တောင်နက် သူတော်စင် ခုနစ်ပါး။
Vol. 173 Ch. 2420
ခရမ်း- ရွှေရောင် နဂါးသရဖူက စွမ်းအားအပြည့်ကို ထုတ်လွှတ် နေခဲ့လေသည်။ ဆုစီယာက ဧကရာဇ် နဂါးလက်သီးကို ဖော်ဆောင်၏။
ခဏ အကြာတွင် အရိုးလက်မှ ထိန်းမနိုင်တော့ဘဲ၊
“ ငါ အရှုံးပေးလိုက်ပြီ။ "
-ဟု အော်ဟစ်လာ၏။
“ အရမ်း နောက်ကျသွားပြီ။ ”
သို့သော် ဆုစီယာက ခွင့်မပြုချေ။ ထောင်ပေါင်း များစွာသော နဂါးများပေါ်လာပြီး ခေါင်းလောင်းသံများ စမြည်လာသည်။
ဤသည်မှာ ခွန်လွန်၏ ကောင်းကင် တာအိုနှင့် သူမ၏ အတိတ် ပေါင်းစပ်သွာခဲ့သော ဒဏ္ဍာရီ ဖြစ်စဉ်တစ်ခု ပေပင်။
လင်းယွန်၌လည်း အလားတူ ဖြစ်စဉ်မျိုး ရှိခဲ့ဖူးသည်။ ပတ်ဝန်းကျင် တည်ငြိမ် သွားသော အခါ လေထဲ ပျံဝဲလျက် သူမ ခန္ဓာကိုယ်မှ ရွှေရောင် အဆင်း သဏ္ဍာန်များ ဖြာထွက်လာ၏။
သူမ အကြည့်များက အရိုးလက်ပေါ်သို့ ကျရောက်သွားသည်။ အရိုးလက်မှ လက်သီး ဆုပ်လျက် အနေအထားဖြင့် ရွှေဝါရောင် မီးတောက်များ လောင်ကျွမ်းလာ၏။
“ ကောင်းပြီ ... မင်းက ခွန်လွန်ကို ကာကွယ်ရင်း သေဆုံးသွားတာမို့ ငါလေးစား ပါတယ် ... အနာဂါတ်မှာ မင်းရဲ့ဆန္ဒအတိုင်း မင်းအမွေခံကို ငါရှာပေးမယ်။ ”
သူမ စကားဆုံးချိန်၌ ရွှေဝါရောင် မီးများ ပျောက်ကွယ်သွားပြီး လက်ငါးချောင်း ဖြန့်ထွက် လာ၏။
ဆုဇီယာက ခေါင်းညိတ်လျက် အရိုးလက်အတွင်း သူမ၏ လက်ဖဝါးကို ထည့်သွင်း ပေါင်းစပ်လိုက်သည်။
ဆယ့်ငါးမိနစ်ခန့် အကြာတွင် အရိုးလက်သည် သူမ၏ ညာလက်နှင့် လုံးဝ ပေါင်းစည်းသွားသဖြင့် လက်ကို ဆုပ်ချည် ဖြန့်ချည် လုပ်ကြည့်လိုက်မိသည်။
ကြွေလွင့်တောင်ကြား တစ်ခုလုံး တုန်လှုပ်စပြုလာသည်။ ဤစွမ်းအားကို လုံးလုံး မထိန်းချုပ်နိုင်ဘဲ ခြေလှမ်း အနည်းငယ် ပြန်ဆုတ်ခဲ့ရ၏။
ကြွေလွင့်တောင်ကြားတွင် သူမကို တားဆီးမည့်အရာ မရှိတော့ချေ။ ညာလက်ကို ပြန်ကြည့်ပြီး ထွက်ခွာရန် အချိန်ကျလာပြီ ဖြစ်ကြောင်း သိရှိ၏။
သို့သော် ဤနေရာမှ ထွက်ခွာသည်နှင့် နတ်နဂါးအင်ပါယာမှ သူမအပေါ် လျင်မြန်စွာ ခြေရာခံမိမည် ဖြစ်သည်။
ထို့ကြောင့် ဤလက်ဖြင့် အကျွမ်းတဝင် ရှိစေရန်နှင့် ၎င်းအတွင်းမှ အမွေကို လေ့ကျင့်ရန် ဆုံဖြတ်လိုက်မိသည်။
ခရမ်းငယ်နှင့် သဘောတူညီချက်အရ သက်တံဓား ဒုက္ခခံယူချိန်တွင် ၎င်းမှ သူမထံသို့ သတင်းပေးပို့မည် ဖြစ်သည်။
ထိုအချိန်တွင် သူမသည် အရိုးလက်ကို သန့်စင်နိုင်သည် ဖြစ်စေ မနိုင်သည် ဖြစ်စေ ဤတောင်ကြားမှ ချက်ချင်း ထွက်ခွာရပေမည်။
“လင်းငယ် ... ဘာတွေ ဖြစ်နေပြီလဲ … ။ ”
အိမ်ထောင်ပြု ပြီးနောက် ရက်အနည်းငယ်ဖြင့် ခွဲခွာလိုက်ရလေရာ ရုတ်တရက် လွမ်းဆွတ်လာမိသည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် လင်းယွန်ဘက်မှ ရပ်တည်ရန် ဆုံဖြတ်ချက် အပေါ် ကျေနပ်သွားမိ၏။
တစ်ချိန်တည်းမှာပင် နတ်ဘုရား သင်္ချိုင်း တောင်တန်း၌ ဝမ်မူယန် တစ်ယောက် တွေဝေ နေခဲ့သည်။
တောင်တန်းတွင် ကန့်သတ်ချက်သည် ရှိနေဆဲ ဖြစ်သော်လည်း သူတော်စင် သခင်များ အတွက် ဝင်ထွက်သွားလာရန် အန္တရာယ် မရှိတော့ချေ။
ကျောက်တျန်းယွီက လေးနက်သော အမူအရာဖြင့်၊
“ မူယန် ... အခမ်းအနား ပြင်ဆင်မှုတွေ ပြီးခါနီးပြီ မင်း ... ဆုံးဖြတ်ချက် ချရတော့မယ့် အချိန်ရောက်ပြီ။ ”
-ဟု သတိပေးလိုက်သည်။
အခမ်းအနားသည် သူမ၏ ကိုယ်ခန္ဓာ အတွင်းရှိ တံဆိပ်ကို လုံးဝ ဖျက်ပစ်ရန်အတွက် စီစဉ်ထားခြင်း ဖြစ်၏။
“ ငါတို့ ဝိညာဉ် နတ်မိစ္ဆာ မျိုးနွယ်စုနဲ့ တကယ် လက်တွဲကြမှာလား။ ”
“ နေလ နတ်ရူရ်ကို ဆုံးရှုံးပြီးတဲ့နောက် သူတို့အပေါ် လက်တွဲဖြုတ်ဖို့ မဖြစ်နိုင်သေးဘူး မင်းဘာတွေ စိတ်ပူနေတာလဲ ငါသိပါတယ် ဝိညာဉ် နတ်မိစ္ဆာမျိုးရိုးက ကောင်းကင် နိဗ္ဗာန်နယ်မြေမှာ နှစ်ပေါင်းများစွာ ...
... အမြစ်တွယ်နေခဲ့တယ် သူတို့ ထွက်သွားနိုင်ရင် ခွန်လွန်အတွက် ဘေးဥပဒ် တစ်ခုပဲ ... ဒါပေမယ့် ငါတို့မှာ ရွေးချယ်ခွင့် မရှိဘူး တောင်ပိုင်း ဧကရာဇ် ထားခဲ့တဲ့ တံဆိပ်က ခိုင်မာလွန်းပြီး ...
... နှစ်ပေါင်း သုံးထောင် ကုန်လွန်ပြီးတာတောင်မှ ငါတို့ မဖြေရှင်း နိုင်သေးဘူး မဟုတ်လား။ ”
သွေးလဂိုဏ်းသည် သွေးဘုရင်၏ ရုပ်ကြွင်းကို ချိပ်ပိတ်ထားသော တောင်ပိုင်း ဧကရာဇ်၏ တံဆိပ်ကို ချိုးဖျက်ရန် အတွက် ကြံစည်နေခြင်း ဖြစ်သည်။
ခွန်လွန်သည် ဧကရာဇ်ကိုးပါး အကြောင်းကိုသာ သိကြပြီး ဘုရင်သုံးပါး အကြောင်းကို မသိကြချေ။ သွေးဘုရင်သည် နတ်ဘုရား တစ်ပါး ဖြစ်၏။
ကောင်းကင်လမ်းကို ဖြတ်တောက် လိုက်သဖြင့် ၎င်းက ခွန်လွန်အပေါ် အုပ်စိုးရန် ကြံစည်ခဲ့သည်။
သို့သော် တောင်ပိုင်း ဧကရာဇ်သည် တားမြစ်နည်းစနစ်ကို အသုံးပြုပြီး နတ်ဘုရား စွမ်းအားချေးယူကာ ချိပ်ပိတ်ထားခဲ့သည်။
တောင်ပိုင်းဧကရာဇ် ကွယ်လွန်သွားသဖြင့် သွေးဘုရင်သာ ပြန်လာနိုင်သော် သွေးလဂိုဏ်း အပေါ် မည်သူမျှ တားဆီးနိုင်မည် မဟုတ်ချေ။
ဝမ်မူယန်က စိုးရိမ်သော လေသံနှင့်၊
“ ဒါပေမယ့် တောင်တန်း အတွင်းမှာ ဝိညာဉ်နတ်မိစ္ဆာ မျိုးနွယ်စုတွေ ရှိသေးတယ် ... သူတို့က နင် ထင်ထားတာထက် ပိုကြောက်စရာ ကောင်းတယ် ...
... နတ်ဘုရားတွေတောင် ရှိနိုင်တယ် ငါတို့သာ တံဆိပ်ကို ချိုးလိုက်မယ်ဆိုရင် အဲဒီ နတ်ဘုရား တစ်ပါးပါး နိုးထလာနိုင်မယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ အဲဒါအတွက် စိတ်ပူနေစရာ မလိုပါဘူး၊ ကောင်းကင်လမ်းကို မချိတ်ဆက်နိုင်ရင် သူတို့ နိုးထဖို့ ခက်လိမ့်မယ် တစ်ဖက်မှာတော့ ...
... ငါတို့ သွေးဘုရင်သာ ပြန်လာနိုင်ရင် ပုန်းနေတဲ့ ဝိညာဉ် နတ်မိစ္ဆာတွေကိုပါ နှိမ်နင်း နိုင်မယ်လို့ ယုံကြည်တယ်။ ”
ကျောက်တျန်းယွီက ပြန်ပြောသည်။ သို့သော်လည်း ယင်းမြစ် ဘုရင်သည် လူမိုက် မဟုတ်ကြောင်း ဝမ်မူယန် သိ၏။ ဤကဲ့သို့ မတွေးဘဲ နေမည် မဟုတ်ချေ။
“ အခမ်းအနား ဘယ်တော့ ကျင်းပမှာလဲ။ ”
“ သက်တံဓားကို စောင့်နေတာ ... သူ့ရဲ့ ဒုက္ခအတွင်းမှာ ဖြစ်ဖို့များတယ် ... အဲဒီအချိန်ဆို လူတိုင်း ဓားဂိုဏ်းအပေါ် အာရုံစိုက်နေလိမ့်မယ် ငါတို့ကို သတိထားမိမှာ မဟုတ်ဘူး ... ။ ”
ကျောက်တျန်းယွီက အစီစဉ်ကို ပြောကြားလာ၏။
အရှေ့ဘက် ပျက်စီးမြေရှိ အနက်ရောင် တောင်တန်းကြီးသည် နတ်ဆိုး ကျင့်ကြံသူများ အတွက် မြင့်မြတ်သော အရပ် ဖြစ်သည်။
ဤနေရာတွင် ဧကရာဇ်များ မရှိချေ။ သို့သော် တောင်နက်ဂိုဏ်း၏ ကျော်ကြားသော သူတော်စင်ခုနစ်ပါး ရှိသည်။
၎င်းတို့သည် မဟာသူတော်စင်များ ဖြစ်ပြီး ဧကရာဇ်များ ပေါ်မလာသရွေ့ သူတို့ ခုနစ်ပါးက မည်သူ့ကို မဆို သတ်နိုင်သည်။
အနက်ရောင် တောင်တန်းသည် တောင်နက်ဂိုဏ်းပိုင် မဟုတ်သဖြင့် သူတော်စင် ခုနစ်ပါးသည် တောင်ကြီး တစ်ခုလုံးအပေါ် မစီမံနိုင်ချေ။
ထို့ကြောင့် ဤတောင်တန်းအတွင်း၌ ပြိုင်ဆိုင်မှု ပြင်းထန်ချေပြီ။ သူတော်စင် (၇)ပါး အတွက်မူ လူတစ်ဦးနှင့် ဝိုင်သောက်ပြီး စကားစမြည် ပြောနေကြသည်။
လူစိမ်းမှာ ရွှေရောင်ဆံပင်နှင့် မိန်းမ တစ်ယောက်ကဲ့သို့ ပုလဲနှစ်ရောင် အသားအရည် ရှိသည်။
“ ရှေးဟောင်း ပျက်သုဉ်းမြေ အတွက် ဒီအချိန်မှာ အပြောင်းအလဲလုပ်ဖို့ အချိန်ကောင်း တစ်ခုပဲ မင်ဂိုဏ်း ... ကောင်းကင် မီးလျှံဂိုဏ်းနဲ့ အနန္တ လျှပ်စီးဂိုဏ်း ကိုလည်း ...
... ငါ ဆွေးနွေး ထားတယ် ဒါပေမယ့် ငါတကယ် ယုံကြည်တာကတော့ ... မင်းတို့ ခုနစ်ယောက်ပဲ ... ။ ”
တျန်ရွှမ်ဇီက ပြုံးကာ ပြောကြားလိုက် လေသည်။ သူသည် တောင်နက် သူတော်စင် ခုနစ်ပါးနှင့် ညီအစ်ကို ဖွဲ့ရန် ကျမ်းသစ္စာ ကျိန်ဆိုထား၏။
“ ဟီးဟီး ... သက်တံဓားရဲ့ နာမည်က အဲဒီတုန်းက အရှေ့ဘက် ပျက်စီးမြေမှာ ပျံ့နှံ့ ခဲ့ပြီး ငါတို့က သူ့လက်ထဲမှာ ခံစားခဲ့ရတယ် ...
... တကယ်လို့ ညီအစ်ကို အရိုးဖြူက သူ့ကိုသာ မရှုံးခဲ့ရင် ... တာအို နှလုံးသားလည်း ပျက်စီးမှာ မဟုတ်ဘူး ဒါဆို အခုချိန်မှာ ဧကရာဇ် ဖြစ်နေလောက်ပြီ။ ”
သူတော်စင် ခုနစ်ပါး အနက် ငရဲ မဟာသူတော်စင်က အရိုးဖြူ ဓားသူတော်စင်ကို ကြည့်ကာ ပြုံးပြီးပြောသည်။
အရိုးဖြူဓားသူတော်စင်သည် အရှေ့ဘက်ပျက်စီးမြေရှိ ဓားသူတော်စင် သုံးပါးထဲမှ တစ်ပါး ဖြစ်သည်။
လူတိုင်းက သူ့ရှုံးနိမ့်မှုကို မသိခဲ့ကြ သောကြောင့် သက်တံဓား သူတော်စင်နှင့် အဆင့်တူ သတ်မှတ်ခဲ့ကြ၏။
“ ငါနဲ့ သက်တံဓား ကြားမှာ ... ရန်ငြိုးတစ်ခုရှိတယ် ... သူ ဧကရာဇ်ဖြစ်လာရင် တောင်နက်ဂိုဏ်း တစ်ခုလုံး သုတ်သင် ခံရနိုင်တယ်၊ ဒါကြောင့် ...
... မင်းမပြောလဲ ... ငါသူ့ကို နှောက်ယှက်ရမှာပါ ... သူသာ မသေသေးရင် ငါ့နှလုံးသားထဲက နတ်ဆိုးကို ဖြေရှင်းလို့ရမှာ မဟုတ်ဘူး။ ”
“ ခွမ်း ... ။ ”
အရိုးဖြူဓား သူတော်စင်က သူ့ခွက်ကို မြေပြင်ပေါ် ပစ်ပေါက်ကာ ဒေါသဖြင့် ပြောကြား လိုက်၏။
သူတို့ ခုနစ်ပါးတည်းသာ ဆိုပါက ဓားဂိုဏ်းကို ရင်ဆိုင်ရာတွင် ဖိအားအချို့ ခံစားရပေမည်။
ယခုမူ တစ်ဖက်လူမှ ဦးဆောင်လိုသဖြင့် အကောင်းဆုံး ဖြစ်ပေမည်။ တျန်ရွှမ်ဇီမှလည်း ပြုံးလိုက်၏။
ဤနတ်ဆိုး လမ်းစဉ် ကျင့်ကြံသူ ခုနစ်ဦးသည် မြင့်မြတ်မြေ သုံးပါးထက် ပို၍ ကိုင်တွယ်ရ လွယ်ကူချေပြီ။
“ နတ်ဖီးနစ်တောင်က ဓားဂိုဏ်းကို ကူညီမဲ့ပုံပဲ ကောင်းကင် တာအို ဂိုဏ်းလည်း မတ်တပ်ရပ်နေမယ် မထင်ဘူး ... မြင့်မြတ်မြေ သုံးပါးကရော စိတ်ချရပါ့ မလား။ ”
ကောင်းကင်ခွဲ မဟာ သူတော်စင်က မေးမြန်းလိုက်သည်။
“ ငါ့ဆီက လွတ်မြောက်ဖို့က ဒီလောက် မလွယ်ဘူး ... အကျိုး ကျေးဇူးတွေကိုပဲ ယူပြီး လွယ်လွယ် ဆုတ်ခွာနိုင်မယ် ထင်ရင် မှားလိမ့်မယ် ... စိတ်မပူနဲ့ ...
... နတ်ဖီးနစ်တောင်နဲ့ ကောင်းကင် တာအိုဂိုဏ်းသာ လှုပ်ရှားဝံ့ရင် ဖျက်ဆီးပစ်မယ် အရှေ့ဘက် ပျက်စီးမြေမှာ မြင့်မြတ်မြေတွေ အများကြီး ရှိတယ် ... ငါသူတို့ကို ဖြေရှင်းပြီးပြီ၊ ဒီဒေသကို ပေါင်းစည်းရမဲ့ အချိန်ပဲ ... ငါ့ကို ဘယ်သူမှ တားလို့မရဘူး ... ။ ”
ထိုစကားကို ကြားသောအခါ မဟာ သူတော်စင် ခုနစ်ပါး၏ မျက်လုံးများ တောက်ပ လာခဲ့သည်။
ဤလူသည် ဧကရီ၏ ဆန္ဒကို အကောင်အထည် ဖော်ပေးရသူ ဖြစ်သဖြင့် သက်တံဓား တစ်ယောက် သေကို သေရပေလိမ့်မည်။
***