← Chapters

သူ့ကို မင်းသိမှာပါ ... ။

Vol. 173 Ch. 2417

သူ့ကို မင်းသိမှာပါ ... ။

Vol. 173 Ch. 2417

လင်းယွန်က ဖန်ချင်းယုကို ကြည့်​ပြီး စိတ်ရှုပ်သွားသည်။ သူကိုယ်တိုင် မှန်းဆရသော် တျန်ရွှမ်ဇီသည် ဧကရီ ဘက်တွင် ရှိသူတစ်ဦး ဖြစ်၏။

ခွန်လွန်နယ်မြေတွင် ရှေးဟောင်း နယ်မြေကြီး ကိုးခုရှိပြီး နတ်နဂါး အင်ပါယာက ရှစ်ခု သိမ်းပိုက်ထားသည်။

ရှေးဟောင်း ပျက်စီးမြေ တစ်ခုတည်း သည်သာ ကျန်တော့၏။ ထိုဒေသကို ယုချင်းဖန် သိမ်းယူထားသောကြောင့်သာ မလှုပ်ခြင်း ဖြစ်သည်။

ထို့ကြောင့် ဧကရီသည် တျန်ရွှမ်ဇီကို စေလွှတ်ခဲ့ပြီး အစောပိုင်း နှစ်များ၌ ယဲ့ကူဟန် နှင့် နက်ရှိုင်းသော ဆက်ဆံရေး ရှိခဲ့၏။

ကျင့်ကြံမှု နည်းစနစ်များ ဖလှယ်ရန် အထိပင် တစ်ဦးပေါ် တစ်ဦး ယုံကြည်မှု မြင့်မား ကြသည်။

“ ငါ့အတွက် ဒီအကြောင်းကို ပြောဖို့ ... အဆင်မပြေဘူး တခြားလူတွေ မသိနိုင်ပေမယ့် မင်းဆို တစ်ချက်ကြည့်ရုံနဲ့ အလွယ်တကူ သိနိုင်ပါတယ်။ ”

“ ဒါဆို ... ဧကရီနဲ့ စီနီယာရဲ့ ဆက်ဆံရေးကို သိနိုင်မလား ... ။ ”

ဓားဧကရာဇ်၏ ရပ်တည်ချက်ကို သိချင်သည်။ ၎င်းမှလွဲ၍ အခြားသော ဧကရာဇ် များက ဧကရီနှင့် ဆက်ဆံရေး ရှိကြ၏။

“ မင်း မေးချင်တာကို ငါသိပါတယ် တစ်ချိန်တုန်းက ဧကရာဇ် ကိုးပါးက အမှောင် ခေတ်ကို ပျက်သုဉ်းစေတဲ့ အတွက် သဘာဝ အတိုင်း ... ငါတို့ကြားမှာ ကောင်းမွန်သော ဆက်ဆံရေးရှိတယ်၊ ...

... ငါတို့က သူငယ်ချင်း ဆိုပေမယ့် ... ပန်းတိုင် မတူဘူး ... ဥပမာ ကိစ္စတစ်ခုအတွက် လူပေါင်းများစွာကို ထိခိုက်စေမယ် ဆိုရင် မင်းဆက်လုပ်မှာလား။ ”

“ မလုပ်ဘူး ... ။ ”

“ ဒါပဲ ... ငါလည်း မလုပ်ဘူး ... ဒါကြောင့် ငါဘေးထွက်နေလိုက်တယ် .. ဒါပေမယ့် ငါတို့က ရန်သူတွေ မဟုတ်ဘူး ... ရှုပ်ထွေးတယ်။ ”

“ နားလည်ပါပြီ ... ဓားဂိုဏ်းက ခွန်လွန်ကလူတိုင်း နတ်ဘုရား နယ်ပယ်ကို တက်နိုင်ဖို့အတွက် ကောင်းကင်လမ်း ပြန် ပြုပြင်ချင်တယ် ဧကရီက ခွင့်မပြုဘူး။ ”

ဖန်ချင်းယုက ပြုံးပြီး မှတ်ချက် ပြန်မပေးချေ။ ထိုကိစ္စကြောင့် လင်းယွန်ကို ဖိအားပေးကာ သက်တံဓား အပေါ် နှောက်ယှက်နေခြင်း ဖြစ်သည်။

“ စိတ်မပူပါနဲ့ ငါအနားမှာ ရှိနေမှတော့ ရှေးဟောင်း စစ်မြေပြင်မှာလိုပဲ ... လှုပ်ရှားပေး ပါ့မယ်။ ”

လင်းယွန် နှလုံးသားထဲ နွေးထွေးမှုများ ဝင်ရောက်လာကာ တစ်ဖက်လူအပေါ် မည်သို့ ကျေးဇူးတင် ရမည်မှန်း မသိတော့ချေ။

“ စိတ်ထဲ မထားနဲ့ ... ငါက မှန်တယ် ထင်တာကိုပဲ လုပ်တယ်။ ”

ဖန်ချင်းယုက ပြုံးပြီး လင်းယွန် ပခုံးကိုဖက်လိုက်ကာ၊

“ ဘယ်တော့မှ ငါနှလုံးသားက မယိမ်းယိုင်ဘူး ... မင်းလိုမျိုး ဘယ်နေရာကိုပဲ ရောက်ရောက် မာနကြီးတဲ့ ပုံစံမျိုး ...

-ဟု ဖြည့်စွက် ပြောကြားလိုက်သည်။

ကောင်းကင်လမ်း ပြန်လည် ပြုပြင်ရန် မျှော်လင့်ချက်ကို ဖန်ချင်းယုက သူ့အပေါ်တွင် ထားနေကြောင်း လင်းယွန် သိလိုက်၏။

လင်းကျန်းရှန့်နှင့် တော်ဝင် ကောင်းကင် သခင်က လင်းယွန်တို့ နှစ်ယောက်ကို ကြည့်ကာ အတွေးများ ဝင်လာခဲ့သည်။

လင်းကျန်းရှန့်သည် အစပိုင်းတွင် လင်းယွန်အနားတွင် ရှိနေခဲ့သော်လည်း ခွန်လွန် နယ်မြေ အကြောင်း ပြောနေကြသည်ကို ကြားပြီးနောက် ဆုတ်ခွာလာခြင်း ဖြစ်၏။

“ စီနီယာ ... အဲဒီ ဖန်ချင်းယုက ဘယ်သူလို့ ထင်ပါသလဲ။ ”

လင်းကျန်းရှန့်က စိတ်ဝင်တစား မေး၏။ တော်ဝင် ကောင်းကင် သခင်က လေးနက်သော အမူအရာကို ဆောင်လျက်၊

“ ငါမသိဘူး ... မျှော်လင့်ထားသလိုပဲ၊ ငါတို့က ခွန်လွန်ဘုံကို အထင်သေးလို့ မရဘူး ကောင်းကင်လမ်း ဖြတ်တောက်ပစ်ပေမယ့် သူတို့ရဲ့ အုတ်မြစ်က ငါတို့နီးနီး ခိုင်မာတယ်။ ”

နတ်ဘုရား မဖြစ်နိုင်ကြသောကြောင့် လူတိုင်း နတ်ဘုရား နယ်ပယ်အောက်၌ ဆက်၍ ယှဉ်ပြိုင်နေကြလေသည်။

ဤသည်မှာ ခွန်လွန် နယ်မြေအတွင်း ကျွမ်းကျင်သူများ စုပြုံနေခြင်း၏ အကြောင်း အရင်း ​ဖြစ်၏။

ကောင်းကင်လမ်း ပြန်လည် ကောင်းမွန်လာပါက မည်မျှ ကြောက်စရာ ကောင်းမည်ကို မြင်နိုင်သည်။

“ စီနီယာ ... ငါနဲ့ အတူ လိုက်မလား။ ”

လင်းယွန်က ဖိတ်ခေါ်သည်။ ဖန်ချင်းယုမှ ခေါင်းခါလိုက်ပြီး၊

“ ငါ မလိုက်ဘူး ... ငါ မင်းကို ခွန်လွန်ပြန်ပို့မယ့် ကိစ္စမှာ အကူညီ မပေးနိုင်ဘူး ချီလင်ဓား တန်ခိုးရှင်နဲ့ ချိန်းဆိုပြီးတည်းက ... ငါပြင်ဆင်ရမယ် ... ငါသူ့ထက်​ နည်းနည်း အားနည်း​ နေသေးတယ်​။ ”

“ အဲဒီအတွက် တောင်းပန်ပါတယ်။ ”

လင်းယွန်မှ အားနာသွားသည်။

“ ကိစ္စမရှိဘူး ... ငါ အနှေးနဲ့ အမြန် သူ့ကို ထိပ်တိုက် တွေ့ရမှာပဲ ... မင်း အခု သွားလို့ရပြီ ဒီတစ်ခါတော့ လိုရာခရီး ရောက်နိုင်ပါပြီ။ ”

“ ဟုတ်ကဲ့ ... ဂရုစိုက်ပါ ။ ”

လင်းယွန်က ဦးညွှတ်လျက် တော်ဝင် ကောင်းကင် သခင်ကို နှုတ်ဆက် လိုက်မိသည်။ လင်းကျန်းရှန့် နှင့်အတူ တည်နေရာ ရွေ့ပြောင်း အစီရင်အတွင်း လှမ်းဝင်လာခဲ့၏။

အသူရာ ကောင်းကင် နယ်မြေသို့ ဘေးကင်းစွာ ရောက်ရှိသွားသည်။ သူတို့ထံမှ တံဆိပ်ကို ကြည့်ပြီး အစောင့်က ဝင်ခွင့်ပြု၏။

အစီရင်မှ ထွက်သည်နှင့် ထူးခြားသော အာရုံတစ်ခု သူ့အပေါ် ကျရောက်လာသည်ကို လင်းယွန်က သတိပြုမိလိုက်သည်။

ချက်ချင်းပင် အပြာဝတ် အမျိုးသား တစ်ယောက် သူတို့ရှေ့၌ ရုတ်ချည်း ထွက်ပေါ် လာတော့သည်။

“ ဆရာ ... ။ ”

“ မင်္ဂလာပါ ... အသူရာ ကောင်းကင် နတ်ဘုရား သခင်။ ”

လင်းယွန်သည်လည်း နှုတ်ဆက်၏။ ဤနတ်ဘုရားသည် လင်းကျန်းရှန့်နှင့် ထူးထူး ခြားခြား ရုပ်ချင်းဆင်ချေပြီ။

အသူရာ ကောင်းကင် နတ်သခင်က ခေါင်းညိတ်ပြပြီး လင်းကျန်းရှန့်ကို ပြုံးကြည့် လိုက်ကာ၊

“ ငါ့ အကူအညီသာ မလိုရင် ... အသူရာ ကောင်းကင် နယ်မြေကို ပြန်လာဖို့ မင်းစိတ်ကူး မရှိဘူး မဟုတ်လား။ ”

-ဟု မေးမြန်းတော့၏။

လင်းယွန် မျက်နှာတွင် ပြောင်းလဲခြင်း မရှိသော်လည်း သူတို့နှစ်ဦး၏ ဆက်ဆံရေးသည် မရိုးရှင်းကြောင်း နားလည်လိုက်သည်။

“ ကောင်းကင်ဘုံ ဧည့်ခံပွဲ အတွက် ... နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေခဲ့တာမို့ နားလည်ပေးပါ။ ”

လင်းကျန်းရှန့်က ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။ အသူရာ ကောင်းကင် နတ်သခင်က၊

“ ကောင်းကင် ဓားခန်းမရဲ့ ဂိုဏ်းချုပ်က ... မင်းကို သခင်ငယ် ရာထူး ပေးချင်တယ်လို့ ငါ့ကို ပြောလာတယ်။ ”

ဤသည်မှာ ပိုင်ယုချန် ရာထူးနှင့် ညီမျှ၏။ လက်ရှိအချိန်၌ ၎င်းကို ပျက်စီးနယ်မြေ အတွင်း အကျဉ်းချ ခံထားရသဖြင့် လစ်လပ်နေသည်။

လင်းကျန်းရှန့်သည် ကောင်းကင်ဓား ခန်းမဌာနခွဲမှ ဖြစ်သော်လည်း ထာဝရ တာအိုကို ဆုပ်ကိုင်ပြီး ပွဲတော်၌ တောက်ပခဲ့၏။

ဤသည်မှာ အကြံကောင်း ပေပင်။ ကောင်းကင် ဓားခန်းမမှ လူများသည် သူမနှင့် ပဋိပက္ခ အချို့ ရှိသော်လည်း သခင်ငယ် ရာထူးဖြင့် ပြေလည်သွားနိုင်မည်။

အနာဂါတ်တွင် မြင့်မြတ်မြေ တစ်ခုလုံး၏ အရင်းအမြစ်များကို သူမ အသုံးပြုနိုင်တော့မည် ဖြစ်၏။ သို့သော် လင်းကျန်းရှန့်မှ ငြိမ်သက်နေပြီး၊

“ ဒါကို မတွေးရဲပါဘူး ... လင်းယွန်ကို ဘယ်တော့ ခွန်လွန် နယ်မြေ ပြန်ပို့နိုင်မလဲပဲ သိချင်ပါတယ်။ ”

သူမ မေးခွန်းကြောင့် အသူရာ ကောင်းကင် နတ်သခင်က မျက်မှောင်ကြုတ်ပြီး လင်းယွန်ထံ ရန်လိုစွာ လှည့်ကြည့်လိုက်သည်။

ဤလူငယ်သည် သူ့သမီးကို ပြန်ပေးဆွဲရန် ကြိုးစားနေ သည်လော။ ထိုအကြည့်ကြောင့် လင်းယွန်ခမျာ ထိတ်လန့် သွား၏။

“ မင်းမှာ ကောင်းကင်ရနံ့ သင်းသင်းက နတ်သမီးနဲ့ ကောင်းကင်ဘုံ ဖီးနစ် သမီးတော် ရှိတယ် မဟုတ်လား ... မင်းရဲ့ပန်းသင်္ချိုင်း ဆိုတဲ့ နာမည်အတိုင်း ပြုမူဖို့ ကြိုးစားနေတာလား။ ”

အသူရာ ကောင်းကင် နတ်သခင်က မကျေမနပ်နှင့် မေးခွန်းထုတ်လိုက်သည်။

“ အရမ်း ဂရုစိုက်နေလား ... သူ့မှာ မယားတစ်ရာရှိပြီး နေ့တိုင်း မယားတစ်ယောက် ထပ်လိုချင်နေရင်တောင် မင်းနဲ့ ဘာဆိုင်လဲ။ ”

လင်းကျန်းရှန့်က အော်ငေါက်လိုက်၏။ အသူရာ ကောင်းကင် နတ်သခင်သည် သူ့သမီး ဒေါသကို သိသဖြင့် မကြည့်ဝံ့ချေ။ ယင်းအစား လင်းယွန်ကို သတ်ရန် လှည့်ကြည့်လာ၏။

“ နတ်သခင် ... ဒါက နားလည်မှု လွဲနေတာပါ ... ပန်းသင်္ချိုင်းဆိုတဲ့ အဓိပ္ပါယ်က အဲဒီလို ရည်ရွယ်တာ မဟုတ်ပါဘူး၊ ဒါက ငါ့ဓား နာမည်ပါ ...

... ငါဘယ်လို လူလဲ ခွန်လွန်က လူတိုင်း သိပါတယ် ... သူတို့က ငါ့ကို အရမ်း ချစ်ခင်ကြ ပါတယ် ... ငါက ခင်စရာ ကောင်းလို့ပါ။ ”

လင်းယွန်က ကူကယ်ရာမဲ့စွာဖြင့် ရှင်းပြလိုက်ရသည်။

“ ခင်စရာ ကောင်းတာလား။ ”

နတ်သခင်က သံသယဖြင့် ပြန်ကြည့်၏။ လင်းယွန်မှ ခေါင်းညိတ်ပြသည်။ သန့်ရှင်းသော သမီးတော် သတ်သူ ဟူသော ဘွဲ့အမည်သည် ယဲ့ချင်းရှန်ဖြစ်ပြီး သူနှင့် မသက်ဆိုင်ချေ။

“ အရင်ဆုံး အသူရာ ကောင်းကင် ပင်လယ်ကို သွားရအောင် ... ငါ့သူငယ်ချင်းက ကိုးရက်နေရင် ရောက်လာလိမ့်မယ်။ ”

ထို့နောက် သုံးယောက်သား ပျံသန်းသွားမိ၏။ မကြာမီ ကျွန်းငယ်များစွာ ဝိုင်းရံနေသော ကျွန်းကြီးတစ်ကျွန်းပေါ် ဆင်းသက်လိုက် ကြသည်။

ကျွန်းသည် အေးချမ်းသာယာလှပြီး ကောင်လေး နှစ်ယောက်သည်သာ နေရာအနှံ့ သန့်ရှင်းရေး လုပ်နေသည်ကို မြင်လိုက်ရ၏။

“ မင်း ... နေရာရှာပြီး နေပါ ... ဒီကာလအတွင်း ရှန့်အာရဲ့ ကျင့်ကြံမှုကို ငါ လမ်းညွှန် ရဦးမယ်။ ”

အသူရာ ကောင်းကင် နတ်သခင်မှ ပြောကြားလိုက်၏။ သူ့စကားတွင် လေးစားမှု မပါရှိသဖြင့် လင်းကျန်းရှန့်မှ မျက်မှောင် ကြုတ်ပြီး ပြန်ကြည့်သည်။

သို့သော် တစ်ဖက်တွင် ဤသို့ လျစ်လျူရှု ခံရသည်ကိုပင် လင်းယွန်တစ်ယောက် ပျော်ရွှင် နေချေပြီ။ ပတ်ဝန်းကျင်၌ လွတ်လပ်နေသော ဇရပ်များစွာ ရှိ၏။

ချီလင်ဓားကျမ်းကို ထုတ်ယူ ကြည့်ပြီး လေးလေးနက်နက် တွေးတော နေလိုက်သည်။ သူ့တွင် မိုးပြာနဂါး အမွေနှင့် လိပ်နက်အမွေ ရရှိထားသည်။ ယခု ချီလင် ဖြစ်၏။

အကယ်၍သာ မီးငှက်နှင့် ကျားဖြူကို ရယူနိုင်ခဲ့သော် ဓားပညာရပ် လေးပါး ဆုံမည် ဖြစ်သည်။

ချီလင်သည် ထိုလေးပါး၏ ဗဟိုဖြစ်၏။ ထိုအချိန်တွင် အတုမရှိသော နတ်ဘုရားဓား ပညာ တစ်ရပ်ကို တီထွင်နိုင်ပေမည်။

သို့သော် ဤသည်မှာ အတွေးမျှသာ ဖြစ်ချေ၏။ ၎င်းကို အလေးအနက် မထားချေ။ ကျောက်စိမ်းတုံးကို နဖူးပေါ် တင်လိုက်သည်။

ကန့်သတ်ချက်ပေါင်းများစွာ ပါရှိသော သတင်းအချက်အလက်များ စီးဝင်လာ၏။ သူ့ နယ်ပယ်ဖြင့် အရာအားလုံးကို နားမလည် နိုင်မှန်း သိထားသဖြင့် ဤကန့်သတ်ချက် များကို ချမှတ်ထားခြင်း ဖြစ်ပေမည်။

“ ငါ့သူငယ်ချင်း ရောက်နေပြီ ... လိုက်ခဲ့ပါ။ ”

ကျင့်ကြံမှု မြင့်မားလာခြင်းဖြင့် ထိုတံဆိပ်များ ပြေလျော့နိုင်၏။ ကိုးရက်တိုင် ချီလင်ဓားကျမ်းအတွင်း နစ်မြုပ်နေရာမှ အသံ တစ်သံကြောင့် နိုးထလာရသည်။

“ ဝှစ် ... ။ ”

တောင်ကုန်း တစ်ခုပေါ်၌ ရပ်နေသော နတ်သခင်နှင့် လင်းကျန်းရှန့်အနား ချက်ချင်း ပျံသန်းသွားလိုက်၏။

လင်းကျန်းရှန်၏ ကျင့်ကြံမှုသည် ကိုရက်အတွင်း သိသိသာသာ တိုးလာသည်ကို ခံစားလိုက်ရသည်။

“ နတ်သခင် ... ငါတို့ကို ကူညီမဲ့ အဲဒီ မိတ်ဆွေရဲ့ မူလက ဘာလဲ။ ”

လင်းယွန်က မေးမိသည်။

“ သူ့မှာ သဘာဝအတိုင်း ကြီးမားတဲ့ မူလဇစ်မြစ် ရှိတယ် ... မင်းက ခွန်လွန်ကနေ လာတာဆိုတော့ သူ့ကို သိမှာပါ ...

... သူကလည်း မင်းကို ခွန်လွန်ကမှန်း သိသွားလို့ ကူညီဖို့ သဘောတူလိုက်တာ ဒီလိုမှ မဟုတ်ရင် ... လူစိမ်းတစ်ယောက် အတွက် ကောင်းကင်တာအို စွမ်းအင်ကို ဘယ်သူက ကုန်ဆုံးချင်မှာလဲ။ ”

“ ဒီတစ်ယောက်လည်း ခွန်လွန်ကပဲလား ... ။ ”

လင်းကျန်းရှန့်နှင့် လင်းယွန်က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ မျက်မှောင်ကြုတ် သွားတော့၏။

“ ဟုတ်တယ် ... ခွန်လွန်မှာ သူတော်စင် နယ်ပယ်နဲ့ နတ်ဘုရားတစ်ပါးကို သတ်နိုင်ခဲ့တဲ့ လူတစ်ယောက် အကြောင်း မင်း ကြားဖူးလား။ ”

ထိုမေးခွန်းက လင်းယွန်ကို နှလုံးခုန်သံ တိုး၍မြန်လာ စေတော့၏။ ဤအမူအရာကြောင့် လင်းကျန်းရှန့်က ပို၍ စိတ်ဝင်စားလာသည်။

“ သခင်လေးလင်း ... နင် ... သူ့အကြောင်း ကြားဖူးလား။ ”

လင်းယွန်သည် အချိန်အများစုတွင် တည်ငြိမ်သော ပုံစံအမြဲ ရှိသည်။ ယွဲ့ဝေဝေကို မြင်စဉ်သာ တစ်ကြိမ် စိတ်လှုပ်ရှားဖူး၏။

“ ဒါပေါ့ ... ငါ အများကြီး ကြားဖူးတယ်။ ”

လင်းယွန်က သူ့ကိုယ်သူ တည်ငြိမ်အောင် အသက် ပြင်းပြင်းရှူ ပြီးနောက် ပြုံးကာ ပြန်ဖြေ လိုက်သည်။

နတ်ဘုရားကို သတ်နိုင်သော သူတော်စင်ဟူသည် ခွန်လွန်၌ တစ်ပါး တည်းသာ ရှိချေပြီ။

“ အသူရာ ကောင်းကင် ... ငါတို့ မတွေ့တာ ကြာပြီနော်။ ”

ရုတ်တရက် ဖော်ရွေသော အသံတစ်သံ ပဲ့တင်ထပ်လာပြီး လူရွယ်တစ်ယောက် လေထု အလယ် ထွက်ပေါ်လာခဲ့၏။

***

All Chapters