာတစ်ခုမှ မတောင်းဆိုဖူးဘူး ဒါကြောင့် ဒီတစ်ကြိမ် သူ ကူညီပေးမှာပါ။ ”
လင်းယွန် ခေါင်းညိတ်ပြီး စကား မဆိုတော့ချေ။ လင်းကျန်းရှန့်၏ ပင်ကိုယ်စရိုက် အပေါ် သူယုံကြည်၏။ သူသည် သေချာမှု မရှိပါက ကတိပေးမည် မဟုတ်ချေ။
“ ဒါဆို သွားကြရအောင်။ ”
လင်းယွန်က ပြောလိုက်သည်။
“ ဘယ်သွားမို့လဲ။ ”
“ ငါ့ရတနာကို ကြည့်ဖို့ ... ။ ”
လင်းယွန်က ကောင်းကင် တံခါး ဂိတ်ပေါက်ဝသို့ ဦးတည် ထွက်ခွာလာခဲ့သည်။ ထိုအရပ်၌ နဂါးပြာ နတ်ဆေးအိုး ရှိ၏။
“ ဘိုးဘေး နတ်ဘုရားက နင့်ကို ပေးခဲ့တာလား။ ”
လင်းကျန်းရှန့်က နဂါးပြာ နတ်ဆေးအိုးကြီးထံ မော့ကြည့်နေသော လင်းယွန်ကြောင့် အံ့ဩ သွားလေသည်။ လင်းယွန်မှ ပြုံးကာ ခေါင်းညိတ်၏။
“ နင်ပြောခဲ့တဲ့ စကားတွေအရ ဆိုရင် ... အဲဒီဘိုးဘေး နတ်ဘုရားနဲ့ ထိတွေ့ ဆက်ဆံဖို့ မလွယ်ဘူး မဟုတ်လား ...
... နဂါးပြာ နတ်ဆေးအိုးက သူတို့ရဲ့ တပည့်တွေကို နားလည်နိုင်စွမ်း မြှင့်တင်ဖို့ သုံးတဲ့ ရတနာပဲ ...
... အခြားသော အုပ်စိုးရှင် သူတော်စင် လက်ရာတွေထက် ပိုအရေးကြီးပြီး နတ်ဘုရား အဆင့် ပစ္စည်းတွေကို ယှဉ်နိုင်တယ် ဒါဆို ... နင့်ကို ပေးလိုက်တာလား။ ”
“ သူ တတ်နိုင်သလောက် ... ကူညီပေး နေတာပါ ပြီးတော့... ကောင်းကင် လမ်းကို .. ငါ ပြုပြင်နိုင်မယ်လို့ သူ မျှော်လင့်ထားပုံရတယ်။ ”
ဤဘိုးဘေး နတ်ဘုရားသည် ထုတ်မပြောခဲ့သော်လည်း ခွန်လွန် ပြန်လာနိုင် မည်ဟု ယုံကြည်နေပုံရ၏။
ထို့ကြောင့် နဂါးပြာ ဘိုးဘေးနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်ကို ပြသ နေခြင်း ပေပင်။
“ အခု ယူသွားလို့ ရပြီလား။ ”
“ မရသေးဘူး ... ငါ သူတော်စင် ဘုရင် နယ်ပယ်ရောက်မှ ရမယ် ... ဒါပေမယ့် အဲဒါကို ခွန်လွန်ဆီ ပြန်ခေါ်ဖို့ ငါ့တံဆိပ်လိုသေးတယ် ...
... ပြီးတော့ လုံးလုံးလျားလျား ... ထိန်းချုပ်နိုင်ဖို့ဆိုရင် မဟာသူတော်စင် နယ်ပယ် ဖြစ်ရမယ် ဒါကြောင့် ... ငါ့ရဲ့ အမှတ်အသားကို ဒီမှာ ချန်ထားခဲ့မလို့ မကြာပါဘူး ခဏစောင့်။ ”
လင်းယွန်က ကောင်းကင်ပေါ် ခုန်တက်လိုက်ကာ နဂါးပြာ နတ်ဆေးအိုး ပေါ်သို့ ဆင်းသက်သွားတော့သည်။
ယခင်က တော်ဝင် ကောင်းကင် သခင် အပေါ် လှည့်စားပြီး သူ့အငွေ့အသက် ထားရစ် ခဲ့ဖူးသည်။
ယခုမူကား ဘိုးဘေး နတ်ဘုရား၏ ခွင့်ပြုချက်ကြောင့် ဖုံးကွယ် နေစရာ အကြောင်း မရှိတော့ချေ။
“ ဝှစ် ... ။ ”
နဂါးပြာ နတ်ဆေးအိုးကြီးကို စစ်ဆေးနေမိစဉ် တော်ဝင် ကောင်းကင်သခင် ရောက်ရှိ လာသည်။ လင်းယွန်က ပြုံးပြီး၊
“ အခုပဲ လိုက်ရှာတော့ မလို့ ... ။ ”
-ဟု နှုတ်ဆက် လိုက်၏။
“ ဟမ့် ... မင်းနဂါးပြာ နတ်ဆေးအိုးကို မျက်စိကျနေတာ ကြာပြီဆိုတာ ငါသိတယ်။ ”
တော်ဝင် ကောင်းကင် သခင်မှ ပြန်လည်ပြောကြားလိုက်သည်။ လင်းယွန်က လူမိသွားသဖြင့် ရှက်ရွံ့စွာ ပြုံးပြမိ၏။
“ ကောင်းပြီ ... မင်းကို ကာကွယ်ဖို့ ဘိုးဘေးရဲ့ အမိန့်ပါတယ် ... ပြီးတော့ ဒီနဂါးပြာ ဆေးအိုးကို ဘယ်လို နှိမ်နင်းရမယ်ဆိုတာကို သင်ပေးဖို့အတွက်ရော ... ။ ”
တော်ဝင် ကောင်းကင် သခင်က ပြုံးပြီး ခေါင်းညိတ်သည်။ လင်းယွန်အပေါ် နှစ်သက် သဖြင့် ဤနတ်ဆေးအိုး အပေါ် အနိုင်ယူ နိုင်ခြင်း ရှိ၊မရှိ သိချင်လာ၏။
“ ကျေးဇူး တင်ပါတယ် ။ ”
“ အခု ငါတို့ ကောင်းကင် တံခါးရဲ့ အခြားသော တံဆိပ်တွေကို အရင်ဆုံး ဖယ်ရှား ပါရစေ။ ”
နတ်ဆေးအိုးတွင် တံဆိပ်များစွာ ရိုက်နှိပ်ထားသည်။ နတ်အစောင့် (၃၆)ပါးနှင့် ကောင်းကင် တံဆိပ် ဧကရာဇ်တို့ ဖြစ်၏။
သို့သော် လုပ်ငန်းစဉ်သည် လျင်မြန်ချေပြီ။ တော်ဝင် ကောင်းကင် သခင်၊
“ လာ ... အခု မင်းရဲ့သွေးကို လွှတ်နိုင်ပြီ။ ”
-ဟု လှည့်ကာ ပြောကြားလာ၏။
လင်းယွန်က လက်ဖဝါးကို ဖြတ်ပြီး သူ့နဂါးသွေးကို အိုးထဲသို့ လောင်းထည့်လိုက် လေသည်။
“ ဒါက မလုံလောက်သေးဘူး ... ဧကရာဇ်ဖြစ်တဲ့အခါ ထပ်ပြီး လောင်းထည့်ပါ ... အခုတော့ မင်းကို နဂါးပြာဘိုးဘေး သင်ပေးတဲ့ တံဆိပ်ကို ရိုက်နှိပ်လိုက် ... ။ ”
လင်းယွန်က ခေါင်းညိတ်ပြပြီး နဂါးပြာ နတ်တံဆိပ်ကို သူ့သွေးနှင့် ပေါင်းထည့်လိုက် လေသည်။
ဤတစ်ကြိမ်တွင် နတ်ဆေးအိုးနှင့် ဆက်စပ်မှုတိုးလာပြီး အသိစိတ်သည် ဝင်္ကပါ အတွင်း ရောက်ရှိသွားခဲ့သည်။
နတ်ရူရ် အမျိုးမျိုး ရောယှက်နေသော နဂါးပြာ ဝိညာဉ်ကို ဝင်္ကပါအလယ်၌ လှမ်းမြင် နိုင်၏။
နဂါးဝိညာဉ်သည် နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်နေသည်။ ထို့ကြောင့် အသံတိတ်ပြီး အဝေးမှ ကြည့်ကာ လှည့်ထွက်လာမိ၏။
“ ဒီနတ်ဆေးအိုးရဲ့ မူလက ခွန်လွန်ပဲ၊ အဲဒီတုန်းက သူ့ကို သန့်စင်ဖို့ နဂါးပြာ ဘိုးဘေး တစ်ယောက် အများကြီး အားထုတ်ခဲ့ရတယ်၊ အခု မင်းလက်မှာ တောက်ပနေမယ်လို့ ငါယုံကြည်တယ်။ ”
“ အထဲမှာ နဂါးတစ်ကောင် တွေ့ခဲ့တယ်။ ”
“ အဲဒါ စစ်မှန်သော နဂါးဝိညာဉ်ပဲ ... ခွန်လွန်ရဲ့ အုပ်စိုးရှင် နတ်သားရဲ တစ်ပါး ဖြစ်ပြီး သူ သေသွားချိန်မှာ နဂါးပြာဘိုးဘေးက အိုးထဲ ထည့်ခဲ့တာ။ ”
ထိုအချိန်တွင် ဖန်ပုမြောင်၊ ရှချင်းယွင်နှင့် ယဲ့ဝူရှန် ရောက်ရှိလာ၏။ သူတို့က လင်းယွန်ကို နှုတ်ဆက်ရန် လာခြင်း ဖြစ်သည်။
ဖန်ပုမြောင်က စိတ်ပျက်လက်ပျက်နှင့်၊
“ မင်း ငြင်းပယ်ခဲ့တာကို မယုံနိုင်ဘူး ။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
“ သတင်းတွေ ပျံ့နေပြီလား။ ”
လင်းယွန်က ပြုံးပြီး ပြန်မေးသည်။
“ ဘယ်လိုလုပ် မပြန့်ပဲ နေမှာလဲ ... နောက်ဆုံးတော့ မင်းဟာ ဘိုးဘေးကို ပထမဆုံး ငြင်းဆန်ခဲ့တဲ့ တစ်ဦးတည်းသော လူပဲ ... ဒါက ဖုန်ယွမ်ကို အနိုင်ယူတာထက် ပိုပြီး ရက်စက်တယ်။ ”
“ ဘိုးဘေး နတ်ဘုရားကို ငြင်းပယ်လိုက်ခြင်းက ကောင်းကင် တံခါးရဲ့ ကာကွယ်မှုကို ငြင်းဆိုရာ ရောက်တယ်၊ မင်း မြို့ကနေ ထွက်တာနဲ့ သတိထားပါ။ ”
ရှချင်းယွင်နှင့် ယဲ့ဝူရှန်က ဝင်ပြောသည်။ ယဲ့ဝူရှန်သည် ကောင်းကင်တံခါး၏ အနာဂတ် နတ်သားဖြစ်သည်။ သို့သော် လင်းယွန်၏ ခွန်အားက သူ့ကို အနိုင်ယူသွား၏။
“ အဲဒီအတွက် စိတ်မပူပါနဲ့ ... မင်းသွားမဲ့ နေရာကို ငါလိုက်ပို့ပေးနိုင်တယ် ... ကောင်းကင် တံဆိပ် ဧကရာဇ်က မင်းနောက်မှာနေဖို့ ငါ့ကို မှာထားတယ်။ ”
တော်ဝင် ကောင်းကင်သခင် စိတ်မပူရန် ပြောကြားလာသည်။ အဆုံးတွင် လင်းယွန်သည် ကောင်းကင်တံခါးကို ကူညီပေးခဲ့သူ ဖြစ်၏။
“ ကောင်းလိုက်တာ ... ။ ”
လင်းယွန်က ပြုံးမိသည်။ ဘိုးဘေး နတ်ဘုရား၏ တပည့်ဖြစ်ရန် ငြင်းဆိုပြီးနောက် ကောင်းကင်တံခါးသည် သူ့အပေါ် ပွင့်ပွင့် လင်းလင်း မကာကွယ်နိုင်တော့ချေ။
သို့သော် ဧကရာဇ် တစ်ပါးက သူ့အပေါ် အမှောင်ထဲမှ ကာကွယ်နေခြင်းသည် ပြဿနာ များစွာကို ပြေလည်စေနိုင်၏။ လုံလောက် သည်ထက် ပိုချေပြီ။
နှုတ်ဆက်ပွဲ အပြီးတွင် လင်းကျန်းရှန့် နှင့်အတူ ထွက်ခွာလာ ခဲ့သည်။ လမ်းခရီး၌၊
“ မင်းဆရာရဲ့ သူငယ်ချင်း အကြောင်း ပြောပြနိုင်မလား။ ”
-ဟု လင်းယွန်က မေးမိသည်။
“ ငါသူနဲ့ အကြိမ်အနည်းငယ်ပဲ ဆုံတွေ့ဖူးတယ် ... ငါ့ဆရာ စကားအရတော့၊ ဘိုးဘေးအဆင့် တန်ခိုးရှင် တွေတောင် အဲဒီလူကို မထီမဲ့မြင် မပြုရဲဘူး။ ”
လင်းယွန် တစ်ယောက် မျက်ခုံး ပင့်လိုက်မိသည်။ ဘိုးဘေး အဆင့် တန်းခိုးရှင် သည်ပင် သတိ ထားရသည်လော။ မည်သို့သော တည်ရှိမှုမျိုး မည်သနည်း။
***